← Chapters

ကိုယ်အင်္ဂါ အစိတ်အပိုင်းသပ်သပ်ပဲ

Vol. 97 Ch. 1441

ကိုယ်အင်္ဂါ အစိတ်အပိုင်းသပ်သပ်ပဲ

Vol. 97 Ch. 1441

ရဲကားများ ရောက်လာကတည်းကပင် နီကျန်းရန်သည် ဤနေရာတွင် မတ်တပ်ရပ်နေလျက် ရှိပြီး လင်းရီ ဖမ်းခေါ်ခံသွားရမည်ကို မြင်တွေ့ချင်နေသည်။

နာရီဝက်မျှကြာပြီးနောက် လူများက ရဲကားထံ တစ်ယောက်ပြီး တစ်ယောက်ခေါ်ဆောင်ခြင်း ခံလာခဲ့ရ၏။

“ ဘာတွေ ဖြစ်နေတာလဲ…”

နီကျန်းရန် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်၏။

လင်းရီက ဓားကိုင်ပြီး လူသတ်မှုကျူးလွန်လို့ ဖမ်းခေါ်သွားရမှာ မဟုတ်ဘူးလား…

ဘာလို့ တစ်ခါတည်းနဲ့ အဲ့လောက် လူအများကြီး ခေါ်လာနေရတာလဲ…

တစက္ကန့်လောက် စဉ်းစားပြီးနောက် နီကျန်းရန် အကြောင်းအရာတစ်ခုကို ပြန်အမှတ်ရလာခဲ့၏။

လင်းရီက ဓားကိုင်ဆောင်၍ လူသတ်မှု ကျူးလွန်သော်လည်းပဲ လုပ်ထုံးလုပ်နည်းများအရ စွန်းမန်ကျားနှင့် ကျန်သူများကလည်း စုံစမ်းစစ်ဆေးမှု ခံယူရပေမည်။

ထိုအကြောင်းကို စဉ်းစားမိတော့ နီကျန်းရန် နှစ်ခြိုက်စွာ ပြုံးလျက် သူ၏ ထိုင်ခုံသို့ ပြန်သွားထိုင်လိုက်သည်။

အခန်းထဲတွင် မီးသီးတစ်လုံးတည်းသာလျှင် ရှိပြီး သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးက ပိုလို့တောင် မိစ္ဆာဆန်သွားစေတော့သည်။

“ လင်းရီ လင်းရီ… မင်း သိပ် အထင်ကြီးဖို့ ကောင်းတဲ့ကောင်မဟုတ်လား… ခုတော့ ငါ ကစားတာကို ခံလိုက်ရပြီ… မင်းကများ ငါ့အမျိုးသမီးကို လာလုဝံ့နေတယ်ပေါ့… မင်း ဘယ်လိုသေသွားလိုက်မှန်း မသိဘဲတောင် ငါမင်းကို သတ်ပစ်လိုက်လို့ရတယ်…”

လက်ထဲရှိ ဆေးလိပ်ကို ဘေးသို့ ချထားရင်း နီကျန်းရန် သီချင်းလေး တညှောင်ညှောင်ဖြင့် အန်းနင်၏ နံပါတ်ကို နှိပ်လိုက်သည်။

“ နင်နင် … မင်း လူနာခန်းထဲမှာ ရှိနေတုန်းလား… ငါ အခု အားလို့ အဲ့တာ မင်းဆီ လာတွေ့မလို့ လုပ်နေတာ…”

“ မလိုဘူး… ငါ အခု အိမ်ပြန်နေပြီ…”

“ အာ… ဒီလောက်နောက်ကျနေပြီကို ဘာလို့ တစ်ယောက်တည်း ပြန်သွားရတာတုန်း… ပြန်မယ်ဆိုလည်း ငါ့ဆီ ဖုန်းဆက်ရောပေါ့… ခု ရောက်တဲ့နေရာမှာ စောင့်နေ… ငါလာကြိုပေးမယ်…”

“ ဘေးမှာ လင်းရီပါတယ်… မလိုဘူး ရတယ်…”

“ လင်းရီက မင်းဘေးမှာ ဟုတ်လား…”

နီကျန်းရန်၏ ခန္ဓာကိုယ် ချက်ချင်း တောင့်တင်းသွားခဲ့သည်။ “ သူ့ကို ရဲဖမ်းသွားပြီ မဟုတ်ဘူးလား… မင်းနဲ့ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ…”

“ မင်းကို စိတ်ပျက်အောင် လုပ်မိတာတော့ စိတ်မကောင်းဘူးကွာ… ရဲတွေ ခေါ်သွားတဲ့လူက စွန်းမန်ကျားနဲ့ သူ့လူတွေကိုပဲ… ငါ့ကိုတော့ သောက်ချောကြီးမို့ မဖမ်းတော့ဘူးတဲ့…” လင်းရီ ဖုန်းထဲ၌ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ သူတို့တွေ အဖမ်းခံလိုက်ရပြီပေါ့…”

“ ဟုတ်တယ်… မင်းတော့ စိတ်ပျက်သွားရမှာပဲ..”

ဘန်း….

နီကျန်းရန် စကားတစ်ခွန်း အပိုမပြောဘဲ ဖုန်းတန်းချပစ်လိုက်သည်။ သူ၏ မျက်နှာက ဖြူလျော်နေပြီး နဖူးထက်တွင်လည်း ချွေးအေးများ စို့နေသည်။

“ ဒါ မဖြစ်နိုင်ဘူး… ဒါ လုံးဝ မဖြစ်နိုင်ဘူး…”

“ လူတွေ အဲ့လောက်အများကြီး သူ ဓားကိုင်ပြီး ထွက်လာတာ မြင်ခဲ့တာကို ဘယ်လိုလုပ် အဆင်ပြေနေရတာလဲ…”

“ သူက ဟွာရှ ဆေးအဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူးဆိုရင်တောင် ဒီလိုမျိုး အခွင့်ထူးရစရာ အကြောင်း မရှိဘူး… ဘာလို့လဲ… ဘုရင့်ဝတ်ရုံ ရထားလို့လား … ဟာသပဲ…”

နီကျန်းရန်၏ မျက်လုံးသွေးကြောတို့က နီရဲနေပြီး အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေကာ မည်မျှပင် စဉ်းစားစေကာမူ အဖြေရှာမရနိုင် ဖြစ်နေသည်။

ချလပ်…

ရုတ်တရက် ပွင့်ဟလာသည့် တံခါးဖွင့်သံက နီကျန်းရန်၏ အတွေးရေယာဉ်ကြောကို နှောင့်ယှက်သွားခဲ့၏။

သူတွေးထားခဲ့သည်မှာ တာဝန်ကျ နာ့စ်တစ်ဦး ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း ယူနီဖောင်းနှင့် ရဲအရာရှိ တစ်ဦး အထဲသို့ ဝင်လာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။

“ အရာရှိကြီးက ဒီကို ဘာအကြောင်းရှိလို့လဲ…”

“ မင်းက ရဲကို ဖုန်းဆက်ပြီး လှမ်းတိုင်တဲ့ နီကျန်းရန်ပဲ ဖြစ်ရမယ်… ငါပြောတာ မှန်လား…”

“ ဟုတ် ဟုတ်ပါတယ်… ကျွန်တော်ပါပဲ…”

“ ငါနဲ့ လိုက်ခဲ့…”

ချိန်လီရှန်းသည် နီကျန်းရန်ကို ပေါက်တတ်ကရ စကားများ ပြောရန် အခွင့်အရေးမပေးဘဲ ချက်ချင်း လက်ထိပ်ခတ်ပေးလိုက်၏။

“ အရာရှိကြီး… မင်း ဒါဘာလုပ်တာလဲ… ငါက ဒီတိုင်း ရဲကို ဖုန်းဆက်ရုံပဲ ဆက်လိုက်တာလေ… ဘာ တရားမဝင်တာ လုပ်မိလို့လဲ…”

“ ရဲကို ဖုန်းဆက်တာက တရားမဝင်တာ မဟုတ်ဘူး… ဒါပေမယ့် မင်း စွန်းမန်ကျားကို သိတယ်မလား… အေး .. ဒီတော့ သူတို့ ဒီကို ဘယ်လိုရောက်လာလဲဆိုတာကိုရော မင်းသိရမှာပေါ့…” ချိန်လီရှန်း နီကျန်းရန်ကို ကြည့်၍ ပြောလိုက်ပြီး “ ငါ တခြား ထပ်ပြောစရာ လိုသေးလား…”

……….

နီကျန်းရန် ဖုန်းဆက်လာခဲ့သည့် အချိန်တွင် အန်းနင်က အခန်းကတ် လက်ခံပြီးခါစဖြစ်ပြီး ထို့နောက် နှစ်ယောက်အတူ အခန်းသို့ ဦးတည်လာကြသည်။

“ မင်းကိုယ်မင်း ငါနဲ့ ဘာလုပ်နေတယ်လို့ထင်လဲ… မင်း အခု လုပ်နေတာက ငါတို့နှစ်ယောက်ကို ဖောက်ပြန်နေတယ် ထင်ရအောင် လုပ်နေတာနော်…”

“ ငါကတောင် မကြောက်တာကို နင်က ဘာတွေလဲ ကြောက်နေတာ…” အန်းနင် ပြောလိုက်ပြီး “ ခုလောလောဆယ် ကိစ္စလေးတစ်ချို့ ရှိနေလို့… ဒါကြောင့်မို့ ငါ့ကို ခဏလောက် အချိန်ပေး ဟုတ်ပြီလား… ပြီးရင် ငါ သွားပြီး ကိစ္စတွေကို ရှင်းအောင် လုပ်မယ်… တစ်ယောက်နဲ့ တစ်ယောက် အချိန် ထပ်ဖြုန်းမနေတော့ဘူး…”

“ အိုး … မင်း အဲ့ကိစ္စကို အလွယ်လေး ပြောထွက်နေတယ်ပေါ့…”

“ တော်ပြီ… ငါ့ အကြောင်း ထပ်မပြောနဲ့တော့…” အန်းနင် သူမ ခေါင်းကို လှည့်ကြည့်လာပြီး သူ့ကို အစုံအဆန် အကဲခတ်လိုက်ကာ “ နင် ပြောတာ နင် ခုလေးတင် သူ့ကို စိတ်ပျက်စေမိပြီလို့ ပြောတယ်နော်… အဲ့တာ ဘာစကားတုန်း…”

“ ဘာလို့ဆို ရဲခေါ်ခဲ့တာ သူလေ… ရိုးရိုးလေးပဲ…”

“ သူ… သူက ရဲကို ဖုန်းခေါ်ခဲ့တယ်….”

အန်းနင်၏ မျက်နှာအမူအရာသည် စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီး “ အဲ့ကောင်ကတော့ တကယ့်ကို မျှော်လင့်ချက်မဲ့နေပြီပဲ.. ငါ သူနဲ့ တစ်နှစ်ကျော်လောက် အတူတွဲလာခဲ့တာတောင် သတိမထားမိခဲ့ဘူး…”

“ ထားလိုက်ပါ… မင်းတို့နှစ်ယောက်က ခုလည်း လမ်းခွဲကြတော့မှာပဲ မလား…” လင်းရီ အညောင်းဆန့်လိုက်ပြီး “ မင်းတို့နှစ်ယောက်သာ အတူမအိပ်ခဲ့ဘူးဆိုရင်‌ မင်းဘက်က ဆုံးရှုံးစရာ သိပ်မရှိပါဘူး…”

“ အင်း…” အန်းနင် ခေါင်းညိမ့်လိုက်ပြီး “ နောက်ကျနေပြီ… နင်လည်း သွား နားတော့…”

နောက်တစ်နေ့ နံနက်ခင်းတွင် အန်းနင် ဖုန်းဆက်လာတော့ လင်းရီ အိပ်ချင်မူးတူး ဖြစ်လို့နေသည်။

“ စောစောစီးစီး ဘာတုန်း…”

“ အလုပ်သွားဖို့ အချိန်ရောက်ပြီလေ…”

“ ငါ ဘယ်တုန်းက ဒီအချိန်ကြီး အလုပ်သွားဖူးလို့… ငါ အိပ်ရာကနေ နိုးလာတဲ့ အချိန်မှ ဆက်ပြောကြမယ်…”

“ နင် မသွားဘူးဆိုရင်တောင် ငါက သွားရမှာပဲ… မြန်မြန် ထမင်းစားဖို့ ထတော့…”

ပြောပြီးနောက် အန်းနင် ဖုန်းချသွားခဲ့သည်။ လင်းရီလည်း သူ၏ နဂို အိပ်ချင်စိတ်လေးများ ပျောက်ရှသွားခဲ့ရ၏။ ထို့ကြောင့် မျက်နှာသစ် သွားတိုက်၍ အဝတ်စားလဲကာ စင်တာသို့ သွားရန် ပြင်ဆင်လိုက်လေသည်။

သူ့ဘက်က မနက်အစောကြီး ထသည် ဆိုသော်လည်းပဲ လီစီကျင်းကို သွားရှာတော့ သူမက မရှိတော့ပြီကို လင်းရီ မြင်တွေ့လိုက်ရသည်။

မနက်စာ စားပြီးနောက် နှစ်ယောက်သား တက္ကစီစီး၍ စိုက်ပျိုးရေး သုတေသန စင်တာသို့ ရောက်ရှိလာပြီး အလုပ်ကိုယ်စီသို့ ဦးတည်လိုက်ကြ၏။

သို့သော် လင်းရီက သင်ယူ လေ့လာရေး ကိစ္စများသာ မေးမြန်းပြီး အခြားသော ကိစ္စများကို စိတ်ပူနေစရာ မလိုချေ။

နောက်နှစ်ရက်ထိတိုင်အောင် လင်းရီ၏ ဘဝက တည်တည်ငြိမ်ငြိမ်နှင့် ရှိ၏။ အခြားသူများကလည်း ပြဿနာ လာမရှာကြဘဲ နေထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိနေတော့သည်။

အန်းနင်က လင်းရီနှင့် လီစီကျင်းတို့အတွက် မြောက်ပိုင်း အထူး စားစရာများဖြစ်သည့် ကြေးအိုး စတူး ၊ အသီးချဉ် စတူး၊ မှိုနှင့် ကြက်သားစတူးတို့ကိုလည်း မြည်းစမ်းကြည့်ရအောင် စီစဉ်ပေး၏။ လီစီကျင်းက အားလုံးကို ပျော်ပျော်ကြီး သုံးဆောင်ခဲ့လေသည်။

ဤအတောအတွင်း မြောက်ပိုင်း၌ နှင်းတို့က ထူထဲသိပ်သည်းစွာ ကျဆင်းနေခဲ့ပြီး လမ်းများနှင့် လမ်းကြားလေးများက နှင်းတို့ဖြင့် ဖုံးလွှမ်းထားသည်။ လီစီကျင်းက ညသို့ ရောက်လျှင် ချက်ချင်း မအိပ်သေးဘဲ ပြတင်းပေါက်၌ ထိုင်နေရင်း အပြင်ဘက်၌ ကျဆင်းနေသည့် နှင်းများကို သန်းခေါင်ကျသည်အထိ ငေးကြည့်နေတတ်၏။ ထို့နောက် ၊ နောက်တစ်နေ့ နံနက်တွင် နှင်းလူရုပ် ဖန်တီးပြီး နှင်းဘောလုံး တိုက်ပွဲများ၌ ဝင်ပြီး ဆင်နွှဲသည်။

လင်းရီလည်း နှင်းတောထဲ၌ မိချောနှစ်ယောက် ကိုယ်တစ်ယောက် အရသာကို မဆိုးဟု ခံစားမိ၏။ တိုက်ခိုက်ချေမှုန်းရေး နည်းလမ်းဖြင့် ဆိုရမည်ဆိုပါက နှင်းတော စစ်မြေပြင်တွင် သူက အမျိုးသမီးနှစ်ယောက်ကို နှစ်ကြိမ်ဆက် သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။

အထူးသဖြင့် ချိန်ရွယ်ခြင်း၌ သူမ၏ တိုက်ခိုက်ရေး စွမ်းအားသည်သာလျှင် ချေမှုန်းခံလိုက်ရသည် မဟုတ်ဘဲ သူမ၏ အတွင်းခံများပါမကျန် နှင်းများဖြင့် ပြည့်နှက်သွားခဲ့၏။

“ အား… ငါ့ လက်ထဲမှာ ဓားကိုင်ထားရင် နင့်ကို ချက်ချင်း သတ်ပစ်တယ် သိလား…”

“ ဘာလို့ အဲ့လောက်ထိ ကြမ်းတမ်းနေရတာလဲ… မိန်းကလေးဖြစ်ပြီးမှ ငါ့လို သိမ်သိမ်မွေ့မွေ့ နေစမ်း…”

“ နင် ငါ့ အင်္ကျီ အတွင်းထဲ နှင်းတွေ မသိပ်ထည့်ဘူးဆိုရင် နင့်လိုပဲ သိမ်မွေ့ပေးမယ်…”

“ ဒီတိုင်း နှင်း နည်းနည်းလေးကို ခဏဆို ခြောက်သွားမှာပေါ့…”

ရုံးခန်းထဲတွင် လင်းရီ သူ၏ ရှူးဖိနပ်ကို ချွတ်၍ ဟီတာပေါ်တွင် ခေတ္တမျှ အခြောက်ခံရန် လုပ်လိုက်သည်။

“ ငါ့တစ်ကိုယ်လုံး နှင်းတွေချည်းပဲ…”

“ ဒါဆိုလည်း အကုန်ချွတ်လိုက်ပေါ့… ဘာတွေ စိုးရိမ်နေတာ..” လင်းရီ ပြောလိုက်ပြီး

“ မပူနဲ့… မင်း ဆိုဒ်ရှိတဲ့ မိန်းကလေးမျိုးကို ငါ ဘာ အတွေးမျိုးမှ တွေးမိမှာ မဟုတ်ဘူး… မင်းငါ့ရှေ့မှာ ကိုယ်တုံးလုံးနဲ့ နေရင်တောင် ငါ့အတွက်တော့ ဒီတိုင်း ကိုယ်အင်္ဂါ အစိတ်အပိုင်း သပ်သပ်ပဲ…”

“ ငါ့ ဓား ဘယ်ရောက်သွားလဲ…”

ကလင် ကလင် ကလင်…

အန်းနင်၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။

“ အမေ….”

“ သမီး … နင် အလုပ်များနေလား…”

“ မများဘူး အမေ… ဘာဖြစ်လို့လဲ…” အန်းနင် စိတ်ပူစွာ မေးလိုက်ပြီး “ အ‌ဖေ တစ်ခုခု ဖြစ်သွားလို့လား…”

“ နင့်အဖေက အဆင်ပြေတယ်… တခြား မဟုတ်ဘူး .. နီကျန်းရန်နဲ့ သူ့မိဘတွေ ဆေးရုံ ရောက်လာခဲ့လို့…”

“ အဖေ့ကို လာကြည့်တာလား..” သူမ၏ ဆံပင်ကို ဖြည်၍ အခြောက်ခံလိုက်ရင်း “ သူတို့ ပေးတာတွေ ဘာဆိုဘာမှ လက်မခံနဲ့နော် အမေ… ပြီးရင် မြန်မြန် ပြန်မောင်းထုတ်လိုက်…”

“ နင့်အဖေကို လာကြည့်ကြတာဆိုပေမယ့် သူတို့ ဒီ တစ်ခေါက် လာရင်း အဓိက ရည်ရွယ်ချက်က သားရေး သမီးရေး ဆွေးနွေးဖို့တဲ့… နင်လည်း ဒီမှာ ရှိမနေတော့ အမေလည်း ဘယ်လို ပြောရမလဲ မသိဘူး… နင် ဆေးရုံကို ချက်ချင်း လာလို့ရလား…”

“ သားရေး သမီးရေး ဆွေးနွေးဖို့…”

အန်းနင် ကြက်သေသေသွားခဲ့လေသည်။

အဲ့လူတွေက ဘာတွေ စဉ်းစားနေကြတာလဲ…

အရင် ကိစ္စတောင် မဖြေရှင်းရသေးတာကို လက်ထပ်ဖို့ ကိစ္စ လာကမ်းလှမ်းနေတယ်ပေါ့…

ပြီးတော့ သူမ အဖေ ဆေးရုံတင်ထားရတဲ့ အချိန်ကြီးမှာကိုလေ…

“ အမေလည်း မတွေးတတ်တော့ဘူး… သူတို့ကလည်း ဘာလို့ ဒီအချိန်ကြီးကျမှ လာခဲ့ကြလည်း မသိပါဘူးအေ…” လျိုကွေ့ချင် သက်ပြင်းချလိုက်ပြီး “ နင် အားတယ်ဆို လာခဲ့လိုက်… အမေတော့ ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ဘူး…”

All Chapters