Chapters

ခွေးမှတားဆီးခြင်း

Vol. 79 Ch. 1580

ခွေးမှတားဆီးခြင်း

Vol. 79 Ch. 1580

ပေထင်းဟွမ်သည် အနည်းငယ်ကူကယ်ရာမဲ့မိသည်။ သူမသည် ရထားလုံးကိုမှီပြီး ကန့်လန့်ကာကိုမ,ကာ လမ်းကိုကြည့်နေတုန်းပင်။ အဖြူရောင်တံတိုင်းများနှင့် အနက်ရောင်အုတ်ကြွပ်ပြားများနှင့် လမ်းတစ်လမ်း လုံးမှာ ဟွေ့ပုံစံအဆောက်အဦးများကိုကြည့်ရသည်မျာ သူမကို အလွန်ပင် လှိုင်လှဲနေသလိုခံစားရသည်။

သူမ ကြည့်ချင်သည်။ ကျန်းညီအစ်ကိုသည် မည်သည့်လှည့်ကွက်မျိုး ကစားနေသနည်း။

ရထားလုံးရပ်တန့်သွားသည်။ ရထားလုံးနှင်သူသည် တံခါးကိုဖွင့်လိုက် သည်နှင့် ကျန်းရှီသည် အရင်ခုန်ဆင်းကာ လှည့်ပြီး ပေထင်းဟွမ်အား လက်ကမ်းပေးလေသည်။ ပေထင်းဟွမ်သည် သူ၏လက်ကိုရှောင်ပြီး တိုက်ရိုက် ပင်ခုန်ချလိုက်သည်။ ကျန်းရှီသည် ကျန်းရှန်အား ဆင်းရန်ကူညီလိုက်သည်။ ထိုအချိန်တွင် ရှေ့၌ စိတ်တိုစရာအသံထွက်လာသည် “ဟား ဟားဟား ရှောင်ချန်းက တကယ်မနိုင်ဘူးပဲ၊ ကျန်းရှန် ငါသာမင်းနေရာမှာဆိုရင် သေလိုက် ပြီ၊ မင်းက ဘာလို့မသေသေးတာလဲ”

ပေထင်းဟွမ်ကြည့်လိုက်ရာ 'ဖုလိုင်တည်းခိုဆောင်' ဆိုသည့် စကားလုံး ကြီးနှင့် သုံးထပ်ဆောင် တည်းခိုဆောင်ကိုမြင်လိုက်ရသည်။ အောက်တွင် ဝါညိုနုရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်လူငယ်သည် လက်ထဲတွင် သံအပြည့် ထည့်ကိုင်ထားသည်။ သူတို့ရှိရာဘက်သို့ အထင်သေးသောမျက်လုံးများဖြင့် ကြည့်နေသူသည် အစောကစကားပြောလိုက်သူ သေချာသည်။

“အိုးရန်မို ဟေ့ကောင်၊ ခုနက ငါ အရိုက်ခံရလို့ သေခါနီးဖြစ်သွားတာကို မင်းဘယ်လိုသိတာလဲ” ကျန်းရှန်သည် ထိုလူအားမြင်သောအခါ လက်သီးဆုပ် မြှောက်ပြီး ရိုက်ရန်ရည်ရွယ်လိုက်သည်။

သို့သော် မန္တလာမြေတွင် ကလေးများရန်ဖြစ်သကဲ့သို့ ပွေ့ဖက်လုံးထွေး ခြင်းမရှိပေ။ ခွန်အားမလုံလောက်လျှင် အသက်ပေးရမည်ပင်။

မဟုတ်လျှင် ကျန်းရှန်သည် မည်သို့သေခါနီးဖြစ်မည်နည်း။

ကျန်းရှီသည် ညီဖြစ်သူကိုတားကာ မျက်ခုံးမျက်လုံးများသည် တည်ကြည် လျက်ရှိသည်။ ပေထင်းဟွမ်အပေါ်ထားခဲ့သော ရက်ရောမှုနှင့် ခိုင်မာမှုတို့သည် ထင်ယောင်ထင်မှားတစ်ခုလိုပင်။ “အိုးရန်မို မင်းက ငါ့ညီကို အနိုင်ကျင့်ခဲ့တယ်၊ တစ်ရက်တော့ ဒီအကြွေးကို မင်းနဲ့ရှင်းမယ်”

“ဟား ဟား ဟား” အိုးရန်မို ကြားသောအခါကျယ်လောင်စွာရယ်မော လိုက်သည်။ ယပ်တောင်ကိုဖြန့်ကာ ကျန်းညီအစ်ကိုအား အထင်သေးသော မျက်နှာထားကို မဖုံးဖိဘဲနှင့် ခေါင်းညိတ်ပြလေသည် “မင်းအပေါ်မှာမူတည် တာလား၊ ဘာလို့ မင်းအရှင်ကိုမဖိတ်တာလဲ”

မန္တလာမြေတွင် ဝါစဉ်သည် ရှင်းသည်။ တစ်စုံတစ်ယောက်ကို မသတ်ခင်အထိ ဂျူနီယာများအချင်းချင်း တိုက်ခိုက်ကြသလို အကြီးအကဲများ အချင်းချင်းတိုက်ခိုက်ကြသည်။

အစောပိုင်းက ကျန်းရှန်သာ သေဆုံးသွားပါက ဝူလင်းဂိုဏ်းသခင် ရှေ့ ထွက်လာမည်ဖြစ်သည်။ ပြဿနာမှာ ကျန်းရှန်သည် ဤနေရာတွင် အရှင်လတ် လတ်ရပ်နေခြင်းပင်။ သေချာပေါက်ပင် ဖခင်ဖြစ်သူအား ရှေ့ထွက်လာရန် ကျန်းရှီအတွက် မဖြစ်နိုင်ပေ။

သူသည် သွေးအန်မိတော့လုနီးပါးပင်။ သို့သော် ပြိုင်ဘက်သည် မဟာရဏဘုံ အစောပိုင်းအဆင့်ရှိ အရှင်ကြီးအဆင့်ဖြစ်သည်။ သူသည် ဟင်နာရဏဘုံ အလယ်အဆင့်သာရှိသည်။ ထို့ကြောင့် ထိုလူ့ကို မကိုင်လှုပ်နိုင် ပေ။

ပေထင်းဟွမ်သည် သူမနှင့်မဆိုင်သဖြင့် ဘေးတွင်ရပ်နေသည်။ သူမသည် ဤနေရာတွင် လူသစ်ဖြစ်ရာ အခြေအနေကို မရှင်းလင်းခင်အထိ တခြားသူများ နှင့် ပဋိပက္ခဖြစ်မည်မဟုတ်ပေ။ သူမသည် ရောက်သည်နှင့် အသက်လုပြီး မပြေးချင်ပေ။

ကျန်းညီအစ်ကိုနှစ်ယောက်သည် သည်းခံရတော့သည်။ ကျန်းရှန်သည် စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလေသည် “အစ်ကို ဒီကောင့်ကို လျစ်လျူရှုလိုက်ရ အောင်”

ပြောပြီးသည်နှင့် သူသည် တည်းခိုဆောင်ဆီသို့ လျှောက်သွားလေသည်။ ကျန်းရှီသည် ခေါင်းလှည့်ပြီး ပေထင်းဟွမ်အား ခေါ်လေသည် “ညီလေး ၂ ငါတို့ နောက်လိုက်လာခဲ့”

ပေထင်းဟွမ်သည် ခြေလှမ်းကြွကာ နောက်မှလိုက်သွားလိုက်သည်။ အိုးရန်မိုအား ဖြတ်သွားချိန်တွင် ထိုလူသည် ယပ်တောင်ကိုမြှောက်ကာ ပေထင်းဟွမ်၏လမ်းကိုတားလေသည် “မင်းက ဘယ်သူလဲ၊ မင်းက ဝူလင်းမန် ကလား၊ ဘာလို့ မင်းကိုမသိရတာလဲ”

သူမ၏လမ်းကို အသက်ရှင်သူ မည်သူကမှ မတားဖူးပေ။ ပေထင်းဟွမ် သည် သံရိုးယပ်တောင်ကို ကြည့်လိုက်သည်။ ၎င်းသည်အလွန်ချွန်ထက်သော လက်နက်ဖြစ်သည်။ သူမသည် ယပ်တောင်နောက်လိုက်ကြည့်လိုက်သည်။ မြားတစ်စင်းသည် အိုးရန်မို၏ခန္ဓာကိုယ်ဆီသို့ ရောက်လာသည် “ဖယ်စမ်း”

ပေထင်းဟွမ်၏ အေးစက်သောအသံရောက်လာပြီး အိုးရန်မိုသည် ခြေထောက်မှ အေးစက်မှုတက်ပြီး တမဟုတ်ချင်း ခန္ဓာကိုယ်ကို ပျံ့သွားသည် ကို ခံစားလိုက်ရပုံပေါ်သည်။ သူ၏လက်များပင် အနည်းငယ်တုန်ယင်သွား သော်လည်း ခေါင်းမာမာနှင့် ပေထင်းဟွမ်အား တားဆီးထားတုန်းပင်။