← Chapters

အခန်း (၁၆၅)

Vol. 11 Ch. 165

အခန်း (၁၆၅)

Vol. 11 Ch. 165

"မင်းတို့အားလုံးက ဘာတွေဖြစ်နေလဲဆိုတာ သိချင်နေကြမယ် ထင်တယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါတို့ကလည်း သားကောင်တွေပါပဲ။ ဒါပေမဲ့ အကျိုးအမြတ်တွေလည်းရှိတယ်…"

လော်ရှန်းကျိက သူတို့ကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။

မုန့်ချီ၏ မျက်လုံးထဲတွင်တော့ အမြဲလိုလို တခြားသူများကို ထိန်းချုပ်ရန် ကြိုးစားနေသော လော်ရှန်းကျိက အလွန်တင်စီးသော လူတစ်ယောက်ဖြစ်သည့်အပြင် ခေါင်းဆောင်ကောင်း တစ်ယောက်လည်းဖြစ်သည်။ သူက ပထမဆုံး စကားပြောလိုက်သည့်အချိန်တွင် မုန့်ချီက အံ့သြနေခြင်းမရှိဘဲ တိတ်တဆိတ် နားထောင်နေခဲ့၏။

သူက သံသရာ အရှင်သခင်နှင့် သံသရာကမ္ဘာကြီးအကြောင်းကို ပြောပြလိုက်သည်။ လူသစ် (၃) ယောက်ကတော့ သံသယဝင်နေခြင်း မရှိဘဲ သူ့စကားကို သေချာနားထောင်နေကြ၏။ သူပြောပြီးသွားသည့်အချိန်တွင် သူတို့အားလုံးက စဉ်းစားနေကြသည်။

"လူသစ်တွေရဲ့ အရည်အသွေးက တော်တော်လေးကောင်းတာပဲ…"

မုန့်ချီက တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

တိတ်ဆိတ်နေသော မိန်းမပျိုက (၇) ကြိုး တပ်တူရိယာတစ်ခုကို ကိုင်ထားပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

"ကျွန်မအိမ်ကနေ ကျွန်မကို တိတ်တဆိတ် ခေါ်သွားနိုင်တဲ့သူက ကောင်းကင်မှတ်တမ်းမှာ သေချာပေါက် စွမ်းအားကြီးတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက သံသရာကမ္ဘာကြီးထဲမှာ ရှိနေမယ်ဆိုတာ မသေချာဘူး။ ကျွန်မက စာရင်းကို အရင်ဆုံး သွားကြည့်လိုက်မယ်…"

ထို့နောက် သူမက အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

စာသင်သားကဲ့သို့ ဝတ်ဆင်ထားသော လူငယ်ကလည်း မချိပြုံး ပြုံး၍ ပြောလိုက်၏။

"သိုင်းပညာသင်ယူချင်တဲ့ ငါ့ရဲ့ရည်ရွယ်ချက်ကတော့ ခရီးသွားနေချိန် ငါ့ကိုယ်ငါ ကာကွယ်ချင်လို့ပဲ။ တစ်နေ့နေ့မှာ ငါက ဒီလို သေရေးရှင်ရေး အခြေအနေမျိုးနဲ့ ပတ်သက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ့နာမည်က ကီဟွေအန်ပါ ။ မိတ်ဆွေတို့ရဲ့နာမည်ကို ပြောပြလို့ရနိုင်မလား…"

ကီဟွေအန်က အလွန်တည်ငြိမ်နေပြီး ပေါင်းရသင်းရ လွယ်ကူမည့်ပုံပေါ်သည်။

မုန့်ချီက ပြောရန် ပြင်လိုက်စဉ် လော်ရှန်းကျိက သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

"အခု ငါတို့တွေက အကောင်းအဆိုးကို အတူတူမျှဝေမဲ့ အဖွဲ့သားတွေဖြစ်သွားပြီ။ ဒီတော့ ငါတို့က ရိုးသားသင့်တယ်။ ငါ့နာမည်က လော်ရှန်းကျိ ။ ငါက တံခါး(၈)ပေါက် ပွင့်နေပြီ။ လက်သီးက ငါ့ရဲ့ အားသာချက်ပဲ…"

"ဒါဆိုရင် မင်းက လူငယ်မှတ်တမ်းမှာ အဆင့်(၃၁)ရှိနေတဲ့ ပြိုင်ဘက်ကင်း သံလက်သီးလော်ရှန်းကျိလား…"

အလင်းတိုင်လုံးဆီကို ရောက်သွားသော လူရွယ်က အလွန်အံ့အားသင့်စွာ ပြန်လှည့်ကြည့်လိုက်မိသည်။ သူတို့၏ရှေ့တွင် ရပ်နေသော လူငယ်က လူငယ်မှတ်တမ်းတွင် ရှိနေသော လူတစ်ယောက်ဟု သူလည်း မထင်ထားခဲ့ပေ။

လော်ရှန်းကျိက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါကတော့ မိုးကြိုးဓား ဒေါသကိုယ်တော် ကျန်းတင်ပဲ…"

"ဘယ်သူက ငါ့ရဲ့နာမည်ကို ပြောခွင့်ပေးလို့လဲ…"

မုန့်ချီက အံကြိတ်ပြီး လော်ရှန်းကျိကို ကြည့်လိုက်သည်။

သူက လျင်မြန်စွာ ထပ်ဖြည့်ပြောလိုက်၏။

"ဒါက သိုင်းလောကမှာ မှားပြီး ပြောနေကြတာ။ ငါ့ရဲ့အစစ်အမှန်နာမည်က ကြယ်တာရာဓားပဲ။ မင်းတို့က ငါ့ကို မုန့်လို့ ခေါ်လို့ရတယ်…"

သူကတော့ လူစိမ်းများ၏ရှေ့တွင် နာမည်အစစ်အမှန်ကို မပြောချင်ခဲ့ပေ။ သူက သိုင်းလောကတွင် ကျင်လည်ရန် လိုအပ်နေသေး၏။

တိတ်ဆိတ်သော မိန်းမပျိုနှင့် ပါးနပ်သော လူရွယ်တို့က မုန့်ချီကို သေချာစိုက်ကြည့်နေမိကြသည်။ ဘယ်လက်တွင် ဓားရှည်ကိုကိုင်ပြီး ညာလက်တွင် ဓားမောက်ကို ကိုင်လိုက်သည်။ သူတို့က ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို သံသယဝင်နေခြင်း မရှိကြပေ။

"မင်းတို့ (၂) ယောက်လုံးက လူငယ်မှတ်တမ်းက ပညာရှင်တွေဖြစ်နေကြတာပဲ။ ငါကတော့ တာ့ကျန်းအဖွဲ့အစည်းက ချောင်ကျန်းပါ။ ငါက တံခါး(၄) ပေါက်ပွင့်နေပြီ.."

ပါးနပ်သောလူရွယ်က လေးလေးစားစားပြောလိုက်သည်။

"တာ့ကျန်းအဖွဲ့အစည်းက လူတစ်ယောက်လား…"

မုန့်ချီက ချီရှနှင့် ရန်ဝူကျန်းတို့ကို သတိရသွားခဲ့သည်။

တိတ်ဆိတ်သော မိန်းကလေးက ပြောလိုက်၏။

"ငါကတော့ လန်းယာ့မှာနေတဲ့ ရွမ်မိသားစုက ရွမ်ယုရှု လို့ခေါ်တယ်…"

"နင်က ရွမ်မိသားစုခေါင်းဆောင်ရဲ့သမီးလား…"

လော်ရှန်းကျိက အံ့သြမနေဘဲ မေးလိုက်သည်။

သို့သော် မုန့်ချီကတော့ ရွမ်မိသားစု၏ စောင်းပညာကို တွေးမိသွားသည်။ သူတို့၏ သိုင်းပညာများက လုံးဝကို ပြည့်စုံနေခဲ့၏။

ထိုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ အမှောင်ထုကြီးတစ်ခုပေါ်လာပြီး သံသရာ အရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။

"အနောက်ပိုင်း ကျူးကျော်သူတွေက ငါတို့နယ်မြေထဲကို ဝင်လာတဲ့ အချိန်ကစပြီး တိုက်ပွဲတွေ လုံးဝ မရပ်ခဲ့ဘူး။ တော်ဝင်နန်းတော်ထဲမှာလည်း ရှုပ်ထွေးနေတယ်။ တော်ဝင်တပ်ဖွဲ့ထဲမှာလည်း အမြင်အမျိုးမျိုး ကွဲနေကြတယ်။ တချို့က ငြိမ်းချမ်းရေး ဆွေးနွေးချင်နေပြီး တချို့ကတော့ တိုက်ပွဲကို တုန့်ပြန်ချင်ကြတယ်…”

“တိုက်ပွဲလိုလားသူတွေက သံတောင်တန်းတပ်ဖွဲ့ကို တစ်ယောက်တည်း တည်ထောင်ခဲ့တဲ့ လုကွမ်ကို တပ်မှူးချုပ်အဖြစ် မှတ်ချက်ပေးနေကြတယ်။ သူသာ ရဲမက်တွေကို အမိန့်ပေးပြီး တိုက်ခိုက်မယ်ဆိုရင် အနောက်ပိုင်း ကျူးကျော်သူတွေကို အနိုင်ရနိုင်လိမ့်မယ်…”

“တကယ်လို့ လုကွမ်သာ တပ်မှူးခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် မှူးမတ်တွေက မကျေမနပ်ဖြစ်နိုင်ပြီး သူ့ကို လမ်းတစ်ဝက်မှာ သုတ်သင်ရှင်းလင်ဖို့အတွက် ထိပ်တန်း သိုင်းပညာရှင်တွေကို စေလွှတ်လိမ့်မယ်။ ပြီးတော့ နတ်ဆိုးမကလည်း အခွင့်အရေးကို အရယူပြီး အခြေအနေကို ရှုပ်ထွေးအောင်လုပ်လိမ့်မယ်။ လုကွမ်ကို မျှော်လင့်ထားကြတဲ့အတွက် သိုင်းလောကသားတွေကလည်း သူ့ကိုလာပြီး ကူညီကြတယ်…”

“ပထမဆုံး ပင်မတာဝန်က လုကွမ်ကို မြို့တော်ဆီ ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာရမယ်။ ပြီးတော့ လော်ရှန်းကျိတို့အဖွဲ့နဲ့ ပူးပေါင်းရမယ်။ တာဝန်ပြီးဆုံးရင် တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၂၀၀) ဆီရမယ်။ မပြီးဆုံးရင်တော့ တူညီတဲ့ ကံကြမ္မာအမှတ် အနှုတ်ခံရမယ်။ ဒုတိယပင်မတာဝန်လည်း စမှာ မဟုတ်ဘူး…”

“ပထမဆုံး သီးခြားတာဝန်က လူသစ်တွေကို တွဲခေါ်ပေးရမယ်။ လူသစ်တစ်ယောက် အသက်ရှင်သေးရင် ကံကြမ္မာအမှတ် (၂၀၀) ရမယ်။ ကျရှုံးမှုအတွက် အပြစ်မရှိဘူး..”

“ဒုတိယပင်မတာဝန်က လုကွမ်ရဲ့ လက်အောက်မှာရှိတဲ့ အစောင့်ခေါင်းဆောင်ရဲ့ ယုံကြည်ချက်ကိုရဖို့ မကောင်းဆိုးဝါး ယွဲ့ကျိကျား ကောင်းတုံကို သတ်ရမယ်။ တာဝန်ပြီးဆုံးရင် ကံကြမ္မာအမှတ် (၅၀) ဆီရမယ်။ မအောင်မြင်ရင် အပြစ်မရှိဘူး…”

“တတိယ သီးခြားတာဝန်က မကောင်းဆိုးဝါးမင်းသား ကွမ်ရင်ကိုသတ်ပြီး အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ် ပြန့်မသွားအောင် တားဆီးရမယ်။ ဒီကမ္ဘာကြီးထဲမှာ သံသရာခရီးသွားတစ်ယောက် သေဆုံးသွားခဲ့ပြီး သူ့ရဲ့ သိုင်းကျမ်းဖြစ်တဲ့ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို လူတစ်ယောက်က ရသွားတယ်။ အဲဒီလူက သိုင်းကျမ်းကို လေ့ကျင့်ပြီး မကောင်းဆိုးဝါးမင်းသားအဖြစ် ပြောင်းလဲသွားခဲ့တယ်။ တကယ်လို့ မင်းတို့က အောင်မြင်မယ်ဆိုရင် ကံကြမ္မာအမှတ် (၃၀၀)နဲ့ အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကိုပါရမယ်…"

အလင်းတန်းများ ဖုံးကွယ်နေသည့်အချိန်တွင် မုန့်ချီကတော့ မျက်နှာပျက်သွားခဲ့သည်။ နောက်ဆုံးတာဝန်ကတော့ သူထင်ထားသည်နှင့် လုံးဝကို ကွဲပြားနေခဲ့၏။ သံသရာခရီးသွား သေဆုံးသွားမှုကြောင့် အမည်မသိ လူတစ်ယောက်က ဤကမ္ဘာကြီးထဲတွင် ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်သွားခဲ့သည်။

ထို့ကြောင့် သံသရာကမ္ဘာကြီးနှင့် သံသရာခရီးသွားများက လုံးဝကို ဆက်သွယ်နေကြောင်း မုန့်ချီလည်း ပထမဆုံးအကြိမ် နားလည်လိုက်ရသည်။ သူကတော့ တာဝန်ပြီးဆုံးသွားလျှင် လွတ်လပ်စွာ ထွက်သွားနိုင်သည်ဟု မတွေးနိုင်တော့ပေ။

"ငါက အခုလေးမှ ကံကြမ္မာအမှတ်တွေကိုသုံးပြီး ကောင်းကင်ဓားသိုင်းကိုရခဲ့တယ်။ သိပ်မကြာခင် အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကိုလည်း ရတော့မယ်။ ဒါဆိုရင် ငါ့ရဲ့ ကောင်းကင်ဓားသိုင်းက ပြိုင်ဘက်ကင်း ဖြစ်လာတော့မှာလား…"

မုန့်ချီက စိတ်ထဲတွင် တစ်ယောက်တည်း တွေးနေမိခဲ့သည်။

"ယွဲ့ကျိကျား ကောင်းတုံက ဒီနေရာမှာ သီးခြားနေတဲ့ တပ်မှူးလုကို သတ်ချင်နေတယ်။ ငါတို့က သူ့ကို သုတ်သင်ရှင်းလင်းဖို့ မဖြစ်နိုင်ဘူး ။ ဘာလို့လဲဆိုတော့ သူက အရမ်းကို ကောက်ကျစ်စဉ်းလဲတယ်။ သူ့အနားကို ကပ်လို့တောင်မရဘူး။ တကယ်လို့ အဲဒီလူယုတ်မာကို ခေါင်းဖြတ်ဖို့ ကူညီပေးမယ်ဆိုရင် ငါတို့က တပ်မှူးလုကို မြို့တော်ဆီ ဘေးကင်းကင်း ခေါ်သွားလို့ရနိုင်ပြီ…"

မျက်နှာလေးထောင့်နှင့် သက်လတ်ပိုင်းလူက မုန့်ချီနှင့် မိန်းမပျိုတို့ကို ကောင်းတုံအကြောင်း ပြောပြနေခဲ့သည်။

အိမ်လေးထဲတွင် လူ (၃) ယောက်ပုန်းနေကြောင်း တွေ့လိုက်ရ၏။ အနားတွင်တော့ မည်သူမျှမရှိပေ။ ကြည့်ရသည်မှာ လုကွမ်ကလည်း အနားတွင် မရှိကြောင်း သိသာနေ၏။ အကယ်၍ သူတို့ကသာ အစောင့်ခေါင်းဆောင်၏ ယုံကြည်မှုကို ရမည်ဆိုလျှင် လုကွမ်ကို ရှာတွေ့နိုင်ပြီး ပင်မတာဝန်ကို စတင်နိုင်သည်။

မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ တိတ်ဆိတ်နေသော မိန်းကလေး ရွမ်ယုရှုသာ ရှိနေကြောင်း တွေ့လိုက်ရသည်။ ကီဟွေအန်နှင့် ချောင်ကျန်းတို့ကတော့ လော်ရှန်းကျိနှင့်အတူ မြို့တော်ကို သွားနေပုံရ၏။

"တပ်မှူးလုက ဒီကမ္ဘာကြီးထဲမှာ အလေးစားရဆုံး လူတစ်ယောက်ပဲ။ ကောင်းတုံက ဘယ်နေရာမှာရှိလဲဆိုတာ ကျုပ်တို့ကို ပြောပြလို့ရမလား။ ကျုပ်တို့က သူ့ခေါင်းကို ဖြတ်ပေးမယ်…"

မုန့်ချီကတော့ စကားလုံးနှင့် ပြောရမည့်အစား လုပ်ရပ်နှင့် သက်သေပြချင်နေခဲ့သည်။

"စလာကတည်းက ငါက ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုကို တည်ဆောက်ထားဖို့လိုတယ်။ ဒါက မထင်မှတ်ထားတဲ့ ငါ့ရဲ့အပြုအမူတွေကို ဖုံးကွယ်ပေးနိုင်တယ်။ ဓားရှည်နဲ့ ဓားသွားကို ကွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်က သိုင်းလောက အဆင့်အတန်းနှင့် ကိုက်ညီမှာပါ…"

ပေးထားသော ကံကြမ္မာအမှတ်များအရ ကောင်းတုံက အစွမ်းမထက်နိုင်ကြောင်း မုန့်ချီက ခန့်မှန်းမိသည်။ ထို့ကြောင့် ဤတာဝန်၏ အခက်အခဲက တစ်စုံတစ်ခု ဖြစ်နိုင်၏။

အစောင့်ခေါင်းဆောင်က ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းတုံက ယွဲ့ကျိကလန်ရဲ့ ခေါင်းဆောင်ပဲ ။ သူ့အနားမှာ ထိပ်တန်းပညာရှင်တွေ နေ့ရောညပါ ရှိနေတယ်။ သူ့ရဲ့အစွမ်းကလည်း တော်တော်လေး အစွမ်းထက်တယ်။ သူက ထိပ်တန်းသိုင်းပညာရှင်အဆင့်ကို ရောက်ခါနီးနေပြီ ။ ပြီးတော့ သူက ကြောက်တတ်တဲ့အတွက် ကိုယ်ဖော့ပညာနဲ့ ပုန်းအောင်းတဲ့နေရာမှာ ကျွမ်းကျင်တယ်။ သူ့ရဲ့အစောင့်တွေက မင်းတို့ကိုတားဆီးနေတဲ့အချိန် သူက ထွက်ပြေးလိမ့်မယ်။ ယွဲ့ကျိက သူ့ရဲ့နယ်မြေပဲ။ တကယ်လို့ သူသာ တစ်နေရာရာမှာ ပုန်းနေမယ်ဆိုရင် သိုင်းသခင်တွေကတောင် သူ့ကိုရှာတွေ့မှာ မဟုတ်ဘူး။ ငါတို့က သူ့ကို ဓားတစ်ချက်တည်းနှင့် သတ်နိုင်ရင် ပိုကောင်းတယ်…"

ထိုစကားကို ပြောလိုက်ပြီးနောက် မုန့်ချီက စဉ်းစားကြည့်လိုက်သည်။ သို့သော် သူကတော့ ထိပ်တန်းပညာရှင်ဟူသော အဆင့်အတန်းကို မမေးခဲ့ပေ။ ထိုအရာက သူ၏နောက်ကြောင်းကို ပေါ်သွားနိုင်၏။ ကောင်းတုံနှင့် သူ့အစောင့်များ၏ အပြုအမူကိုကြည့်ပြီး သူတို့၏အစွမ်းကို ခန့်မှန်းကြည့်၍ ရနိုင်သည်။

"ဟုတ်တယ်…"

အစောင့်ခေါင်းဆောင်က မုန့်ချီနှင့် ရွမ်ယုရှုတို့ကို ကောင်းတုံ၏ ရုပ်ရည်၊ သိုင်းပညာနှင့် သူ သွားလာတတ်သော နေရာများကို ပြောပြလိုက်သည်။ ထို့နောက် သူက လုမိသားစုမှ သားတစ်ယောက်ဖြစ်ပြီး သူ့နာမည်က လုကျုံးချီဖြစ်ကြောင်း ပြောပြခဲ့သည်။ သူက သူတို့ထက် ပို၍အသက်ကြီးသည့်အတွက် သူတို့က သူ့ကို အစ်ကိုလုဟု ခေါ်နိုင်၏။

မုန့်ချီနှင့် ရွမ်ယုရှုတို့က သူ့ကို နာမည်ပြောပြလိုက်ပြီးနောက် အိမ်ထဲမှထွက်ပြီး လမ်းပေါ်သို့ ခြေချလိုက်သည်။ နွေရာသီသို့ ရောက်နေသော ပင်မကမ္ဘာကြီးထဲရှိ ရာသီဥတုနှင့် ယှဉ်လိုက်လျှင် ဤကမ္ဘာကြီးထဲတွင်တော့ ဆောင်းဦးရာသီသာ ရှိနေသေးသည်။ ညနေခင်းအချိန်တွင်ပင် အလွန်အေးနေသည့်အတွက် မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။

"ဒီလိုအခြေအနေမျိုးမှာ ဘာမှလုပ်စရာမရှိရင် ကောင်းတုံက သူ့ရဲ့ ယွဲ့ချိုးစားသောက်ဆိုင်ကို သေချာပေါက်သွားမှာပဲ။ အဲဒီမှာ သူက အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးလို့ရသလို ကချေသည်တွေနဲ့လည်း ပျော်ပါးလို့ရတယ်။ အဲဒီမှာ သူ့ကို သွားစောင့်ကြစို့…"

မုန့်ချီက သူ့အစွမ်းကို ယုံကြည်ချက် ရှိနေသော်လည်း အစောင့်များစွာ ရှိနေသော လူတစ်ယောက်ကို သိုင်းကွက်တစ်ခုတည်းနှင့် သတ်နိုင်မည်ဟု မသေချာပေ။ ထို့ပြင် သူက ပြိုင်ဘက်၏အစွမ်းကိုလည်း တိတိကျကျ မသိရသေးပေ။

ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီကို ပြုံးပြလိုက်၏။ သို့သော် သူမ၏ အပြုအမူက အနည်းငယ် စိမ်းနေသေးသည်။ သူတို့က စကားများများ မပြောကြဘဲ ယွဲ့ချိုးစားသောက်ဆိုင်ထဲသို့ လျင်မြန်စွာ ဝင်သွားကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့၏ရှေ့၌ ရှိနေသည်မှာ ကောင်းတုံနှင့် သူ့လူများ ဖြစ်နေသည်။ ကောင်းတုံ၏ နဖူးပေါ်တွင် အသားပိုအနည်းငယ် ရှိနေပြီး ကြည့်လိုက်လျှင် ကျားဟူသော စကားလုံး ပုံသဏ္ဍာန် ဖြစ်သည်။ ထို့ကြောင့် သူ့ကို ယွဲ့ကျိကျားဟု နာမည်ပေးထားခြင်းဖြစ်၏။

မုန့်ချီက သူ့ကိုမြင်လိုက်သည်နှင့် မှတ်မိသည်။ သူ၏အနားတွင် လူ (၄)ယောက် ရှိနေပြီး အပြင်ဘက်တွင်တော့ ယွဲ့ကျိကလန်မှ တခြားလူများရှိသည်။ သူတို့က အဖွဲလိုက်သေချာစောင့်ကြပ်နေကြရခြင်းဖြစ်၏။

“သူတို့ရဲ့ပုံစံကို ကြည့်ရတာ တံခါး (၄) ပေါက်အဆင့် ပညာရှင်တွေ ဖြစ်နိုင်တယ်…"

သူက တုကူးဓား (၉) ကွက်ကို ကျွမ်းကျင်ခဲ့သည့် အချိန်ကတည်းကစပြီး မုန့်ချီဆီတွင် အလွန်ထူးချွန်သော အမြင်အာရုံရှိသည်။

ထို့နောက် သူက ရွမ်ယုရှုကိုကြည့်ပြီး ပြောလိုက်သည်။

"နင်က လမ်းအနောက်ဘက်ကို သွားစောင့်နေလိုက်။ အဲဒါဆို ကောင်းတုံ ခုန်ချပြီး ထွက်ပြေးလာတာကို စောင့်နေလို့ရတယ်။ ငါက မိနစ်ဝက်အတွင်း ပြဿနာကို ဖြေရှင်းလိုက်မယ်…"

ထိုအရာက အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားြဖြစ်သည်။ သူ၏ လျှပ်စီးပြောင်းလဲမှု ၊ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် တုကူးဓား (၉)ကွက်တို့ကို သုံးလိုက်မည်ဆိုလျှင် မုန့်ချီက (၁၀) စက္ကန့် (၁၅) စက္ကန့်အတွင်း သူ့ကို ရှင်းပစ်နိုင်ပါလိမ့်မည်။

ရွမ်ယုရှုက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ဒါက နင့်ကို ဒုက္ခပေးဖို့ မလိုဘူးလို့ တွေးမိတယ်…"

"ဘယ်လိုလုပ်မှာလဲ…"

မုန့်ချီက သူမကို သံသယဝင်စွာ လှည့်ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး ကောင်းတုံရဲ့ အခန်းဘေးမှာ အခန်းတစ်ခန်းငှားပေးပါ…"

ရွမ်ယုရှုက တည်ငြိမ်စွာ ပြောလိုက်၏။

မုန့်ချီကလည်း သူမ၏ စွမ်းရည်ကို သိချင်နေသည့်အတွက် သူမတောင်းဆိုနေသည့်အတိုင်း အခန်းတစ်ခု ငှားပေးလိုက်သည်။

အခန်းထဲသို့ ဝင်လာပြီးနောက် မုန့်ချီက စားစရာများကို မှာပြီး ထိုင်လိုက်၏။ ထို့နောက် တစ်ဖက်ခန်းမှ အသံများကို နားထောင်နေခဲ့သည်။ ထိုအခန်းထဲတွင် တေးဂီတသံများ ရှိနေသော်လည်း အသံများက ရှင်းရှင်းလင်းလင်း မကြားရပေ။

"ကောင်းတုံက ဧည့်ခံပွဲတစ်ခု ကျင်းပနေတယ် ထင်တယ်…"

မုန့်ချီက ခန့်မှန်းကြည့်လိုက်၏။

ကောင်းတုံက နံရံနှင့် အဝေးတွင် သတိထား၍ ထိုင်နေသည်။ ထိုသို့ဆိုလျှင် အလွန်သိပ်သည်းသော နံရံကို ဖောက်၍ မှော်လက်နက်များ ၊ သန့်စင်လက်နက်များနှင့် တိုက်ခိုက်ခြင်းကို ရှောင်တိမ်းနိုင်၏။

ရွမ်ယုရှုကတော့ နားကို ထူးဆန်းစွာ လှုပ်ရှား၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက (၇) ကြိုးတပ် တူရိယာကိုတီးရန် စားပွဲပေါ်သို့ တင်လိုက်၏။

"ဒီလိုအချိန်မျိုးမှာတောင် သူက တူရိယာတီးဖို့ ခံစားချက် ရှိနေသေးတယ်…."

မုန့်ချီက ထူးဆန်းသွားသလို ခံစားလိုက်ရ၏။

သူမ၏ တေးဂီတသံက အသံတိုးတိုးနှင့် လေးလံသည်။ ခဏကြာပြီးနောက် အသံကျယ်လာပြီး စူးရှလာခဲ့၏။ ထိုအရာက မြင့်မားသော တောင်တန်းပေါ်မှာ ရေများ စီးကျလာသလိုဖြစ်နေသည်။

ရွမ်ယုရှု၏ လက်ချောင်းလေးများ လှုပ်ရှားလာသည့်အချိန်တွင် သီချင်းသံက တဖြည်းဖြည်း ကျယ်လောင်လာသော်လည်း စူးရှမှုတော့ မရှိချေ။

ကောင်းတုံနှင့် သူ့လူများက စားပွဲဝိုင်း၏ ဘေး (၂) ဖက်တွင် ထိုင်နေကြပြီး ပုလွေမှုတ်နေသော ကချေသည်များ၏သီချင်းသံကို နားထောင်နေခဲ့သည်။ သူမ၏ ဂီတသံက အခန်းထဲသို့ ရောက်လာသည့်အချိန်တွင် အလွန်အားနည်းသောအသံကြောင့် ကောင်းတုံက နှောက်ယှက်သည်ဟု မခံစားရပေ။

သူက ဂီတအကြောင်း သေချာမသိသည့်အတွက် သူမ၏ တေးဂီတသံက အလွန်နားထောင်ကောင်းသည်ဟု ခံစားမိခဲ့ပြီး ဂီတသံနှင့်အတူ ခန္ဓာကိုယ်က လိုက်ပါလှုပ်ရှားနေခဲ့သည်။ ထိုအရာက သူနှင့် တစ်သားတည်း ရှိနေသလို ထင်မှတ်ရသည်။

ရုတ်တရက်ဆိုသလို ဂီတသံက ကျယ်လောင်လာပြီး ကောင်းတုံ၏ နှလုံးခုန်သံကလည်း ကျယ်လောင်လာခဲ့သည်။ ဂီတသံက တဖြည်းဖြည်းပို၍ ကျယ်လောင်ပြီး လျင်မြန်လာသည့်အချိန်တွင် ကောင်းတုံ၏ နှလုံးခုန်သံကလည်း လျင်မြန်လာခဲ့၏။ သူ၏ဦးနှောက်ထဲတွင်လည်း သွေးများစီးကျလာနေပြီး တစ်စုံတစ်ခု ပြောချင်နေသော်လည်း မည်သည့်အရာမျှ မပြောနိုင်ခဲ့ပေ။ မျက်လုံးများက ဝေဝါးသွားခဲ့သည်။

“ဗုန်း.......”

သူမ၏ ရှေးဟောင်းတူရိယာဆီမှ အသံတစ်ခု ထွက်ပေါ်လာသည့်အချိန်တွင် သတ်ဖြတ်ရေးစွမ်းအားတစ်ခုက ကျောက်တုံးတစ်ခုကို ထိုးဖောက်သွားသလို ဖြစ်သွားသည်။

“ဝုန်း.....”

ကောင်းတုံကတော့ နှလုံးပျက်စီးသွားခဲ့သည်။ သူက စားပွဲပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့သည့်အတွက် ဖန်ခွက်များ ကွဲသွားပြီး အခန်းထဲတွင် အရက်နံ့များ ပျံနှံ့နေခဲ့သည်။

"ဆရာကြီး…"

အနားတွင် ရှိနေသော အစောင့်များက သူ့ဆီကို ပြေးသွားကြ၏။ ထိုအချိန်တွင် သူက မျက်လုံးပြူး၍ သေဆုံးနေကြောင်း တွေ့လိုက်ရသည်။ သူ၏ပါးစပ်မှနေ၍ သွေးများ စီးကျလာနေခဲ့၏။

"ဆရာကြီးက အကြောင်းအရင်းမရှိဘဲ သေသွားတယ် ။ တော်တော်ထူးဆန်းတာပဲ.."

အခန်းထဲတွင်တော့ ကောင်းတုံမှလွဲလျှင် အရာအားလုံးက သာမန်သာဖြစ်သည်။

ရွမ်ယုရှုက တူရိယာ တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး နဖူးပေါ်တွင် အနည်းငယ် ချွေးစို့နေခဲ့၏။ သူမက မုန့်ချီကို ပြောလိုက်၏။

"အဆင်ပြေသွားပြီ…"

မုန့်ချီကလည်း အနည်းငယ် အံ့သြသွားခဲ့သည်။ လန်းယာ့တွင် နေထိုင်သော ရွမ်မိသားစုက အထက်တန်းလွှာမိသားစု (၁၄)ခုထဲမှ တစ်ခုဟု ပြောထိုက်သည်။ သူတို့တွင် ကိုယ်ပိုင်ထူးခြားမှုများ ရှိနေ၏။

ထိုအချိန်တွင် စားပွဲထိုးလူငယ်က သူတို့ဆီသို့ စားစရာများ လာပို့ပေးသည်။ တစ်ဖက်အခန်းနှင့် အပြင်ဘက်တွင်တော့ ကမ္ဘာပျက်သည့်ပမာ ဆူညံနေကြ၏။ တစ်ချို့က သူတို့အခန်းသို့ လာရောက်စစ်ဆေးကြည့်လိုက်ရာ ချစ်သူ ရည်းစား (၂)ယောက် စားသောက်နေသည်ကိုသာ တွေ့သွားကြသည်။ သူတို့က အခန်းနံရံနားသို့ ကပ်နေခြင်းလည်း မရှိသည့်အတွက် စစ်ဆေးသူများက ထွက်သွားကြ၏။

သူတို့က ကောင်းတုံ သေဆုံးရသည့်အကြောင်းအရင်းကို အဖြေမရှာနိုင်ကြပေ။ ထို့ကြောင့် လူသတ်သမားကို ရှာဖွေရန် ခက်ခဲနေသည်။ ဘေးအခန်းတွင် ရှိနေသော မုန့်ချီ၊ ရွမ်ယုရှုတို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် စားပွဲထိုးကောင်လေးများ ၊ စားဖိုမှူးများနှင့် တခြားသူများက ပို၍ သံသယဝင်ခံနေရသည်။

"ဒုတိယ သီးခြားတာဝန်ပြီးဆုံးသွားပြီ။ တစ်ယောက်ကို ကံကြမ္မာအမှတ် (၅၀)ဆီရမယ်.."

သံသရာအရှင်သခင်၏အသံကို သူတို့၏ နားထဲတွင် ကြားလိုက်သည်။

စားစရာများကို စစ်ဆေးလိုက်ပြီးနောက် မုန့်ချီက စားစရာများကို အေးအေးဆေးဆေး စားလိုက်၏။ ခဏကြာ စားနေပြီးနောက် ရွမ်ယုရှုက သူ့ကိုစိုက်ကြည့်နေပြီး တူကိုပင် ကိုင်မကြည့်ကြောင်း တွေ့လိုက်ရသည်။ သူမက စားပွဲပေါ်တွင် ရှိနေသော စားစရာများကိုသာ ကြည့်နေခဲ့၏။

"ဘာလို့မစားသေးတာလဲ။ ငါက နင့်ကို ဒကာခံပါ့မယ်…"

မုန့်ချီက အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး အပြုံးနှင့် ပြောလိုက်သည်။

ရွမ်ယုရှုက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး တူကိုယူ၍ စားလိုက်၏။ သူမ၏ အပြုအမူက ငြင်သာသော်လည်း အရှိန်က အလွန်လျင်မြန်လှသည်။ သူမက တခဏအတွင်း စားစရာ တစ်ဝက်နီးပါးခန့် စားလိုက်၏။ မုန့်ချီကတော့ (၇)လုတ် (၈)လုတ်ခန့်သာ စားရသေးသည်။

"နင်…."

မုန့်ချီက ရွမ်ယုရှုကို အံ့အားသင့်စွာ ကြည့်နေမိခဲ့ပြီး ထိုမိန်းကလေးဆီတွင် ထိုကဲ့သို့ အပြုအမူမျိုး ရှိလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။ ရွမ်ယုရှု၏ မျက်နှာလေးက အနည်းငယ် နီရဲနေ၏။ သူမက ခေါင်းမော့ပြီး ပြောလိုက်သည်။

"နင်က ဒီတစ်ကြိမ် ဒကာခံမယ်လို့ပြောတယ်လေ။ အဲဒါကြောင့် ငါက အလုပ်နဲ့ ချက်ချင်း သက်သေပြလိုက်တာ…"

Translated by Hein Htet.

All Chapters