မင်း ငါ့ကိုဘာလုပ်နိုင်မှာလဲ
Vol. 79 Ch. 1569
ပေထင်းဟွမ်သည် ယုံကြည်ရသည်ဟု မခံစားရပေ။ သို့သော် ဤအချိန် တွင် ငှက်ပြာသည် ရွေးချယ်စရာမရှိတော့ပေ။ သူနှင့် ဘိုးဘေးကျောက်တုံးတို့ အကြားတွင် မည်သို့သော နက်ရှိုင်းသည့် အမုန်းတရားရှိနေသည်ကို သေချာပေါက် သူ သိသည်။ အတိတ်များဆီက ဘိုဘေးကျောက်တုံးသည် ဘိုးဘေးတောင်မှ တခြားကျောက်တုံးများ၏ ပြက်ရယ်ပြုခြင်းခံခဲ့ရသည်။ အကြောင်းမှာ သူ၏ခေါင်းပေါ်သို့ မွေးခါစငှက်တစ်ကောင်က ချီးပါခဲ့ခြင်း ကြောင့်ပင်။
သူ ရှို့ဟွမ်ကိုထုတ်ပေးလိုက်သည်နှင့် ဘိုးဘေးကျောက်တုံးသည် ကျိန်းသေပေါက် သူ့ကို စားသုံးလိမ့်မည်။
သူသည် ဖြစ်နိုင်သလောက် မြန်မြန်ထွက်ရမည်။
ရှို့ဟွမ်ကို အန်ထုတ်လိုက်ပြီးနောက် ပေထင်းဟွမ်၏ အကြောထဲတွင် ကျန်ရှိဆဲဖြစ်သည်။ ပေထင်းဟွမ် မည်သည့်လှုပ်ရှားမှုမှမလုပ်ဘဲ ရှို့ဟွမ်သည် တိုက်ရိုက်ပင် ကစဥ့်ကလျားနတ်အရင်းအမြစ်ဆီသို့ လျှောဆင်းသွားပြီး တခြား ရှို့ဟွမ်သုံးခုနှင့် သွားပေါင်းလေသည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ရှို့ဟွမ်သုံးခုပေါင်းလိုက်ခြင်းကြောင့် တက်ကြွသည့်ခံစားချက်ကို ရလိုက်ဟန် တူသည်။
ပေထင်းဟွမ်အား ရတက်မအေးအဖြစ်စေဆုံးမှာ သူမ ပိုင်ဆိုင်သည့် 'ကစဥ့်ကလျားနတ်ဘုရားကျမ်း' သည် ထပ်မံလှုပ်ရှားလာသည့်ခံစားချက်ရလာ လေသည်။ သို့သော် ၎င်းသည် သူမ၏ စိတ်ထဲတွင် အကြိမ်အနည်းငယ်သာ အတက်အကျဖြစ်လေသည်။ နောက်ဆုံးတွင် ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားသဖြင့် သူမ အနည်းငယ် စိတ်ပျက်မိလေသည်။ သို့သော် သူမသာ အရှင်ကြီးအဆင့်ကို မဖြတ်ကျော်နိုင်ပါက 'ကစဥ့်ကလျားနတ်ဘုရား ကျမ်း' ကိုအောင်နိုင်မည်မဟုတ်သည်ကိုလည်း နားလည်ထားသည်။
“ငါတို့တွေ ဒီကကိစ္စတွေကို တတ်နိုင်သမျှမြန်မြန်အဆုံးသတ်ပြီးတော့ မန္တလာမြေကို အမြန်သွားမှထင်တယ်” ပေထင်းဟွမ်သည် သူမဘာသာ တွေး လိုက်မိသည်။
အမှောင်နတ်မိစ္ဆာဘုံသို့လာရသည့် တာဝန်မှာ အခြေခံအရ ပြီးမြောက် သွားပြီဖြစ်သည်။ နတ်မိစ္ဆာနတ်ဘုရားသည် ယန်ယဲ့အား အမှောင်မှော်ပုတီးစေ့ ကိုပေးခဲ့သလို ရှို့ဟွမ်သည်လည်း သူမ၏လက်ထဲတွင်ရောက်နေပြီဖြစ်သည်။ အရေးအကြီးဆုံးလုပ်ရမည့်အရာမှာ အဒေါ်ဖြစ်သူအား ဤနေရာမှထွက်ခွာပြီး မန္တလာမြေသို့သွားဖို့ ပြောရန်ဖြစ်သည်။
သူမတွင် အချိန်မရှိတော့ပေ။
ချင်းညောင်သည် ပေထင်းဟွမ်၏အသိစိတ်ပင်လယ်ထဲတွင် အော်ဟစ် ကျိန်ဆဲနေသည် “ဟေ့ကောင် သောက်ကပ်စေးနဲ မင်း ငါ့ကို ထုတ်ပေးမယ်လို့ ပြောခဲ့တာမလား”
ပေထင်းဟွမ် နှာမှုတ်လိုက်သည် “ငါ မင်းကို ထုတ်မပေးဘူးလို့ မပြောပါ ဘူး၊ ဘိုးဘေးကျောက်တုံးက မင်းကိုထုတ်ပေးမယ်ဆိုရင် ငါ မင်းကိုထုတ်ပေး မယ်”
ငှက်ပြာသည် ထိုစကားကြားရသောအခါ မှင်တက်သွားလေသည်။ ဒါ ဘာအဓိပ္ပာယ်လဲ။ ဘိုးဘေးကျောက်တုံးကနေ ထွက်လာနိုင်ရင် ဒီကောင်လေး က သူ့ကိုထုတ်ပေးမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
“ဘိုးဘေးကျောက်တုံးကနေ ထွက်လာဖို့ အရည်အချင်းရှိရင် ငါက မင်းကို လာရှာနေဦးမှာလား” ချင်းညောင်သည် ဒေါသတကြီးပြောလေသည် “ဘိုးဘေး ကျောက်တုံးကို ငါ့ကိုလွှတ်ပေးဖို့ မြန်မြန် ပြောပေး အခုချက်ချင်းနော် အခု”
ပေထင်းဟွမ်သည် လေဟာနယ်ဝင်ပေါက်ဆီသို့ လျှောက်သွားရင်း အေးအေးဆေးဆေးပင်ပြောလိုက်သည် “ငါက ဘိုးဘေးကျောက်တုံးပိုင်ရှင်မှ မဟုတ်တာ၊ မင်းဘာသာမင်းပြောလေ၊ ငါ အဲဒါကိုမသန့်စင်သေးရွေ့ သူက ငါ့ စကားကိုနားမထောင်မှာမဟုတ်ဘူး၊ ဘာလို့လဲ ရက်နည်းနည်းပဲရှိသေးတာကို မင်းပြောခဲ့တာကို မင်းမေ့သွားပြီလား”
ထိုအခါမှပင် ဤကိစ္စသည် အလွန်လေးနက်သည်ကို ချင်းညောင် သိလိုက်ရသည်။ သေချာပေါက်ပင် သူသည် ရက်အနည်းငယ်တွင် မတွေးမိခြင်း မဟုတ်ပေ။ ပေထင်းဟွမ်သည် ဘိုးဘေးတောင်ပေါ်မှ ဝိညာဉ်စိတ်အပြင်းပြဆုံး ကျောက်တုံးကို သန့်စင်နိုင်သည့်အစွမ်းအစရှိသည်။ သူ့ခေါင်းထဲက ဦးနှောက် က ဘယ်ရောက်သွားတာလဲ။ ဘာလို့ ရှို့ဟွမ်ကိုအန်ထုတ်ပေးလိုက်တာလဲ။ သူ သာအန်မထုတ်ပေးခဲ့ရင် အဲဒါကိုသုံးပြီး ပေထင်းဟွမ်နဲ့ ညှိနှိုင်းလို့ရဦးမှာပဲ။
“အာ.. မင်း ငညစ်ကောင် မင်းက ယောက်ျားလည်းမဟုတ်ဘူး မိန်းမပဲ” ဤအချိန်တွင် ချင်းညောင်သည် အရာအားလုံးကို လျစ်လျူရှုထားပြီဖြစ်သည်။ သူသည် သေတော့မည်ဖြစ်သည်။ ဘိုးဘေးကျောက်တုံးကြောင့် သေတော့မည် ဖြစ်ရာ ပေထင်းဟွမ်အား ကျိန်ဆဲလေတော့သည်။
ယောက်ျားဆိုလျှင် ထိုစကားများကိုကြားသောအခါ ဒေါသထွက်လိမ့်မည် ပင်။
မည်သူသိမည်နည်း။ ပေထင်းဟွမ်သည် နှာမှုတ်ကာ သူမ၏အသံသည် ဟက်ဟက်ပက်ပက်မရှိဘဲ အေးစက်နေသည် “မင်းလည်းသိတာပဲ ငါက မိန်းကလေးပဲ ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ”
ရုတ်တရက်ပင် ကမ္ဘာကြီးသည် တိတ်ဆိတ်သွားသည်။ ငှက်ပြာသည် သေတော့မည့်ပုံပင်။ ပေထင်းဟွမ်သည် သူ့အား စိတ်ဝင်တစားမရှိလှပေ။ ဤ ငှက်သည် အားကောင်းသော်လည်း ယခုအချိန်တွင် ဘိုးဘေးကျောက်ကြောင့် အဆိပ်သင့်နေကာ ယန်ယဲ့ လွတ်လာသောတစ်နေ့တွင် သူ့အား အဆိပ်ဖြေပေး လိမ့်မည်။ ဤငှက်ပြာသည် အရှင်လွတ်လာလိမ့်မည်ဟု မည်သူသိမည်နည်း။