Chapters

မင်းက ငါ့အမြွှာညီလေးပဲ

Vol. 79 Ch. 1578

မင်းက ငါ့အမြွှာညီလေးပဲ

Vol. 79 Ch. 1578

လူငယ်သည် ပေထင်းဟွမ်အားမြင်သောအခါ တစ္ဆေတစ်ကောင်ကိုတွေ့ လိုက်ရသည့်အတိုင်း နောက်ပြန်ဆုတ်ကာ သူ့မျက်နှာကိုခပ်ကြမ်းကြမ်းကိုင် ကြည့်ပြီး ရေရွတ်လေသည် “မင်း မင်း မင်းကဘယ်သူလဲ၊ ဘယ်လိုလုပ် ငါနဲ့ ဒီလောက်တူနေတာလဲ”

ထို့နောက် သူသည် ရုတ်တရက် တစ်စုံတစ်ရာကိုသတိရသွားကာ ထခုန် ပြီး ပေထင်းဟွမ်အား ခုန်အုပ်လေသည် “အာ ငါသိပြီ မင်းက ငါ့အမြွှာညီလေးပဲ၊ ငါ ၃ နှစ်တုန်းက ပျောက်သွားတဲ့ ညီလေးပဲ ဟုတ်တယ်မလား ဝူး ဟူး ဟူး ညီလေး နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ”

လူငယ်ပြေးဝင်လာသည်နှင့် ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် လက်ခနဲ လေထဲသို့ ပျံသွားပြီဖြစ်သည်။ သို့သော် ပေထင်းဟွမ်၏အင်္ကျီလက်ကိုဆွဲပြီး ဝမ်းနည်းပက်လက်ငိုယိုနေသည်ကိုတော့ မတားနိုင်ပေ။

ပေထင်းဟွမ်သာ အမှောင်နတ်မိစ္ဆာဘုံမှထွက်လာခဲ့ပြီး မန္တလာမြေသို့ ပထမဆုံးအကြိမ် ခြေချခြင်းမဟုတ်လျှင် သူမသည် ထိုလူပြောသလို 'ညီအစ်ကို' ဖြစ်နေမည်ဟု သံသယဝင်စရာပင်။

ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်ပြီး အပြစ်တင်တော့မည့်အချိန်တွင် ကောင်းကင်တွင် ရုတ်တရက် ပုံရိပ်တစ်ခုပေါ်လာလေသည်။ ပေထင်းဟွမ် မော့ကြည့်လိုက်ရာ တစ်ဖက်လူသည် အရပ်မြင့်မြင့်၊ ချောမောပြီး ၂၅ နှစ်၊ ၂၆ နှစ်အရွယ်ရှိသောလူတစ်ယောက်ဖြစ်လေသည်။ ထိုလူ၏ခွန်အားသည် အလွန် သန်မာလိမ့်မည်။ ရောက်လာသည်မှာ မြန်ဆန်လွန်းသည်။ ပေထင်းဟွမ်သည် ဤလူငယ်နှင့် စကားများနေခြင်းကြောင့်လား၊ ထိုလူ၏ခွန်အားသည် သူမထက် မြင့်နေခြင်းကြောင့်လားမသိ၊ ထိုလူရောက်လာသည်ကို ပေထင်းဟွမ် မသိပေ။

ထိုလူသည် လူငယ်အားမြင်သည်နှင့် နောက်ကျောမှ ချွေးအေးများပြန် လာသည်။

သူဤလူငယ်အား ပစ်လိုက်လျှင် မရှောင်နိုင်လောက်ပေ။

ထျဲကျာသည် ပေထင်းဟွမ်အား အသိစိတ်ပင်လယ်ထဲမှပြောလေသည် “သခင် ဒီလူရဲ့ခွန်အားက အသိစိတ်ဘုံအလယ်အဆင့်မှာရှိတဲ့ အရှင်ကြီးပဲ သူ့ခွန်အားကို အထင်သေးလို့မရဘူး”

ထျဲကျာသည် သူ့အားမကြောက်သော်လည်း ပေထင်းဟွမ် အားကောင်း သောလူနှင့် တွေ့ဆုံလျှင် သတိထားသင့်သည်။ အမှောင်နတ်မိစ္ဆာဘုံနှင့် ယှဉ်လျှင် မန္တလာမြေမှ သခင်များသည် ပို၍သန်မာကြသည်ကိုမြင်နိုင်သည်။

ပေထင်းဟွမ်သည် အစောက ဤလူငယ်အား ကယ်ပြီး ပြဿနာရှာလိုက်သည်ကို နောင်တရစွာဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။

သူမ နောက်ဆုတ်လိုက်သည်။

ထိုအချိန်တွင် လူငယ်သည် အငိုရပ်ကာ ကောင်းကင်ပေါ်သို့ကြည့်လေ သည်။ သူသည် ထိုလူအား တစ်ချက်တည်းကြည့်ရသည်ကိုပင် အလွန်ပျော်ရွှင် သွားကာ လက်ဝေ့ယမ်းလေသည် “အစ်ကိုကြီး အစ်ကိုကြီး ညီလေးကိုတွေ့ပြီ ညီလေးကိုတွေ့ပြီ”

အစ်ကိုကြီးလား...

လူငယ်သည် ခေတ္တမျှအနည်းငယ် ရှုပ်ထွေးသွားသည်။ သူ ပေထင်းဟွမ် ၏မျက်နှာကိုမြင်ချိန်တွင် တစ်စုံတစ်ရာအားနားလည်သွားဟန်တူသည်။ သူသည် ချက်ချင်းပင် ပြုံးကာရှေ့တိုးလာပြီး သူတို့နှစ်ယောက်ဘေးတွင် ဆင်းသက်ကာ အော်လေသည် “မင်းလား ညီလေး ၂ တကယ်မင်းလား”

ပေထင်းဟွမ်၏ရှုပ်ထွေးသောမျက်နှာထားကိုမြင်သောအခါ လူငယ်သည် အပြစ်တင်သည့်အပြုအမူဖြင့် ခေါင်းကိုပုတ်ပြီး ပြုံးကာပြောလေသည် “ငါ့ကို ကြည့် ဘာတွေအော်နေတာလဲ ငါ့ညီလေးကို လန့်အောင်လုပ်တာလား”

သူတို့နှစ်ယောက်သည် ညီအစ်ကိုနှင့်တူသည်။ ထိုညီအစ်ကိုနှစ်ယောက် မည်သည့်ဇာတ်လမ်းခင်းနေသည်ကို ပေထင်းဟွမ်မသိသဖြင့် ဘာမှမပြောဘဲ တိတ်တိတ်သာနေလိုက်သည်။

ထိုလူသည် လူငယ်အရိုက်ခံရပြီးနောက် ဤနေရာသို့အမြန်ရောက်လာ ခြင်းဖြစ်မည်။ သူသည် ပေထင်းဟွမ်အား ၃ နှစ်သားအရွယ်က ပျောက်သွားခဲ့ သည့် ညီငယ်ဟုအထင်နှင့် အရင်ပြုံးပြလေသည်။ အတန်ကြာသည်အထိ ဘာမှ မပြောနိုင်သဖြင့် ရိုးရှင်းစွာပင် လူငယ်၏ဒဏ်ရာအကြောင်းမေးလေသ်ည။

“ငါနိုးလာတာနဲ့ ဘေးမှာ ညီလေးကိုမြင်လိုက်ရတာပဲ၊ ညီလေးက ငါ့ကို ကယ်လိုက်တာဖြစ်မယ်” ကောင်လေးသည် အစောက သူလှဲနေခဲ့သည့်နေရာ အားညွှန်ပြလေသည် “ငါ သေချာပေါက် သေသွားခဲ့တာ”

သံချပ်ဝတ် အရှုံးပေးလိုက်လေပြီ။ ခုနကပဲ တမလွန်ရောက်သွားပြီလို့ ဘာလို့ပြောခဲ့တာလဲ။

ထိုလူသည် လူငယ်၏လက်ကောက်ဝတ်ကိုကိုင်ပြီး ဝိညာဉ်စွမ်းအားလှိုင်း ထည့်သွင်းပြီး သွေးကြောစမ်းကြည့်လေသည်။ သူသည် အံ့အားသင့်စွာဖြင့် ပေထင်းဟွမ်အားကြည့်လေသည်။ သူသည် မယုံကြည်နိုင်လောက်အောင်ဖြစ် နေပုံပင်။