မန္တလာမြေ
Vol. 79 Ch. 1576
အနာဂတ်တွင် ကျို့ယင်းအား အားကိုးရမည့် နေရာအတော်အများကျန် နေသေးသည်ကိုတွေးပြီး ပေထင်းဟွမ်သည် ကျို့ယင်းအား ဆေးတစ်ပုလင်း ပေးကာ လေသံဖြင့်ပြောလိုက်လေသည် “ဒါက အရှင်အဆင့်ရတနာဆေး ပုလင်းပဲ၊ ဒီဆေးမှာ ကြီးမားတဲ့သက်ရောက်မှုရှိတယ်၊ ဟုတ်တယ် တစ်လုံး သောက်ပြီးရင် ၁၀၀ ရာခိုင်နှုန်း သားရဲထိန်းဖြစ်နိုင်တယ်၊ အားလုံးပေါင်း ၅ လုံး ပါတယ်၊ ခင်ဗျားတစ်လုံး စားပြီးတော့ ကျန်တာကိုခင်ဗျားရဲ့ လုံခြုံရေးအတွက် သိမ်းထားပါ၊ ခင်ဗျား သန်မာလာရင် ကျွန်တော့်ကို သစ္စာရှိတယ်ဆိုရင် အဲဒါကို ဆုရမယ်”
ကျို့ယင်၏လက်များသည် တုန်ယင်လုနီးပါးပင်။ သူသည် တွေးပင် မတွေးနိုင်ပေ။ သူသာ ဤဆေး ၅ လုံးကိုရလျှင် အမှောင်နတ်မိစ္ဆာဘုံတွင် မည်သူ့ကိုကြောက်ရဦးမည်နည်း။
တုံ့ဆိုင်းမှုမရှိဘဲနှင့် ကျို့ယင်းသည် ပေထင်းဟွမ်ရှေ့တွင် လက်ဆောင် ကြီးတစ်ခုကို ပေးလေသည် “သခင် ကျုပ် ကျို့ယင်းက ကျုပ်လက်ထဲမှာ အမှောင်နတ်မိစ္ဆာဘုံကို ခိုင်ခိုင်မာမာထိန်းချုပ်ဖို့က ကျုပ်ဘဝရဲ့ တာဝန်ဖြစ်ခဲ့ တာ”
ပေထင်းဟွမ်သည် နတ်မိစ္ဆာနတ်ဘုရား ရွေးချယ်သောလူဖြစ်သဖြင့် နတ်မိစ္ဆာနတ်ဘုရားနှင့် လင်ရှန့်မျိုးနွယ်အကြားမှ ရန်ငြိုး၊ ပေထင်းဟွမ်နှင့် လင်ရှန့်မျိုးနွယ်အကြားမှ နာကြည်းချက်များစသည်တို့ကို ကျို့ယင်းနားလည် သည်။ ထို့အပြင် သခင်သည် မန္တလာမြေကို ဦးစွာသွားပြီးမှ ၃၃ ကောင်းကင်ဘုံ သို့သွားမည်ဟု ပြောခဲ့သည်။ ၃၃ ကောင်းကင်ဘုံသည် ဝိညာဉ်နတ်ဘုရားများ၏ ကမ္ဘာဖြစ်သည်။ သခင်သာသွားလျှင် သေချာပေါက် ဝိညာဉ်နတ်ဘုရားများကို ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သည်။
သူသည် ဘာမှမတတ်နိုင်ပေ။ သို့သော် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မှော်အရင်းအမြစ်ကျောက်တုံး အရင်းအမြစ်ကို ဖြတ်နိုင်သည်။
ယခုအချိန်ထိ ပေထင်းဟွမ်သည် အမှောင်နတ်မိစ္ဆာမျိုးနွယ်ကို စောင့်ရှောက်ရန် နတ်မိစ္ဆာနတ်ဘုရား၏ ယုံကြည်ကိုးစားခြင်းခံရသည်ဟု သူ သံသယမဝင်မိပေ။
ပေထင်းဟွမ်သည် ပြုံးပြီး အလွန်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ မထင်မှတ်စွာပင် ကျို့ယင်သည် ခွန်အားမကောင်းသော်လည်း ဉာဏ်ထက် သည်။ သူမသည် ဉာဏ်ထက်သောလူများနှင့် ပြောဆိုရသည်ကို သဘောကျ သည်။
“ခင်ဗျားရဲ့အစွမ်းအစအတိုင်းအကုန်လုပ်ပါ အရေးအကြီးဆုံးက ဘယ် အချိန်မှာမဆို ကိုယ့်အသက်ကို ထိန်းထားပါ” ပေထင်းဟွမ်ပြောပြီးနောက် သူတို့ကို လက်ယမ်းပြလေသည် “အရင်ပြန်နှင့်ပါ ပြီးတော့ ရှေ့ကိုသာဆက် သွား၊ အန္တရာယ်များပေမဲ့ ဘာမှစွန့်စားဖို့မလိုဘူး”
ဤကဲသို့သခင်ရှိရာ အားလုံး၏စိတ်မှာ ချက်ချင်းပင် အနွေးဓာတ်ဖြင့် ပြည့်သွားသည်။ သူတို့သည် ပေထင်းဟွမ် နောက်ထပ်လိုက်လာမလားဟု မျှော်လင့်ချက်နှင့် ရှေ့ခြေလှမ်းအနည်းငယ်လှမ်းလေသည်။
သို့သော် သူတို့လုပ်သင့်သည့်အရာမှာ သူတို့၏အသက်ကိုကယ်ရန်ဖြစ်ပြီး သခင့်၏ဆန္ဒကို ပိုမိုဖြန့်ဝေရန်ဖြစ်သည်။
အမှောင်နတ်မိစ္ဆာဘုံသည် ပေထင်းဟွမ်ရောက်လာသည်နှင့် မထင်မှတ် သည့်အကျိုးများရခဲ့သည်ဟုဆိုနိုင်သည်။ သူမ ရွှေ့ပြောင်းအစီအရင်ကိုဝင်ချိန် တွင် မျက်လုံးများကိုမှိတ်ပြီး လေဟာနယ်ကိုဖြတ်သည့် မသက်မသာခံစားချက် ကို အံကြိတ်ခံနေသော်လည်း အနည်းငယ် စိတ်လှုပ်ရှားလျက်ရှိသည်။ ဝိညာဉ် နတ်ဘုရားမျိုးနွယ်ရှိ မှော်အရင်းအမြစ်ကျောက်တုံးအထောက်အပံကို ဖြတ်တောက်လိုက်ခြင်းသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ် မည်မျှဒေါသထွက်နေ မည်ကိုမသိပေ။
သူတို့သည် လူထပ်လွှတ်ရန် သေချာပေါက် နည်းလမ်းရှာမည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် အမှောင်နတ်မိစ္ဆာဘုံသည် သန်မာလာမည်ဖြစ်ကာ ဤ နေရာမှ လှုပ်ရှားမှုသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အာရုံကိုဆွဲဆောင်သွား လိမ့်မည်။ သည်လိုနှင့် အဘိုးနှင့်တခြားသူတို့အပေါ်ရှိနေသော ဖိအားများ နည်းသွားလိမ့်မည်။
အမှောင်နတ်မိစ္ဆာဘုံ၏ အမှောင်ကမ္ဘာနှင့်ယှဉ်လျှင် မန္တလာမြေ၏ ကောင်းကင်သည် အလွန်မြင့်သည်။ ဤအချိန်သည် နွေရာသီဖြစ်နိုင်သည်။ ပေထင်းဟွမ်သည် ရွှေ့ပြောင်းအစီအရင်မှလျှောက်ထွက်လာပြီး တောင်အနက် ပိုင်းထဲတွင်ရပ်ကာ နေပူပူမှသယ်ဆောင်လာသော အပူငွေ့ကိုခံစားလျက်ရှိ သည်။
မျက်စိနှင့်မြင်နိုင်သလောက်မှာ မြင့်မားသောတောင်များနှင့် တောင်များ သာရှိသည်။ သစ်ပင်များသည်အရိပ်ကျလျက်ရှိသော်လည်း တောင်ထဲတွင် မြူခိုးအရိပ်အယောင်ပင်မရှိပေ။
ကောင်းကင်သည် ကောင်းကင်ဘုံကိုးလွှာအထက်တွင်ရှိနေသကဲ့သို့ တိမ်တိုက်များပင် အနည်းငယ်ဝေဝါးပုံပေါက်လောက်အောင် မြင့်မားလေ၏။
ပေထင်းဟွမ်သည် ကောင်းကင်တွင်လျှောက်မသွားပေ။ အမှောင်နတ် မိစ္ဆာဘုံတွင် ငှက်ပြာအလိုက်ခံရခြင်း၏ အတွေ့အကြုံသည် မန္တလာမြေသို့ ရောက်သောအခါ သတိချပ်သွားစေသည်။ ဤနေရာရောက်သောအခါ အရှင် အဆင့်အောက်လူများသည် ပုရွက်ဆိတ်များသာဖြစ်သည်ဟု ရှန်မင်ပြောဖူး သည်။ ဆိုလိုသည်မှာ ဤလေဟာနယ်တွင် လေဟာနယ်ဖိနှိပ်မှုသည် မနိမ့်လှ ပေ။ အသန်မာဆုံးမှာ အထွတ်အထိပ်ဘုံဟု ရှန်မင်ပြောခဲ့သေးသည်။
သို့သော် ပေထင်းဟွမ်သည် အရှင်ထိပ်ဆုံးအဆင့်သာရှိသေးသည်။
“ဟူး” သူမသည် သက်ပြင်းရှည်ချလိုက်သည်။ ရေများစီးဆင်းပြီး မြင့်မားသောကောင်းကင်၊ ကျယ်ပြန့်သော ပင်လယ်နှင့်အတူ ဤမျှကြည်လင် သောမြင်ကွင်းကို ထပ်မံမြင်လိုက်ရသောအခါ ပေထင်းဟွမ်သည် ပင်မတိုက် ကြီးသို့ ပြန်ရောက်သွားလိုက်သလို ခံစားရလေသည်။ ပတ္တမြားကမ္ဘာသည် လေဟာနယ်တစ်ခုနှင့် ချိတ်ဆက်လျက်ရှိပြီး အမှောင်နတ်မိစ္ဆာဘုံသည် လူများ နေရန်မသင့်တော်သည့် နေရာတစ်ခုပင်။