← Chapters

ဝိညာဉ်လေဟာနယ်

Vol. 79 Ch. 1574

ဝိညာဉ်လေဟာနယ်

Vol. 79 Ch. 1574

ထိုအရာကိုမြင်ပြီး အမှောင်နတ်မိစ္ဆာဘုံမှလူများသည် ကြက်သေသေလု နီးပါးပင်။ ဤနေရာတွင် သားရဲများပြားလှသော်လည်း ဖမ်းရန် ဤမျှလွယ်ကူ လေသလား။

သူတို့သည် ကန်ဘေးမှ တိုက်ပွဲတွင်ဝင်မပါခဲ့သဖြင့် သံချပ်ဝတ်မိချောင်း သည် အမှောင်နတ်မိစ္ဆာဘုံမှ အားကောင်းသောလူ သုံးပုံတစ်ပုံကို တစ်လုတ် တည်းနှင့် ဝါးမျိုလိုက်သည်ကို သူတို့ မသိကြပေ။ ထို့ပြင် သူသည် အထွတ်အထိပ်ဘုံ သားရဲတစ်ကောင်ဖြစ်သည်ကို သူတို့မသိကြပေ။

ပေထင်းဟွမ်သည် သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ထိန်းကျောင်းပြီးနောက် ကျို့ယင်းနှင့်တခြားသူများသည် တစ်ကောင်စီ ရွေးကြ သည်။ အားလုံးပေါင်း အကောင် ၉၀ ကျော်လေသည်။ နောက်တွင် စာချုပ် တည်ထောင်ရန် အချိန်ပေးရသည်။ ထိုသို့ဆိုလျှင်တောင် သူမ၏ခွန်အားသည် အရှင်ကြီးအဆင့်သို့ မရောက်သေးပေ။

“အင်း မန္တလာမြေကို သွားရဖို့လိုဦးမယ်ထင်တယ်” ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။

ထိုကြီးမားသော အရှင်အဆင့်သားရဲ အကောင် ၅၀ ကျော်နှင့် ကျို့ယင်း သည် ယုံကြည်ချက်အပြည့်ရှိနေပြီဖြစ်သည်။ ယခုအချိန်မှစပြီး အမှောင်နတ် မိစ္ဆာမျိုးနွယ်သည် အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် လေရောမိုးကိုရော ဆင့်ခေါ်နိုင်တော့မည်ပ့င်။

လေဟာနယ်ထွက်ပေါက်တွင် ကြီးမားသောဝဲတစ်ခုရှိသည်။ သူတို့ အပြင် မှလာသကဲ့သို့ပင် ဝဲထဲတွင် လေဟာနယ်တံခါးပေါက်ရှိသည်။ ပေထင်းဟွမ် သည် လူအုပ်နောက်လိုက်သွားပြီး တံခါးထဲသို့ဝင်သွားလိုက်သည်။ မူးဝေမှုနှင့် အမှောင်ကိုဖြတ်သန်းပြီးနောက် အသားကျရန်အချိန်ယူနေတုန်းမှာပင် ဓားဝိညာဉ်ချောက်ထဲသို့ ရောက်နေပြီဖြစ်သည်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် ထွက်သွားတော့မည်ပြင်ဆင်လေသည်။ သို့သော် ရုတ်တရက်ပင် ကောင်းကင်ကြီးလည်သွားလေသည်။ သူမသည် ဘေးမှ ကျို့ရှို့အား ဆွဲလိုက်ကာ တောင်ကိုးလုံးထိပ်ဆီသို့ကျသွားလေသည်။ နဂိုက ရောင်စုံအလင်းများဖြင့်ပြည့်နေသော ချိုင့်ဝှမ်းတွင် လူနှင့်သားရဲများ ရှိနေသည်ကိုတွေ့လိုက်ရသည်။ ထိုသားရဲများသည် သူတို့နှင့်အတူ ဂူသင်္ချိုင်းသို့ ဝင်ခဲ့ကြသော အမှောင်နတ်မိစ္ဆာဘုံမှ ကျွမ်းကျင်သူများဖြစ်ကြသည်။

ထိုလူများသည် သူမထွက်လာသည်နှင့် ဘာကြောင့် လိုက်ထွက်လာကြ သည်ကို ပေထင်းဟွမ်သိချင်မိသည်။

ယန်ယဲ့သည်အသိစိတ်ပင်လယ်ထဲမှ ပြုံးမိလေသည်။ “ဟွမ်အာ ဒီဝတ်ရုံ ဂူသင်္ချိုင်းက နတ်မိစ္ဆာနတ်ဘုရားက သန့်စင်ထားတဲ့ လင်းတုလို့ခေါ်တဲ့ လေဟာနယ်ပဲ၊ အမှောင်မှော်ပုတီးစေ့က ငါ့ကိုပေးလိုက်တော့ ဒီလေဟာနယ် က ငါ့အပိုင်ဖြစ်သွားပြီ”

ထိုသို့ဆိုလျှင် ပေထင်းဟွမ်သည် အနည်းငယ်ကျေးဇူးတင်မိသည်။ ကံကောင်းစွာပင် ထိုအချိန်က သူမသည် လေဟာနယ်ထဲမှ ဝိညာဉ်အကြောကို မတူးခဲ့မိပေ။ မဟုတ်လျှင် သူ့ကို ထိခိုက်အောင်လုပ်မိမည်လား။

“ကောင်းတယ် ဒီမှာအားကောင်းတဲ့သားရဲတွေအများကြီးပဲ၊ အဆင့်မြင့် သားရဲတွေလည်းရှိတယ်၊ ဒီသားရဲတွေကိုသုံးပြီး နောက်ဆိုရင် အားကောင်းတဲ့ သားရဲတပ်ဖြစ်အောင် လေ့ကျင့်ပေးရမယ်”

“ဟုတ်ပြီ” ယန်ယဲ့သည် ပြုံးပြီးပြန်ဖြေလေသည်။ ထိုထဲမှသားရဲများကို ပေထင်းဟွမ်လိုချင်သည်မဆိုထားနှင့် ဤလေဟာနယ်ကိုလိုချင်သည်ဆိုလျှင် တောင် ယန်ယဲ့သည် ငြင်းဆန်ရန်အကြောင်းမရှိပေ။

လေဟာနယ်ထဲမှ လန်ယင်းရွှေထွက်လာသောအခါ သူမသည် မြေကြီး ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။ သူမ စိတ်ဆိုးဆိုးနှင့် ခေါင်းမော့ကြည့် လိုက်ရာ တောင်ထိပ်ပေါ်တွင် ရပ်နေသည့်ကျို့ယင်းအားမြင်လိုက်ရသည်။ သူမသည် နှာမှုတ်လိုက်သည် “သခင်ကျို့ယင်း အခု အမှောင်နတ်မိစ္ဆာဘုံကို သခင်ဟွမ်ကျို့က ထောက်ပံ့ပေးထားတော့ တကယ်ပဲ မတူတော့ဘူးပဲ”

အမှောင်နတ်မိစ္ဆာဘုံမှလူများ ထိုစကားကိုကြားသောအခါ ကျို့ယင်းအား ကြည့်ကြလေသည်။ ဤခရီးသည် ဂူသင်္ချိုင်းသို့သွားသည့် ခရီးသက်သက် မဟုတ်ဘဲ အမှောင်နတ်မိစ္ဆာဘုံနှင့် သခင်ဟွမ်ကျို့တို့ မဟာမိတ်ဖွဲ့သည့် ခရီးဖြစ်နေသည်မဟုတ်ပါလား။ သို့သော် သခင်ဟွမ်ကျို့၏ ခိုလှုံရာကို ယူမိသည်လား။

“သခင်ဟွမ်ကျို့က အရှင်နတ်မိစ္ဆာနတ်ဘုရားကတောင် တန်ဖိုးထားတဲ့ သူဆိုတော့ ဒီနယ်ပယ်က သူ့ကိုမှီခိုတာ ဘာမှားလို့လဲ” ကျို့ယင်းသည် သံကျောပြင်နဂါးနှင့် အရှင်ကြီးအဆင့်ခြင်္သေ့ရထားပြီးနောက် ဘာကိုမှ မကြောက်တော့ဘဲ လက်နောက်ပစ်ကာ အထင်သေးသောမျက်လုံးဖြင့် ကြည့် ပြီး ရပ်နေသည်။ သူသည် အရင်က ယင်းလုံနှင့်လန်ဖုန်းတို့လက်ထဲတွင် အရှက်ကွဲခဲ့ပုံကို မေ့သွားပုံပင်။

လန်ယင်းရွှေသည် ဒေသါထွက်လွန်းသဖြင့် ရယ်မောလိုက်သည်။ သူမ သည် လှောင်ပြောင်သည့်စကား ပြောတော့မည်အပြုတွင် ကျို့ယင်းသည် လက်ကိုအနည်းငယ်မြှောက်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးစွမ်းအား မြင့်တက်လာပြီး နဂါးနှင့်ခြင်္သေ့ကဲ့သို့ အားကောင်းသောတိုက်ပွဲဝိညာဉ်မှာ အလွယ်တကူပင် စုစည်းလာသည်။

All Chapters