အခန်း (၁၆၃)
Vol. 11 Ch. 163
"ညီလေးယောင်က သိုင်းပညာကိုပဲ အရူးအမူးဖြစ်နေတဲ့ ကောင်လေးတစ်ယောက်လို့ တွေးထားခဲ့တာ။ ဒါပေမဲ့ သူက အဲဒီလို ကလေးတစ်ယောက် မဟုတ်တော့ဘူး…"
ယောင်ရှင်းလျှူ၏ နောက်ကျောကိုကြည့်ပြီး ကျန်းယွင်ရှန်က ပြောလိုက်သည်။
"ငါက စေ့စပ်ပွဲပြီးသွားတဲ့အချိန်မှာ တောင်ထိပ်ပေါ်က အမြန်ဆင်းလာရင်း သူ့ကိုတွေ့ခဲ့တယ်။ ငါ့ပုံစံက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဘာကိုမှ ဂရုမစိုက်မိတဲ့အတွက် သူက ငါ့နောက်ကနေ တိတ်တိတ်လေး လိုက်လာတာ ဖြစ်မယ်။ ဒါကတော့ ငါ့ရဲ့ပေါ့ဆမှုကြောင့် မသိခဲ့တာပါ…"
မုန့်ချီကလည်း ယောင်ရှင်းလျှူကို သတိထားမိကြောင်း စဉ်စားမိခဲ့သည်။ သို့သော် သူကတော့ ထိုလူငယ်ကို မသိခဲ့ပေ။ သူက လမ်းတွင် ခဏတွေ့ခဲ့ရသည့် ကလေးတစ်ယောက်ဟုသာ တွေးခဲ့၏။
ကျန်းယွင်ရှန်၏ အမူအရာက သိသိသာသာပြောင်းလဲသွားကြောင်း နားလည်သွားသည့်အခါ မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။
"အစ်ကိုကြီးကျန်း…
ဒီကိစ္စကို သေချာစဉ်းစားပြီးသွားပြီလား…"
"ပြီးသွားပြီ…"
ကျန်းယွင်ရှန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။
သူက အဝေးတွင် ရှိနေသော တောင်ကုန်းများကို လှမ်းကြည့်နေရင်း အလေးထား၍ ပြောလိုက်၏။
"ငါက ဒီအချိန်အတောအတွင်း မိသားစုအတွက် အကောင်းဆုံးကြိုးစားပေးမယ်… "
ထိုအချိန်တွင် မုန့်ချီက ရယ်ပြီး ပြောလိုက်သည်။
"ဒါဆိုလည်း ကျန်းကျန်းကို သွားတွေ့ကြစို့။ သူလည်း စိတ်တည်ငြိမ်နေလောက်ပါပြီ။ ဒါကြောင့် မဆင်မခြင် မလုပ်လောက်တော့ဘူး…"
မုန့်ချီကတော့ သူ့ကို ရူးမိုက်သော မေးခွန်းမျိုး မေးလိမ့်မည် မဟုတ်ချေ။
"ကောင်းပါပြီ…"
ကျန်းယွင်ရှန်က ခေါင်းညိတ်ပြလိုက်၏။ မုန့်ချီ တိုက်တွန်းစရာပင် မလိုဘဲ သူက သီလရှင်ကျောင်းရှိနေသော တောင်ကုန်းဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ သူ့ပုံစံက လေလှိုင်းတစ်ခု တိုက်ခတ်သွားသလို ထင်မှတ်ရပြီး မုန့်ချီကတော့ မျက်နှာပျက်ပျက်နှင့် နောက်တွင် ကျန်နေခဲ့၏။
"ဒါက အချစ်အပေါ် သူငယ်ချင်းထက် ပိုပြီးကိုးကွယ်နေတာ မဟုတ်ဘူးလား…"
သူလည်း သက်ပြင်းချပြီး အမီလိုက်သွားခဲ့၏။
သို့သော် သူက လေနတ်ဘုရားခြေလှမ်းသိုင်းကို ပြည့်ပြည့်ဝဝ သုံးနေသော်လည်း အနည်းငယ်နောက်ကျနေသေးသည်။ ထိုအရာက ကျန်းဝူဂိုဏ်းတွင် လက်ဆင့်ကမ်းပေးခဲ့သော ပါးကွ(၈)ကွက် နတ်ဘုရားခြေလှမ်းသိုင်းနှင့် မယှဉ်နိုင်ပေ။
သီလရှင်ကျောင်း၏ ရှေ့တွင် ကျန်းယွင်ရှန်က ရပ်လိုက်ပြီး မုန့်ချီကို မသက်မသာ ပြန်လှည့်ကြည်လိုက်သည်။
"ကျန်းကျန်းက ငါ့ကို တွေ့ချင်ပါ့မလား။ ညီလေးမုန့် ..မင်း အရင်ဆုံးဝင်သွားပြီး သူ့ကို ဖြောင်းဖျပေးပါလား…"
မုန့်ချီက အံကြိတ်ပြီး ပြောလိုက်သည်။
"အခုအစ်ကိုကြီးက ရောက်နေပြီပဲ။ ကျန်းကျန်းက အစ်ကိုကြီး ရှင်းပြတဲ့ စကားကို နားထောင်သင့်ပါတယ်။ ပြီးတော့ သူ့မှာလည်း မျှော်လင့်ချက်တွေ ပြည့်နေနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ စကားပြောပြီးသွားရင် အစ်ကိုကြီးကို ဝင်မလာနဲ့လို့ သူက တားမထားဘူးလေ။ ဒီတော့ မြန်မြန်ဝင်သွားလိုက်ပါ။ သူက အစ်ကိုကြီးကို စောင့်နေနိုင်တယ်… "
အရူးများကသာ ထိုကဲ့သို့ အရာမျိုးတွင် ဝင်ပါမည်ဖြစ်သည်။ ကျန်းယွင်ရှန်ကတော့ အမြဲလိုလို စိုးရိမ်နေခဲ့၏။ နောက်ဆုံးတွင်တော့ သူက ခံစားချက်များကို ဖိနှိပ်ပြီး မုန့်ချီကို ခေါင်းညိတ်ပြ၍ သီလရှင်ကျောင်းထဲသို့ ဝင်သွားခဲ့သည်။
မုန့်ချီကတော့ သစ်ပင်ကြီးတစ်ပင်ဆီသို့ လျှောက်သွားပြီး အသံများကို ခဏကြာ နားစွင့်နေခဲ့သည်။ ကျယ်လောင်သော ဆူဆူညံညံအသံများ မကြားရသည့်အချိန်မှသာ သူလည်း စိတ်အေးသွားပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၆)ကို စတင်လေ့ကျင့်လိုက်သည်။
ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အဆင့်(၆)၏ အနှစ်သာရများကို နားလည်သွားမည်ဆိုလျှင် အလွန်ကြောက်စရာကောင်းသော အစွမ်းကို ပိုင်ဆိုင်နိုင်သည့်အပြင် ပို၍အစွမ်းထက်သော ခုခံနိုင်စွမ်းလည်း ရှိလာနိုင်သေးသည်။ ထို့ပြင် အကယ်၍ သူကသာ လုံရှန့်စွမ်းရည်ကို လေ့ကျင့်လိုက်မည်ဆိုလျှင် ကြောက်စရာကောင်းသော အတွင်းအားများ ရှိလာနိုင်၏။
သို့သော် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်မှုက နှေးကွေးရန် လိုအပ်ပြီး ခိုင်မာသော အုတ်မြစ်တည်ဆောက်ရသည်။ သူ့ဆီတွင် သံသရာအရှင်သခင်၏ အကူအညီများ မရှိသည့်အတွက် ကောင်းကင်ပင်လယ် အရင်းအမြစ်ထဲမှ ထွက်လာသည့် အချိန်ကတည်းကစပြီး မုန့်ချီက စတင်လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူကတော့ အနှစ်သာရများကို နားမလည်နိုင်သေးပေ။ သူက နှာခေါင်းတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များကို မည်သို့စုစည်းရမလဲ မသိသေးပေ။
ထိုအချိန်တွင် ချီစွမ်းအင်များနှင့် သွေးကြောများက လှုပ်ရှားလာပြီး မုန့်ချီက လေ့ကျင့်နေရင်း အနည်းငယ် ခေါင်းမူးသွားခဲ့သည်။
သူက မျက်လုံးဖွင့်ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင် တိမ်တိုက်များကို တွေ့လိုက်ရပြီး မြေကွက်လပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထူးခြားသော ပုံစံမျိုးစုံ ရှိနေသော ဒဏ္ဍာရီ သတ္တဝါများနှင့် အလင်းတိုင်လုံးကြီး တစ်ခုကိုလည်း တွေ့လိုက်ရ၏။
"သံသရာတာဝန် နောက်တစ်ကြိမ်ပြန်စပြီပဲ…"
မုန့်ချီကတော့ ပျော်ရမလား ငိုရမလားပင် မသိတော့ပေ။
သူက မတ်တပ်ရပ်၍ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သော်လည်း ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကို မတွေ့ခဲ့ရပေ။ သူက အနည်းငယ် စဉ်းစားကြည့်နေမိပြီး ထိုတာဝန်က တစ်ဦးချင်းတာဝန် သို့မဟုတ် လူသစ်များကို ဦးဆောင်ရမည့် တာဝန် ဖြစ်နိုင်သည်ဟု တွေးနေမိသည်။
ထိုအချိန်တွင် အလင်းတိုင်လုံး၏အောက်၌ လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ့ပုံစံက သန်သန်မာမာ ဖြစ်ပြီး မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပနေခဲ့၏။ ထိုလူကတော့ ပြိုင်ဘက်ကင်း သံလက်သီး လော်ရှန်းကျိ ဖြစ်သည်။ သူက လူငယ်မှတ်တမ်းတွင် မုန့်ချီထက် ရှေ့ရောက်နေ၏။
သူတို့က မရင်းနှီးသည့်အတွက် အချင်းချင်း နှုတ်ဆက်သည့်အနေနှင့်ခေါင်းညိတ်ပြရုံသာ ရှိသည်။ ထို့နောက် အလင်းတိုင်လုံး၏ တစ်ဖက်ဆီသို့ လူခွဲ၍ လျှောက်သွားကြ၏။
မုန့်ချီက ကျန်းကျိဝေတို့ကို စောင့်နေသည့်အချိန်တွင် မြင်းဓားပြများဆီမှ ရလာသော အရာများကို အလင်းတိုင်လုံးထဲသို့ အလျင်အမြန် ပစ်ထည့်လိုက်ပြီး ကံကြမ္မာအမှတ်များ လဲလိုက်သည်။ သူက စိတ်မရှည်နိုင်ဖြစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူရရှိထားသည့်အရာများက အနည်းဆုံး ကံကြမ္မာအမှတ် (၁၀၀၀) (၂၀၀၀)ခန့် တန်ကြေးရှိသည်။
"သွေးသောက်ဓား - သန့်စင်လက်နက် ၊ ကံကြမ္မာအမှတ် (၉၀) တန်ကြေးရှိတယ်။
ရေခဲမြင်းဓားပြဓား - သန့်စင်လက်နက်၊ ကံကြမ္မာအမှတ် (၁၀၀) တန်ကြေးရှိတယ်။
ဟုန်ချိုးဓားပညာ - ဉာဏ်အလင်းပွင့်မှုအဆင့် ဓားသိုင်းပညာ ၊ ကံကြမ္မာအမှတ် (၁၃၀) တန်ကြေးရှိတယ်။
ရန်ကွမ်လှိုင်း(၃)သွယ်ကျင့်စဉ် - ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ထူးခြားတဲ့ကျင့်စဉ်တစ်ခု ၊ ကံကြမ္မာအမှတ်(၂၂၀) တန်ကြေးရှိတယ်။
ဟန်ဖုန်း ဓားပညာ - လော်ဟွေ့ဖန်တီးထားတဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် ဓားသိုင်းပညာ ၊ အလယ်အလတ်အရည်အသွေးရှိတယ်။ မှတ်တမ်းထဲမှာ မရှိတဲ့အတွက် သူ့ရဲ့တန်ဖိုးက ပိုများလာပြီး ကံကြမ္မာအမှတ် (၃၃၀) တန်ကြေးရှိတယ်…"
မြင်းဓားပြများဆီမှ မုန့်ချီရလာသည်မှာ ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကျမ်း (၈)ခု ဖြစ်သည်။ တစ်ခုကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် ထူးခြားသော ကျင့်စဉ်တစ်ခုဖြစ်ပြီး (၅)ခုကတော့ ချီစုဆောင်းရေးအဆင့် သိုင်းကျမ်းများဖြစ်သည်။ နှစ်ခုကတော့ သန့်စင်လက်နက်များ ဖြစ်၏။ ထိုအရာများအားလုံးကို လဲလှယ်လိုက်သည့်အတွက် ကံကြမ္မာအမှတ် (၁၈၃၀)ရခဲ့သည်။
သူ့အတွက် အံ့ဩစရာအကောင်းဆုံးအရာကတော့ မကြာသေးခင်ကမှ မြင်းဓားပြခေါင်းဆောင် လော်ဟွေ့ဖန်တီးထားခဲ့သော ဟန်ဖုန်းဓားပညာဖြစ်သည်။ သံသရာအရှင်သခင်ဆီတွင် ထိုဓားပညာ မရှိသည့်အတွက် လဲလှယ်ရသည့်အမှတ်က အတော်လေးကို များသည်။
“ကံကြမ္မာ အမှတ် (၁၈၃၀)…”
မုန့်ချီက စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ထိုအရာက သူရသမျှ ကံကြမ္မာအမှတ်များတွင် အများဆုံးဖြစ်ပြီး သူ၏လက်ရှိအခြေအနေကို ဖြည့်ဆည်းပေးနိုင်သည်။
“တကယ်လို့ ငါနဲ့ကျိလော်ကျူးကသာ ပြဿနာမရှိရင် ငါက သေမင်းပင်လယ်ထဲကို တကယ်ပဲ ပြန်သွားချင်တယ်…”
သူက တစ်ယောက်တည်းပြောလိုက်ပြီး အံကြိတ်နေခဲ့၏။
“ငါက သေချာစဉ်းစားပြီးသွားရင် ခရမ်းမိုးကြိုးဓား(၇)ချက်နဲ့ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တွေရဲ့ ချီစုဆောင်းရေးအဆင့်နဲ့ ဉာဏ်အလင်းပွင့်မှုအဆင့်တွေ လဲလို့ရမရ ကြည့်ရမယ်…”
သက်ပြင်းချလိုက်ပြီးနောက် သူက ဖြည်းညင်းစွာ တည်ငြိမ်သွားခဲ့၏။ ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက နေမင်းနီမကောင်းဆိုးဝါးဓားကို အလင်းတိုင်လုံးထဲသို့ ပစ်ထည့်လိုက်သည်။
"နေမင်းနီမကောင်းဆိုးဝါးဓား - သန့်စင်လက်နက် ကံကြမ္မာအမှတ်(၈၀)တန်ကြေးရှိတယ်…"
မုန့်ချီက ယခုတစ်ကြိမ် ဓားတစ်လက် လဲလှယ်ရန် ပြင်ဆင်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်၏ တစ်စိတ်တစ်ပိုင်းကို ရရှိထားခဲ့ပြီး မိုးကြိုးနတ်ဘုရား၏ တံဆိပ်လည်း ရှိနေ၏။ အကယ်၍ သူသာ ထိုအရာများကို ကောင်းကောင်းအသုံးမချနိုင်လျှင် သူသေလျှင်လည်း မည်သူကမျှ သူ့ကို သနားလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် သူက မိုးကြိုးစွမ်းအင်သုံး ဓားတစ်လက်ကို လဲလှယ်ရန် ကြိုးစားထားခဲ့၏။ ထို့ပြင် မိုးကြိုးဟူသည်မှာ မကောင်းဆိုးဝါးများအတွက် အစွမ်းထက်ဆုံး ပြိုင်ဘက်တစ်ခုဖြစ်ပြီး ကြောက်စရာကောင်းသော အစွမ်းများကို ပြသနိုင်သည်။ ထို့ကြောင့် နေမင်းနီမကောင်းဆိုးဝါးဓားကဲ့သို့သော ထူးခြားသည့်အစွမ်းများရှိရန် လိုအပ်၏။
သူက ထိုအရာကို ချက်ချင်းလဲခဲ့ခြင်း မရှိချေ။ ထိုအစား ဓမ္မကာရအဆင့် မှတ်တမ်းထဲတွင် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ် အကြောင်းကို စစ်ဆေးကြည့်လိုက်သည်။
“ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်က ရှေးဟောင်းမိုးကြိုးနတ်ဘုရား ဖန်တီးထားခဲ့တဲ့ ဓမ္မကာရအဆင့် သိုင်းပညာတစ်ခုပဲ။ ဓားသမားတစ်ယောက်က အထွဋ်အထိပ်ထိ လေ့ကျင့်နိုင်မယ်ဆိုလျှင် ဓားတစ်ချက်တည်းနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တယ်။ ဒါပေမဲ့ မိုးကြိုးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကလည်း ဒီသိုင်းပညာကို လေ့ကျင့်ဖို့အတွက် အရေးအပါဆုံး အရာတစ်ခုပဲ။ မဟုတ်ရင် ဓားသမားက သိုင်းကွက်တွေကို သင်ကြားနိုင်ရုံပဲရှိမယ်။ သူ့ရဲ့အစွမ်းကလည်း သိသိသာသာ အားနည်းသွားနိုင်တယ်။ ကံကြမ္မာအမှတ် (၁၃၀၀၀၀) တန်ကြေးရှိတယ်….”
မုန့်ချီက သံသရာအရှင်သခင်၏ ရှင်းလင်းချက်များကို ဂရုစိုက်၍ ကြည့်နေခဲ့သည်။ ကောင်းကင်ည သုတ်သင်ရှင်းလင်ရေး(၉)သွယ်၏ မူလလမ်းညွှန်ချက်များအတွက် ကံကြမ္မာအမှတ် (၃)သောင်း လိုအပ်သည်။ နောက်ဆုံး သိုင်းကွက်ဖြစ်သော ကောင်းကင်နှင့် ကမ္ဘာမြေ ဖျက်ဆီးခြင်းဟူသော သိုင်းကွက်က ကံကြမ္မာအမှတ် (၂)သောင်း လိုအပ်သည်။ ကောင်းကင်မိုးကြိုး (၅)ချက်အပါအဝင် ကျန်ရှိနေသော သိုင်းကွက်(၈)ကွက်အတွက် ကံကြမ္မာအမှတ်(၁)သောင်းဆီ လိုအပ်၏။
သူက အလင်းတိုင်လုံးဆီသို့ လျှောက်သွားပြီး ပြည့်စုံအောင်လုပ်ရန် မေးမြန်းကြည့်လိုက်သည်။
“ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်နဲ့ ပတ်သက်ပြီး စိတ်ဝိညာဉ်လွှဲပြောင်းမှုက မပြည့်စုံဘူး။ ပထမဆုံး သိုင်းကွက် ကောင်းကင်မိုးကြိုး(၅)ချက်ကို နားလည်ချင်တယ်ဆိုရင် ပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုအတွက် ကံကြမ္မာအမှတ် (၁၂၀၀၀၀)လိုအပ်တယ်…”
“မပြည့်စုံတဲ့ ကောင်းကင်မိုးကြိုး (၅)ချက်ကို ပြည့်စုံဖို့အတွက် ကံကြမ္မာအမှတ် (၅၃၀၀) လိုအပ်တယ်။ ကံကြမ္မာအမှတ်မလုံလောက်ရင် မပြည့်စုံနိုင်ဘူး…”
မုန့်ချီက ကြိုးစားကြည့်ရုံသာဖြစ်ပြီး မျော်လင့်ချက်မရှိပေ။
ထို့နောက် သူလိုအပ်နေသော ဓားရှည်တစ်ချောင်းကို စတင်ရွေးချယ်လိုက်သည်။ တာဝန်က အချိန်မရွေး စသွားနိုင်သည့်အတွက် မုန့်ချီက မည်သည့်အရာကိုမျှ နှိုင်းယှဉ်မနေဘဲ ဓားကောင်းများကိုသာ တိုက်ရိုက်ရွေးချယ်ခဲ့သည်။ သူကတော့ ပေးရသည့်တန်ဖိုးကို စဉ်းစားမနေသည့်အတွက် သိပ်မကြာခင် ဓားကောင်းတစ်လက်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။
"မကောင်းဆိုးဝါး စမ်းသပ်ရေးဓား - သန့်စင်လက်နက်တစ်ခု ကံကြမ္မာအမှတ် (၆၇၀) တန်ကြေးရှိတယ်။ လဲ့ချင်မှာရှိတဲ့ ကျောက်တုံးနဲ့ သတ္တုကို ပေါင်းပြီး ဖန်တီးထားတဲ့အတွက် ရတနာဓားတွေကိုသာ မသုံးသရွေ့ ဓားကို ဖြတ်ပစ်နိုင်မှာ မဟုတ်ဘူး။ ဓားသွားက အရမ်းကို ထက်မြက်လွန်းတဲ့အတွက် အရာအားလုံးကို ဖြတ်ပစ်နိုင်တယ်။ ဉာဏ်အလင်းပွင့်မှုအဆင့် အမာကျောဆုံး အကာအကွယ် သိုင်းပညာတွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်…”
“အသုံးပြုတဲ့အချိန်မှာ အလင်းတန်းတွေ ထုတ်ပေးနိုင်တယ်။ ပြီးတော့ ဓားသမားကသာ မိုးကြိုးစွမ်းအားတွေ ပိုင်ဆိုင်ထားမယ်ဆိုရင် ရန်သူကို အကြောဆွဲသွားအောင် လုပ်ဆောင်ပေးနိုင်တယ်…"
ထိုအရာက ရိုးရှင်းသော ပုံသဏ္ဍာန်ရှိသည့် ဓားတစ်ချောင်းဖြစ်သည်။ ထိုဓားပေါ်တွင် မိုးကြိုးအမှတ်အသားများ လွှမ်းခြုံနေခဲ့၏။ မကြာခဏ ဆိုသလို ဓားက အစိမ်းရင့်ရောင်မှနေ၍ အပြာရင့်ရောင် ပြောင်းလဲသွားနေသည်။
မုန့်ချီက စဉ်းစားမနေဘဲ ထိုဓားကို ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် ကံကြမ္မာအမှတ် လုံလောက်နေခြင်းကြောင့် ဖြစ်၏။
ဓားကို စက္ကန့်အနည်းငယ် ကိုင်ထားကြည့်လိုက်ရာ မုန့်ချီက အနည်းငယ် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သို့သော် သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို မသုံးခဲ့ပေ။ တစ်ဖက်တွင်တော့ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက သူ၏ လက်တစ်ဖက်ကဲ့သို့ ဖြစ်လာပြီး သူ၏ အသွေးအသားများထဲသို့ ဖောက်ဝင်သွားခဲ့သည်။
သူ၏ ဘယ်လက်ပေါ်တွင် ရှိနေသော ခရမ်းရောင်မိုးကြိုးအမှတ်အသားကလည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
"ဓားကောင်းတစ်လက်ပဲ…"
မုန့်ချီက အလွန်ဝမ်းသာသွားခဲ့သည်။ ထိုမကောင်းဆိုးဝါးစမ်းသပ်ရေးဓားနှင့်ဆိုလျှင် သူ့အစွမ်းက အနည်းဆုံး (၃)ဆခန့် တိုးမြင့်လာနိုင်၏။
ဓားကို ဓားအိမ်ထဲသို့ သိမ်းလိုက်ပြီးနောက် သူက စာရင်းကို ဆက်၍ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက မည်သည့်နေရာတွင် တိုးတက်ရန် လိုအပ်ကြောင်း သိနေသည့်အတွက်ကြောင့် ရှာဖွေနေခြင်း ဖြစ်သည်။
သူ့အတွက်တော့ ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တစ်ခုက အစွမ်းထက် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သူ၏အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ဓားများက ခုခံခြင်းက လွဲလျှင် နေရာတိုင်းတွင် လိုအပ်၏။
သို့သော် စိတ်ဝိညာဉ်လွှဲပြောင်းမှုဖြစ်စေ သိုင်းကျမ်းများဖြစ်စေ ထိုအနတ္တကျိန်စာဖျက်ဓားပညာကဲ့သို့ အနှစ်သာရများကို နားလည်ရန် ခက်ခဲသည်။ အခြေခံသိုင်းပညာကို ကျွမ်းကျင်မှသာ ဓားသမားက အစဉ်လိုက်ဆက်၍ လေ့ကျင့်နိုင်သည်။ အခြေခံအဆင့်ကို ကျွမ်းကျင်သွားပြီးမှ ထူးခြားသော အနှစ်သာရများကို နားလည်နိုင်မည်ဖြစ်၏။
ထို့ပြင် သူ့ဆီ၌ အသက်ကယ်စွမ်းရည်များသာ မရှိလျှင် ထိုအရာကို သုံး၍မရနိုင်ပေ။ ထို့ကြောင့် လက်ရှိအချိန်တွင်တော့ သူ့အတွက် မလိုအပ်တော့ပေ။
စိတ်ဝိညာဉ်လွှဲပြောင်းမှုက သိုင်းကျမ်းတစ်ခုကို လဲလှယ်လိုက်ခြင်းထက် ပို၍ ဈေးများနေခြင်း မရှိပေ။ အနှစ်သာရများကို နားလည်နိုင်ခြင်းရှိမရှိကတော့ သူတို့ကိုယ်တိုင်အပေါ် မူတည်ပါလိမ့်မည်။ တချို့က ကံကြမ္မာအမှတ်များ သုံးလိုက်သော်လည်း အနှစ်သာရကို နားမလည်နိုင်သူများ ရှိကြသည်။ ထိုသို့ဆိုလျှင်တော့ ဘာမျှမတတ်နိုင်ပေ။
သို့သော် တိုက်ရိုက်နားလည်အောင် ကြိုးစားလိုက်ခြင်းက ကံကြမ္မာအမှတ် (၂)ဆ (၃)ဆခန့် ပို၍ တန်ဖိုးရှိသည်။ ကျန်ရှိနေသော မုန့်ချီ၏ ကံကြမ္မာအမှတ်များက လုံလောက်မှု မရှိတော့ပေ။ ထို့ပြင် သူ၏အခြေခံက မတည်ငြိမ်သေးသည့်အတွက် ကိုယ်တိုင် နားလည်အောင် ကြိုးစားပြီး လေ့ကျင့်ချင်နေသည်။
မုန့်ချီ၏ ပစ်မှတ်တစ်ခုက ခရမ်းမိုးကြိုးဓား(၇)ချက်ဖြစ်သည်။ ဝေ့ကျင်းအဆင့် သိုင်းကွက်များထဲတွင် သူ့အတွက် သင့်တော်သော သိုင်းကွက်အနည်းငယ်သာ ရှိ၏။ အဓိက ပြဿနာကတော့ ဝေ့ကျင်းအဆင့် သိုင်းကွက်များက တူညီနေခြင်းဖြစ်၏။
သူ့ဆီတွင် အနတ္တကျိန်စာဖျက်ဓားပညာရှိနေသည့်အတွက် ထိုအရာကို မလိုအပ်သေးပေ။ အကယ်၍ တခြားသောအရာများတွင် တိုးတက်ချင်သည်ဆိုလျှင် ထိုအရာကို ခဏဖယ်ထား၍ ရနေသေး၏။
မုန့်ချီက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ချီစုဆောင်းရေးအဆင့်ကို လဲလှယ်ရန် ဆုံးဖြတ်လိုက်၏။ ဝေ့ကျင်းအဆင့်ကို မရောက်ခင် ဓားသမားတိုင်းက သူတို့၏ အဓိကသိုင်းပညာတစ်ခုကို ရွေးချယ်ရန် လိုအပ်၏။ ထို့ပြင် တစ်ဆင့်ချင်း လေ့ကျင့်ခြင်းက ပိုကောင်း၏။
အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို လေ့ကျင့်ခြင်းက အချိန်ပေးရန် လိုအပ်သည်။ ထို့ကြောင့် မုန့်ချီက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လက်လွှတ်လိုက်ခြင်း မရှိပေ။ ဝေ့ကျင်းအဆင့်ကို မရောက်ခင် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က ခန္ဓာကိုယ်၏အစွမ်းကို အဓိက မြှင့်တင်ပေးနိုင်ပြီး မကောင်းဆိုးဝါးများကို ခုခံပေးနိုင်သည်။ စွမ်းအားနှင့် လျင်မြန်သွက်လက်မှုကိုလည်း တိုးမြှင့်ပေးနိုင်၏။
ထိုအရာက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို ပြောင်းလဲသွားစေခြင်း မရှိသလို ပဋိပက္ခဖြစ်ခြင်းလည်း မရှိချေ။ မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို အဓိကထားလေ့ကျင့်ပြီး အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို အရံအဖြစ် လေ့ကျင့်ရမည်ဖြစ်သည်။
အသွင်ပြောင်းလဲမှု(၇၂)မျိုးကျင့်စဉ်က အဆင့်မီသွားမည်ဆိုလျှင်တော့ အဓိကထား၍ အသုံးပြုနိုင်၏။ ထိုအရာက သံသရာအရှင်သခင်၏ အန္တရာယ်များကို ရင်ဆိုင်ရန် လုံလောက်သည်။
"ငါက ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်ကို မလဲခင် ချီစုဆောင်းရေးအဆင့် ကျင့်စဉ်ကို ကျွမ်းကျင်ဖို့ လိုတယ်…"
မုန့်ချီက တစ်ယောက်တည်းရေရွတ်လိုက်သည်။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ချီစုဆောင်းရေးအဆင့်ကို လဲလှယ်ရန် ကံကြမ္မာအမှတ် (၁၀၀) လိုအပ်သည်။ ဉာဏ်အလင်းပွင့်မှုအဆင့် ကို လဲမည်ဆိုရင်တော့ ကံကြမ္မာအမှတ် (၁၀၀၀) လိုအပ်သည်။
လက်ရှိအချိန်တွင် သူ့ဆီ၌ ထိုအရာကို လေ့ကျင့်ရန် အခွင့်အရေးမရှိသေးပေ။ ထို့ကြောင့် နောင်တစ်ကြိမ်ကျမှ စဉ်းစား၍ ရနိုင်၏။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ချီစုဆောင်းရေးအဆင့်ကို လဲလိုက်ပြီးနောက် သူက သေချာစဉ်းစားကြည့်လိုက်ပြီး လျှပ်စီးပြောင်းလဲမှုကို လဲလှယ်ရန် မစဉ်းစားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် ကိုယ်ပိုင်တိုက်ခိုက်ရေးပုံစံတစ်ခု ရှိနေပြီး အနည်းငယ်လေးပင် ပြောင်းလဲရန် မလိုအပ်တော့ပေ။
“တုကူးဓား(၉)ကွက်ရဲ့အနှစ်သာရတွေကို နားလည်လာတဲ့အချိန်မှာ ငါက ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်း တခြားဓားသိုင်းတွေ လဲဖို့မလိုတော့ဘူး။ ဒါပေမဲ့ ငါ့ရဲ့ဓားမောက် သိုင်းပညာကတော့ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်။ တကယ်လို့ ငါက ဟန်ဖုန်းဓားသိုင်းကို လေ့ကျင့်လိုက်မယ် ဆိုရင်တောင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ကို မသုံးမချင်း အနိုင်ရနိုင်မှာ မဟုတ်ဘူး…”
သူက သေချာစဉ်းစားနေခဲ့သည်။
“ဒါကြောင့် ငါက ဓားမောက်သိုင်းပညာမှာလည်း တုကူးဓား(၉)ကွက်လို သိုင်းကျမ်းတစ်ခုကို လေ့ကျင့်ဖို့လိုတယ်။ အဲဒါက ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်းငါ့ရဲ့ဓားမောက်ကျင့်စဉ် လေ့ကျင့်မှုကို လမ်းညွှန်ပေးနိုင်တယ်။ ပြီးတော့ ငါက တိုက်ပွဲကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တစ်ခုလည်း လိုအပ်နေသေးတယ်..”
သူကတော့ တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့လေသည်။
Translated by Hein Htet