← Chapters

အခန်း (၁၅၁)

Vol. 11 Ch. 151

အခန်း (၁၅၁)

Vol. 11 Ch. 151

မုန့်ချီက ကြက်ပေါင်ကို ကိုက်နေရင်း ဟွာတျန်းကီ၏ ဝမ်းနည်းမှုက အလွန်သိသာနေကြောင်း ခံစားမိခဲ့သည်။ သိုင်းလောကတွင် အတွေ့အကြုံများသော လူတစ်ယောက် ဖြစ်သည့်အတွက် သူ၏အသက်(၅ဝ)ပြည့် မွေးနေ့တွင် တောင်တန်း(၃)သွယ် မြစ်(၄)သွယ်မှ လူပေါင်းများစွာ၏ရှေ့တွင် သူ၏ဝမ်းနည်းမှုကို မည်သို့ပြသနိုင်ရသနည်း။ သူ့ဆီတွင် အကင်းပါးမှု မရှိခြင်းပေလော။

အကယ်၍ သူကသာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခြင်း မရှိလျှင် ထိတ်လန့်တုန်လှုပ်စရာ အရာတစ်ခုကို ရင်ဆိုင်ရသည့်အချိန်၌ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ပျောက်ကွယ်သွားနိုင်သည်။

သို့သော် သူကတော့ လွန်ခဲ့သော(၃)နှစ်ခန့်တွင် ချင်တောင်ဓားဂိုဏ်းနှင့် ကတိတစ်ခု ထားခဲ့သည်။ ယခုအချိန်ကျမှ ထိုအရာကို အလွန်စိုးရိမ်နေရန် အလွန်နောက်ကျသွားပြီဖြစ်၏။ ဘာကြောင့် သူ၏ခံစားမှုများက သိုင်းလောကလူသစ် တစ်ယောက်ကဲ့သို့ ဖြစ်နေရသနည်း။သူက ‌သိုင်းလောကတွင် အတွေ့အကြုံရှိသော လူတစ်ယောက် မဟုတ်ပေလော။

ထိုအရာက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို လက်လွှတ်‌ပေးရမည့် အတွက်ကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ထိုအရာကို ထာဝရဆုံးရှုံးသွားရခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နောက်(၃)နှစ်နေလျှင် သူက ထိုအရာကို ပြန်ရနိုင်သည်။ သူ့မိသားစုဝင် တစ်ယောက်ကို ဆုံးရှုံးသွားသကဲ့သို့ လုပ်ဆောင်ရန် မလိုအပ်ချေ။

“ချင်တောင်ဓားဂိုဏ်းလိုပဲ စွမ်းရည်ထိန်းသိမ်းခြင်း‌ကျောင်းကလည်း ကောင်းကင်ဆန်းကြယ်ကျောက်တုံးဆီက အကျိုးအမြတ်တွေ အများကြီးရခဲ့တယ်။ သူတို့တွေက သိုင်းပညာတွေ အများကြီးကိုလည်း ဖန်တီးနိုင်ခဲ့တယ်..။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ဓားသိုင်းပညာတွေတော့ မဟုတ်ခဲ့ဘူး..။ သူတို့ရဲ့တပည့်တွေက အဲဒီသိုင်းကျမ်းတွေကို လေ့ကျင့်ဖို့လည်း အချိန်မရသေးဘူး...။ ဒါကြောင့် သူတို့တွေက အနိုင်ရဖို့ အခွင့်အရေး နည်းနည်းပဲရှိတယ်...။ ဒါကြောင့်လည်း ဆရာကြီးဟွာက အရမ်းစိုးရိမ်နေပြီး သူ့ရဲ့ဆံပင်တွေက ဖြူလာတာပဲ....."

ဝူချင်းရှင်က သက်ပြင်းချလိုက်မိသည်။

တောင်(၃)လုံး မြစ်(၄)သွယ်နှင့် သိုင်း‌လောကတွင် ရှိသော ပညာရှင်များအားလုံးက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို လိုချင်နေကြသည်။ သို့သော် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းနှင့် ချင်တောင်ဓားဂိုဏ်းကို ဂိုဏ်ကြီးများ၊ အထက်တန်းလွှာမိသားစုများက ထောက်ပံ့ပေးထားပြီး သူတို့ဆီတွင် သိမ်းဆည်းထားရန် အကြောင်းပြချက်တစ်ခုဆီ ရှိကြသည်။ ထို့ကြောင့် သူတို့က လုယူခဲ့ခြင်း မရှိဘဲ တိုက်ပွဲကိုသာ လာကြည့်ကြခြင်းဖြစ်၏။

စားပွဲတွင် ရပ်နေသော အရပ်ပုပု အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။

"ကျောင်းအုပ်ဟွာက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ရသွားတဲ့အတွက်မီးခိုးရောင်ဆံပင်တွေတောင် ပိုရှည်လာပြီ...။ အဲဒါကို လူတော်တော်များများက အားကျနေကြတာ...."

ထိုအရာက အမှန်တကယ်ပင် ဖြစ်သည်။ ကောင်းကင်ဆန်းကြယ်ကျောက်တုံးဆီမှ သိုင်းပညာများကို နားလည်နိုင်ရန် ရှေးဟောင်းနတ်ဘုရားများ၏ အနှစ်သာရကို နားလည်ရန်အတွက် သူ၏စွမ်းအားများစွာ ကုန်ဆုံးသွားခဲ့ရသည်။ ထို့ကြောင့် သူက ဆံပင်ဖြူများစွာ ပေါက်နေရခြင်းဖြစ်သည်။

ရှန့်ကွမ်းဟန်က အနည်းငယ် မေးလိုက်၏။

"ဟွာလွန်က ဒီမှာမရှိဘူးလား...."

သူက ဟွာတျန်းကီ၏ ပတ်ပတ်လည်တွင် ရှိနေသော တပည့်တစ်ဝက်ကျော်ကို မသိခဲ့ပေ။ သို့‌သော် ဟွာလွန် မရှိခြင်းကိုတော့ အလွယ်တကူ သိနိုင်၏။ မည်သို့ဖြစ်စေကာမူ ဟွာလွန်က တောင်(‌၃)လုံး မြစ်(၄)သွယ်တွင် နာမည်ကျော် သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။

"ဟွာလွန်က ဒီမှာ မရှိဘူးလား...."

မုန့်ချီကလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုအရာက တစ်စုံတစ်ခု မှားယွင်းနေနိုင်သည်။ ထိုအရာက ဟွာတျန်းကီ စိုးရိမ်နေရသော အကြောင်းအရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းက ကျန်းဝူဂိုဏ်း၏ လက်အောက်တွင် ရှိနေသော ကျန်းရီကျောင်းကို အားကိုးနေရသည့်အတွက် မုန့်ချီက ချင်တောင်ဓားဂိုဏ်းထက် ပို၍သဘောကျသည်။ ထို့ကြောင့် သူ၏မသိစိတ်ထဲမှ သူတို့ကို ထောက်ပံ့ပေးနေခဲ့၏။

သို့သော် အကယ်၍ သူတို့သာ ရှုံးနိမ့်သွားမည်ဆိုလျှင် (၃)နှစ်ခန့် ထိန်းသိမ်းခွင့် ဆုံးရှုံးခြင်းသာရှိသည်။ ထို့ကြောင့် မုန့်ချီက ကူညီပေးရန် အစီအစဉ်မရှိ‌ပေ။ သူ့ဆီတွင် ဆင်ခြေတစ်ခုလည်း မရှိခဲ့ပေ။

"ဟွာလွန်က ကြောက်သွားတာလား..."

စားပွဲတွင် သံကြာပွတ်(၂)ချောင်း ကိုင်ထားသောလူက ပြောလိုက်သည်။

ဤအရာက အလွန်ကြီးကျယ်သော ညစာစားပွဲတစ်ခု ဖြစ်သည့်အတွက် ဟွာတျန်းကီက သူတို့ဂိုဏ်းနှင့် ပြဿနာတက်ဖူးသော လူများကိုလည်း တားမြစ်ထားခြင်းမရှိချေ။ သူတို့၏ပစ်မှတ်က စားသောက်ရန် မဟုတ်ဘဲ တိုက်ပွဲ ကြည့်ရန်သာ ဖြစ်သည်။ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းက ရှုံးနိမ့်သွားတော့မှာကို ကြိုသိနေကြသည့်အတွက် သူတို့က အပျော်လာရှာကြခြင်းဖြစ်၏။

"ဟွာလွန်က ကျန်းရီကျောင်းက ပညာရှင်တစ်ယောက်လေ...။ သူက လူတစ်ယောက်ကို ရှုံးနိမ့်နိုင်ပေမယ့် ယုံကြည်ချက်တော့ ဆုံးရှုံးသွားမှာ မဟုတ်ဘူး...။ တကယ်လို့ သူက အနိုင်ရဖို့ အခွင့်အရေး‌နည်းနည်းလေး ရှိသေးတယ်ဆိုရင်တောင် တိုက်ပွဲတိုက်မယ့်အချိန်မှာ ဘယ်ကိုမှ ထွက်ပြေးလို့မရဘူး...။ တကယ်လို့ သူက ဟွမ်ယွင်ကို ရှုံးနိမ့်သွားမယ်ဆိုရင်တောင် ဘယ်သူက သူ့ကို ရယ်ရဲမှာလဲ....."

ဟွာလွန်က စိန်ခေါ်မှုကို လက်မခံရဲသည့်အတွက် ထွက်ပြေးသည်ဟုသာ ဝူချင်းရှင်က ခံစားမိလိုက်သည်။

“ခေါင်းဆောင်တွေကလွဲရင် တောင်(၃)လုံး မြစ်(၄)သွယ်မှာ ဟွမ်ယွင်ကို အနိုင်ရနိုင်တဲ့သူ တစ်ယောက်မှမရှိဘူးဆိုတာ သေချာတယ်....။ ဒီတော့သာမာန်ပါပဲ..."

မုန့်ချီကတော့ သူတို့၏စကားများကို နားထောင်နေရင်း အရသာရှိသော စားစရာများကို ဆက်စားနေခဲ့သည်။ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းက အနီးအနားတွင် လယ်ယာမြေများ ၊ မိုင်းတွင်းများ ပိုင်ဆိုင်ထားပြီး တောင်တန်းထဲတွင် ဆေးစိုက်ခင်းများ ရှိနေသည်။ ထို့ကြောင့် သူတို့က အလွန်ရက်ရောကြ၏။ အချက်အပြုတ်ကလည်း အလွန်ကောင်းမွန်လှသည်။

တည်ခင်းထားသော ကြက်ကင်က ဆီများ ဝေ့နေပြီး ရနံ့လေးသင့်သည့်အပြင် အတော်လေးကို စားကောင်းလှသည်။ ထိုအရသာများကြောင့် မုန့်ချီကတော့ မရပ်မနား စားနေခဲ့၏။

"ညီလေးမုန့် …

ငါတို့က သိပ်မကြာခင် ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို တွေ့ရတော့မယ်..."

ဝူချင်းရှင်က သူမ၏မိတ်ဆွေကို မေ့မထားခဲ့ပေ။

မုန့်ချီကတော့ ပါးစပ်ထဲတွင်တော့ ကြက်သားများ ပြည့်နေပြီး စကားမပြောနိုင်သည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။ သူ့ကိုကြည့်ပြီး တစ်ခြားသူများအားလုံးက ရယ်နေကြ၏။ မုန့်ချီက စားစရာ အလကားရသည့်အတွက် လာစားသော သာမန်လူတစ်ယောက်ပမာ ဖြစ်နေသည်။

ဝူချင်းရှင်ကလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

"မောင်လေးမုန့်က အားရပါးရကို စားနေတာပဲ...”ဒီကိုလာတဲ့လူ အများစုကတော့ တိုက်ပွဲကိုပဲ လာကြည့်ကြတာ..."

ရှန့်ကွမ်းဟန်ကလည်း အပြုံးနှင့် လှည့်ကြည့်လိုက်သည်။

ဟွာတျန်းကီက အကြီးအကဲများစွာနှင့် တပည့်များကိုခေါ်ပြီး ရှေ့သို့ လျှောက်လာခဲ့သည်။ သူက ချောင်းဟန့်၍ ပြောလိုက်၏။

"မိတ်ဆွေတို့အားလုံး ကျုပ်ရဲ့မွေးနေ့ကို ကြွရောက်ချီးမြှင့်ပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..."

နှုတ်ဆက်လိုက်ပြီးနောက် သူက သက်ပြင်းချပြီး ပြောလိုက်သည်။

"ဒီနေ့ ချင်တောင် ဓားဂိုဏ်းက (၃)နှစ် ကတိအတိုင်း ရောက်လာမယ်ဆိုတာ မိတ်ဆွေတို့အားလုံးလည်း သိကြမှာပဲ..။ တကယ်လို့ ပြဿနာတစ်ခုခုများ တက်ခဲ့မယ်ဆိုရင် ကျုပ်ကပဲ တောင်းပန်ပါရစေ...."

သူတို့အားလုံးကတော့ ထိုအရာကို ဂရုမစိုက်ကြပေ။ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းနှင့် သက်ဆိုင်သူများကလွဲလျှင် ဤနေရာသို့ ရောက်လာသူများက တိုက်ပွဲကိုကြည့်ရန် မဟုတ်ပေလော။

ဟွာတျန်းကီက သူ၏အကျီအိတ်ထဲမှနေ၍ အထုတ်တစ်ထုပ်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်၏။

"ဒါကတော့ ကောင်းကင်ဆန်းကြယ်ကျောက်တုံးပါ...။ မင်းတို့အားလုံးက လှမ်းကြည့်လို့ရတယ်...."

သူတို့အားလုံးက အသက်အောင့်ထားလိုက်မိပြီး အထုတ်ဖွင့်နေသော ဟွာတျန်းကီကိုသာ စိုက်ကြည့်နေကြသည်။ သူတို့က အဝေးမှ ကြည့်လိုက်ရုံဖြင့် ထိပ်တန်းသိုင်းပညာတစ်ချို့ကို နားလည်နိုင်ရန် မျှော်လင့်နေကြသည်။

မုန့်ချီကလည်း ငါးကင်တစ်ဖတ်ကို ကောက်စားပြီး လှမ်းကြည့်လိုက်သည်။

ဟွာတျန်းကီက အထုတ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ အ‌တွင်းထဲတွင်တော့ လက်သီးဆုပ် အရွယ်အစားခန့်ရှိသော အနက်ရောင်ကျောက်တုံးလေး တစ်တုံးရှိသည်။ ထိုကျောက်တုံးလေးက ကြည့်လိုက်လျှင် သာမာန်သာ ထင်မှတ်ရ၏။

သို့သော် သေချာစိုက်ကြည့်လိုက်မည်ဆိုလျှင် ကျောက်တုံးလေး၏အတွင်းထဲ၌ ကြောက်စရာကောင်းသော နတ်ဆိုးများ ပိတ်လှောင်နေသလို ခံစားရနိုင်သည်။ ထိုအရာက သူတို့အားလုံးကို ထိတ်လန့်သွားစေနိုင်၏။

"အထွဋ်အမြတ် ဝိညာဉ်စွမ်းအားတွေပဲ.."

မုန့်ချီကတော့ အံ့ဩသွားခြင်း မရှိချေ။ သူကတော့ ထိုခံစားမှုသာ ရရှိသွား၏။ ထိုစွမ်းအားကို အနက်ရောင်ကျောက်တုံးက တားမြစ်ထားသည့်အတွက် တိတိကျကျ မခံစားမိပေ။

"ဒါက တကယ့်ကို ကောင်းကင်ဆန်းကြယ်ကျောက်တုံးပဲ...."

ဝူချင်းရှင်ကတော့ စိတ်လွတ်သွားသည့်အလား တီးတိုးရေရွတ်လိုက်မိသည်။

ဝါးတူတစ်စုံကို ကိုင်ထားသော ရှန့်ကွမ်းဟန်၏ လက်ထဲတွင်လည်း သွေးကြောများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူကိုယ်တိုင်ကလည်း ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို လုံးဝအလေးထားနေမိ၏။ သူက ထိုအရာကိုယူပြီး သေချာကြည့်ချင်နေသည်။

"ကောင်းကင်ဆန်းကြယ်ကျောက်တုံးကိုယ်တိုင်က နတ်ဘုရားတွေရဲ့သွေးမရှိရင်တောင် အရမ်းဆန်းကြယ်လွန်းတယ်...။ ဒါက အထွဋ်အမြတ်ဝိညာဉ်စွမ်းအားအများစုကိုလည်း တားမြစ်နိုင်တယ်.....။ ဒါက လက်နက်ဖန်တီးမှုအတွက်ပစ္စည်းကောင်းတစ်ခုပဲ.... "

မုန့်ချီကတော့ ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်၏။ သူကတော့ ထိုအရာကို လက်နက်တစ်ခုဖန်တီးရန်သာ စဉ်းစားမိခဲ့သည်။

ထိုကောင်းကင်ဆန်းကြယ်ကျောက်တုံးက ပင်မဝိညာဉ်ကို တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုများကိုလည်း လျော့ကျသွားစေနိုင်သည်။

ဟွာတျန်းကီက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို သူတို့အားလုံး၏ရှေ့တွင် ပြသလိုက်ပြီး ဖုံးကွယ်ထားခြင်း မရှိချေ။ လူတိုင်းက ကျောက်တုံးကို သေချာစိုက်ကြည့်နေပြီး ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။

သို့သော် သူက ကျောက်တုံးကို အောက်သို့မချခင် တံခါးမှနေ၍‌ ရယ်သံတစ်ခု ကြားလိုက်ရသည်။

"ကျောင်းအုပ်ဟွာက တကယ့်ကို ရိုးသားတဲ့သူတစ်ယောက်ပဲ..။ မင်းက ဆန်းကြယ်ကျောက်တုံးကို အစောကြီးထုတ်ပြလိုက်တဲ့အတွက် ငါလည်း တကယ့်ကိုလေးစားမိတယ်..."

မုန့်ချီနှင့် တစ်ခြားသူများက ပြန်လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့ဆီကို လျှောက်လာသော လူပေါင်းတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရ၏ ။ သူတို့၏ရှေ့တွင်တော့ အစိမ်းရောင်ဝတ်စုံ၊ မီးခိုရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် ရှိသည်။ သူ့ခါးတွင် ဓားရှည်တစ်ချောင်း ရှိနေပြီး ပိန်ပိန်ပါးပါးနှင့် တည်ငြိမ်ခန့်ညား၏။

“လေလှိုင်းဓား နင်ကျိတောင်…”

ဝူချင်းရှင်က အပြင်လူဖြစ်သော မုန့်ချီကို တိုးတိုးနှင့် ပြောပြလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး နင်ကျိတောင်၏ သစ်သားဓားအိမ်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူ့ဘေးတွင် ရှိနေသော လူငယ်နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

သူတို့ထဲမှ တစ်ယောက်ကတော့ ခမောက်မြင့်မြင့်တစ်လုံးကို ဆောင်းထားပြီး အပြားကျယ်သော ခါးစည်းကြိုးနှင့် အင်္ကျီကို လျှော့တိလျှော့ရဲ ဝတ်ဆင်ထားသည်။ သူ၏မျက်တောင်များက ဖွာထွက်နေပြီး သူ့ဆီတွင် တောက်ပသော မျက်လုံးများ ရှိသည်။ သူ၏ လက်နှစ်ဖက်ကလည်း အရောင်တင်ထားသော ကျောက်စိမ်းများကဲ့သို့ ဖြူဖွေးနေသည်။ သူက အနည်းငယ် မာနကြီးပုံရ၏။

တခြားသော ချောမောခန့်ညားသည့် လူငယ်ကတော့ အသက်(၂၀) အရွယ်သာရှိပြီး သာမန်ရုပ်ရည်မျိုးသာ ရှိသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိ၏။ သူကလည်း ငါးမန်းသရေနှင့် ဖန်တီးထားသော ဓားအိမ်ထဲတွင် ဓားရှည်တစ်ချောင်းကို ထည့်ထားသည်။

"တိမ်ပျံဓား ဟွမ်ယွင် ...."

ဝူချင်းရှင်က ဝင်းလက်တောက်ပနေသော မျက်လုံးများနှင့် ထိုလူငယ်ကို ကြည့်နေသည့်အတွက် ရှန့်ကွမ်းဟန်က စိတ်ပျက်သွားခဲ့သည်။

"တခြားတစ်ယောက်ကရော...."

တခြားတစ်ယောက်ကလည်း အရှိန်အဝါအရ ဟွမ်ယွင်ထက် နိမ့်ကျနေခြင်း မရှိကြောင်း မုန့်ချီက ခံစားမိခဲ့သည်။

ရှန့်ကွမ်းဟန်က မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလိုက်၏။

"ငါလည်း မသိဘူး."

ဝူချင်းရှင်ကလည်း ခေါင်းခါပြလိုက်သည်။ သူမက ဟွမ်ယွင်၏ နောက်တွင် ရှိနေသော လူငယ်ဓားသမားနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။

"ဒါကတော့ ငန်းတက်ဓား လော်ချိုးရှန့်နှင့် အရိုးပျော့ဓား တောင်ကန်တို့ပဲ .။ ဟွမ်ယွင်နဲ့ပေါင်းပြီး သူတို့ (၃)ယောက်ကို ချင်းရှန်ဓား(၃)ဖော်လို့ ခေါ်ကြတယ်..။ ဒါပေမယ့် သူတို့ရဲ့ဂုဏ်သတင်းက ဓားသမားဟွမ်ကြောင့် ရလာခဲ့တာတွေချည်းပဲ..။ သူတို့အားလုံးက တံခါး(၄) ပေါက် ပွင့်ပြီးနေကြပြီ ...."

သူက လော်ချိုးရှန့်နှင့် တောင်ကန်တို့ကို အထင်သေးနေသည်။ သူတို့၏ ဂုဏ်သတင်းက ဟွမ်ယွင်ကြောင့် ရလာသည်ဟု တွေးထားခြင်းကြောင့် ဖြစ်၏။

"ငါက သူတို့ကို လုံးဝမကြားဖူးဘူး ...."

မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

"ခေါင်းဆောင် နင်ကလည်း အချိန်မှီရောက်လာတာလဲ ..။ ဒီဧည့်သည်က ဘယ်သူလဲ"

ဟွာတျန်းကီကလည်း ဦးထုပ်နှင့် လူငယ်ကိုသိပုံ မရချေ။

နင်ကျိတောင်က သူ့ကို အပြုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒါကတော့ ကျန်းကျိဖန်း...။သခင်လေး ကျန်းလို့ခေါ်တယ် .။ သူက လုံးနန်နယ်မြေမှာ ရှိတဲ့ ဟွေ့နိုင်ငံကနေ ရောက်လာတာ .။ သိုင်းလောကမှာ ရှိတဲ့လူတွေကတော့ သူ့ကို လောင်ကျွမ်းခြင်းနေလက်ဝါးလို့ ခေါ်ကြတယ်...”

“သူက အထက်တန်းလွှာမိသားစုက ဖြစ်နေလို့ ဒီလိုမောက်မာနေတာကိုး....။ သူက လုံနန် ကျန်းမိသားစုရဲ့လက်အောက်က လူတစ်ယောက် ဖြစ်နေတယ်..."

မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။

"လောင်ကျွမ်းခြင်း နေလက်ဝါး ....။ သူ့နာမည်က လူငယ်မှတ်တမ်းမှာ ရှိနေနိုင်တယ်လို့ ပြောကြတယ်...။ တကယ်လို့ သူသာ တံခါး(၇)ပေါက် ပွင့်သွားမယ်ဆိုရင် သေချာပေါက် သူတို့ထဲက တစ်ယောက်ဖြစ်နိုင်တယ်....”

ဝူချင်းရှင်က အံ့ဩသွားခဲ့၏။

စားပွဲတွင်ရှိနေသော ရှန့်ကွမ်းဟန်နှင့် တစ်ခြားသူများအားလုံးကလည်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"လုံနန် ကျန်းမိသားစုကတော့ ဒီနေရာကိုတောင် သူတို့ရဲ့လူ တိုက်ရိုက်ပို့လိုက်ပြီလား"

ကျန်းကျိဖန်းကတော့ ဟွာတျန်းကီ၏မွေးနေ့အတွက် ဆုတောင်းပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ကျွန်တော်က ဒီနေရာကို ဖြတ်လာခဲ့တဲ့အချိန်မှာ ညီလေးဟွမ်က ဆရာကြီးရဲ့သားနဲ့ ယှဉ်ပြိုင်မယ်ဆိုတာ ကြားခဲ့ရတယ်...။ ဒါကြောင့် ကျွန်တော်က ဒီနေရာမှာ တိုက်ပွဲကို လာကြည့်တာပါ...။ တစ်ခြားဘာရည်ရွယ်ချက်မှမရှိဘူး..."

ဟွာတျန်းကီက ခေါင်းညိတ်ပြလိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်၏။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါ။ ကျုပ်ရဲ့သားက ပျောက်နေတာ(၂)ရက် ရှိနေပြီ...။ ကျုပ်က သူ့အတွက် အရမ်း စိုးရိမ်နေပါတယ်…”

“ဓားသမားဟွာက ဒီမှာမရှိဘူးလား...."

နင်ကျိတောင်က အနည်းငယ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ဒါဆိုရင် ဘယ်တပည့်(၃)ယောက်က စိန်ခေါ်မှုကို လက်ခံမှာလဲ…”

သူတို့အားလုံးက စိတ်ပျက်နေကြသည်...။ သူတို့က ထိပ်တန်းသိုင်းပညာရှင် (၂)ယောက်၏ တိုက်ပွဲကို မြင်ချင်နေခြင်း မဟုတ်ပေလော...။ ဟွာလွန်က သူ၏ဂုဏ်သတင်းပျက်စီးမှာကို မကြောက်ဘဲ အမှန်တကယ် ထွက်ပြေးသွားခြင်းပေလော။

ဟွာတျန်းကီက ပြန်မဖြေခင် ဟွမ်ယွင်က အပြုံးနှင့်ပြောလိုက်၏။

"တကယ်လို့ ဓားသမားဟွာသာ ဒီနေရာမှာ မရှိရင် ကျွန်တော်တို့က အနိုင်ရမယ်ဆိုရင်လည်း ပျော်ရွှင်ရမှာမဟုတ်ဘူး....။ ဒီတော့ ကျွန်တော်တို့က လေးစားမှုကို ပြသတဲ့အနေနဲ့ ပြိုင်ပွဲကို(၃)ရက် နောက်ဆုတ်လိုက်မယ်....။ တကယ်လို့ ဓားသမားဟွာက အဲဒီအချိန်ထိ ပျောက်ဆုံးနေဦးမယ်ဆိုရင်တော့ ကျောင်းအုပ်ဟွာက သတ်မှတ်ထားတဲ့ တပည့်(၃)ယောက်ကို ရွေးချယ်လိုက်ပါ....။ အဲဒါအဆင်ပြေမလား..."

ဟွမ်ယွင်က သူ့အတွက် သေချာစဉ်းစားပေးလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ ထို့ကြောင့် သူက နင်ကျိတောင်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်၏။

နင်ကျိတောင်က ခဏကြာစဉ်းစားပြီး အပြုံးနှင့်ပြောလိုက်၏။

"ကောင်းပြီလေ...။ငါလည်းသဘောတူတယ်. ...”

“အရမ်းကောင်းတယ်….အရမ်းကောင်းတယ်..."

ဟွာတျန်းကီက အနည်းငယ်ကျေးဇူးတင်မိသွားသည်။ သူကတော့ တစ်ခြားသော တပည့်များကို ထည့်ရန် စီစဉ်ထားခဲ့၏။

စားပွဲတွင် ရှိနေသောသူများအားလုံးက ပို၍ပင် စိတ်ပျက်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ယနေ့သူတို့က ပြိုင်ပွဲကို ကြည့်ရတော့မည် မဟုတ်တော့ပေ။ ပို၍ဆိုးသည်မှာ တိုက်ပွဲက (၃)ရက် နောက်ဆုတ်သွားခြင်းဖြစ်သည်။

"တော်တော်ကံဆိုးတာပဲ.."

မုန့်ချီက သူတို့ထဲမှ တစ်ယောက်ဖြစ်သော်လည်း သူကတော့ အလွန်အမင်းကြည့်ချင်နေခြင်း မရှိချေ။ ခန်းမကြီးတစ်ခုလုံးက ဆူညံနေခဲ့၏။

ဟွမ်ယွင်က ပတ်ပတ်လည်ကိုလှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ကျောင်းအုပ်ဟွာ…

သူတို့က တိုက်ပွဲကိုကြည့်ဖို့ စောင့်နေတာ တော်တော်လေးကြာနေပြီ....။ တကယ်လို့ ကျွန်တော်တို့က ဒီအတိုင်းထွက်သွားမယ်ဆိုရင် သူတို့ရဲ့ဆန္ဒတွေကို ဖျက်စီးသလို ဖြစ်သွားနိုင်တယ်...။ အခု ကျွန်တော်တို့က ကျောင်းအုပ် တွေးထားတဲ့တပည့် (၃)ယောက်နဲ့ သူတို့စိတ်ကျေနပ်အောင် လက်ရည်စမ်းတဲ့သဘော ယှဉ်ပြိုင်ကြရင် မကောင်းဘူးလား..."

ဟွာတျန်းကီ၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။

"ဒါက ပိုင်ရှင်ရဲ့နေရာကို အပိုင်သိမ်းလိုက်တဲ့ ဧည့်သည်တစ်ယောက်လိုပါလား..။ ဟွမ်ယွင်က သူ့လူတွေကို သေချာရွေးချယ်ထားတယ်...။ သူက ဒီနေ့ငါ့ကို သေချာပေါက် အရှက်ခွဲချင်နေတာပဲ..။ နောက်ထပ်(၃)ရက်နေရင် ပိုပြီးတော့တောင် အရှက်ကွဲရဦးမယ်....”

“ဓားသမားဟွမ်က အကုန်လုံးအတွက် စဉ်းစားပေးနေတာပဲ…”

ကြည့်နေသူများက သူ့ကို ချီးကျူးနေကြသည်။

အစောပိုင်းတွင်တော့ ဟွမ်ယွင်က သူ့ကို မျက်နှာမပျက်ရအောင် ကူညီပေးသည်ဟု ဟွာတျန်းကီက တွေးခဲ့မိသည်။ ယခုတော့ သူသာ သဘောမတူလျှင် သူ့ကို ပို၍ပစ်မှတ်ထားလာကြပါလိမ့်မည်။ ထို့ပြင် ဧည့်သည်များကတော့ အလွန်စိတ်ဝင်စားနေသည့်အတွက် စိတ်လှုပ်ရှားလာကြ၏။

ထို့ကြောင့် သူက မချိပြုံး ပြုံးပြီး ပြောလိုက်၏။

"ဓားသမားဟွမ်က တကယ့်ကို စဉ်းစားပေးနိုင်တာပဲ ..။ မင်းတို့ရွေးထားတဲ့လူကို အရင်ဆုံးလွှတ်လိုက်ပါ ...”

ဟွမ်ယွင်က ငန်းတက်ဓား လော်ချိုးရှန့်ကို မျက်လုံးနှင့် အချက်ပြလိုက်သည်။ လော်ချိုးရှန့်က ပိန်ပိန်ပါးပါးနှင့် အေးစက်၏။ သူက ဓားနှင့်အတူ ရှေ့ထွက်လာခဲ့သည်။ သူက တိုက်ခိုက်ရန်အတွက် မြေကွက်လပ်ဆီသို့ လျှောက်သွားခဲ့၏။

သူက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ပြောလိုက်သည်။

"ကျွန်တော်က လူငယ်တစ်ယောက်ဆိုတော့ အစ်ကိုဟူက လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ် ...."

"ထင်ထားတဲ့ အတိုင်းပဲ...."

ဟွာတျန်းကီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။

အစ်ကိုဟူ ဟူသည်မှာ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်း အကြီးအကဲတစ်ယောက်၏ တပည့်တစ်ယောက် ဖြစ်သည်။ သူကလည်း တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ထားသည့် လူတစ်ယောက်ဖြစ်၏။

လူပေါင်းများစွာက ကြည့်နေကြသည့်အချိန်တွင် ထိုလူငယ်ကလည်း ငြင်းဆန်နိုင်ခြင်း မရှိတော့ချေ။ ထို့ကြောင့် သူလည်း စိန်ခေါ်မှုကို လက်ခံလိုက်ရ၏။ သူတို့၏ ဓားချက်များက လေထဲတွင် တောက်ပလာပြီး တချွင်ချွင် မြည်သံများ ထွက်ပေါ်လာသည်။ သူတို့က အလွန်လျင်မြန်စွာ လှုပ်ရှားနေကြ၏။

"တော်တော်ကောင်းတဲ့ဓားပညာပဲ ..."

ဝူချင်းရှင်၊ ရှန့်ကွမ်းဟန်နှင့် တခြားလူများအားလုံးက ချီးကျူးနေကြ၏။ ထိုဓားသိုင်းများက သူတို့၏ မျက်လုံးထဲတွင် အတော်လေး ထူးခြားနေသည်။

မုန့်ချီကတော့ စိတ်ဝင်တစား ရေရွတ်နေခဲ့၏။

"ဟာကွက် (၅)ခု ၊ (၆)ခု ၊ (၃)ခု..."

သူကတော့ သူကိုယ်တိုင် ဓားနှင့် လိုက်၍ တိုက်ခိုက်နေသလို လိုက်တွေးနေခဲ့သည်။

တိုက်ပွဲက အမြင့်ဆုံးသို့ ရောက်လာသည့်အချိန်တွင် လော်ချိုးရှန့်က ဟူ မျိုးရိုးလူငယ်၏ ဓားရှည်ကို လွတ်ကျသွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် သူက နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်သွားလိုက်ရပြီး မုန့်ချီနှင့် တခြားလူများထိုင်နေသော စားပွဲ၏ ရှေ့ကို ပြုတ်ကျလာခဲ့သည်။

မုန့်ချီကတော့ အရသာရှိသော စားစရာများ ပျက်စီးသွားမှာ စိုးသည့်အတွက် ချက်ချင်း သူ့ဓားကို ဝှေ့ယမ်းပြီး ထိုလူငယ်ကို ခံထားပေးလိုက်သည်။ ပါးစပ်ထဲတွင် ကြက်ပေါင်တစ်ချောင်း ကိုက်ထားသော မုန့်ချီကို လူတိုင်းက ငေးကြည့်နေမိကြ၏။ ယခု သူ့ပုံစံက အမှောင်ထဲတွင် တောက်ပသော ကြယ်တစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။

"မဟုတ်ဘူးလေ ...။ ငါက တမင်လုပ်တာမှ မဟုတ်တာ ...."

မုန့်ချီက အတော်လေးကို နောင်တရသွားခဲ့၏။

"မင်းက အနိုင်ရသွားပြီ ...."

ဟူမျိုးရိုး လူငယ်က အရှက်ရစွာ ပြောလိုက်သည်။

လော်ချိုးရှန့်က ပြန်လှည့်ကြည့်လိုက်ရာ ဟွမ်ယွင်က သူ့ကို ခေါင်းညိတ်ပြလိုက်ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ပစ်မှတ်ကို ပြောင်းလဲလိုက်သည်။ သူက စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းမှ တပည့်များကို ရွေးချယ်ခဲ့ခြင်း မရှိချေ။ သူက တမင်တကာ လုပ်ဆောင်နေပုံရ၏။

ထိုအစား သူက အလွန်ထူးချွန်သော မုန့်ချီကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"မင်းက ငါနဲ့ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားလား .. "

"ငါလား ..."

မုန့်ချီက ကြက်ပေါင်ကို ပြန်ချလိုက်ပြီး နှာခေါင်းကို လက်နှင့် ပွတ်လိုက်သည်။

"ငါက ငါ့ရဲ့စွမ်းအားတစ်ချို့ကို သုံးပြီး ဓားရှည်နဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ငါဘယ်သူလဲဆိုတာ သိမှာ မဟုတ်လောက်ဘူး ..”

လော်ချိုးရှန့်က အပြုံးနှင့် ပြောလိုက်သည်။

"မင်းက အဆင်မပြေတဲ့အချိန် ရပ်လိုက်လို့ရတယ် ...."

မုန့်ချီက လက်သုတ်ပဝါတစ်ခုကို ယူလိုက်ပြီး ပါးစပ်နှင့် လက်ကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။ ထို့နောက် စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး လော်ချိုးရှန့်ကို အပြုံးနှင့် ပြောလိုက်၏။

"ဒါဆိုလည်း ငါ့ရဲ့ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ ...."

Translated by Hein Htet.

All Chapters