သူက အခုကြိုးအဆုံးကိုရောက်နေပြီ
Vol. 79 Ch. 1571
ပေထင်းဟွမ်၏လှုပ်ရှားမှုသည် ချောင်းမြောင်းတိုက်ခိုက်မှုသာဖြစ်သည်။ သူမ၏ခွန်အားသည် တခြားသူများထက် သန်မာနေပြီဖြစ်သည်။ ဓားထိပ်မှ မုန်တိုင်းနဂါးကြီး၏ အော်သံသည် ကမ္ဘာကြီးကိုလှုပ်ယမ်းလိုက်သည်။ အားလုံး မတုံ့ပြန်နိုင်ခင်မှာပင် အားကောင်းပြီး မယှဉ်ပြိုင်နိုင်သောစွမ်းအားသည် သူတို့ ဆီသို့ ဝင်လာသည်။ ထို့နောက် လေးလံသောတောင်တစ်လုံးမှ သူတို့အား တိုက်ခိုက်သကဲ့သို့ အားလုံးသည် မည်သို့ဖြစ်သွားသည်ကိုပင် မမြင်လိုက်ရဘဲ သေကြေကုန်ကြလေသည်။
ယင်ရှန့်နှင့် လန်ယင်းရွှေတို့သည် သူတို့ခေါ်လာသည့်လူများထက် ပို သန်မာကြသည်။ သူတို့နှစ်ယောက်လုံးသည် အန္တရာယ်များသောလမ်းမှ လွတ် မြောက်ခဲ့ကြသည်။ သူတို့ မျက်လုံးပင့်ကြည့်လိုက်ချိန်တွင် ပေထင်းဟွမ် ကောင်းကင်မှဆင်းသက်လာကာ စစ်မြေပြင်အထက် လေပေါ်တွင်ရပ်နေသည် ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်သည် ရုတ်တရက် ဒေါသထွက်သွားကာ လန်ယင်းရွှေသည် ပို၍သည်းမခံနိုင်တော့ပေ “သခင်ဟွမ်ကျို့ ဘာအဓိပ္ပာယ်လဲ”
ထိုအချိန်တွင် ကျို့ယင်းသည် စိတ်အေးလက်အေးသက်ပြင်းချလိုက် သည်။ လန်ယင်းရွှေစကားမဆုံးခင်တွင် သူသည် အေးစက်စွာပြောလိုက်သည် “လန်ယင်းရွှေ ခုနက ဘာအဓိပ္ပာယ်လဲ”
လန်ယင်းရွှေသည် စကားဆက်ပြောချင်သော်လည်း ယင်ရှန့်သည် ပေထင်းဟွမ်၏ မှုန်သုန်သောမျက်နှာကိုမြင်လိုက်ရပြီးနောက် ကြက်ခိုးသည့် ဆန်တစ်ဆုပ်စားရတော့မည်ကိုသိသဖြင့် လျင်မြန်စွာပင် လန်ယင်းရွှေအား ဆွဲလိုက်ကာ ပေထင်းဟွမ်အား လက်အုပ်ချီလေသည် “သခင်ဟွမ်ကျို့ ခုနက အဖြစ်အပျက်က ပြစ်မှားမိသွားတာဆိုရင်...”
“ပြစ်မှားတယ်ဟုတ်လား၊ အဲဒါကို ပြစ်မှားတယ်လို့ ဘယ်လိုလုပ်ပြောမှာ လဲ၊ ငါ သခင်ဟွမ်ကျို့ကိုပေးမယ့် လင်ဇီးကျောက်စိမ်းကို မင်းတို့လိုချင်လို့ ငါတို့ လူတွေအများကြီးကိုသတ်ခဲ့တာလေ” ကျို့ယင်းသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာမှာအစိမ်းရောင်ပြောင်းလာသည်။ ထိုလူများသည် အထင်လွဲသည်ဟု ဘာမှမဟုတ်သလို ပြောချင်နေသည်။
ပေထင်းဟွမ်သည် ငဲ့ကြည့်လိုက်သည်။ အမှောင်နတ်မိစ္ဆာဘုံမှ အသက်ရှင်ကျန်သူ လူ ၁၀ ယောက်ပင်မပြည့်သော်ငြား မုန်တိုင်းနဂါးကြောင့် ယင်းလုံနှင့် လန်ဖုန်းမျိုးနွယ်တို့သေကြေကြရာ ယင်းရှန့်နှင့် လန်ယင်းရွှေတို့ နှစ်ယောက်အပါအဝင် လူ ၃ ဦး သို့မဟုတ် ၅ ဦးလောက်သာ အသက်ရှင်ကျန် တော့လေသည်။ ဤအချိန်တွင် ထိုလူများသည် မျက်လွှာပင် ပင့်မကြည့်ရဲပေ။ သူတို့သည် တွန့်ဆုတ်စွာနှင့် အမြီးကုပ်နေကြပြီး ပေထင်းဟွမ်၏အကြည့် ရောက်လာသည်နှင့် အလိုလိုပင် နောက်ဆုတ်မိကြလေသည်။
“ပြောဖို့တော့လွယ်တာပေါ့” ပေထင်းဟွမ်သည် လက်မြှောက်ကာ ကျို့ရှို့ အား တားလိုက်ပြီး ယင်းရှန့်၏စကားများကို သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလေသည် “အမှန်ပဲ အထင်လွဲသွားတာပဲ၊ ဒီအတိုင်းပဲထားလိုက် ကြတာပေါ့”
ပေထင်းဟွမ် ထိုသို့ပြောလိုက်သည်နှင့် ရှင်သန်ကျန်သူအနည်းငယ်သည် ခေတ္တမျှ မှင်တက်မိကြလေသည်။ ပေထင်းဟွမ်နှင့် မရင်းနှီးလှသော ကျို့ယင်းပင်လျှင် ဤအပြုအမူသည် ပေထင်းဟွမ်၏ပုံစံမဟုတ်သလိုခံစားရ သည်။ သို့သော် ကျို့ရှို့သည် များများစားစားမတွေးပေ။ သူသည် သေလုနီးပါး ဖြစ်သါားသော်လည်း သခင်မှ ဂရုမစိုက်ဟုပြောသည်နှင့် သူ ဂရုမစိုက်တော့ပေ။
သို့သော် ယင်းရှန့်သည် အလွန်ပျော်ရွှင်သွားလေသည်။ ပေထင်းဟွမ်၏ လှုပ်ရှားမှုစွမ်းအားသည် သူ၏စိတ်ဝိညာဉ်ကို ကျဲပြန့်သွားစေပြီဖြစ်သည်။ ပေထင်းဟွမ် ချောင်းမြောင်းမတိုက်ခိုက်ဘဲ ပေါ်တင်တိုက်ခိုက်မည်ဆိုပါက သူသည် ပေထင်းဟွမ်၏လှုပ်ရှားမှုများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ဟွမ်ကျို့ သည် ဂရုမစိုက်ချင်ဟုဆို၍ ထိုထက်ကောင်းသည့်အရာမရှိတော့ပေ.
လန်ယင်းရွှေသည် ထိုသို့မတွေးပေ။ သူမ ခန့်မှန်းသည်။ သခင်ဟွမ်ကျို့ သည် အစောက ထိုသားရဲနှင့်တိုက်ခိုက်ပြီးခဲ့ရာ နောက်တစ်ခေါက်ထပ် တိုက်ခိုက်ရန်ခက်ခဲသဖြင့် ဤကဲ့သို့နူးညံ့သောစကားများကို ပြောနေသည် လား။
ထိုသို့တွေးပြီးနောက် လန်ယင်းရွှေသည် ဖြားယောင်းခံလိုက်ရတော့ သည်။ ဟွမ်ကျို့၏လက်ထဲတွင် နတ်မိစ္ဆာနတ်ဘုရား၏ရတနာရှိသည်။ သူတို့ သည်တစ်ခေါက် လေဟာနယ်ထဲသို့ဝင်လာခဲ့သော်လည်း ဘာမှမရသေးပေ။ မဟုတ်လျှင် လင်ဇီးကျောက်စိမ်း၏ ဖြားယောင်းမှုကိုခံရမည်မဟုတ်ပေ။
ထိုအရာကိုကြည့်ပြီး လန်ယင်းရွှေသည် လက်ထဲမှစွမ်းအင်လုံးဖြင့် လှုပ်ရှားလေတော့သည်။ သို့သော် မလှုပ်ရှားခင်မျာပင် ယင်းရှန့်ကတားလိုက် ပြီး သူမအား ဝိညာဉ်အသံကူးပြောင်းနည်းဖြင့် ပြောလိုက်လေသည် “မင်းသေ ချင်ရင် တစ်ယောက်တည်း ကိုယ့်ဘာသာသေလိုက်၊ ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါ မင်းကို ကူညီမယ်လို့ထင်ထားမယ်ဆိုရင်တော့ စိတ်ကူးယဉ်နေတာပဲ”
“ဘာလို့လဲ သူက အခု ကြိုးအဆုံးကိုရောက်နေပြီလေ...”
“သူ့ အသက်အဆုံးကိုရောက်နေပါစေ ငါမသိဘူး၊ ငါသိတာတစ်ခုက သူ သေသွားရင်တောင် ငါတို့ကိုချေမွှပစ်နိုင်တဲ့အစွမ်းအစရှိတယ်” ယင်းရှန့်သည် ဒေါသထွက်နေ၏။ လန်ဖုန်းမျိုးနွယ်သည် ဤကဲ့သို့တုံးအသောလူကို ဘာကြောင့် စေလွှတ်လိုက်သည်ကို သူ မသိတော့ပေ။