← Chapters

မှော်အရင်းအမြစ်ကျောက်တုံးထောက်ပံ့မှု

Vol. 79 Ch. 1575

မှော်အရင်းအမြစ်ကျောက်တုံးထောက်ပံ့မှု

Vol. 79 Ch. 1575

မဟုတ်ပေ။ ၎င်းသည် တိုက်ခိုက်ရေးဝိညာဉ်မဟုတ်ပေ။ ၎င်းသည် မှော်ကျင့်ကြံသူနှင့် စာချုပ်သားရဲတို့မှ ပြသလိုက်သည့် မှော်ကျင့်ကြံရေး အရည်အချင်းတစ်ခုပင်။ ၎င်းတွင်ပါဝင်သည့်စွမ်းအားသည် အရှင်ထိပ်ဆုံး အဆင့်မှ စုစည်းလိုက်သည့် တိုက်ခိုက်ရေးဝိညာဉ်ဖြစ်သည်။

ကျို့ယင်းသည် အမှန်တကယ်ပင် အားကောင်းသောသားရဲကို ပိုင်ဆိုင်နေ ချေပြီ။

လန်ယင်းရွှေသည် ပါးစပ်ဖျားမှစကားများကို မျိုသိပ်လိုက်ရသည်။ သူမ သည် မလိုလားစွာဖြင့် မျက်လွှာချကာ တုန်ယင်နေသော မျက်နှာထားကို ဖုံးဖိ လိုက်ရသည်။

ကျို့ယင်းသည် ထိုအဟန့်အတား အောင်မြင်သွားသည်ကိုမြင်လိုက်ရ သဖြင့် ပျော်ရွှင်သွားလေသည်။ ကျို့ယင်းသည် ထိုအားကောင်းသော အင်အားစု ကို ဘာမှမလုပ်လိုက်ရဘဲနှင့် မည်သည့်အခါက ပါးစပ်ပိတ်ဖူးသနည်း။ ထိုအရာ များအားလုံးသည် သခင်ဟွမ်ကျို့မှ ပေးသနားခြင်းပင်။

ထိုအကြောင်းအားတွေးပြီး ကျို့ယင်းသည် ပေထင်းဟွမ်အား ကျေးဇူး တင်ပြီး လေးစားသည့်အကြည့်ဖြင့်ကြည့်လေသည်။

ထိုအရာကိုမြင်ပြီး အမှောင်နတ်မိစ္ဆာဘုံမှလူများအားလုံးသည် ယုံကြည် လာကြသည်။ သခင်ဟွမ်ကျို့သည် အမှန်တကယ်ပင် အမှောင်နတ်မိစ္ဆာဘုံ၏ ကျောထောက်နောက်ခံဖြစ်လာသည်။ သခင်ဟွမ်ကျို့၏ အမျိုးမျိုးသော အားကောင်းသည့်နည်းလမ်းများကိုစဉ်းစားကြည့်ပြီး များပြားသောအင်အားစု များသည် အားကျသောအကြည့်များဖြင့် ကြည့်ကြလေသည်။ အမှောင် နတ်မိစ္ဆာဘုံသည် သခင်ဟွမ်ကျို့၏အင်အားဖြစ်သွားသဖြင့် အမှောင်နတ်မိစ္ဆာ ဘုံသို့ဝင်လိုက်သည်နှင့် သခင်ဟွမ်ကျို့၏လူဖြစ်သွားနိုင်သည်မဟုတ်ပါလား။

ထိုအကြံသည် အမှန်ကယ်ပင် ဖြစ်နိုင်ခြေရှိသည်။ ပေထင်းဟွမ် ထွက် သွားပြီးနောက် အင်အားအများအပြားသည် အမှောင်နတ်မိစ္ဆာဘုံသို့ ဝင်လာ လိမ့်မည်ဟု ကျို့ယင်း ထင်မှတ်မထားပေ။ ကျို့ယင်းသည် နဂိုက သူတို့၏ စိတ်ထားကို သံသယဝင်မိသေးသည်။ သို့သော် ကျို့ယင်းရှေ့၌ပင် တစ်ဦးပြီး တစ်ဦး သစ္စာခံကျိန်ဆိုသည်ကိုမြင်ပြီးနောက် ကျို့ယင်းသည် မငြင်းဆန်တော့ ပေ။

ဤလှုပ်ရှားမှုသည် ပေထင်းဟွမ်ကို သူ့အား လက်အောက်ငယ်သား အဖြစ် လက်ခံရန် တိုက်တွန်းသည့်နည်းလမ်းနှင့်တူသည်။ မကြာမီတွင် သူ့အပေါ်တွင်လည်း တစ်စုံတစ်ယောက်မှသုံးလာလိမ့်မည်ဟု ထင်မထားပေ။ ထိုအရာသည် သူ့အား ကြက်သေသေစေသည်။

အမှောင်နတ်မိစ္ဆာဘုံသည်လည်း ရုတ်ခြည်းတိုးတက်လာသော နယ်မြေ တစ်ခုဖြစ်ခဲ့သည်။

သေချာပေါက်ပင် ထိုအရာများသည် နောက်ပိုင်းမှသာဖြစ်သည်။

ပေထင်းဟွမ်သည် အမှောင်နတ်မိစ္ဆာဘုံမှ ထွက်သွားတော့မည်ဖြစ်သည်။ သူမသည် ဦးစွာအဒေါ်ဖြစ်သူကို သွားရောက်နှုတ်ဆက်ချိန်တွင် သူမ၏အဒေါ် သည် မန္တလာမြေသို့သွားသည့် ရွှေ့ပြောင်းအစီအရင်တည်နေရာကိုပြောပြလေ သည်။ “အချိန်တစ်ခုလောက်တော့ မန္တလာမြေကို မသွားသေးဘူး၊ မင်းအဖေနဲ့ အမေကိုတွေ့ရင် ငါ အစစအရာရာအဆင်ပြေနေတယ်လို့ပြောပေးပါ၊ ဒီက ကိစ္စတွေ ဖြေရှင်းပြီးသွားရင် ငါ ၃၃ ကောင်းကင်ဘုံကိုသွားမယ်”

ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည် “အဒေါ်က ၃၃ ကောင်းကင်ဘုံကို သွားမယ်ဆိုရင် ကျွန်တော်လည်း အစ်ကိုကြီး၊ အဘိုးနဲ့ ဝမ်းကွဲအစ်ကိုတို့ဆီကို သွားမယ်၊ သူတို့တွေက စောစောသွားထားတာဆိုတော့ အခုဘာလုပ်နေကြလဲ မသိဘူး”

နှစ်ယောက်သား အတန်ကြာအောင်ပြောဆိုပြီးနောက် ပေထင်းဟွမ်သည် ကျို့ယင်းနှင့်တခြားသူများကို ယွဲ့မြန့်ချင်းနှင့် မိတ်ဆက်ပေးပြီး ကျို့ယင်းနှင့် ယွဲ့မြန့်ချင်းတို့အား ဆက်သွယ်ရေးသလင်းကျောက်တစ်လုံးစီပေးလိုက်သည်။ “ဒါက အဒေါ်တို့အတွက်ပါ၊ အဒေါ် ကျေးဇူးပြုပြီး ယဉ်ကျေးမနေပါနဲ့တော့၊ ၃၃ ကောင်းကင်ဘုံရောက်ရင် ဒီဆက်သွယ်ရေးသလင်းကျောက်နဲ့ ကျို့ယင်းကို ဆက်သွယ်လိုက်မယ်၊ တခြားတော့မပြောနိုင်ဘူး၊ မှော်အရင်းအမြစ်ကျောက် တုံးကိုတော့ အရှင်ကျို့ယင်းက ကူညီပေးနိုင်မယ်လို့ယုံကြည်တယ်”

ထို့ကြောင့်ပင် ပေထင်းဟွမ်သည် ကျို့ယင်းအား မငြင်းဆန်ခဲ့သည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။

ပေထင်းဟွမ်သည် သူ့အား လိုအပ်နေလိမ့်မည်ဟု ကျို့ယင်းမထင်မိပေ။ သူသည် အလွန်ပျော်ရွှင်သွားကာ ရင်ဘတ်ကိုပုတ်ပြီးပြောလေသည် “ဒီလက်အောက်ငယ်သားက လုံးဝအာမခံပါတယ်”

အမှောင်နတ်မိစ္ဆာဘုံသည် အမှောင်နတ်မိစ္ဆာဘုံမှ မြို့များ၊ တောင်များနှင့် နယ်မြေများဆုံးရှုံးရသည်မှာ သူ၏ခွန်အားမသန်မာခြင်းကြောင့်သာဖြစ်သည်။ ဝိညာဉ်ဘုံနှင့် နတ်ဆိုးဘုံတို့မှ အနီးကပ်ဖိနှိပ်ခဲ့သည်။ အမှောင်နတ်မိစ္ဆာမြို့ ကြောင့်သာမဟုတ်လျှင် အမှောင်နတ်မိစ္ဆာဘုံမှ အမှောင်နတ်မိစ္ဆာမျိုးနွယ် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ သံကျောပြင်နဂါးခြင်္သေ့ တို့နှင့် စာချုပ်တည်ထောင်ပြီးနောက် ကျို့ယင်းသည် ကိုယ်ပိုင်ခွန်အားရှိလာ သလိုခံစားရသည်။ ၎င်းသည် အရှင်ကြီးအဆင့်သားရဲဖြစ်သည်။

အနာဂတ်တွင် သူ အမှောင်နတ်မိစ္ဆာဘုံကိုအောင်နိုင်ပြီး ဘုံတစ်ခုလုံးကို မသိမ်းပိုက်နိုင်ပါက အသက်ရှင်မည်မဟုတ်တော့ပေ။

အရာအားလုံးဖြေရှင်းပြီးနောက် ပေထင်းဟွမ်သည် သတ်ဖြတ်ဝိညာဉ် တောင်သို့သွားကာ မန္တလာမြေသို့သွားသည့် ရွှေ့ပြောင်းအစီအရင်ကိုရှာသည်။ ကျို့ယင်းနှင့်တခြားသူများသည် သူမအား သတ်ဖြတ်ဝိညာဉ်တောင်အတွင်း ပိုင်းထိလိုက်ပို့ပေးကြသည်။

All Chapters