လင်ဇီးကျောက်စိမ်း
Vol. 79 Ch. 1570
ပေထင်းဟွမ် လျှောက်သွားပြီးနောက် မကြာခင်တွင် အသံတစ်သံ ကြားရ လေသည်။
“ရှို့အာ ပြေးတော့ အဖေ့ကို စိတ်မပူနဲ့”
ကျို့ယင်း၏အသံရောက်လာသည်။ သူသည် ဒဏ်ရာရထားပြီး စွမ်းအင် ပြတ်လပ်ကာ အသံမှာလည်းအက်ကွဲနေသည်။ ဓားအချင်းချင်းထိမိသည့် တချွင်းချွင်းအသံလည်းကြားရသလို ပေါက်ကွဲသံအမျိုးမျိုးမှာ မရပ်မနားထွက် ပေါ်လျက်ရှိသည်။ ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူကာ အရှိန်ကို များစွာတင်လိုက်သည်။
လေဟာနယ်ဝင်ပေါက်တွင် အဖွဲ့နှစ်ဖွဲ့သည် အသေအကြေအများအပြား နှင့် ပြင်းထန်စွာတိုက်ခိုက်လျက်ရှိသည်။
တစ်ဖက်မှာ အမှောင်နတ်မိစ္ဆာဘုံဖြစ်ပြီး နောက်တစ်ဖက်မှာ ယင်းလုံနှင့် လန်ဖုန်းမျိုးနွယ်ပူးပေါင်းတပ်ဖွဲ့တို့ဖြစ်သည်။ ထိုအရာကိုမြင်ပြီး ပေထင်းဟွမ် သိ သိချင်သွားသည်။ ထိုအဖွဲ့နှစ်ဖွဲ့၏အရှိန်မှာ မနှေးလှပေ။
“သခင်ကျို့ယင်း နှစ်တစ်သောင်းလင်ဇီးကျောက်စိမ်းကို ထုတ်လာသင့် ပြီ၊ အဲဒါ ကိုထုတ်လိုက်ရင် နည်းလမ်းရှိချင်ရှိမှာပေါ့ အဲလိုဆို သခင်လေးကျို့ရှို အသက်ရှင်နိုင်ဦးမယ်၊ ဒါပေမဲ့ ထုတ်မလာရင်တော့...” ယင်းလုံမျိုးနွယ်ဝင်မှ လူ၏မျက်နှာသည် ယခုအချိန်တွင် ထွက်ပေါ်လာချေပြီ. သူသည် ယုတ်ညံ့သော အပြုံးပြုံးလိုက်ပြီး ကျို့ရှို့အား အေးစက်စွာကြည့်လေသည်။
“ယင်းရှန့် မင်းက အရှင်ကြီးထိပ်ဆုံးအဆင့်ရောက်နေပြီ၊ ဘာမှမဟုတ်တဲ့ ငါ့သားကြောင့်နဲ့ အလှောင်ခံရမှာကိုမကြောက်ဘူးလား” ကျို့ယင်းသည် ပြင်းထန်စွာဒဏ်ရာရထားသော်လည်း တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ယင်နေသည်။ သေချာပေါက်ပင် သူသည် သားဖြစ်သူအကြောင်းကို မပြော ချင်ပေ။ ပြောရသည်ဆိုသည်မှာ သားဖြစ်သူအား မတိုက်ခိုက်ရန်အတွက် ယင်းရှန့်အား ရန်စလိုခြင်းကြောင့်ပင်။
“ဘာမှမဖြစ်ဘူး ငါကမိန်းကလေးပဲ ငါလုပ်မယ် သခင်လေးကျို့ရှို့က မိန်းကလေးကိုတောင်မှ မတိုက်ခိုက်နိုင်ဘူးလို့ တခြားသူတွေပြောပလေ့စေ” လန်ဖုန်းမိသားစုမှ တစ်ဦးတည်းသောမိန်းကလေးဖြစ်သလို လန်ဖုန်းမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သူသည် ရှေ့တိုးလာသည်။
ကျို့ယင်းသည် ဒေါသကြောင့် နောက်ပြန်လဲကျလေသည်။ သို့သော် သူ သည် ထိုလင်ဇီးကျောက်စိမ်းကို ထည့်မပေးချင်ပေ။ သခင်ဟွမ်ကျို့သည် အဂ္ဂိရတ်ပညာရှင်ဖြစ်သဖြင့် ဤလင်ဇီးကျောက်စိမ်းကို သခင်ဟွမ်ကျို့အား ပေးမည်ဟု ကျို့ရှို့ ပြောခဲ့သည်။
ထိုလင်ဇီးကျောက်စိမ်းသည် အရှင်အဆင့်ထိပ်ဆုံးသားရဲဆီမှ ရလာခြင်း ဖြစ်သည်။ ထိုအရာကြောင့်ပင် ကျို့ယင်းဒဏ်ရာရခဲ့သည်။ မဟုတ်လျှင် အရှုံးမှာ ဤမျှကြီးမားမည်မဟုတ်ပ။
“လန်ယင်းရွှေ့ မင်း သခင်ဟွမ်ကျို့ကိုမကြောက်ဘူးလား၊ ငါ့သားနဲ့ သခင် ဟွမ်ကျို့ကြားက ဆက်ဆံရေးကို သိသင့်ပါတယ်၊ မင်းက ငါ့သားကို တိုက်ခိုက်ရဲ ရင် သခင်ဟွမ်ကျို့က မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး၊ မိသားစုကြီးနှစ်ခုလုံး ကို ကပ်ဆိုးကြီးယူလာမှာကိုမကြောက်ဘူးလား” ထိုအခိုက်အတန့်တွင် ကျို့ယင်းသည် သူမအားခြိမ်းခြောက်ရန် ပေထင်းဟွမ်ကိုသာသုံးရတော့မည်။ သခင်ဟွမ်ကျို့သာ အပြစ်တင်ပါက သူတစ်ယောက်တည်းကိုသာ တင်စေမည်။ သားဖြစ်သူကိုတော့ ထွက်ပေါက်ပေးချင်သည်။
“ဟား ဟား ဟား” လန်ယင်းရွှေ့သည် ခေါင်းမော့ပြီးရယ်မောလေသည်။ သူမသည် အပြာရောင်ဓားသမားဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ ပိန်ပါးသော အသွင်အပြင်ကို ပေါ်လွင်စေသည်။ ထိုဝတ်စုံသည် သူမ၏ခန္ဓာကိုယ်တွင် ကပ် နေပြီး ခွာချမရတော့မည့်အတိုင်းပင်။ “မင်းကိုမင်း ဘာထင်နေတာလဲ၊ အဲဒီ သခင်ဟွမ်ကျို့က တကယ်ပဲ အားကောင်းပါတယ် ဒါပေမဲ့ သူက မင်းရဲ့သား အတွက်နဲ့ ငါတို့မိသားစုနှစ်ခုကို ဖျက်ဆီးပစ်မယ်ဆိုတာကတော့ ဟာသများ လုပ်ပြောနေသလား”
ချက်ချင်းပင် လှောင်ပြောင်သည့်ရယ်သံများထွက်ပေါ်လာသည်။ ယင်းလုံ နှင့် လန်ဖုန်းမျိုးနွယ်ဝင်များအားလုံးသည် ရယ်မောကြလေသည်။
ပုံမှန်အခြေအနေအောက်တွင် ဤကမ္ဘာပေါ်၌ မဆီမဆိုင်လူတစ်ယောက် အတွက်နှင့် တခြားမိသားစုကို ရှင်းထုတ်ပစ်မည့် သာမန်လူမရှိသည်မှာတော့ အမှန်ပင်။ သို့သော် ပေထင်းဟွမ်သည် သာမန်လူမဟုတ်အောင် မည်သူ ပြုလုပ် ထားသနည်း။ ကျို့ရှို့သည်လည်း သူမနှင့် ဘာမှမဆိုင်သည့်လူမဟုတ်ပေ။
ကျို့ရှို့သည် သူမအား သခင်တစ်ယောက်ကဲ့သို့ ယုံကြည်ကိုးစားခဲ့သည်။ သူမ၏ ကိုယ်ပိုင်လူများကို မကာကွယ်နိုင်လျှင် အနာဂတ်တွင် ၃၃ ကောင်းကင် ဘုံအား အနိုင်ရရန် အဖွဲ့ကိုဦးဆောင်နိုင်ပါမည်ဟုပြောရန် မည်သည့် အရည်အချင်းများရှိမည်နည်း။
ထို့ကြောင့်ပင် ယင်းလုံ၊ လန်ဖုန်းနှင့်တခြားသူများ ကျို့ရှို့ဆီသို့ လှုပ်ရှား သည်နှင့် ပေထင်းဟွမ်သည် လေထဲတွင် လက်ကိုအသာအယာ ဝေ့ယမ်းလိုက် သည်။ မျိုးနွယ်ကြီးမှလူများ လွင့်ပျံသွားလေသည်။