← Chapters

သန္ဓေပါတဲ့ အကျင့်က ပြောင်းရခက်တယ်

Vol. 97 Ch. 1448

သန္ဓေပါတဲ့ အကျင့်က ပြောင်းရခက်တယ်

Vol. 97 Ch. 1448

ဖုန်းထဲက ထွက်လာသည့်အသံက အင်မတန် အက်ရှရှနိုင်သည်။ လင်းရီ ရင်းနှီးသလို ရှိသည်ဟု ခံစားလိုက်ရ၏။ သို့သော် မည်သူဆိုတာကို ဦးနှောက်က အမှတ်မရနိုင် ဖြစ်နေသည်။

သို့သော် တစ်ဖက်သူက သဘောတူထားမှု ဟူသည့် စကားကို ပြောလာတော့ လင်းရီ ချက်ချင်းပဲ တစ်ဖက်သူ ဘယ်သူဆိုတာကို အမှတ်ရသွားခဲ့တော့သည်။

ထိုသူက စွန်းမန်လုံပင်။

လွန်ခဲ့သော သုံးရက်က သူတို့နှစ်ယောက် သုံးရက် အကြာ ရှန်ရီလာ ဟိုတယ်တွင် ည ရှစ်နာရီ၌ ဆုံကျမည်ဟု အချိန်းအချက် ပြုထားခဲ့၏။

သို့သော် သူ ထိုအကြောင်းကို လုံးလုံလျားလျား မေ့နေခဲ့သည်။ တစ်စက်ကလေးမျှ အမှတ်ရခဲ့ခြင်း မရှိပေ။

“ အိုး ဆောတီးပဲ … ငါ မေ့သွားတယ်… ငါ အခု လာနေပြီ…”

“ ငါ အခု စောင့်နေတယ်…”

ဖုန်းချပြီးနောက် ကားမောင်းနေသည့် အန်းနင်က မေးမြန်းလာသည်။

“ တစ်ခုခု ဖြစ်လို့လား…”

“ ငါ ကိစ္စတစ်ခုရှိလို့ ရှန်ရီလာ ဟိုတယ်ကို သွားမလို့…”

“ ကောင်းပြီလေ… ငါ စီကျင်းနဲ့ အရင်ဆုံး သွားနှင့်လိုက်မယ်… နင် ပြီးရင် ငါတို့ကို လာရှာလှည့်ပေါ့…”

“ အောက်မှာ စောင့်နေ… အလွန်ဆုံးကြာ နာရီဝက်လောက်ပဲ… တအား မကြာဘူး…”

“ ကောင်းပြီလေ… စောင့်လိုက်တာပေါ့… ဒါပေမယ့် နာရီဝက်တည်းပဲနော်… တစ်မိနစ်တောင် ပိုမစောင့်ဘူး…”

“ မင်း အကျင့်က တော်တော်ဆိုးတာပဲ....”

" ဘယ်လို ဘယ်လို ... အလှလေး နှစ်ယောက်က နင့်ကို စောင့်ပေးမှာကို နင်ကများ ပြောရတယ် ရှိသေး.... နင်ကမှ အကျင့် ယုတ်မာတဲ့လူ.... "

“ ဒီမှာ လှတဲ့သူက သူတစ်ယောက်တည်းရယ် … ကိုယ့်မျက်နှာကိုယ် ရွှေချမနေနဲ့…”

“ ရှီးကိုပဲ… ငါက C cup ၊ စီကျင်းရော အတူတူပဲ… အဲ့တာကို ဘာလို့ ငါ့ချည်းပဲ လာပြီး ခလုတ်တိုက်နေတာလဲ…”

“ ဘာလို့ဆို သူက နိမ့်နိမ့်ချချ နေတယ်လေ… မင်းလိုမျိုး တစ်ချိန်လုံး ကိုယ်ရည်သွေးပြနေတာမှ မဟုတ်တာ…”

“ အား…. ငါ တကယ်ကြီး ကားတံခါး ဖွင့်ပြီးမှ နင့်ကို တွန်းထုတ်ပစ်ချင်လာပြီ…”

သူတို့တွေ တစ်လမ်းလုံး ရယ်မောရင်းဖြင့် စကားပြောဆိုလာခဲ့ကြ၏။ အန်းနင်က လင်းရီကို ရှန်ရီလာ ဟိုတယ်သို့ လိုက်ပို့ပေးပြီး ဘေးတစ်နေရာတွင် ကားထိုးရပ်၍ လင်းရီကို စောင့်နေသည်။

ခမ်းနားထည်ဝါလှသည့် ရှန်ရီလာ ဟိုတယ်၏ ဝင်ပေါက်ဝ၌ ရပ်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်၏။

“ ဒီနေ့တော့ မင်း ဘယ်လို လူစားမျိုးလဲဆိုတာ ကြည့်ကြတာပေါ့…”

………..

ရှန်ရီလာ ဟိုတယ် ၊ အခန်း 1808 ။

အခန်းက အင်မတန် ကြီးမားပြီး အနည်းဆုံး ၂၀၀ စတုရန်း မီတာခန့် ကျယ်ဝန်းသည်။

အထဲတွင် ဧရာမ လေးထောင့်စားပွဲကြီး တစ်ခုရှိပြီး လူများဖြင့် ဝန်းရံလျက်ရှိကာ အယောက် ၂၀ ကျော် ၃၀ ခန့်မျှ ထိုင်နေသည်။

သူတို့အားလုံးက စွန်းမန်လုံ၏ လက်အောက်ငယ်သားများ ဖြစ်ကြပြီး စွန်းမန်လုံ အပါအဝင် တန်းထျန်ထဲမှ အတွင်းအား ထုတ်သည့် နည်းလမ်းကို တတ်ကျွမ်းပြီးသူ စုစုပေါင်း ခြောက်ဦး ရှိ၏။

သူတို့ထဲတွင် စွန်းမန်လုံက C အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်ပြီး ကျန်နှစ်ယောက်က D အဆင့်နှင့် အခြား သုံးယောက်က E အဆင့်ပင်။

ထိုအထဲ လွန်ခဲ့သည့် သုံးရက်က လင်းရီ၏ ဓားထိုးခြင်းကို ခံခဲ့ရသည့် ကျန်းကျင်းပေါင်ကိုတော့ ထည့်တွက်ထားခြင်း မရှိပေ။ သူက ပြန်လည် အားမွေးနေတုန်းရှိပြီး ယနေ့ အခမ်းအနားသို့ မတက်ရောက်နိုင်ချေ။

ကျန်သူများက စွန်းမန်လုံ၏ အမိန့်အောက်တွင် မြောက်ပိုင်း စီရင်စုများ၌ ဖြန့်ကျက်၍ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

များသောအားဖြင့် ကြီးကြီးမားမား တစ်ခုခု ဖြစ်သည့် အခါ သို့မဟုတ် စွန်းမန်လုံကိုယ်တိုင်က ဆင့်ခေါ်သည့် အခါမှသာ ပင်းချိန်မြို့သို့ လာလေ့ရှိကြ၏။

“ အစ်ကိုကြီး … ငါတော့ ဒီနေ့အတွက် ပြင်ဆင်နေတာက ငါတို့ရဲ့ အချိန်တွေကို ဖြုန်းနေတယ်လို့ပဲ ထင်တယ်..”

ပြောလိုက်သူက ဖက်တီးတစ်ဦးဖြစ်၏။ သူက စီးကရက်ကို လက်ကြားညှပ်ထားပြီး တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။

“ ဒီလောက် ကြီးကြီးမားမားကိစ္စကို မေ့သွားတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ … ငါတော့ သူ မလာချင်ဘူးလို့ပဲ ထင်တယ်… ပြောလို့ရတာ မဟုတ်ဘူး ကျိုးဟိုင်တောင် ပြန်ပြေးသွားပြီလား မသိဘူး… …”

ထိုဖက်တီးကလည်း နယ်နယ်ရရတော့ မဟုတ်ပေ။ သူက ကျိုးထျန်းကျင်းဟု ခေါ်ပြီး D အဆင့် တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်ကာ ကျိ စီရင်စုတစ်ဝိုက် တာဝန်ယူထားသူ ဖြစ်လေသည်။ သူ၏ အဆင့်အတန်းက စွန်းမန်လုံလောက်ကို ရှိသည်။

သူက သူ့သူဌေးနှင့် ယနေ့ စွန်းမန်လုံဟူ၍ မဖြစ်လာခင်ကတည်းကပင် ပခုံးချင်းယှဉ်၍ တိုက်ခိုက်လာသူ တစ်ဦး ဖြစ်ပြီး စွန်းမန်လုံ၏ အထူးတလှယ် အရေးပေးခြင်းကိုလည်း ခံထားရလေသည်။

“ သူ မလာရဲတာက ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင် လေယာဉ်က လေဆိပ်မှာ ခုထိ ရှိနေသေးတုန်းပဲ… ထွက်ပြေးသွားတာတော့ မဖြစ်နိုင်ဘူး…”

“ ငါတော့ အဲ့လို ဖြစ်မယ်မထင်ဘူး… “ စွန်းမန်ကျား ပြောလိုက်ပြီး “ အဲ့ကောင်က တကယ်ကြီး ကြမ်းတာ… သူ တကယ်ကြီး မေ့သွားတာလည်း ဖြစ်နိုင်တယ်…”

“ အဲ့လိုလား… ဒါဆိုရင်တော့ ဒီကောင်က စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ…” ကျိုးထျန်းကျင်း ပြောလိုက်ပြီး “ ဒီလောက် အရေးကြီး ကိစ္စကိုတောင် မေ့နိုင်တယ်ဆိုတော့ ဒီကောင် ငါတို့ကို အထင်သေးနေတာပဲ…”

ရှိနေကြသည့် လူတိုင်း၏ အမူအရာများ ကွက်ခနဲ ပျက်ကုန်ကြ၏။

ဤနှစ်တစ်လျှောက်လုံးတွင် သူတို့က မြောက်ပိုင်း၏ အာဏာရှင်များ ဖြစ်ကြပြီး သူတို့အား မလေးမစား လုပ်ဝံ့သူဟူ၍ မရှိကြပေ။

ယခု ကောင်စုတ်လေး တစ်ကောင်က ရောက်လို့လာပြီး သူတို့ကို ပေါ့တန်တန် သဘောထားနေသည်။ ယင်းက မြင်တောင့်မြင်ခဲပင်။ အတွေ့အကြုံ အသစ်အဆန်း တစ်ခုဟု မှတ်ယူ၍လည်း ရနိုင်သည်။

“ သူ့မှာ ဇမရှိရင် ဒီလိုတွေ လုပ်ဝံ့မှာတောင် မဟုတ်ဘူး..”

စွန်းမန်လုံ သူ၏ နာရီကို ကြည့်လိုက်ပြီး “ ငါတို့ သူ့ကို ကိုးနာရီထိ စောင့်ကြမယ်… အဲ့တာ အလွန်ဆုံးပဲ… သူ မလာဘူးဆိုရင် မင်းတို့ကောင်တွေ ကျန်တာ ကြည့်ကြပ်လုပ်လိုက်တော့… သူ ငါနဲ့ တွေ့ဖို့ ရောက်လာတာ မြင်ချင်တယ်…”

ဝမ်မြန်က ကိုးနာရီ တွေ့ဆုံရန် ချိန်းထားသဖြင့် မည်သည့် ကိစ္စပဲ ဖြစ်ပေါ်လာပါစေ သူ သွားကို သွားရပေမည်။

“ အစ်ကိုကြီး … တကယ်လို့ သူ လာခဲ့ရင် ငါတို့ ဘယ်လို ဆုံးမကြမလဲ…”

“ အဲ့တာတော့ သူ့ အချိုးပေါ် မူတည်တယ်…” စွန်းမန်လုံ ပြောလိုက်ပြီး “ ဒီခုမတိုင်ခင်တုန်းက ငါစီစဉ်ထားတာ သူ ငါ့ဆီလာ တို့စ်လုပ်ပြီး တောင်းပန်သရွေ့ ခွင့်လွှတ်ပေးလိုက်မယ်လို့ လုပ်ထားတာ ဒါပေမယ့် ရှေ့ရက်တွေတုန်းက ကျင်းပေါင်ကို ဓားနဲ့ ထိုးလိုက်တယ်ဆိုတော့… အတိုးမဟုတ်ရင်တောင် အရင်းတော့ ပြန်ယူမှ ဖြစ်မယ်လို့ ထင်တယ်… ဒါပေမယ့် ဘာပဲ ပြောပြော သူ့ အပြုအမူတွေ အပေါ် ကြည့်ပြီး ဆုံးမကြတာပေါ့..”

“ အချိန်ကျလာရင် ငါ သူနဲ့ တွေ့မယ်… သူက ဒီလောက် အရှက်မရှိမှတော့ သူ့ကို မျက်နှာသာပေးနေစရာ မလိုပါဘူး…”

“ အဲ့ဒီ အကြောင်းတွေ ပြောဖို့က နည်းနည်း စောလွန်းသေးတယ်.. သူ တကယ်ကြီး လာဝံ့လား မလာဝံ့ဘူးလားဆိုတာ ငါတို့ သိသေးတာ မဟုတ်ဘူး…”

ပြောလိုက်သူက အသက် ၄၀ အရွယ်ရှိ သက်လတ်ပိုင်း လူကြီး တစ်ယောက်ဖြစ်၏။ သူ၏ ပုံရိပ်က စွန်းမန်လုံနှင့် ဆင်တူပြီး နှစ်ယောက်လုံးက သန်မာကြသည်။

သူ့နာမည်က ကျန်းခွန်ဖန် ဖြစ်ပြီး ဖုန့်ထျန်း စီရင်စုတစ်ဝိုက်ကို တာဝန်ယူထားရသူပင်။ ကျိုးထျန်းကျင်းကဲ့သို့ သူသည်လည်း D အဆင့် တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်၏။

“ ဒါဆိုလည်း စားရင်းနဲ့ စောင့်ကြတာပေါ့… တကယ်လို့ သူ မလာဘူးဆိုလည်း ငါတို့ စုဝေးပွဲ အနေနဲ့ပဲ မှတ်လိုက်ကြတာပေါ့… “ ကျိုးထျန်းကျင်း ပြောလိုက်သည်။

ချလပ် …

ထိုအခိုက်အတန့်တွင်ပဲ တံခါး တွန်းဖွင့်လာပြီး လင်းရီ အထဲသို့ လျှောက်လှမ်း၍ ဝင်လာသည်။

“ ဧည့်သည် မရောက်သေးဘဲ ထမင်းဝိုင်းစနေပြီဆိုတော့ ….. ဒါ ဧည့်ဝတ်ကျေပွန်တဲ့ အိမ်ရှင်တွေရဲ့ အပြုအမူတော့ မဟုတ်ဘူးနော်…”

လင်းရီ၏ ထွက်ပေါ်လာမှုက အခန်းထဲရှိ လေထုကို အေးခဲသွားစေခဲ့သည်။ လူတိုင်း၏ အကြည့်က သူ့အပေါ်တွင် ကျရောက်နေပြီး အေးစက်မှုနှင့် ရန်လိုသည့် အရှိန်အဝါတို့က တွဲလျက် ရှိနေတော့သည်။

“ ငါက မင်း မလာဝံ့တော့ဘူးလို့တောင် ထင်နေတာ…” စွန်းမန်လုံ အက်ရှရှ အသံဖြင့် ပြောလိုက်၏။

“ ကတိပေးပြီးမှတော့ မလာလို့ ဘယ်ရမှာလဲ.. ဟုတ်တယ်မလား..” လင်းရီ ပြောလိုက်ပြီး “ ခုတလော အလုပ်တွေ တအားများလို့ မေ့သွားခဲ့တာ … ဒါပေမယ့် မင်းတို့ရဲ့ အင်အားက တော်တော်လေး ကောင်းသားပဲ… ဒီလောက် လူအများကြီး စုဝေးနေကြတယ်ဆိုတော့…”

“ ဒီမှာ ပြဿနာ ရှာဝံ့တဲ့လူ မရှိတာ ဘယ်လောက်တောင် ကြာနေပြီတုန်း… ခု မင်းက ပထမဆုံးဆိုတော့ သူတို့ အကုန်လုံးက မင်းကို တွေ့ချင်နေကြာတာလေ…”

“ ဪ… ဒါဆို မင်းတို့က အတွေ့အကြုံ မရှိကြသေးဘူးပေါ့…”

“ ငါ မင်းကို ဒီနေ့ ဒီခေါ်လိုက်တာ ပေါက်တတ်ကရ ပြောဖို့အတွက် မဟုတ်ဘူး…” စွန်းမန်လုံ ပြောလိုက်ပြီး “ မင်း ငါ့လူကို ဓားနဲ့ထိုးပြီး ငါ့ ညီကို ရိုက်နှက်ခဲ့တယ်… မင်း ဒီကိစ္စ ဘယ်လို ဖြေရှင်းပေးမှာတုန်းပြော…”

“ ဘာကို ဖြေရှင်းရမှာ… ဘယ်သူက အရင်စတာလဲတဲ့…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ အရိုက်ခံရပြီးလို့ ပြန်မရိုက်နိုင်တာကို မခံချိ မခံသာတွေ ဖြစ်နေကြတာလား…”

ခွမ်း…

ကျိုးထျန်းကျင်း ဝိုင်ခွက်ကို ကြမ်းပြင်သို့ ပေါက်ခွဲပစ်လိုက်ပြီး “ မင်း သတ္တိ သိပ်ကောင်းနေတယ်ပေါ့ ဟုတ်လား… ငါတို့ရှေ့ ရောက်နေတာတောင် မောက်မာဝံ့နေတယ် … မင်းကိုယ်မင်း ဘယ်ရောက်နေတယ်လို့ ထင်လဲ…”

“ ဟိုတယ်လေ…”

“ *ပဲ….”

ကျိုးထျန်းကျင်း ကျိန်ဆဲပြီး စီးကရက် ဖင်ဆီကို တက်နင်းကာ မတ်တပ်ရပ်လိုက်သည်။

“ မင်း လာစမ်း… မင်း ကျန်းပေါင်ကို ဓားနဲ့ ထိုးခဲ့တယ်မလား… “ ကျိုးထျန်းကျင်း သူ၏ အပေါ်က ဂျက်ကတ်ကို အားနှင့် မာန်နှင့် ချွတ်၍ “ လက်ရည်စမ်းကြစို့… မင်း ဘယ်လောက်ထိ အံ့ဩဖို့ ကောင်းလဲ ငါကြည့်စမ်းမယ်…”

ကျိုးထျန်းကျင်းက အကွက်ရွေ့ချင်နေသည်ကို မြင်သော်လည်း စွန်းမန်လုံ ဝင်ပြီး ရပ်တန့်ရန် ရည်ရွယ်ချက် မရှိချေ။ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာပြီး ယနေ့လို အဆင့်မျိုး ရောက်ရှိလာဖို့အတွက် မရေမတွက်နိုင်သည့် လူများနှင့် များမြောင်လှသော အခက်အခဲ မုန်တိုင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။

လင်းရီကဲ့သို့သော လူစားမျိုးက နှုတ်ဖြင့် ပြောသည်ထက် လက်ဖြင့် သေချာဆုံးမပြီးမှ စကားပြောသည်က ပိုပြီး ထိရောက်မှုရှိသည်ကို သူသိသည်။

“ အစ်ကို… အစ်ကိုကျိုး အဆင်ပြေပါ့မလား…” စွန်းမန်ကျား တိုးညှင်စွာ မေးလိုက်၏။

စွန်းမန်လုံ စားပွဲပေါ်က ရေနွေးကြမ်းခွက်ကို ကောက်ယူ၍ ညင်သာစွာ မှုတ်လိုက်ရင်း “ ငါ သူ့ အဆင့်ကို သိတယ်… ပြဿနာ မရှိဘူး… ဒီကနေပဲ ကြည့်နေလိုက်…”

စွန်းမန်ကျား ခေါင်းညိမ့်လိုက်၏။ “ အဲ့လိုဆို စိတ်ချပါပြီ…”

All Chapters