← Chapters

မြင့်လွန်းရင် အကျနာတတ်တယ်

Vol. 97 Ch. 1452

မြင့်လွန်းရင် အကျနာတတ်တယ်

Vol. 97 Ch. 1452

“ အဲ့မှာ အရမ်းသိသာနေတဲ့ တခြား ပြဿနာ တစ်ခုလည်း ရှိသေးတယ်…” လီနာ ထပ်ပေါင်းပြောလိုက်ပြီး “ ထိပ်ပိုင်းက အင်အားစုတွေက ကျိုးကြောင်းမဆီလျော်ကြဘူးနော်…”

လီနာက တကယ့် ကိစ္စကိုမှ ပြောပြလိုက်ခြင်းပင်။ ဤသည်ကလည်း အန္တရာယ် အများဆုံး ဖြစ်၏။

“ ဒီလို ကိစ္စမျိုးက သာမန် အမှုခင်းတွေလိုမျိုး သက်သေ အချက်အလက်တွေ ခိုင်မာနေမှ မဟုတ်ဘူး… အမျိုးသား လုံခြုံရေး လောကမှာ သူတို့ သံသယ ရှိတယ်ဆိုတာနဲ့ လှုပ်ရှားလို့ရတယ်…”

“ ငါလည်း အဲ့ဒီ အချက်ကို သတိပြုမိတယ်… ဒါကြောင့်မို့ ငါ့လက်ထဲမှာ ကစားဖို့ ဖဲ အပိုတစ်ချပ် ကိုင်ထားတာလေ… တကယ်လို့ ကိစ္စတွေက ထိန်းချုပ်မှုအောက်ကနေ လွတ်သွားခဲ့မယ်ဆိုရင် ငါတို့လည် ထုတ် ကစားကြတာပေါ့… လျန်မိသားစုလည်း မထိခိုက်ဘဲ မနေပါဘူး…” ဝမ်မြန် ပြောလိုက်သည်။

လီနာ၏ မျက်ခုံးတို့ အနည်းငယ်ရွေ့လျားသွားခဲ့ပြီး “ လင်းရီရဲ့ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်းလား…”

“ ဒီလို ကိစ္စမျိုးက ချမ်းသာတဲ့ အသိုင်းအဝိုင်းမှာ သာမန် ကိစ္စရပ်ဆိုပေမယ့် လူသိရှင်ကြား ထုတ်ဖော်ခံလိုက်ရမယ်ဆိုရင်တော့ မတူတော့ဘူး…” ဝမ်မြန် ပြောလိုက်ပြီး “ အဲ့ဒီ ကျီချင်းရန်ဆိုတဲ့ အမျိုးသမီးက ပြဿနာမရှိဘူး… သူက ဒီတိုင်း အသေးစား စီးပွားရေး သမား တစ်ယောက်ပဲ ရှိတာ… ဒါပေမယ့် လျန်ရူရွှယ်ကတော့ မတူတော့ဘူး… သူ့ အဘိုးက လျန်ရှန့်ဟော်၊ သူ့အဖေ လျန်ချွင်းရှောင်၊ သူ့ အမေ ရှန်းရှုရီ…. သူတို့ တစ်ယောက်ချင်းစီရဲ့ အထောက်အထားတွေ ထုတ်ဖော်ပြီး ဒီကိစ္စသာ ကြေညာလိုက်လို့ကတော့ ဟီးဟီး…. အချိန်ကျလာရင် လျန်မိသားစုက အပြင်ထွက်ပြီး မျက်နှာပြဝံ့တော့မှာတောင် မဟုတ်လောက်ဘူး ….”

…………

ဝမ်မြန်ကို လိုက်ပို့ပြီးနောက် စွန်းမန်လုံ ဟိုတယ်၌ ဆက်မနေတော့ဘဲ ထိုအစား ဆေးရုံသို့ ဦးတည်လိုက်၏။

သို့သော် လင်းရီ၏ လွှမ်းမိုးမှုကြောင့် သူတို့ ပင်းချိန် ဆေးတက္ကသိုလ် ဆေးရုံဆီသို့ မသွားခဲ့ကြပဲ ထိုအစား ပင်းချိန် ပထမ ဆေးရုံသို့ ဦးတည်လိုက်ကြသည်။

ဆေးရုံနှစ်ခုလုံးက သာတူညီမျှ ကောင်းမွန်သဖြင့် မည်သည့် ဆေးရုံ၌ သူတို့ ဆေးကုသလဲဆိုတာ အရေးမကြီးပေ။

“ ဒေါက်တာ.. အခြေအနေ ဘယ်လိုရှိလဲ…” စွန်းမန်လုံ မေးလိုက်သည်။

“ ထွေထူး ပြဿနာတော့ မရှိဘူး… လူနာရဲ့ ကြွက်သားနဲ့ သွေးကြောတွေကို ချုပ်ပေးပြီးသွားပြီ… နောင်ကျ တင်းမာလာတာကို ရှောင်ရှားဖို့ လူနာက လေ့ကျင့်ခန်းတွေ ပိုလုပ်ပေးရမယ်.. တကယ်လို့ အဲ့လို ဖြစ်လာပြီဆိုရင်တော့ ပြဿနာ အကြီးကြီး တက်ပြီပဲ…”

“ ဟုတ် ကျေးဇူးပဲ…”

အားလုံး ကုသပြီးသည့် အချိန်ရောက်တော့ ညဉ့်ပင် နက်နေချေပြီ။ စွန်းမန်ကျား၏ ဒဏ်ရာတို့က ပြင်းထန်ခြင်း မရှိသဖြင့် ဆေးရုံတက်စရာတော့ မလိုအပ်ချေ။

သို့သော် မည်သူကမျှ ထွက်ခွာမသွားကြချေ။ ထိုအစား ပလတ်စတစ် ဆာဂျရီ ဌာန၏ လူနာခန်းထဲသို့ ဦးတည်လိုက်ကြ၏။

ဒဏ်ရာရထားသည့် ကျိုးထျန်းကျင်းက ဤနေရာ၌ ရှိနေသည်။

ထို့ပြင် အခြား လူ ၂၀ ကျော်ကလည်း လူနာခန်းထဲ ရှိနေကြပြီး အကုန်လုံး စုဝေးနေကြ၏။

“ အစ်ကိုကြီး…”

စွန်းမန်လုံ ဝင်လာသည်ကို မြင်တော့ လူတိုင်းက သံပြိုင် နှုတ်ဆက်လိုက်ကြ၏။

စွန်းမန်လုံ ခေါင်းညိမ့်လိုက်သည်။ “ လောင်ကျန်း .. ဒီမှာ ခဏနေ….၊ ကျန်တဲ့ မင်းတို့…၊ အားလုံး ထွက်သွားကြ…”

လူနာခန်းထဲရှိ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြပြီး ဖုန့်ထျန်း စီရင်စု၏ ဘော့စ် ကျန်းခွန်ဖန့်ကိုသာ ချန်ထားရစ်ခဲ့ကြ၏။

“ အဘိုးကြီးကျိုး ဘယ်လိုနေသေးတုန်း…”

“ သူ လုံးဝ ရုပ်ပျက်သွားပြီ…” ကျန်းခွန်ဖန့် ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ နဂို ရုပ်ရည်ကလည်း ကြည့်ကောင်းလှတာမှ မဟုတ်တာ… သူတောင် အရင်တုန်းက တောင်ကိုးရီးယားသွားပြီး ဆာဂျရီ သွားလုပ်ချင်တယ်တောင် ပြောနေသေးတယ်… ခုတော့ သူ့ဆန္ဒတွေ ပြည့်ဝသွားတာပေါ့… “

ကြည့်ရသလောက်တော့ ကျန်းခွန်ဖန့်မှာ အဆင်ပြေနေပုံ ရသည်။ မဟုတ်ပါက ဟာသလုပ်ချင်စိတ် ရှိလိမ့်မည် မဟုတ်ချေ။

“ အစ်ကိုကြီး.. ခု အခြေအနေတွေက ဒီလိုတောင် ဖြစ်လာပြီဆိုတော့ ငါတို့ ဒီကိစ္စ ဒီတိုင်းထားလိုက်ကြမလား…”

ကျိုးထျန်းကျင်းနှင့် ကျန်းခွန်ဖန့်တို့ နှစ်ဦးလုံး လင်းရီက သွားရှုပ်လို့ ကောင်းသည့် လူစားမျိုး မဟုတ်သည်ကို သိထားကြသည်။ ယခုလို အဆင့်ရှိသည့် တစ်စုံတစ်ယောက်အား သူတို့ ခေါင်းမာ၍ မဖီဆန်လိုပေ။ သို့သော် ဒေသတွင်း၌ နှစ်ပေါင်းများစွာ လုပ်ချင်သလိုလုပ်၊ အာဏာရှင် ဆန်လာခဲ့ပြီးနောက်တွင် ရုတ်တရက် ယခုလို အဖြစ်မျိုးနှင့် ကြုံတွေ့လိုက်ရသည်ကိုတော့ သူ လက်သင့်မခံနိုင် ဖြစ်နေမိ၏။

သို့ပေမယ့်လည်း စွန်းမန်လုံက ယခုကိစ္စကို ဤအတိုင်း လွှတ်ထားလိမ့်မည် မဟုတ် ဆိုတာကို သူတို့တွေ ရေးတေးတေး အာရုံခံမိနေကြ၏။

“ လောင်ကျန်း … လူလွှတ်ပြီး သူ့ကို သတ်ဖို့ အခွင့်အရေး ရှာလိုက်… ရက်စက်ပါဘိ ဆိုတဲ့ လူကို မင်းရှာရမယ်… ဘာညာ ကျန်တာတွေ ငါစိတ်မဝင်စားဘူး…”

ထိုစကားလုံးများ ပြောပြီးသည်နှင့် ကျန်ရစ်ခဲ့သည့် လူသုံးယောက်လုံး၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့လေသည်။

“ အစ်ကို… မင်း တကယ်ကြီး အဲ့လို လုပ်တော့မလို့လား…” စွန်းမန်ကျား အနည်းငယ် ကြောက်လန့်သွားခဲ့ပြီး “ လင်းရီက လင်းယွင် အုပ်စုရဲ့ ဥက္ကဌကြီးနော်.. သူ့ရဲ့ အဆင့်အတန်းက အရမ်းမြင့်တာ.. ငါတို့ အဲ့လိုလုပ်ရင် ကိုယ့်သေတွင်းတူးလိုက်တာနဲ့ မထူးဘူး…”

ယခုလေးတင် သူ လင်းရီကို သေနတ်ဖြင့် ပစ်လိုက်သည်ဆိုသော်လည်းပဲ သူ့တွင် ရွေးချယ်စရာ မရှိခဲ့သောကြောင့်ပင်။ သို့တိုင် သူ ခြေထောက်သို့ပဲ ပစ်ဝံ့၏။

ယခု သူ့အစ်ကိုကြီးက တကယ်ကြီး ထိုလူကို သတ်ပစ်ချင်နေသည်။

ဤသည်က မတူကွဲပြားသည့် ကိစ္စရပ်တစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။

“ မစိုးရိမ်နဲ့… သူက ဒီတိုင်း စီးပွားရေး သမား တစ်ယောက်ပဲ … ဘာမှ ဟုတ်တာ မဟုတ်ဘူး…”

ယခုလေးတင် မတော်တဆ ဖြစ်ရပ် ဖြစ်သွားခဲ့သည့် အချိန်တုန်းကတော့ စွန်းမန်လုံ နည်းနည်းလေး တုံ့ဆိုင်းနေမိခဲ့သည်။

သို့သော် ဝမ်မြန်၏ စကားလုံးတို့က သူ၏ အတွေးများကို အတည်ပြုပေးသွားခဲ့လေသည်။

ဤသည်က သူ့အတွက်သူ လက်စားချေရုံတင်သာ မဟုတ်ဘဲ ဝမ်မိသားစုရှေ့မှောက်၌ သူ၏ အစွမ်းအစကို ပြသရန် အခွင့်အရေးကောင်းပင်။ သူ့၏ လုပ်ပိုင်ခွင့်ကို စိန်ခေါ်လာပါက မည်သို့သော ပုံစံမျိုးဖြင့် အဆုံးသတ်သွားရမည်ဆိုတာကို ပြသချင်သည်။

သူ့အမြင်အရ လင်းယွင်အုပ်စုက နာမည်ကြီး ဆိုသော်လည်းပဲ နယ်ပယ်အတွင်း ဂျိုင်းရက်ကြီး ဖြစ်သည်အထိတော့ မဟုတ်သေးချေ။

ထို့ကြောင့် သူ လင်းရီကို သတ်ပစ်သည့်တိုင် သူ၏ ပြေးပေါက်ကို ဖန်တီးနိုင်ဦးမည်။ အနည်းဆုံးတော့ ဝမ်မိသားစုက ကူညီပေးမည်မှာ ကျိန်းသေသည်။ ၎င်းကိစ္စကို ထွေထူးလုပ်၍ စိုးရိမ်နေရန်ပင် မလိုအပ်ချေ။

“ အစ်ကိုကြီး.. မင်း တကယ်ကြီး ဒီလိုလုပ်ချင်နေတယ်ဆိုရင် ငါ သွားပြီး စီစဉ်လိုက်တော့မယ်…” ကျန်းခွန်ဖန့် ပြောလိုက်ပြီး “ လက်ရှိ ဈေးကွက်အရဆိုရင် ယွမ် တစ်သန်းက လောက်ပြီ…”

“ မင်းအခု ရှာနိုင်တာလား…”

“ ငါ့လူတွေက အခု ဖုန့်ထျန်းမှာ ရှိတယ်… ခုချက်ချင်း ဖုန်းဆက်ပြီး ညတွင်းချင်း ဒီခေါ်လိုက်လို့ ရတယ်… မနက်ဖြန် မနက်လောက်ဆို သူတို့ ပင်းချိန်ကို ရောက်ပြီ…”

“ ငါတို့ လူအများကြီး မလိုဘူး… အများဆုံး နှစ်ယောက်ဆို အဆင်ပြေပြီ.. တစ်ယောက်ကို တစ်သန်းစီ ပေးပြီး သပ်သပ်ရပ်ရပ် လုပ်ခိုင်းလိုက်…”

“ အင်း … နားလည်ပြီ.. ငါ အခု သွားစီစဉ်လိုက်တော့မယ်…”

…………..

ဟိုတယ်ကနေ ထွက်လာခဲ့ပြီးနောက် လင်းရီ အန်းနင်၏ ကားထဲသို့ ဝင်၍ သုံးယောက်သား နိုက်ကလပ်သို့ ရောက်လာခဲ့ကြသည်။

မိန်းကလေး နှစ်ယောက်က လင်းရီ အဘယ်ကြောင့် ရှန်ရီလာ ဟိုတယ်ထဲ ဝင်သွားရသလဲဆိုတာနှင့် ပတ်သက်ပြီး မည်သည်ကိုမျှ မေးမြန်းမှု မပြုကြချေ။

ဤသည်က သူမ၏ ပထမဆုံး အကြိမ် နိုက်ကလပ်သို့ ရောက်ဖူးခြင်း ဖြစ်သဖြင့် လီစီကျင်း အနည်းငယ် သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရ၏။ သို့သော် ကော့တေး သုံးလေးခွက်လောက် သောက်ပြီးနောက် နေသားကျသွားခဲ့လေသည်။

အဓိကကတော့ လင်းရီလည်း ဤနေရာ၌ ရှိနေပြီး ထိုအကြောင်းကြောင့်ပဲ စိတ်ထဲ ပြောမပြောတတ်ရလောက်အောင် လုံခြုံသည်ဟု ခံစားနေခဲ့ရ၏။

သို့တိုင် နိုက်ကလပ်၏ ဈေးကြီးမှုကိုတော့ သူမ မလန့်ဘဲ မနေနိုင်ချေ။

သူမတို့ ဘာမှ သိပ်မလုပ်သော်လည်းပဲ ယွမ် တစ်သောင်းက ဤအတိုင်း အိတ်ထဲကနေ ပျောက်သွားခဲ့၏။ ယင်းက ကြေကွဲချင်စရာ ကောင်းလောက်အောင် သူမ၏ လေးလစာနှင့် ညီမျှသော ပမာဏပင်။

သုံးယောက်သား ညသန်းခေါင်ရောက်သည်အထိ အဆက်မပြတ် သောက်နေခဲ့ကြပြီး ထို့နောက်တွင်မှ နိုက်ကလပ်ထဲကနေ ထွက်လာခဲ့ကြသည်။

မူလတုန်းက အန်းနင်မှာ အိမ်သို့ ပြန်ရန် စိတ်ကူးထားသော်လည်းပဲ လီစီကျင်းကြောင့် ဟိုတယ်သို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။

ရက် အနည်းငယ်ကြာအောင် အတူကုန်ဆုံးပြီးနောက် သူမတို့ နှစ်ယောက်ကြားရှိ ဆက်ဆံရေးက အများအပြား ပို၍ နွေးထွေးလာပြီး နောက်တစ်နေ့တွင် အတူနှင်းစကိတ် သွားစီးဖို့တောင် သဘောတူထားကြ၏။

နောက်တစ်နေ့ နံနက်ရောက်တော့ သုံးယောက်သား စင်တာသို့ အတူလာခဲ့ကြသည်။ အန်းနင်နှင့် လီစီကျင်းတို့နှစ်ယောက်လုံး လုပ်စရာရှိသည်များကို စီစဉ်ပေးပြီးနောက် နှင်းစကိတ်စီး၍ ရသည့် အပန်းဖြေစခန်းသို့ ဦးတည်လိုက်ကြလေသည်။

“ ငါ မှတ်မိတာ မှန်မယ်ဆိုရင် နင်တို့ နှစ်ယောက် ဒီ မြောက်ပိုင်းကို လာတာ ပထမဆုံး အကြိမ်မလား…” နှင်းစကိတ်စီးသည့် စခန်းသို့ သွားရာလမ်းတွင် အန်းနင် မေးမြန်းလိုက်၏။

“ အွန်း… နှင်းမြင်ဖူးတာလည်း ပထမဆုံးအကြိမ်ပဲ…” လီစီကျင်း ရင်ထဲတွင် ပြင်းပြစိတ်တို့ တောက်လောင်နေလျက် ရှိပြီး “ အူးဟူး... ဒီကနေတောင် မပြန်ချင်တော့ဘူး…”

“ ဒါဆို ဒီနေ့ နင်တို့ နှစ်ယောက် ပျော်ကြရမယ်ဆိုတာ သေချာတယ်.. နှင်းတွေ ကြည့်ရတာ ပျင်းစရာကြီး နှင်းစကိတ်စီးတာကမှ ပျော်ဖို့ကောင်းတာ…”

“ ဒါပေမယ့် ငါမှ မစီးတတ်တာ… အရင်ကတော့ ဒီနေရာကို တစ်တော့ပေါ်မှာ မြင်ဖူးတယ်… ဒီနားလေးမှာ နှင်းလျှောဆင်းတဲ့ နေရာတစ်ခု ရှိသလိုပဲ… ငါ အဲ့ကိုပဲ သွားပြီး ကစားလိုက်မယ်…”

“ မစီးတတ်လည်း ဘာဖြစ်တုန်း.. ငါ သင်ပေးမှာပေါ့ဟ… ဒီတိုင်း လျှောစီးတာထက် ပျော်ဖို့ ကောင်းတယ်…”

“ ခစ်ခစ်ခစ်… ဒါဆိုလည်း ကျေးဇူးနော် အစ်မနင်…”

ပြောပြီးနောက် လီစီကျင်းက လင်းရီဘက်သို့ လှည့်ကြည့်လိုက်ပြီး “ အစ်ကိုရီ… ရှင်ကော နှင်းစကိတ်စီးတတ်လား … “

“ မင်းလို ငါလည်း နယူဘီလေးပဲ… နှင်းတောင် ခုမှ အပြင်မှာ ပထမဆုံး မြင်ဖူးတာ…”

အခြာသူများ၏ မျက်လုံးထဲ၌ လင်းရီက အင်မတန် ချမ်းသာပြီး အားလုံးနီးပါးကို မြင်ဖူးလိမ့်မည်ဟု ထင်နေကြ၏။ သို့သော် အမှန်တကယ်တော့ လင်းရီလည်း အတွေ့အကြုံ သိပ်မများလှပေ။

သို့သော် ရက်စက်သည့် ကိစ္စအများအပြားကို ကြုံတွေ့ဖူးပြီး ဖြစ်သဖြင့် လီစီကျင်းကဲ့သို့တော့ စိတ်လှုပ်ရှားနေခြင်း မရှိချေ။ ထို့ကြောင့် သူ၏ စိတ်အခြေအနေကို လှုံ့ဆော်ပေးနိုင်သည့် ကိစ္စရပ်တို့က တော်တော်လေး ရှားပါးလာနေချေပြီ။

ဤသည်က ပိုက်ဆံ မွဲလွန်းသဖြင့် KFC မစားနိုင်သည့် ဆင်းရဲသား ကောင်လေးတစ်ယောက်ကဲ့သို့ပင်။

သို့သော် သူ ကြီးပြင်းလာ၍ ပိုက်ဆံ ရှာနိုင်လာသည့်အခါ စားချင်သည့်အရာ မှန်သမျှကို မဆိုင်းမတွ နှစ်ခါစဉ်းစားရန်မလို စားနိုင်နေစဉ် ထို KFC ကို မြည်းစမ်းကြည့်လို့ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ သူ ဖြစ်ပေါ်တော့မည် မဟုတ်တော့ချေ။ ယခုလည်း အဆိုပါ သဘောတရားနှင့် ဆင်တူသည်။

“ အစ်ကိုရီ တစ်ယောက်လုံး ဘေးမှာ ရှိနေမှာဆိုတော့ ကိုယ့်ဘာကိုယ် အရှက်ရအောင် လုပ်မိမှာ စိတ်ပူစရာ လိုမယ် မထင်ပါဘူး..” လီစီကျင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

“ သူ့ နောက်ပို့ထားလိုက်… ငါ နင့်ကို တစ်ယောက်တည်း သီးသန့် သင်ပေးမယ်…” အန်းနင် အထင်တသေးဖြင့် ပြောလိုက်ပြိး “ သူ့ဘာသူ ဖင်နဲ့ လျှောဆင်းပါလေ့စေ… ငါတို့နှစ်ယောက်ပဲ လှလှပပ စီးကြမယ်…”

“ ဟေ့ ဘာလဲ… မင်းက လိင်ခွဲခြားနေတာလား…”

“ မဟုတ်ပါဘူး… နင့်ကို အတူ တွဲမခေါ်ချင်ရုံ သပ်သပ်ပါပဲ.” အန်းနင် ဂုဏ်ယူစွာ ပြောလိုက်၏။

“ ဒီတိုင်း နှင်းစကိတ်စီးတာလေးပဲမလား… အရင်က မစီးဖူးဘူးဆိုရင်တောင် ငါက အခုသင် အခုတတ်တဲ့ကောင်ပါနော်… မင်း မြင့်လွန်းရင် အကျနာလိမ့်မယ်…”

All Chapters