← Chapters

အချိန်းအချက်

Vol. 97 Ch. 1447

အချိန်းအချက်

Vol. 97 Ch. 1447

“ အိမ်း အိုနေပါပြီကွာ…” စွန်းမန်လုံ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါက နောက်ဆို မင်းရဲ့ အရိပ်အောက် မှီခိုရမှာပဲ…”

“ အန်ကယ်စွန်းက တအား နောက်တတ်တာပဲ… ခင်များနဲ့ ယှဉ်ရင် ကျုပ်က အများကြီး ကြိုးစားရဦးမှာပါ…”

“ မင်း ငါ့အသက်အရွယ်ရောက်လာရင် မင်းရဲ့ အောင်မြင်မှုတွေက ငါ့ထက် သာမယ်ဆိုတာ သံသယ ရှိစရာကို မလိုတာ… ငါတို့ရဲ့ အနာဂတ်က ခု မင်းရဲ့ လက်ထဲမှာပဲ သခင်လေးဝမ်…”

“ ကဲပါ… အချင်းချင်း သိကျွမ်းလာခဲ့တာ နှစ်တွေလည်း မနည်းတော့ဘူး… တစ်ယောက်နဲ့ တစ်ယောက် မြှောက်ပင့်နေတာတွေ တော်လိုက်ကြစို့…” ဝမ်မြန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကျုပ် ခင်များတို့ရဲ့ မြောက်ပိုင်း ဆိုဂျူးကို တော်တော်လေး တမ်းတနေတာ ဒီနေ့တော့ ကောင်းကောင်းလေး သောက်ကြတာပေါ့…”

“ ပြင်တောင် ပြင်ထားပြီးပြီ… မင်း လာမှာကို စောင့်နေတာ ဟားဟား….”

မကြာမီ စွန်းမန်လုံသည် ဝမ်မြန်ကို အသင့်ပြင်ဆင်ထားသည့် Rolls Royce သို့ ဖိတ်ခေါ်ပြီး မောင်းထွက်လာခဲ့လိုက်၏။

စွမ်းမန်လုံ မြောက်ပိုင်း၌ ဩဇာ တည်ထောင်နိုင်ခဲ့သည်က ဝမ်မိသားစု၏ အကူအညီ အများအပြား ပါဝင်သည်။

စွန်းမန်လုံ၏ ဖခင် အသက်ရှင်စဉ်တုန်းက ကျုံးဝေ့တပ်ဖွဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ဝမ်မြန် အဘိုးရဲ့ အထူးတလှယ် ခေါ်ယူခြင်းကို ခံခဲ့ရသည်။

ထို့ပြင် စွန်းမန်လုံကလည်း တော်တော်ကလေးကို ပါရမီပါသည်။ သူက အသက် လေးဆယ်မျှသာ ရှိသေးသော်လည်း ကျုံးဝေ့တပ်ဖွဲ့ကို မဝင်ရောက်မီ ကတည်းကပင် C အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ဝမ်မိသားစုက သူ၏ အလားအလာကို သတိပြုမိသွားခဲ့ပြီး နောက်ကွယ်ကနေ သူ့ကို တိတ်တဆိတ် ပံ့ပိုးထားပေးခဲ့သည်။ သူ့အဖို့ လက်ရှိ အနေအထားထိ ရောက်လာအောင် ဆယ်နှစ်ကျော်မျှ ကြိုးပမ်းခဲ့ရလေသည်။

ယနေ့ခေတ်တွင် တစ်စုံတစ်ယောက်၏ ကျောထောက်နောက်ခံ ပြုမှု မရှိပါက အမြစ်မရှိသည့် အပင်ကဲ့သို့ ဖြစ်နေပြီး ၎င်းတို့အဖို့ တစ်စုံတစ်ရာကို ဖြစ်မြောက် အောင်မြင်ဖို့ ဆိုသည်မှာ အဆ တစ်သောင်းလောက်ကို ခက်ခဲ၏။

ယခု စွန်းမန်လုံ နောက်ကွယ်တွင် ရှိနေသည့် လူက ရန်ကျင်းရှိ ဝမ်မိသားစုပင်။

လျန်ရူရွှယ် ပြောထားခဲ့ဖူးသကဲ့သို့ ဝမ်မိသားစုသည် ယခင် ဝမ်မိသားစု မဟုတ်တော့သော်လည်းပဲ ရန်ကျင်း၌ အင်အားကြီး မိသားစု တစ်ခုအဖြစ် ရပ်တည်နေလျက် ရှိနေတုန်းပင်။

တိတိကျကျ ဆိုရမည် ဆိုပါက လျန်မိသားစုထက်ပင် အနည်းငယ် သန်မာအားကောင်းနေသေးသည်။ သို့သော် ယခင်ကကဲ့သို့ တစ်ဖက်သတ် လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိတော့ပဲ လက်ရည်တူ ဖိုက်နေရခြင်းပင်။

အခြားတစ်ဖက်တွင်တော့ ဝမ်မြန် ယခုတစ်ခေါက် ဤသို့ ရောက်လာရခြင်းက ရုရှားသို့ သွားပြီး သစ်ကုန်သွယ်ရေးအတွက် သွားရောက် ဆွေးနွေးဖို့ရာပင်။ သူက ဤနေရာတွင် တစ်ထောက်နားပြီး မြောက်ပိုင်းရှိ သူ့မိသားစုပိုင် စီးပွားရေး လုပ်ငန်းများအား စစ်ဆေးမှုပြုကာ ရုရှားသို့ ဆက်လက် ခရီးဆက်မည်။

ညစာစားပွဲက သန်းခေါင်ယံ အချိန်ထိတိုင် ကောင်းနေဆဲဖြစ်၏။

ထို့နောက် စွန်းမန်လုံသည် ဝမ်မြန်ကို နိုက်ကလပ် တစ်ခုသို့ ခေါ်သွားပြီး အရုဏ်တက်သည်အထိ ပျော်ပါးစေသည်။

နောက်တစ်နေ့ နံနက်ခင်း ဆယ်နာရီထိုးတော့ စွန်းမန်လုံသည် ဝမ်မြန်ကို အဖော်လုပ်ပေး၍ နောက်ထပ် မနက်စာ တစ်ထပ် အတူစားပေးပြီး အလုပ်ကိုယ်စီသို့ ခွဲခွာလိုက်ကြ၏။

“ အစ်ကို… ငါတော့ သခင်လေး ဝမ်က တော်တော်လေး ထူးခြားတယ်လို့ ထင်တယ်… သူက တော်တော်လေး အားကောင်းမယ့် ပုံစံပဲ…”

“ သူက ထူးခြားတာထက် ပိုတယ်ကွ…” စွန်းမန်လုံ ပါးစပ်ထဲတွင် ဆေးလိပ်ကိုက်လျက် ပြောလိုက်ပြီး “ သူက ခုမှ အသက် ၃၀ လောက် ရှိဦးမယ်… ဒါတောင် D အဆင့်ရောက်နေပြီဆိုတော့ ဘယ်အချိန် C အဆင့်ထဲ ဝင်မလဲ ဘယ်သူက သိနိုင်မှာ…”

“ အဲ့တာထက်ကို ပိုတယ် ဟုတ်လား..”

“ ဒီလို အရာမျိုးက အရမ်းနဲ့မှ ရှုပ်ထွေးတယ်… ခွန်အားကို အကဲဖြတ်ဖို့ အဆင့်တွေချည်း သွားကြည့်နေလို့ မရဘူး… ပါရမီအပေါ်လည်း မူတည်သေးတယ်..” စွန်းမန်လုံ ပြောလိုက်ပြီး “ အပေါ်ယံ ကြည့်တော့တာ ငါက သူ့ထက် အဆင့်ပိုမြင့်နေတာ.. ဒါပေမယ့် တကယ့်တကယ် တိုက်ခိုက်ကြမယ်ဆိုရင် ငါးဆယ် - ငါးဆယ်ပဲ.. နောက်ဆုံး ရလဒ်က ဘယ်လိုထွက်လာမလဲ ပြောဖို့ခက်တယ်…”

“ ဒါပေမယ့် အစ်ကို့ရဲ့ ပါရမီက ဒီလောက်ကောင်းနေတာကို ဧကန္တ သူကများ ……”

“ ဒါပေါ့ကွ… ရန်ကျင်းရဲ့ သရဖူဆောင်း မင်းသားဆိုတဲ့ ဘွဲ့ကို လူတွေက အလကားပေးထားတယ်များ ထင်လား…” စွန်းမန်လုံပြောပြီးနောက် သက်ပြင်းချလိုက်သည်။

“ ငါ ဒီနှစ်ထဲ လူတွေကို လေးစားမိတာ ခပ်ရှားရှားရယ်… ဒါပေမယ့် ဝမ်မြန်က အဲ့ဒီ လူနည်းစုထဲက တစ်ယောက်ပဲ…”

စွန်းမန်ကျား ဆေးလိပ် တစ်လိပ်ကို စွန်းမန်လုံထံ ကမ်းပေးပြီး သူ့အတွက် မီးညှိပေးလိုက်၏။

“ ဘာနဲ့ ပတ်သက်ပြီးမှ အစ်ကိုက သူ့ကို လေးစားမိတာ…”

“ သူက မိသားစုကြီး တစ်ခုကနေ ဆင်းသက်လာတယ်.. ပါရမီလည်း ရှိတယ်… နောက် သိပ်ပြီးမှလည်း ကိုယ့်စည်းကိုယ့်ကမ်းနဲ့ကိုယ် ရှိတယ်… မိန်းမ မထိတာ ဆယ်နှစ်ကျော်ပြီ… လူဘယ်လောက် များများကများ သူ့လို လုပ်နိုင်မှာမို့လို့… အထူးသဖြင့် ကိုယ်က စကားတစ်ခွန်းဆိုလိုက်တာနဲ့ ဘယ်လိုပုံစံမျိုးမဆို ရနိုင်တဲ့ အချိန်မှာပေါ့…”

“ သူက မိန်းမတွေကို မထိဘူး ဟုတ်လား…” စွန်းမန်ကျားသည် ဒါတော့ နည်းနည်းများသွားပြီဟု ခံစားသွားခဲ့ရ၏။

သူ၏ အမြင်၌ အစားအသောက်နှင့် လိင်ကိစ္စက လူသားတို့အတွက် မရှိမဖြစ် လိုအပ်သည်များပင်။

ယခုလို ဆယ်နှစ်ကျော်မျှ မိန်းမကို မထိတွေ့သည်က သာမန်လူတစ်ယောက် သည်းခံနိုင်သည့် အမှုမျိုး မဟုတ်ပါချေ။

“ ဟုတ်တော့ မဟုတ်သေးဘူးနော်.. အစ်ကိုကြီး..” စွန်းမန်ကျား ဆေးလိပ်တစ်လိပ် ပါးစပ်ထဲ ထည့်ရင်း ပြောလိုက်ပြီး “ သူ လေယာဉ်ပေါ်ကနေ ဆင်းတော့ သူ့ဘေးမှာ ကောင်မလေးတစ်ယောက် ပါလာတယ်လေ… ကိုယ်လုံးကိုယ်ပေါက် ခြေတံလေးတွေကစ ပြောရက်စရာကို မရှိတာ… ရင်ဘက်က အသားတုံးကြီးတွေကလည်း နည်းတာကြီးတွေ မဟုတ်ဘူး… ငါတော့ သူတို့နှစ်ယောက်က လုံးဝ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ ဆိုတာ မယုံကြည်ဘူး…”

“ တကယ်ကြီး ဘာမှ မဟုတ်တာ…” စွန်းမန်လုံ ပြောလိုက်ပြီး “ ငါ အဲ့မိန်းမအကြောင်း နည်းနည်းသိတယ်.. သူ့နာမည်က လီနာ… အသက်က ၃၅ မကျော်သေးဘူး… ငါ့လို့မျိုးပဲ … C အဆင့်ထဲ ရောက်နေပြီးသား… ငါသာသူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်ဆိုရင် သူ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး…”

“ ဟင်… အဲ့စော်လေးက အဲ့သလောက်တောင်ပေါ့..”

စွန်းမန်လုံ ခေါင်းညိမ့်လိုက်သည်။ “ သူ့ကို ငယ်ငယ်လေးကတည်းကရင် ဝမ်မိသားစုက သေသေချာချာ ပျိုးထောင်ပေးထားတာ… ဝမ်မြန်ရဲ့ ကိုယ်ပိုင် သက်တော်စောင့်ဆိုလည်း မမှားဘူး… သူ နိုင်ငံခြား သွားတိုင်း အဲ့မိန်းမက သူ့နောက်မှာ အမြဲပါတယ်.. ဝမ်မြန်က သူ့ရဲ့ အလားအလာကို ဒီအတွက်ကြောင့်နဲ့ ဖျက်ဆီးပစ်မှာ မဟုတ်ဘူး…”

“ စကားပုံတွေ အတိုင်း ၊ လူက မျိုးဆက်သုံးဆက်ထက် ပိုပြီး မချမ်းသာနိုင်သလို မျိုးဆက် ငါးဆက်ထက် ပိုပြီးလည်း မဆင်းရဲနိုင်ဘူး … ဝမ်မိသားစုက အခု မျိုးဆက် သုံးဆက် မြောက်နေပြီ.. ကျဆင်းမယ့် လက္ခဏာ မပြတဲ့ အပြင် အရင်ကထက်တောင်မှ ပိုပြီး တန်ခိုးထွားလာသေးတယ်…” စွန်းမန်ကျား ပြောလိုက်၏။

“ အဲ့တာ အယူသည်းတဲ့ ကံကြွေးချ စနစ်ကြီးပါကွာ… မိသားစုကြီးက ကလေးတွေရဲ့ ပညာရေး စနစ်က ငါတို့ ထင်ထားတာထက် အများကြီး ပိုတယ်.. ဝမ်မိသားစုရဲ့ အနာဂတ်က တောက်ပြောင်နေမှာ သေချာပေါက်ပဲ…” စွန်းမန်လုံ ပြောလိုက်ပြီး “ ငါတို့အဖို့ကတော့ ငါတို့ဘာ ငါတို့ မြောက်ပိုင်းမှာနေပြီး ငါတို့ရဲ့ အဆင့်အတန်းကို ခိုင်မာအောင် လုပ်ရမယ်… ကျန်တာကိုတော့ အတွေးများမနေနဲ့… မဟုတ်ရင် ငါတို့ ပြဿနာ တက်လိမ့်မယ်…”

“ ငါ နားလည်ပြီ …”

“ စကာမစပ် မင်း လူတိုင်းကို ဒီ ခေါ်ပြီးသွားပြီလား…”

“ သူတို့ကို ကောင်းကောင်း အသိပေးပြီးသား… ဒီည ရှစ်နာရီ ရှန်ရီလာ ဟိုတယ်မှာ ဆုံကြမယ်လို့ ပြောထားပြီးပြီ…”

“ သူ လာရဲလားဆိုတာ ကြည့်ကြသေးတာပေါ့…”

………………

နေ့ခင်းပိုင်းတွင် အန်းနင် အလုပ်သို့ မလာဘဲ ထိုအစား ဆေးရုံသို့ သွား၏။

လင်းရီကတော့ လီစီကျင်းနှင့် ကျန်သူများ ဘေးတွင် လိုက်ပါ၍ နည်းစနစ်များအား လိုက်နားထောင်နေသည်။ ဤ ခရီးစဉ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု လင်းရီ ခံစားနေရ၏။

ထို့ပြင် စိုက်ပျိုးရေး သုတေသန စင်တာထဲ၌ သီးပင် အများအပြား စိုက်ပျိုးထားသည့် ဖန်လုံအိမ် တစ်ခုလည်း ရှိသည်။ လင်းရီက ၎င်းတို့ကို ကောက်ယူ၍ တစ်ချို့ကို မိန်းကလေး လေးယောက်ထံ ကျွေးလိုက်၏။

လင်းရီ သေချာတွက်ချက် ကြည့်လိုက်တော့ သူ ဤသို့ လေ့လာရေး ခရီး ရောက်နေသည်မှာ တစ်ပတ်တင်းတင်း ပြည့်ချေတော့မည်။

နောက်ငါးရက်ဆိုပါက လေ့လာခရီးလည်း အဆုံးသတ်ပြီ ဖြစ်၏။

သို့သော် မြေဆီလွှာ တိုးတက်မှု၊ ဆားဒဏ် ခံနိုင်သည့် သီးနှံများအပေါ် သုတေသန ပြုမှုတို့ကတော့ နေ့ချင်းညချင်း ပြီးမြောက်အောင် ပြုနိုင်သည်များ မဟုတ်ရာ သူ ပြန်သွားပြီး သတင်းအသစ်များအား ဖြည်းဖြည်းချင်း စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။

ညနေ လေးနာရီ ဝန်းကျင်လောက်ကျတော့ အန်းနင် ဖုန်းဆက်လာပြီး လင်းရီနှင့် လီစီကျင်းကို ထမင်း စားဖို့ ခေါ်သည်။ သူမက သူမ၏ အလုပ်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေလျက်ပင်။

ပြီးနောက် လေးယောက်သား အသီးအရွက် ဟော့ပေါ့ဆိုင်သို့ ရောက်လာခဲ့ကြသည်။

“ နင် ဒီည တစ်ခုခုလုပ်ဖို့ ရှိလား… မရှိရင် နင့်ကို နိုက်ကလပ် ခေါ်သွားပေးမယ်…”

“ မင်း ဖျားနေတာ မဟုတ်ဘူးလား… အဲ့ကိုသွားပြီး ဘာလဲလုပ်မှာ…”

လင်းရီ ပြောလိုက်သည်။

“ ဘယ်နှရက် ရှိနေပြီတုန်း… ပြီးသွားတာ ကြာပေါ့… မဟုတ်ရင် နင်က ငါ့ကို သွေးလွန်ပြီး သေစေချင်နေတာလား…”

လီစီကျင်းကတော့ တိတ်ဆိတ်စွာ စားသောက်နေသည်။ ခေတ္တမျှ နားထောင်ကြည့်ပြီးနောက် သူတို့နှစ်ယောက်က ရာသီစက်ဝန်းအကြောင်း ပြောနေမှန်း နားလည်လိုက်သည်။

သို့သော် အကယ်၍ သူမသာ ထိုသို့သော ကိစ္စမျိုးကို ယခုလို ပြောရမည် ဆိုပါက မည်မျှ ရှက်ရွံ့နေလိမ့်မည်နည်း။ သူမတော့ ပြောထွက်မည်လို့ မထင်ပေ။

ဤသည်က တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မိန်းကလေးများကြားရှိ သာမန် ကွဲပြားမှုဟုသာ သူမ မှတ်ယူလိုက်၏။

“ ကောင်းပြီလေ.. ဒါဆိုလည်း ဒီည နည်းနည်းပိုသောက်ပြီး အဲ့နေ့ညက မပြီးပြတ်လိုက်တာလေး ဆက်လုပ်ကြတာပေါ့…”

“ ငါက ဒီတိုင်း ရိုးရှင်းတဲ့ ကျေးတောသူလေးကို နင်က စိတ်ဝင်တစား ရှိနေတယ်ပေါ့…”

“ ပြဿနာ မရှိဘူး.. မင်းရဲ့ ကျောပြင်ကြီးက ငါ့မျက်လုံးတွေကို မဆွဲဆောင်နိုင်ပေမယ့် အတူတူကတော့ အတူတူပဲ …”

အန်းနင် သူမ၏ ဒေါက်ဖိနပ်ကို ချွတ်၍ စားပွဲအောက်တွင် လင်းရီကို ဆောင့်ကန်လိုက်သည်။ “ နင့်ကို သေအောင် ဆောင့်ကန်ပစ်မှာ…”

လီစီကျင်းက တိတ်ဆိတ်လျက်သာ စားသောက်နေသည်။ ပြောဆိုနေကြသူတို့က လင်းရီနှင့် အန်းနင်ဆိုသော်လည်းပဲ သူမခမျာ နားရွက်ကြီး နီရဲနေရင်း မျက်လုံးချင်း မဆိုင်ဝံ့ ဖြစ်နေတော့၏။

ည ခုနစ် နာရီ ကျော်ကျော်လောက် ရောက်တော့ သုံးယောက်သား စားသောက်လို့ ပြီးစီးသွားခဲ့ပြီး အန်းနင်၏ စီစဉ်ပေးမှုအောက်တွင် နိုက်ကလပ်သို့သွားသောက်ရန် ဟန်ပြင်လေသည်။

ကလင် ကလင် ကလင် …

ထိုအခိုက်အတန့်တွင် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။

ယင်းက အမည်မသိ ဖုန်းနံပါတ်စစ်ခုပင်။

“ ဟယ်လို…”

“ မစ္စတာ လင်း… ဆယ်မိနစ်ရှိနေပြီကို ငါတို့ သဘောတူထားတာ မမေ့သေးဘူးမလား…”

All Chapters