← Chapters

ငါက သေချာပေါက် အမှောင်နတ်မိစ္ဆာဘုံမျိုးနွယ်ကပဲ

Vol. 79 Ch. 1572

ငါက သေချာပေါက် အမှောင်နတ်မိစ္ဆာဘုံမျိုးနွယ်ကပဲ

Vol. 79 Ch. 1572

လန်ယင်းရွှေ၏ သေးငယ်သောလှုပ်ရှားမှုကို ပေထင်းဟွမ် သတိထားမိ သည်။ အရှင်ကြီးအဆင့်သို့အဆင့်တက်ပြီးနောက် သူမ၏အလိုလိုသိစိတ်မှာ လည်း ကမ္ဘာကြီးထဲသို့ ပေါင်းစပ်ထားပြီး ပြဿနာများနှင့် စွမ်းအင်များအားလုံး ၏ ပြောင်းလဲမှုကို ရှင်းလင်းစွာသိနိုင်လေသည်။

ကံကောင်းစွာပင် သည်တစ်ခေါက်တွင် ယင်းရှန့်သည် တားခဲ့သည်။ မဟုတ်လျှင် လန်ယင်းရွှေသာ လှုပ်ရှားပါက ပေထင်းဟွမ်၏လက်ထဲမှ လွတ်မြောက်နိုင်မလားဆိုသည်ကို မသိနိုင်ပေ။

လန်ယင်းရွှေသည် အလွန်ပင်မကျေမနပ်ဖြစ်လျက်ရှိသည်။ သို့သော် လန်ဖုန်းမိသားစုနှင့် ယင်းလုံမိသားစုတို့ ပေါင်းစည်းလိုက်ရာ သူမသည် တစ် ကိုယ်တည်းလှုပ်ရှား၍မရသဖြင့် တဒင်္ဂတော့ စိတ်ရှည်ရန်ဆုံးဖြတ်လိုက်သည်။

ပေထင်းဟွမ်၏အကြည့်သည် ဓားတစ်ချောင်းကဲ့သို့ စူးရှသည်။ သူမ၏ မျက်နှာကိုအကဲခတ်ပြီးနောက် အေးစက်စွာပြောလိုက်သည် “ငါဝင်မလာခင်က မင်းလည်း အကုန်မြင်တာပဲ၊ ငါ့ကို အရှင်နတ်မိစ္ဆာနတ်ဘုရားကဖမ်းသွားတယ်၊ အမှောင်နတ်မိစ္ဆာဘုံကို ကာကွယ်တာနဲ့ သူက ငါ့ကို ရတနာပေးမယ်လို့ သူက ငါနဲ့ညှိုနှိုင်းခဲ့တယ်၊ အခု ရတနာက ငါ့လက်ထဲရောက်နေပြီ၊ ငါဘာမှမပြောနိုင် ဘူးလေ၊ အမှောင်နတ်မိစ္ဆာဘုံကို ကျိန်းသေပေါက် ကာကွယ်ရမှာပေါ့”

ထိုစကားကိုကြားပြီးနောက် ချင်းညောင်သည် စောဒကတက်လေသည်။ အဲလိုပြောကြေးဆို ဘာလို့သူ့ကိုထုတ်မပေးသေးတာလဲ။ ပေထင်းဟွမ်က မိန်းကလေးဖြစ်ပြီး လူကောင်သေးသေးလေးဆိုတာ ငါ မြင်ပြီးပြီ။

ပေထင်းဟွမ်သည် ချင်းညောင် သူမအား အထင်သေးနေသည်ကိုမသိပေ။ သူမသည် ကျို့ရှို့အား ညွှန်ပြပြီး ယင်းရှန့်နှင့်လန်ယင်းရွှေတို့အား တုံ့ပြန်လေ သည် “အဲဒါကိုလက်မခံရင်လည်း ငါ့ကိုလာစိန်ခေါ်လေ”

နတ်မိစ္ဆာနတ်ဘုရားသည် ပေထင်းဟွမ်နှင့် သဘောတူညီချက်ယူခဲ့ခြင်း မဟုတ်ဘဲ ယန်ယဲ့နှင့် သဘောတူညီချက်ယူခဲ့ခြင်းပင်။ သို့သော် ယန်ယဲ့၏ကိစ္စ သည် သူမ၏ကိစ္စသာဖြစ်သည်။ ယခု အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် နယ်ပယ်သုံးခုမှ တစ်ခုသာကျန်တော့သည်။ ယန်ယဲ့သည် အမှောင်နတ်မိစ္ဆာဘုံ နှင့် ပတ္တမြားတိုက်တို့ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းပေးပါ့မည်ဟု ကတိပေးခဲ့သည်။

ကျို့ရှို့သည် သူမ၏လူဖြစ်သည်။ သူမသည် မကြာခင် အမှောင်နတ်မိစ္ဆာ ဘုံမှ ထွက်သွားတော့မည်ဖြစ်သည်။ သူမ ထွက်သွားပြီးနောက် ကျို့ရှို့အား မသေစေချင်ပေ။

နတ်မိစ္ဆာနတ်ဘုရားသည် ပေထင်းဟွမ်အား ဖမ်းသွားသည်ကို အားလုံး မြင်လိုက်ရသည်မှာ အမှန်ပင်။ ၎င်းသည် နတ်မိစ္ဆာနတ်ဘုရား၏ နတ်အတွေး အလင်းတန်းမျှသာဖြစ်သော်လည်း နတ်မိစ္ဆာနတ်ဘုရားသည် တခြားသူကို မဖမ်းဘဲ ပေထင်းဟွမ်ကိုသာဖမ်းသွားခဲ့သည်။ ပေထင်းဟွမ်တွင် နတ်မိစ္ဆာနတ် ဘုရား၏လက်ထဲမှ လွတ်မြောက်နိုင်စွမ်းရှိလိမ့်မည်ဟု ထင်မထားကြပေ။ ဆိုလိုသည်မှာ သူတို့သည် ပေထင်းဟွမ်ပြောစကားကိုယုံရမည်ဖြစ်သည်။ နတ်မိစ္ဆာနတ်ဘုရားသည် အမှောင်နတ်မိစ္ဆာမျိုးနွယ်ကို စိုးရိမ်နေဆဲဖြစ်သည်။

“အရှင်ဟွမ်ကျို့” ယင်းရှန့် မေးလေသည် “အရှင်နတ်မိစ္ဆာနတ်ဘုရားက အခုဘယ်မှာလဲ”

သူ ရှင်းလင်းအောင်မေးလိုက်ခြင်းပင်။ အရှင်နတ်မိစ္ဆာနတ်ဘုရားရှိသေး လျှင် အမှောင်နတ်မိစ္ဆာဘုံအား အစားထိုးမည့် သူ၏မိသားစုနည်းဗျူဟာကို ပြောင်းလဲရမည်ဖြစ်သည်။ ဤအဝတ်ဂူသင်္ချိုင်းတွင် နတ်မိစ္ဆာနတ်ဘုရားချန် ထားခဲ့သည့် နတ်အတွေးအလင်းတန်းရှိနေလိမ့်မည်ဟု မည်သူထင်ထားမည် နည်း။ သိသည်အတိုင်းပင် ၎င်းသည် ဖန်ဆင်းရေးနတ်ဘုရားဖြစ်သည်။

ပေထင်းဟွမ်သည် အပြုံးမဟုတ်သည့် အပြုံးနှင့် ယင်းရှန့်အားစိုက်ကြည့် လေသည်။ ပေထင်းဟွမ်သည် ဘာမှမပြောသဖြင့် ယင်းရှန့်သည် အရှုံးပေးလိုက် ရသည်။ သူသည် ရှက်ရွံ့စွာဖြင့် ပြုံးလေသည် “ဒီအတိုင်းမေးလိုက်တာပါ”

သူသည် မေးခွန်းမှားမေးလိုက်ခြင်းပင်။ နတ်မိစ္ဆာနတ်ဘုရားအကြောင်း မည်သူ ရှင်းရှင်းလင်းလင်း ပြန်ဖြေနိုင်မည်နည်း။ မည်သူက ဖြေရှင်းရဲသနည်း။

နတ်မိစ္ဆာနတ်ဘုရားသည် နတ်အာရုံအလင်းတန်းဖြင့် ပြန်ဝင်စားသွား သည်ကို ပေထင်းဟွမ်သိလျှင်တောင် ယင်းရှန့်အား ပြောမည်မဟုတ်ပေ။ ထို့အပြင် နတ်မိစ္ဆာန်ဘုရား၏အသိစိတ်အလင်းတန်းနှင့်ဆိုလျှင် ဩဇာတိက္ကမ တော့ကျန်ဦးမည်ဖြစ်သည်။ ၎င်းသည်အမှောင်နတ်မိစ္ဆာကမ္ဘာမှ တခြား အင်အားစုများကို တားမြစ်နိုင်ပြီး အမှောင်နတ်မိစ္ဆာဘုံ၏ လုံခြုံမှုကို ဘေးကင်း စေသည်။

ဤနေရာတွင် ထပ်ကြာကြာနေလျှင် အဓိပ္ပာယ်မဲ့တော့မည်။ ထို့ကြောင့် အချိန်ရှိစဉ်တွင် ဘာကြောင့် ရတနာမရှာဘဲနေရမည်နည်း။

ဤနေရာမှအခြေအနေသည် ယခုလိုဖြစ်သွားရာ ယင်းရှန့်နှင့် ပေထင်းဟွမ်သည် လေးစားသမှုနှင့်ပင် နှုတ်ဆက်ကာ ယင်းရှန့်သည် တွန့်ဆုတ် နေသော လန်ယင်းရွှေနှင့်အတူ ထွက်သွားလေသည်။

“အရှင်ဟွမ်ကျို့” ကျို့ရှို့သည် သူမအား ပျော်ရွှင်စွာနှုတ်ဆက်ပြီးနောက် နှစ်တစ်သောင်းသက်တမ်းရှိ လင်ဇီးကျောက်စိမ်းအား ပေထင်းဟွမ်အား တလေးတစား လက်ဆောင်ပေးလေသည်။ “ဒါ အဖေ့ကို ကျွန်တော့်အတွက် နှုတ်ခိုင်းလိုက်တာ၊ သခင်ဟွမ်ကျို့ကို ပေးချင်လို့လေ၊ အဲဒါကို ယင်းလုံနဲ့ လန်ဖုန်းမျိုးနွယ်တို့က လာလုကြတာပဲ”

ထိုမျိုးနွယ်နှစ်ခုသည် လင်ဇီးကျောက်စိမ်းကို တစ်ဖက်မှလုပြီး အရေးအကြီးဆုံးမှာ အမှောင်နတ်မိစ္ဆာဘုံ ဒဏ်ရာရနေစဉ် ဤနေရာတွင် သတ်ရန်ဖြစ်သည်။ သည်လိုနှင့် အမှောင်နတ်မိစ္ဆာဘုံသည် ယင်းလုံနှင့် လန်ဖုန်း မျိုးနွယ်အပိုင်ဖြစ်လာမည်ပင်။

မထင်မှတ်စွာပင် အရှင်ပေထင်းဟွမ်သည် သူတို့ကို ကယ်ခဲ့ရုံတင်သာ မကဘဲ အမှောင်နတ်မိစ္ဆာဘုံကို သူမ၏တောင်ပံအောက်သို့သွတ်သွင်းခဲ့သည်။

All Chapters