သုညများအား ရေတွက်ခြင်း
Vol. 97 Ch. 1445
ဟင်…
လင်းရီ၏ ကျွမ်းကျင်လှသည့် အမေရိကန် လေသံက လူနာခန်းထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
အင်္ဂလိပ်ဘာသာစကားက စာသင်ခန်းထဲတွင် မသင်မနေရ ဘာသာရပ် တစ်ခု အဖြစ် တည်ရှိသော်လည်း လူတော်တော်များက ထမင်းစားရေသောက် ပြောတတ်သည်နှင့် လေ့လာသင်ယူမှုကို ရပ်တန့်လိုက်ကြသည်။
မည်သူကမျှ ယခုလို ကျွမ်းကျင်ပိုင်နိုင်သည့် အသံထွက်ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။
နီကျန်းရန်ကို မဆိုထားနှင့်၊ မာစတာဘွဲ့ ရရှိထားသည့် အန်းနင်ပင်လျှင် သူမကိုယ်သူမ လင်းရီနှင့် ကွာဟသည်ဟု အလိုအလျောက် ဝန်ခံမိ၏။
အကယ်လို့ အပြင်လူ တစ်ယောက်ယောက်ကသာ ဖြတ်သွားဖြတ်လာ ကြားမိမည် ဆိုပါက နိုင်ငံခြားသား တစ်ယောက်ယောက် စကားပြောနေသည်ဟု အမှတ်မှားသွားနိုင်သည်။
“ ဘယ်လိုနေလဲ… အဆင်ပြေလား…” လင်းရီ ပြောလိုက်သည်။
“ ဒီတိုင်း အင်္ဂလိပ်ပဲမလား… မူကြိုကလေးတောင် တတ်တယ်.. ဘာများ ထူးဆန်းလို့…” နီကျုံးကျွင်း ပြန်ပြောလိုက်သည်။
“ အေးဆေးပေါ့… အချိန်တွေ အများကြီး ရှိတာကို တစ်ခုပြီးမှ တစ်ခု ဖြည်းဖြည်းလာမယ်လေ…”
လင်းရီ လည်ချောင်းရှင်း၍ စာကို ပြန်ကြည့်လိုက်သည်။
“ နှလုံး ခွဲစိတ် လူနာဆောင်ထဲက ဆေးဘက်ဆိုင်ရာ ကိစ္စအဝဝအတွက် လူနာရဲ့ ယုံကြည်မှုအတွက် ကျွန်ုပ်တို့ဘက်ကနေပြီး လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်။ လူနာနဲ့ အတူ ပူးပေါင်းပြီး ရောဂါကို ချေမှုန်းနိုင်အောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။ “
ဤတစ်ကြိမ်တွင်တော့ ရိုမန် ဘာသာစကားဖြင့် ပြောသွားခဲ့ခြင်းပင်။
ရိုမန် ဆရာ တစ်ယောက်ဖြစ်သည့် နီကျုံးကျွင်း၏ မျက်ဝန်းတို့ လုံးဝ ပြူးကျယ်သွားခဲ့လသည်။
သူက ဒီလို အဆင့်ထိတောင် ရောက်နေပြီလား…
ဘေးတွင် ရပ်နေသည့် အန်းနင်ဆို ပို၍ပင် အံ့အားသင့်သွားခဲ့တော့သည်။
အင်္ဂလိပ်အပြင်ကို သူက ရိုမန် စကားလည်း တတ်သေးတယ်ပေါ့…
ဒီအကောင်ရဲ့ ဦးနှောက် မှတ်နိုင်စွမ်းက တယ်ရာဘိုက်များ ရှိနေသလားပဲ…
သို့သော် လင်းရီက ရပ်တန့်သွားခြင်း မရှိဘဲ ဆက်ပြီး ပြောသွား၏။
“ လူနာရဲ့ ဆေးရုံ ဝန်းကျင်နဲ့ အလျင်အမြန် နေသားကျစေရေး အတွက် ၊ ကျွန်ုပ်တို့ ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်း ၊ ကျွန်ုပ်တို့ အလုပ်ရဲ့ သဘောသဘာဝ နဲ့ နေထိုင်မှု ပြုနေရတဲ့ ပတ်ဝန်းကျင်ကို အရင်ဆုံး ရင်းနှီးအောင် ပြုပြီး ကျွန်ုပ်တို့ ဌာနရဲ့ သာမန် ဖျားနာမှု ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို နားလည်ပေးစေချင်ပါတယ်။ ဆရာဝန်နဲ့ လူနာ ပူးပေါင်းကြမည်ဆိုရင် လူနာရဲ့ ရောဂါကို အရှိန်မြန်မြန်နဲ့ ပျောက်ကင်းအောင် ကုသပေးနိုင်မှာပါ။ “
နောက် စာကြောင်းကိုတော့ လင်းရီ ကျွမ်းကျင်သည့် စပိန် ဘာသာစကားဖြင့် ဘာသာပြန်ဆိုပြီး နီမိသားစုကို ထပ်မံ၍ အံ့အားသင့်သွားခဲ့စေပြန်သည်။
ဒီ အဆင့်က…
“ ဒီရဲ့ လမ်းညွှန်ချက်ကို နှလုံး ခွဲစိတ်ဌာနမှာရှိတဲ့ နာ့စ်တွေ အားလုံးကနေပြီး ပူးပေါင်း ရေးသားထားခြင်း ဖြစ်ပါတယ်။ “
ဤတစ်ကြိမ်တွင်တော့ ပြင်သစ် ဘာသာစကားဖြင့်ပင်။
“ ဒါက လူနာအတွက် အကူအညီ ဖြစ်စေလိမ့်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ “
ဤတစ်ကြိမ်တွင်တော့ ရုရှား ဘာသာ စကားဖြင့်ပင်။
“ ဒါမှသာလျှင် လူနာက ဆေးရုံတက်နေစဉ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး ကျေနပ်ဖို့ ကောင်းတဲ့ ကုသမှုနဲ့ ဂရုစိုက်မှုတွေကို ခံစားသိရှိနိုင်မှာ ဖြစ်နိုင်ပါတယ်။ “
ဤတစ်ကြိမ်တွင်တော့ ပေါ်တူဂီ ဘာသာစကားဖြင့်ပင်။
“ ဆေးရုံတွေက လူမှုအသိုင်းအဝိုင်း တစ်ခုဆိုလည်း မမှားပါဘူး..”
ဤတစ်ကြိမ်တွင်တော့ ဂျပန်ဘာသာစကားဖြင့်ပင်။
“ လူနာနဲ့ ကျွန်ုပ်တို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံ ရင်းနှီးခွင့်ရှိတဲ့ နေရာပဲ ဖြစ်ပါတယ်။ “
ဤတစ်ကြိမ်တွင်တော့ တောင်ကိုးရီးယား ဘာသာစကားဖြင့်ပင်။
“ လူနာရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုနဲ့ ကျွန်ုပ်တို့က ခက်ခဲမှုတွေကို အတူကျော်လွှား၊ ရောဂါဝေဒနာကို အတူတိုက်ထုတ်၊ လူနာကို လျင်လျင်မြန်မြန်နဲ့ သက်သာ ပျောက်ကင်းအောင် ဆောင်ရွက်ပေးပြီး….. “
ဤတစ်ကြိမ်တွင်တော့ ထိုင်း ဘာသာစကားဖြင့်ပင်။
“ လူနာရဲ့ နွေးထွေးတဲ့ အိမ်နဲ့ အလုပ်ခွင်ကို ပြန်ပို့ပေးမှာပါ။ “
ဤတစ်ကြိမ်တွင်တော့ မလေးရှား ဘာသာစကားဖြင့်ပင်။
“ နည်းပညာက အရည်အသွေးရဲ့ အသက်သွေးကြော…..”
ဤတစ်ကြိမ်တွင်တော့ တိဗက် ဘာသာစကားဖြင့်ပင်။
“ အရည်အသွေးက ကျွန်ုပ်တို့ရဲ့ ဘဝ….”
ဤတစ်ကြိမ်တွင်တော့ မာရတီ ဘာသာစကားဖြင့်ပင်။
“ ကျွန်ုပ်တို့ နာ့စ်အဖွဲ့ရဲ့ အလုပ်အပေါ် ထားရှိတဲ့ သဘောထားနဲ့ ဝန်ဆောင်မှု အရည်အသွေးအတွက် လူနာရဲ့ အဖိုးတန်တဲ့ အကြံပြုချက်ကိုလည်း ကျွန်ုပ်တို့ ကြိုဆိုပါတယ်။ “
ဤတစ်ကြိမ်တွင်တော့ ဖိလစ်ပိုင် ဘာသာစကားဖြင့်ပင်။
“ ဘာသာပြန်လို့ ပြီးပြီ… ဘာသာစကား ဘယ်နှစ်မျိုးနဲ့ ဘာသာပြန်သွားခဲ့လဲ ဆိုတာတော့ ကျုပ်လည်း မသိဘူး.. ဒါပေမယ့် ရှစ်ခုတော့ ကျော်မယ် ထင်တာပဲ…”
မည်သူကမျှ လင်းရီရဲ့ စကားကို မတုံ့ပြန်ကြချေ။ လူနာခန်းထဲရှိ လူတိုင်း အံ့ဩ ငေးမောနေကြလေသည်။
အန်းနင် တွက်ချက်မှု တစ်ချို့ ပြုလုပ်ထားခဲ့၏။ ယခုလေးတင် ဘာသာပြန်သွားခဲ့သည့် အထဲ၌ လင်းရီက မိခင်ဘာသာစကား အပါအ၀င် စုစုပေါင်း ဘာသာစကား ၁၃ မျိုးကို အသုံးပြုသွားခဲ့သည်။
ပြီးတော့ သူမက အင်္ဂလိပ်တစ်မျိုးတည်းကိုသာလျှင် နားလည်သည်။
ကျန်သည့် အခြား ဘာသာစကားများအဖို့တော့ သူမမှာ ကောင်းကင်ဘုံစာအုပ်ကို နားထောင်နေရသကဲ့သို့ပင်။
သူက ကွန်ပျူတာ လေ့လာခဲ့တာ မဟုတ်ဘူးလား…
ဆေးပညာ လမ်းကြောင်းကို ကူးပြောင်းခဲ့တာက တစ်ကဏ္ဍ ၊ ဒါပေမယ့် ဘာလို့ အဲ့လောက် ဘာသာစကား အများကြီး သိနေရတာလဲတဲ့…
တကယ်ပဲ အဲ့ဒီ နိုင်ငံတွေ အကုန်လုံးက လူကြီးကားတွေ ရှိနေတာများလား…
တကယ်လို့ ရှိတယ်ဆိုရင်တောင် ဒီလောက် စကားအများကြီးကို လေ့လာသင်ယူဖို့က မဖြစ်နိုင်ဘူးလေ.. ဟုတ်တယ်ဟုတ်…
“ ဘယ်သူမှ ဘာလို့ စကားမပြောကြတော့တာ… “ လင်းရီ ပြောလိုက်ပြီး “ အားလုံး ဘာပြောချင်ကြသေးလဲ… လူတိုင်း လွတ်လွတ်လပ်လပ် ပြောလို့ ရတယ်နော်…”
“ အဟွတ် အဟွတ်… “
နီကျုံးကျွင်း ကိုးရို့ကားယား ချောင်းဟန့်လိုက်ပြီး ရင်ဘက်ထဲရှိ အရှက်ရမှုကို ဖုံးဖိလိုက်သည်။
“ မင်းက စကားတွေ အများကြီး တတ်ထားတယ်ဆိုတော့ရော ဘာဖြစ်လဲ… ဒီနေ့ရဲ့ လူ့အသိုင်းအဝိုင်းမှာ ငွေဆိုတာ ဒုတိယ ဘုရားသခင်ပဲ… “နီကျန်းရန် ပြောလိုက်ပြီး “ မင်းက တက္ကသိုလ် ပါမောက္ခ ဖြစ်လာတယ်ထားဦးတော့ မင်းရဲ့ လစာလေးက ဘယ်လောက် ရှိမှာ မို့လို့… မင်း အိမ်တောင် တတ်နိုင်မှာလား….”
“ မင်း ပြောနေတဲ့ပုံစံက မင်းကပဲ ငါ့ထက် ပိုချမ်းသာနေတယ်ဆိုတဲ့ အထာနဲ့ပါလား… မင်းကရော လစာ ဘယ်လောက်များနေလို့...”
“ ငါ့ လစာက မများဘူးဆိုပေမယ့် ငါတို့မိသားစုက ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားတာ… ငါ့ ဒုတိယ အန်ကယ်ရဲ့ ကုမ္ပဏီက တစ်နှစ်မှာ မရဘူးဆို အနည်းဆုံး ယွမ် တစ်သန်းကျော်တယ်…”
“ ယွမ်တစ်သန်းကျော်လောက်နဲ့ စိတ်ကြီးဝင်နေတယ်ပေါ့… မင်းက ကမ္ဘာကြီးကို မမြင်ဖူးသေးဘူးပဲ…” လင်းရီ ပြောလိုက်ပြီး “ နင်နင် ခုနက ပြောသွားတာ ငါက သန်းကြွယ်သူဌေးကြီးပါဆို … မင်းတို့တွေ နားကန်းနေလား…”
ပြောပြီးနောက် လင်းရီသည် သူ၏ လက်ကို အန်းနင်၏ ခါးထံ ရစ်ပတ်ထားလိုက်၏။ အဆီ နည်းနည်းရှိပေမယ့် ကိုင်လို့တော့ မဆိုးပေ။
ယင်းက အန်းနင်ကို ရှက်ရွံ့သွားစေသည်။
သို့သော် တစ်ချို့သော အကြောင်းပြချက်တို့ကြောင့် လင်းရီ သူမကို ယခုလို ဖက်ထားသည့် အခါတွင် ဖော်မပြတတ်သည့် လုံခြုံမှုကို ခံစားနေရ၏။
“ သန်းကြွယ်သူဌေးတဲ့လား… အဟက်… ငါတို့ ဒီလောက်နှစ်တွေအကြာကြီး ဒီ လူ့အသိုင်းအဝိုင်းမှာ အလုပ်တွေ ကြိုးစားနေတာကို အလကားလို့ ထင်လား…”
နီကျန်းရန်ရဲ့ ဒုတိယ ဦးလေးက နီကျုံးရဲ့ ပြောလိုက်ပြီး “ မင်းရဲ့ ဝတ်ပုံ စားပုံကြည့်တာနဲ့ မင်းက သန်းကြွယ်သူဌေး မဟုတ်ဘူးဆိုတာ ငါရဲရဲကြီး ပြောဝံ့တယ်…”
“ ငါတို့ ဒီလောက် နှစ်တွေ အကြာကြီး အလုပ်ကြိုးစားနေတာတောင် သန်းကြွယ်သူဌေးဆိုတဲ့ အဆင့် မရောက်နိုင်သေးတာ မင်းမှာ ငါတို့ကို ကျော်တက်နိုင်တဲ့ ဘာအစွမ်းအစများ ရှိလို့…” နီကျန်းရန်ရဲ့ တတိယ ဦးလေး၊ နီကျုံးမင်က ပြောလိုက်၏။
“ ခင်များတို့လို အသုံးမကျတဲ့လူတွေ အတွက်တော့ ဟုတ်တာပေါ့…” လင်းရီ ပြောလိုက်ပြီး “ သန်းဆယ်ဂဏန်း ဆိုတာ အသေးအမွှား ပစ်မှတ်လေး တစ်ခု၊ ပဏာမ ခြေလှမ်းပဲ ရှိသေးတယ်.. အဲ့ဒီ အသေးမွှား ခြေလှမ်းလေး လှမ်းနိုင်ဖို့ကတောင် ခင်များတို့အတွက်ကျ ဘာလို့ ကောင်းကင်ဘုံ တက်ရတာထက် ခက်နေရပါလိမ့်…”
“ မင်းတို့ လူငယ်တွေက ပြင်ပလောကရဲ့ အရိုက်အပုတ် အထုအထောင်းတွေ မခံရဖူးသေးတော့ ပြောနိုင်သေးတာပေါ့… မင်းက ဘာမှ မသိတဲ့ ချာတိတ်လေးပဲ.. “ နီကျုံးရဲ့ ပြောလိုက်သည်။
ထိုအခိုက် နီကျုံးမင်ကလည်း ဝင်ထောက်သည်။ “ စကားစစ်ထိုးတာလောက်တော့ လူတိုင်းတတ်တယ်.. စကားပဲရှိတာလေ… မင်းက သန်းကြွယ်သူဌေးဆို.. ငါက ကုဋေကြွယ် သူဌေးကွာ … “
“ ခင်များတို့ လေသံ ကြည့်ရတာ ကျုပ်နဲ့ ပိုက်ဆံ ဘယ်သူ ပိုရှိလဲ ပြိုင်ချင်နေတဲ့ ပုံစံပါလား…”
“ ငါက အဲ့လိုမျိုးတွေ စိတ်မဝင်စားတတ်ဘူး… မင်းမှာ ရှိတာက ငါ တစ်ည မာကျောက် ကစားဖို့တောင် မလောက်ဘူး…”
လင်းရီ သူ့ကို လက်မထောင်ပြလိုက်၏။
“ အဲ့လိုဆိုရင်တော့ ခင်များက တော်တော် အံ့အားသင့်ဖို့ ကောင်းတာပဲ… တစ်ည တစ်ညကို ဘီလီယမ်နဲ့ချီပြီး နိုင်တယ်ပေါ့…”
“ မင်း ဘာတွေ ပြောနေတာ….”
“ ဘာမှ မဟုတ်ပါဘူး… ဒီတိုင်း ရယ်စရာ ကောင်းတယ်ထင်လို့…” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့က ယွမ် သန်း ဆယ်ဂဏန်းလောက် မရှိတာတောင် ကျုပ်နဲ့ လာပြိုင်နေသေးတယ်… ကျုပ် ခင်များတို့ကိုတော့ သောက်ရမ်း လေးစားမိတယ်…”
“ လင်းရီ … မင်း စကားတွေကို ကြည့်ပြောနော်…” နီကျန်းရန် တင်းမာစွာ သတိပေးလိုက်သည်။
လင်းရီ သူ၏ အင်္ကျီလက်ကို လိပ်၍ နာရီကို ချွတ်လိုက်၏။
“ ဒီနာရီက ပီတက်ဖီလစ်ပီရဲ့ ၁၇၅ နှစ်မြောက် အထိမ်းအမှတ် နာရီ… ယွမ် ၁၇.၅ သန်း ပေးရတယ်… ခင်များတို့ ပိုင်ဆိုင်တာတွေ အားလုံးပေါင်းလိုက်ရင်တောင် ဒီနာရီဝယ်ဖို့ တတ်နိုင်လား…”
“ ပီတက်ဖီလစ်ပီလား.. “
သူတို့ လင်းရီ၏ နာရီကို မြင်တော့ နီမိသားစုဝင်များမှာ ကြက်သေသေသွားခဲ့ကြသည်။
ပီတက် ဖီလက်ပီ၏ ဘုရင်ဟူသော ဘွဲ့က အလကား ရထားခြင်း မဟုတ်။
ထိုက်တန်သည့် ဂုဏ်သတင်းလည်း ရှိ၏။
“ ဒီ … ဒီနာရီက ၁၇.၅ သန်း ပေးရတယ် ဟုတ်လား…”
“ မယုံဘူးလား… ဒီနာရီပေါ်က စိန်ပွင့်လေးတွေနဲ့တင် တော်တော်လေး များလှပြီ… “ လင်းရီ နာရီကို ကမ်းပေးလိုက်ပြီး “ အဲ့မှာ ကုတ်ရှိတယ်… မယုံဘူးဆိုရင် ရိုက်ရှာပြီး ကိုယ့်ဘာကိုယ် ဆန်းစစ်ကြည့်လိုက်…”
နီမိသားစုဝင်များ ဘာမျှ မပြောပေ။ အတိအကျဆိုလျှင် သူတို့ ဘာပြန်ပြောရမှန်း မသိ ဖြစ်နေကြလေသည်။
ယွမ် ၁၀ သန်းကျော် ပေးရသော နာရီကို ကြည့်ရင်း သူတို့ မျက်စိတွေ ကျိန်းစပ်နေသည်ဟုသာ ခံစားနေကြရ၏။ ထိုအခိုက်အတန့်တွင်တော့ မည်သူကမျှ ယင်းနာရီကို အတုဟု မထင်မိကြချေ။
“ မယုံဘူးဆိုရင် ကျုပ် ဖုန်းထဲက လက်ကျန်ငွေ ပြလို့ရတယ်.. ဒါပေမယ့် ကတ်ထဲမှာ ငွေတော့ သိပ်မထားဘူး.. ဟိုနားဒီနား လိုရင်သုံးဖို့ ဘီလီယမ် နည်းနည်းလောက်ပဲ … “ လင်းရီ ဖုန်းကို ကမ်းပေးလိုက်ပြီး “ အဲ့မှာ သုည ဘယ်နှလုံး ရှိလဲ ရေကြည့်လိုက်…”
သုည အတန်းလိုက်ကြီးကို မြင်တော့ နီကျန်းရန် မူးနောက်နောက် ဖြစ်သွားခဲ့ရ၏။
“ မင်း … မင်းမှာ ဘာလို့ အဲ့လောက် ပိုက်ဆံ အများကြီး ရှိနေတာလဲ…”
“ ဘာလို့ မရှိရမှာ…” လင်းရီ ပြန်မေးလိုက်ပြီး “ မင်း အမြင်တွေက တယ်ကျဉ်းသကိုး…”
ပြောပြီးနောက် လင်းရီသည် အန်းနင်၏ ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး “ မင်းလို ကောင်စားမျိုးက သူနဲ့ မထိုက်တန်ဘူး… ငါ သူ့ကို ယူမယ်… မင်းတို့ကတော့ ကိုယ်လာခဲ့တဲ့ နေရာဆီ ပြန်လိုက်ကြတော့….”