လေက လွင်ပြင်ကို တိုက်ခတ်သွားတဲ့အခါ
Vol. 97 Ch. 1442
“ သမီးကို ဆေးရုံမှာ စောင့်နေ… အခု ချက်ချင်း ထွက်လာနေပြီ…”
ဖုန်းချပြီးနောက် အန်းနင် သူမ၏ ပစ္စည်းများကို သိမ်းဆည်း၍ ဆေးရုံသို့ သွားရန် ဟန်ပြင်သည်။
“ ဘာလဲ ဖြစ်တာ… နီကျန်းရန် ဆေးရုံ ပြန်ရောက်လာတာလား…”
“ ငါ ဒင်းကို သွားသတ်မလို့…”
အန်းနင် ဒေါသတကြီးဖြင့် သူမ၏ ခြေထောက်ကို ဆောင့်လိုက်ပြီး “ ငါ့အဖေက ခုထိ ဆေးရုံမှာ လဲနေရတာကို သူက ငါ့အမေဆီလာပြီး ငါနဲ့ လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးချင်တယ်တဲ့… သူ့ မိသားစုက ဘယ်လိုတွေ စဉ်းစားနေမှန်း ငါ နားမလည်နိုင်တော့ဘူး … အရမ်း စိတ်တိုတာပဲ…”
“ ဟင်….”
လင်းရီ နီကျန်းရန်ကို နည်းနည်း လေးစားသွားခဲ့ရသည်။
ထိုနေ့က လင်းရီ လီချိန်ရှန်းအား သူ့ကို ဖမ်းဆီးပြီး မှတ်သားလောက်သည့် သင်ခန်းစာ ပေးရန် ညွှန်ကြားခဲ့၏။ သူ တွေးထားခဲ့သည်မှာ အထဲက ထွက်လာပြီးနောက် ပို၍ နာနာခံခံ ရှိသွားလိမ့်မည် ဟူ၍ပင်။ သို့သော် ထွက်လာပြီးသည့်နောက် ၊ နောက်တစ်ကြိမ် ထပ်မံ၍ ပြဿနာ လာရှာနေဦးမည်လို့ ထင်မှတ်မထားခဲ့ချေ။
ဒီကောင်က မသေနိုင်တဲ့ ပိုးဟပ်လိုပဲ..
“ ဒါဆိုလည်း ဖြည်းဖြည်းမောင်းဦး … အပြင်မှာ နှင်းတွေပိတ်နေတာ…” လင်းရီ သမ်းဝေလိုက်ပြီး “ မင်း ရုံးခန်းထဲက ခေါက်ကုတင်လေး ငါ့ ငှားဦးနော်.. နှင်းဘောလုံး တိုက်ပွဲ တိုက်ထားရတာဆိုတော့ ပင်ပန်းနေပြီ… နေ့လည်နေ့ခင်း အားရှိအောင် တစ်ရေး အိပ်ဦးမယ်…”
“ မအိပ်ရဘူး… နင် ငါနဲ့ လိုက်ခဲ့…”
“ ဘာလိုက်လုပ်ရမှာ… မင်းရဲ့ ဟန်ဆောင် ကောင်လေး လိုက်လုပ်ပေးရမှာလား…”
“ မေးဖို့ လိုသေးလို့လား…” အန်းနင် ချက်ကျလက်ကျဖြင့် “ အချိန်ကျရင် နင့်မိသားစုက ကျိကျိတက် ချမ်းသာတယ်ဆိုတာ သူတို့ကို ပြောပြလိုက်… ပြီးရင် နင်က ငါနဲ့လည်း အိပ်ပြီးပြီလို့… အကုန်အကုန် ချဲ့ကားပြီးသာ ပြောလိုက်ဟာ… အဲ့လိုဆို သူတို့တွေ နောက်ဆုတ်သွားလိမ့်မယ်….”
စနစ် ပိုင်ဆိုင်ထားသည့် လူတစ်ယောက်အနေနှင့် လင်းရီ ယခုလို အခြေအနေမျိုး ရင်ဆိုင်နေရသည့် လူတော်တော်များများကို ကူညီပေးခဲ့ဖူးသည်။ ၎င်းတို့ တော်တော်များများက များသောအားဖြင့် တုံ့ဆိုင်းနေပြီး အချိန်တွေဆွဲနေကာ အကြောင်းပြချက် တစ်ခုပေးရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရလေသည်။
သို့သော် အန်းနင်ကတော့ ကွဲပြား၏။ သူမက ထိုအတိုင်း ပြောလိုက်ပြီး သူ့ကို သူမ၏ ကောင်လေး အဖြစ် ဟန်ဆောင်ပေးရန်ပြောကာ ချဲ့ကားပြီးလည်း ပြောခိုင်းသည်။
“ မင်း အဲ့လိုပြောစေချင်တာ သေချာပြီလား… အဲ့လို လုပ်လိုက်ရင် မင်းက ဥစ္စာမက်တဲ့ မိန်းမတစ်ယောက်လိုမျိုး ဖြစ်သွားမှာပေါ့…”
“ ကိစ္စမရှိဘူး..” အန်းနင် ပြောလိုက်ပြီး “ နင့် ပါးစပ်က နင့်အပိုင်ပဲ … နင် ပြောချင်တာသာ ပြော…”
“ ငါက မင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးသလို ဖြစ်သွားမှာ မဟုတ်ဘူးလား…. မင်းက မိန်းကလေးလေ… နောက်ကွယ်မှာ သူများတွေ မင်းအကြောင်း ဟိုလို ဒီလို အတင်းတုပ်ကြမှာကို မကြောက်ဘူးလား…”
“ အဲ့တာတွေ ကြောက်နေတော့ရော ဘာထူးမှာမို့လို့… ငါမှ မလုပ်နဲ့လို့ ထိန်းချုပ်လို့မှ မရတာ…” အန်းနင် ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့လို ပြောတာ လက်ပူးလက်ကြပ် မိလို့ကတော့ သွားပြီး မျက်နှာ ဖြတ်ရိုက်ပစ်လိုက်မယ်… မမိရင်တော့ ငါ တတ်နိုင်တာလည်း မရှိဘူး… “
အန်းနင်၏ စိတ်နေစရိုက်က လင်းရီ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေတော့သည်။
ထိုကဲ့သို့ ကြောင့်ကြမဲ့ပြီး တည့်တိုးဆန်သည့် အကျင့်စရိုက်က တော်တော်လေး သဘောကျဖို့ ကောင်း၏။
“ အံ့ဩစရာပဲ… ငါတောင် မင်းဆီကနေ ပြန်သင်ယူရဦးမယ်…”
“ သဘောရှိ… ဒါပေမယ့် ကျူရှင်ကြေး ပေးဖို့တော့ မမေ့နဲ့ပေါ့…”
အန်းနင် ပြုံးလိုက်ရင်း သူမ ရုံးခန်း အံဆွဲထဲကနေ အနက်ရောင် plush legging အသစ် တစ်စုံကို ထုတ်ယူလိုက်သည်။ ထို့နောက် လင်းရီကို ကျောပေးထားရင်း နှင်းဘောလုံး တိုက်ပွဲကြောင့် ရွှဲရွှဲစိုနေပြီး ဖြစ်သည့် သူမ၏ စတော်ကင် အဟောင်းကို လဲလှယ်ရန် ဟန်ပြင်လိုက်လေသည်။
စစချင်းတုန်းကတော့ သူမ လင်းရီ ထွက်အသွားကို စောင့်ပြီးမှ လဲချင်ခဲ့သော်လည်း ယခုတော့ အခြေအနေက အရေးပေါ် ဖြစ်နေသဖြင့် ဂရုစိုက်မနေနိုင်တော့ချေ။
ဆန့်ကျင်ဘက် လိင်နှစ်ခု ကြား၌ ဆွဲဆောင်မှု အရှိဆုံး အခိုက်အတန့်က လူတစ်ယောက်က အဝတ်အစား ကင်းမဲ့နေသည့် အချိန်တွင် မဟုတ်ဘဲ တစ်စုံတစ်ယောက်က ဖုံးကွယ်ထားချင်သော်လည်းပဲ မပေါ့်တပေါ် လှစ်ဟာပြထားရသည့် အခိုက်အတန့်ပဲ ဖြစ်၏။
အန်းနင်၏ လက်ရှိ ဘောင်းဘီလဲနေသည့် လှုပ်ရှားမှုက လူတစ်ယောက်ကို စိတ်ကူး စိတ်သန်းရိုင်းများ ဖြစ်ပေါ်လာစေရန် လုံလောက်လေသည်။
“ သေစမ်း…”
လင်းရီ ကျိန်ဆဲပြီး ရုံးခန်းထဲက ထွက်ခွာသွားခဲ့၏။
သူမ၏ ဘောင်းဘီကို ချွတ်နေရင်း တန်းလန်းဖြင့် အန်းနင် လင်းရီကို လှည့်ကြည့်လိုက်သည်။ “ နင်က ကောင်မလေး တစ်ယောက် ဘောင်းဘီလဲမှာကို ကြည့်ဖို့တောင် စိတ်မဝင်စားဘူးပေါ့… နင့်ရဲ့ လိင်တိမ်းညွှတ်မှုက ပြဿနာ ရှိမနေဘူးဆိုတာတော့ သေချာပါတယ်နော်…”
“ စိတ်ဝင်စားတာပေါ့…. ဒါပေမယ့် မင်းက အောက်မှာ အဝတ်တွေ ဝတ်ထားသေးတယ်လေ…”
“ ဆောင်းတွင်းလေ… အောက်မှာ နွေးစေတဲ့ တစ်ခုခု ဝတ်ထားဖို့ဆိုတာ သာမန်ပဲ မဟုတ်ဘူးလား… “ အန်းနင် ပြောလိုက်ပြီး “ နင်ထင်နေတာ ငါတို့ကို တောင်ပိုင်းကလိုမျိုး ခြေအိတ်ရှည် တစ်ခုတည်းနဲ့ ဆောင်းကို ဖြတ်သန်းလို့ ရမယ်များ ထင်နေတာလား ဟုတ်လား…”
“ ဒါဆို မင်း ဘရာကို ဘယ်လိုလဲမှာ… အဲ့အောက်မှာလည်း နောက်တစ်ထပ် ရှိသေးတယ်လို့တော့ မပြောနဲ့နော်….”
အန်းနင် လင်းရီကို မျက်လုံးလှန် ကြည့်လိုက်၏။
“ ဘယ်သူက ရုံးခန်းထဲမှာ အဲ့တာကြီးတွေ ဝတ်ထားမှာလဲ… နင် ရူးနေတာလား..”
“ ဒါပေမယ့် မင်းရဲ့ ဘရာက စိုနေတယ်ဆို….”
“ သူကပဲ ပြောရတယ်ရှိသေး… နင်သာ ငါ့ အင်္ကျီထဲ နှင်းတွေ လောင်းမထည့်ဘူးဆိုရင် ဒီလို ဖြစ်မှာလား…”
“ ငါက ပုံမှန်ဆို ခြေအိတ် အမြဲတမ်းလျော်တယ်… မနက်ခင်း မလျှော်ဖြစ်ဘူးဆိုရင် အမြဲတမ်း ဒရိုင်ယာနဲ့ အခြောက်ခံ ဖြစ်တယ်…”
အန်းနင် သူမ၏ လက်နှစ်ဖက်ကို ခါးထက်တင်၍ လင်းရီကို စုံချည်ဆန်ချည် ကြည့်လိုက်သည်။
“ ဟုတ်လား .. နင် စိတ်ဝင်စားတယ်ဆိုရင် ငါ နင့်ကို ပြပေးလို့ရတယ်… ဟိုလိုလို ဒီလိုလိုနဲ့ သွယ်ဝိုက်နေစရာ မလိုပါဘူး… ဘာပဲ ဆိုဆို နင်က လူချောလေးပဲလေ… ငါ စိတ်မရှိပါဘူး…”
“ မင်းငါ့ကို အထင်လွဲနေပါပြီ… ဘယ်သူကမှ သွယ်ဝိုက်ပြီး ပြောမနေဘူး… ငါက မင်းကို ဒီတိုင်း အကြံပေးနေတာ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့ကိုနှာဘူးဆိုပြီး အထင်လွဲမှုကနေ ကာကွယ်လို့ရအောင် မင်း ချွတ်စရာ မလိုပါဘူး… ဒီတိုင်းပဲ ဝတ်ထားပေါ့…”
“ ဝတ်ထားရင်းနဲ့ ဘယ်လို အခြောက်ခံရမှာလဲ… ခြောက်ပါလိမ့်မယ် အားကြီးကြီး…”
“ မဟုတ်ဘူး မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရဆိုရင် လေက လွင်ပြင်ပေါ်ကို ဖြတ်သန်းသွားတယ်ဆို လေဆင်နှာမောင်း တစ်ခု ဖြစ်ပေါ်လာစေတယ်… လေရဲ့ ထုထည်ကလဲ ပြောင်းလဲသွားပြီး ထိရောက်မှုကလည်း ပိုကောင်းသွားတယ်…”
“ လေက လွင်ပြင်ကြီးကို တိုက်ခတ်သွားခဲ့အချိန်…..”
စစချင်းတုန်းကတော့ အန်းနင် နားမလည်သော်လည်းပဲ သို့သော် မကြာမီ သူမ သဘောပေါက်သွားခဲ့၏။
“ ငါ့ရဲ့ ရင်ဘက် ဒီဆိုဒ်က လွင်ပြင်ကြီးလို့ မခေါ်ဘူး…”
“ တောင်ပို့လေးနဲ့ လွင်ပြင်ကြားမှာ ဘာမှ သိပ်မကွာသွားပါဘူး…”
“ ယုံချင်ယုံ မယုံချင်နေနော်.. ငါ နင့်ကို ငါ့ဒေါက်ဖိနပ်နဲ့ သေအောင် ထိုးသတ်ပစ်မိတော့မှာဗျ…”
“ အားပါးပါး ကြည့်စမ်း… ဒီက ဒီတိုင်း အကြံလေးပဲ ပေးတာကို မင်းရဲ့ အတွင်းခံက စိုထိုင်းနေတယ်ဆိုရင် ဖျားတတ်တယ်နော်… ငါက မင်းကောင်းဖို့အတွက်ကို အထင်လွဲခံပြီး ပြောပေးနေတာ…”
“ ငါတော့ နင်ငါ့ကို မခံချင်အောင် ပြောနေတယ်လို့ပဲ ယူဆတယ်…” အန်းနင် သူ့ကို ဒေါသတကြီးဖြင့် ကြည့်နေမိသည်။
လူက တော်တော်လေး ကြည့်ကောင်းပါလျက်နဲ့ ဘာလို့ ဒီလောက် စိတ်ရှုပ်စရာ ကောင်းနေလဲ မသိပါဘူး…
“ ငါက ဒီတိုင်း မင်းကို စိတ်ပူလို့…”
“ အကုန်လုံးက အရေပြားနဲ့ အသားချည်းပဲကို ဘာများ ထူးခြားသွားလို့…”
ပြောပြီးနောက် လင်းရီ မတ်တပ်ရပ်၍ စားပွဲပေါ်ရှိ ကားသော့ကို ကောက်ယူလိုက်သည်။
“ နည်းနည်းအေးတယ်… ငါ သွားပြီး ကားကို အပူပေးလိုက်ဦးမယ်…”
ချလပ်…
လင်းရီ ထွက်ခွာသွားပြီး ရုံးခန်းတံခါးကို ပိတ်သွားခဲ့၏။ အန်းနင်က အချိန်အတော်ကြာသည်ထိတိုင်အောင် အတွေးထဲ နစ်မြောနေပြိး အတော်ကြာတော့မှ ထအော်ဟစ်လိုက်၏။
“ လင်းရီ ၊ ငါနင့်ကို သတ်မယ်…”
ဆယ်မိနစ် ကြာပြီးနောက် အန်းနင် သူမ၏ အဝတ်များ လဲပြုလို့ ပြီးသွားခဲ့ပြီး သူမကိုယ်သူမ ဂျတ်ကတ်အထူနှင့် ခြုံလွှမ်းထားကာ ကားထဲသို့ ဝင်လာသည်။ သူမ လင်းရီကို သုံးလေးကြိမ်ခန့် အကြမ်းပတမ်း ဆွဲဆိတ်လိုက်၏။
လင်းရီ ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ ဘာလို့ ဒီကောင်မလေးတွေက လူကို ဆွဲဆိတ်ဖို့ကို အမျိုးသမီးရေး စည်းလုံးညီညွှတ်မှု ရှိနေကြပါလိမ့်။
အန်းနင်၏ ညွှန်ကြားချက်များနောက် လိုက်နာရင်း လင်းရီ ကားကို ဆေးရုံသို့ မောင်းနှင်လာခဲ့သည်။ သို့သော် သူတို့နှစ်ယောက်လုံးက ကားထဲကနေ ထွက်ရန် အလျင်လိုမနေကြချေ။
“ ငါ လမ်းပေါ်မှာ ပြောခဲ့တာတွေ အကုန်လုံး မှတ်မိတယ်မလား…”
“ ငါက သန်းကြွယ်သူဌေး… ငါက ဗီလာနဲ့နေတယ်.. စူပါကားကြီး မောင်းတယ်… ပြီးတော့ ငါ ဖြုန်းနိုင်တာထက်ကို ပိုတဲ့ ပိုက်ဆံတွေ ရှိတယ်…”
အန်းနင် ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်သည်။ “ နောက်တော့ရော….”
“ ငါ့ရဲ့ စိတ်နေစရိုက်နဲ့ဆိုရင် ငါက ချမ်းသာတဲ့ တိုင်ကွန်း တစ်ယောက်လို့ ပြောတာက လူတစ်ချို့ကို လက်ခံအောင် လုပ်ချင် လုပ်နိုင်မယ်… ဒါပေမယ့် မင်းကို ငါက မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားပြီး တရစပ် လိုက်ပိုးပန်းတယ်ဆိုတာကတော့ သိပ်ပြီး ယုံကြည်ချင်စရာ မကောင်းဘူး….”
“ ပြီးတော့ မင်းရဲ့ အမေက နည်းနည်း ထူးဆန်းတယ်… တကယ်လို့ ငါတို့ အဲ့လို ပြောလိုက်ရင် သူက ချက်ချင်း ရိပ်ဖမ်းမိသွားလောက်တယ်…”
“ ပီကင်း တက္ကသိုလ်မှာ ကျောင်းတက်တုန်းက ငါက ကျောင်းရဲ့ အလှပန်းကလေး မဖြစ်ခဲ့ဘူးဆိုရင်တောင် ငါ့ကို လိုက်ပြီး ပိုးပန်းကြတဲ့လူတွေ တပုံကြီး ရှိခဲ့တာနော်… ပြီးတော့ နိုင်ငံခြား အင်္ဂလိပ်ဘာသာကိုတောင် အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တာ နင် ငါ့ကို လိုက်ပြီး ပိုးပန်းခဲ့တယ်လို့ ပြောတာ ဘာမှ မမှားဘူး…”