တမလွန်လား
Vol. 79 Ch. 1577
တောင်ပေါ်မှတဖြည်းဖြည်းဆင်းလျှောက်လာချိန်တွင် သေးငယ်သော မိချောင်းနှင့် အရောင်စုံဇာမဏီတို့သည် ပေထင်းဟွမ်၏ပခုံးပေါ်တွင် ဘယ် ဘက်တစ်ကောင် ညာဘက်တစ်ကောင်နှင့် နားလျက်ပါလာသည်။ အထွတ်အထိပ်ဘုံအဆင့်သားရဲအနေနှင့် ထျဲကျာသည် အွန်အားကောင်းသည်။ ဖိနှိပ်မှုလွှတ်လိုက်သည်နှင့် ပေထင်းဟွမ်သည် အကာအဆီးမရှိ၊ အားကောင်း သော သားရဲများနှင့်တွေ့ဆုံခြင်းမရှိသဖြင့် အချိန်ကုန်သက်သာလေသည်။
တောင်အတွင်းနက်ထဲမှထွက်လာတော့မည်ဖြစ်သည်။ အစွန်းဖျားသို့ ရောက်သည်နှင့် ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်းလမ်းလျှောက်ရန် မလိုတော့သဖြင့် လေထဲမှလျှောက်လာသည်။
သံချပ်ဝတ်၏အစွမ်းအစနှင့် ပေထင်းဟွမ်သည် အားကောင်းသော သားရဲ များကိုရှောင်ရှားနိုင်သော်လည်း ပျံသန်းသည့်သားရဲများကိုတော့ မရှောင်ရှား နိုင်ပေ။
သူမဆီသို့ တည့်တည့်ပျံသန်းလာသည့်အရာကိုကြည့်ရာ ထူးဆန်းစွာပင် လူသတ်မည့်ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် ပေထင်းဟွမ်သည် ဓားပျော့ကို ဝေ့ယမ်းပြီး ထိုအရာအားရှင်းထုတ်လိုက်သော်လည်း အနီးကပ်ကြည့်ပြီး ဆိုးဝါး စွာ သက်ပြင်းချလိုက်သည် “စိတ်ပျက်လိုက်တာ ဒါဘယ်လိုကံကောင်းမှုမျိုးလဲ၊ ဒီကိုရောက်တာနဲ့ လူသေနဲ့လာတွေ့ရတယ်လို့”
ပေထင်းဟွမ်၏ဓားပျော့သည် လူများစွာကိုသတ်ဖြတ်ခဲ့သည်။ သို့သော် လူသတ်သည့်အဓိပ္ပာယ်သည် လူသေကိုသတ်ဖြတ်ခြင်းနှင့်မတူပေ။
ပေထင်းဟွမ်သည် ရွံရှာစွာဖြင့် ဓားပျော့ကိုဆန့်ထုတ်ကာ လူသေအား မြေပေါ်သို့ ခါချလိုက်သည်။ မထင်မှတ်စွာပင် ထိုလူသည် ကျောပြင်နှင့် အောက်သို့ကျသွားရာ သူမနှင့် မျက်လုံးချင်းသွားဆုံလေသည်။ မျက်လုံးတစ်စုံ မှာ ပြူးကျယ်လာပြီး မျက်အိမ်ကားလာသည်ကို စိုက်ကြည့်ရသည်မှာ သူသည် အိပ်ပျော်နေသည့်အတိုင်းပင်။ သို့သော် ဤအသွင်အပြင်သည် ဘာကြောင့် တရင်းတနှီးရှိလှသနည်း။
“သခင် ဒီလူက မင်းနဲ့နည်းနည်းတူတယ်” ထျဲကျာသည်လည်း အံ့အား သင့်စွာဖြင့် ထိုလူသေအားကြည့်လိုက် ပေထင်းဟွမ်အားကြည့်လိုက်နှင့် ပြောရ တော့သည်။
“ဟွာတေး ဟွာတေး အဲဒါက မင်းနဲ့တူတာ မင်းတို့တစ်မိသားစုလုံးနဲ့တူ တာ” ပေထင်းဟွမ်သည် ရုတ်တရက် ပိုပိုပြီးကံဆိုးလာသလိုခံစားရလေသည်။
သူမသည် ခြေထောက်မြှောက်ပြီးလျှောက်သွားတော့မည့်အပြုတွင် နောက်တစ်ကြိမ်ပြန်ကြည့်ရာ ထိုလူသည် အမှန်တကယ်ပင် တစ်နည်းတစ်ဖုံ တော့ရင်းနှီးသလိုရှိသည်။ သူသည် ၁၅ နှစ် ၁၆ နှစ်ခန့်ရှိကာ ဝတ်ဆင်ထားသော အနက်ရောင်ဝတ်ရုံပင်လျှင် အရည်အသွေးနှင့်ပုံစံ တူညီသည်။
“သခင် ဝိညာဉ်ပြန်ခေါ်ဆေးရှိသေးတယ်မလား” အသိစိတ်ပင်လယ်ထဲ တွင် အဂူးသည် သူမအား အချိန်ကိုက်ပင် သတိပေးလေသည် “ဒီလူက သခင်နဲ့ တူတာတော့ အမှန်ပဲ”
သူမသည် သေလူနှင့်တူသည်ဟု ပေထင်းဟွမ် မပြောချင်ပေ။ ထို့ကြောင့် လက်မြှောက်ကာ ထိုလူ၏ရင်ဘတ်ကိုထိလိုက်သည်။ အနွေးဓာတ်အနည်းငယ် ရှိသေးရာ သေထားသည်မှာ မကြာသေးသည့်ပုံပင်။ စဉ်းစားကြည့်ပြီးနောက် ပေထင်းဟွမ်သည် တွန့်တိုခြင်းမရှိ ပြောလိုက်သည် “မင်းက ငါနဲ့ နည်းနည်းတူ နေလို့နော်”
သူမသည် ဝိညာဉ်ပြန်ခေါ်ဆေးကို လူငယ်၏ပါးစပ်ထဲသို့ ထိုးထည့်လိုက် သည်။ ထို့နောက် သူ့ဘေးတွင် ထိုင်ချကာ ထိုလူငယ်အသက်ပြန်ရှင်လာသည့် အချိန်ကိုစောင့်ပြီး မန္တလာမြေမှအခြေအနေကိုမေးရန် ဆုံးဖြတ်လိုက်သည်။
“သူက ငါ့ကို အသက်အကြွေးတင်သွားပြီ” ထိုကောင်လေး သူမကို မကူညီမည်ကို ပေထင်းဟွမ်မကြောက်ပေ “ငါက ဒီမှာလူသစ်ပဲ၊ အဲဒါကြောင့် သိတဲ့လူတစ်ယောက်ယောက်တော့ ရှိရမယ်”
လူငယ်သည် နိုးလာပြီးလှည့်ပတ်ကြည့်ပြီးနောက် ကောင်းကင်အား ငေးငိုင်စွာကြည့်လေသည်။ သူသည် 'ဟင်း' ခနဲအသံပြုပြီး ပြောလေသည် “တမလွန်ဘုံက တော်တော်ဆိုးတယ်လို့ပြောကြတာ မန္တလာမြေနဲ့မခြားဘူးပဲ”
ပြောပြီးနောက် သူသည် မြေပေါ်မှထလိုက်သောအခါ ပေထင်းဟွမ်၏ မျက်လုံးနှင့်ဆုံလေသည်။ သူသည် ခေတ္တမျှမှင်တက်သွားပြီးနောက် ပျော်ရွှင် သွားလေသည်။ ထို့နောက် ပေထင်းဟွမ်၏လက်ကို တရင်းတနှီးပွေ့ဖက်လေ သည် “အိုး ညီအစ်ကို ဒီလိုနေရာမှာ မင်းနဲ့တွေ့ရလိမ့်မယ်လို့ထင်မထားဘူး၊ ငါ မင်းကို သောက်ဖို့ဖိတ်ဦးမယ်၊ ဒီတမလွန်ကအခြေအနေကို ပြောပြလို့ရမလား”
“ဖူး” ပေထင်းဟွမ်၏ပခုံးပေါ်မှ သံချပ်ဝတ်နှင့် ယောင်ယောင်တို့သည် မကြင်မနာဖြင့်ရယ်မောလေသည်။ သခင်သည် ကောင်လေးနိုးလာသည်နှင့် မန္တလာမြေအကြောင်းမေးရန် စီစဉ်ခဲ့သည်။
ပေထင်းဟွမ်၏ပခုံးပေါ်မှ သားရဲနှစ်ကောင်အားမြင်သောအခါ ကောင်လေးသည် သက်ပြင်းချပြီး ခေါင်းခါလေသည် “တမလွန်မှာလည်း သားရဲ တွေရှိနေလိမ့်မယ်လို့ တကယ်ထင်မထားဘူး”
ယောင်ယောင်နှင့် ထျဲကျာတို့သည် မရယ်နိုင်တော့ပေ။ သူတို့သေသွားပြီ လို့ ဘယ်သူပြောတာလဲ။ သူတို့တွေ ကောင်းကောင်းကြီးအသက်ရှင်နေတာကို ဒီလူက ရုပ်ချောပြီးအမြင်မရှိဘူး၊ တော်တော်တုံးတဲ့လူပဲ။