← Chapters

အခန်း (၁၇၅)

Vol. 12 Ch. 175

အခန်း (၁၇၅)

Vol. 12 Ch. 175

မုန့်ချီက အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်နေသော ကျင်းရှိုနှင့် သူ့နောက်ကျောတွင် သယ်ဆောင်ထားသော လူငယ်ကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။

"တကယ်လို့ မင်းတို့က တပ်မှူးလုနဲ့ လက်ယာအမတ်ကြီးတို့ကို တွေ့ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ..."

ထိုစကားကို ပြောလိုက်ပြီးနောက် သူတို့ပြန်ဖြေသည်ကို မစောင့်တော့ဘဲ ကျောက်တုံးတံတားပေါ်မှ တစ်ယောက်တည်း ဆင်းသွားခဲ့သည်။ သူက သူတို့ကို တွန်းအားမပေးလိုသည့်သဘောမျိုးလည်း ဖြစ်သည်။

"သူရဲကောင်းမုန့်....

ကျွန်တော်က သူရဲကောင်းမုန့်ကို ယုံကြည်ပါတယ်..."

ကျင်းရှိုက အလျင်အမြန်လိုက်လာပြီး ပြောလိုက်သည်။

"ကျွန်တော့်နာမည်က ကျန်းဆန်းကျင်း။ ကျွန်တော်လည်း တစ်နေ့နေ့ နာမည်ကျော်ကြားလာမှာပါ.."

ပထမတော့ သူက သခင်လေးမုန့်ဟု ခေါ်ရန် စဉ်းစားထားသော်လည်း မုန့်ချီက အလွန်ငယ်နေသေးသည့်အတွက် ထိုသို့ခေါ်ရန် အနည်းငယ် ရှက်ရွံ့နေသလို ခံစားနေရသည်။ ထိုအရာက သူ၏လက်ရှိအဆင့်အတန်းနှင့် မကိုက်ညီသလို ခံစားနေရသည်။

မုန့်ချီကတော့ သူ့ကို အေးစက်စွာ ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

"သူက ကျွန်တော့်ရဲ့မိတ်ဆွေ ကျန်းမျိုးနွယ်စုက ပါတူပါ။ သူတို့မျိုးနွယ်စုက အနောက်ပိုင်းကျူးကျော်သူတွေ မဟာမိတ် လုပ်ထားတဲ့ အဖွဲ့ (၁၈)ဖွဲ့ထဲက တစ်ဖွဲ့ပါ.."

ကျန်းဆန်းကျင်းက အနည်းငယ် အလျင်စလို ပြောနေသည်။

"ကောင်းပြီ။ မင်းပြောမဲ့ စကားတွေကို တပ်မှူးလုအတွက်ပဲ ချန်ထားလိုက်ပါ."

မုန့်ချီက အေးစက်သော ဓားသမားတစ်ယောက်ပုံစံသာ လုပ်ဆောင်နေခဲ့သည်။ ထို့ပြင် ထိုစကားများက ဤနေရာ၌ ပြောဆိုနေရန် မသင့်တော်ပေ။

ယခုက အလွန်တိတ်ဆိတ်နေသော ညတစ်ည ဖြစ်သည်။ ဖြစ်ခဲ့သည့်အရာများကို အနည်းငယ် ပြန်စဉ်းစားကြည့်လိုက်ရာ မုန့်ချီလည်း အနည်းငယ် ထိတ်လန့်သွားခဲ့၏။ အကယ်၍ သူသာ ဓားအင်ပါယာနှင့် သူ၏ ဓားထုတ်သည့်ပုံစံကို မမြင်ဖူးထားလျှင် ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့ကို ခြောက်လှန့်ရန် ခက်ခဲနိုင်သည်။

သို့သော် မည်သူကမျှ တစ်ဖက်လူ၏စိတ်ကို မထိန်းချုပ်နိုင်ချေ။ အကယ်၍ သူတို့သာ စိတ်ပြောင်းသွားမည်ဆိုလျှင် သူကလည်း ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အစွမ်းကုန်ဖွင့်ပြီး တိုက်ခိုက်ရပါလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ကြွက်သားများက တင်းလာသည့်အတွက် အဝတ်အစားများ ကြပ်သွားနိုင်သည်။

ထို့ပြင် ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့၏အစွမ်းက အလွန်ထူးခြားနေသည့်အတွက် သူတို့က သူ့ကို ခြောက်လှန့်နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ မြင်ကွင်းမျိုးကြောင့် သူလည်း ကြောက်လန့်သွားနိုင်၏။

ဤကမ္ဘာကြီးထဲတွင် မြေကမ္ဘာအဆင့် ၊ ကောင်းကင်အဆင့်၊ မမြင်နိုင်သောအဆင့်နှင့် အနှစ်သာရ နားလည်ခြင်းအဆင့်တို့က ရှင်းလင်းမှုမရှိချေ။ ပုံမှန်အားဖြင့် ပြောရလျှင် သူတို့၏အနှစ်သာရက ခန္ခာကိုယ်နှင့် စိတ်ဝိညာဉ်ကို လေ့ကျင့်ရန် ဖြစ်ပြီး ကမ္ဘာမြေကြီးနှင့် ပေါင်းစည်းမှုကို အာရုံခံရန် ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့၏အစွမ်းက တံခါး (၉)ပေါက် ပွင့်နေသူများနှင့် တူညီလုနီးပါး ဖြစ်နေသော်လည်း မတူညီသော သိုင်းပညာအမျိုးအစားများကြောင့် အန်ကုံရှဲ့နှင့် ယုဟွမ်တောင်တို့ထက် အတော်လေးနိမ့်ကျပြီး ယွမ်မုန်ကျိနှင့် အဆင့်တူနီးပါး ရှိသည်။

သို့သော် ပင်မကမ္ဘာကြီးထဲရှိ သိုင်းပညာက စိတ်ဝိညာဉ်ကို အဓိကထား၍ လေ့ကျင့်ရသည်။ ကမ္ဘာမြေကြီးကို အာရုံခံနိုင်ခြင်း ၊ ချီစွမ်းအင်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ခြင်း၊ စိတ်ဝိညာဉ်နှင့် တိုက်ခိုက်မှုများ လုပ်နိုင်ကြသည်။ သို့သော် မုန့်ချီနှင့် တိုက်ရိုက် တိုက်ခိုက်ခဲ့သော တံခါး (၉)ပေါက် ပညာရှင်များကတော့ အထက်ပါ နည်းလမ်းများကို အသုံးပြုခဲ့ရခြင်း မရှိချေ။

"ငါက ပထမဆုံးအကြိမ် အန်ကုံရှဲ့နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ဉာဏ်အလင်းပွင့်မှုအဆင့်ကိုတောင် မရောက်သေးဘူး။ ဒီတော့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မတွေးမိခဲ့ဘူး။ ငါက ဟွာလွန်ကို နောက်ကျောမှာ သယ်လာခဲ့တဲ့ ညမှာတော့ ခြေ (၁၀)လမ်း လှမ်းတိုင်း လူတစ်ယောက်နီးပါး သတ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ငါက ချီစွမ်းအင် လှုပ်ရှားမှုတွေကို အချိန်ပေးပြီး ထိန်းချုပ်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ ဒုတိယတစ်ကြိမ်မှာတော့ အန်ကုံရှဲ့က သတ်လက်လွတ်ဖြစ်သွားပြီး စိတ်ပျက်လက်ပျက်နဲ့ သေသွားခဲ့ရတာ.."

"အန်ကုံရှဲ့နဲ့ ယှဉ်လိုက်ရင် ယွမ်မုန်ကျိက ပိုဆိုးတယ်။ သူက အနတ္တကျိန်စာဖျက်ဓားပညာကြောင့် သူ့ရဲ့အစွမ်းကို အမြင့်ဆုံး မသုံးနိုင်ခဲ့ဘဲ ကောင်းကင်မိုးကြိုးကြောင့် သေသွားခဲ့ရတာ.."

"ယုဟွမ်တောင်ကတော့ ငါ့မှာ သိုင်းပညာမရှိတော့ဘူးဆိုပြီး အထင်သေးနေခဲ့တာ။ ဒါကြောင့် ချီစွမ်းအားတွေကိုမသုံးဘဲ လက်ဝါးသက်သက်နဲ့ ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ သူလည်း ကျန်းကျိဝေရဲ့ ဓားချက်နဲ့ သေသွားခဲ့ရတာပဲ."

ထို့ကြောင့် ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့ကို တံခါး (၉)ပေါက် ပွင့်နေသော ပညာရှင်များဟု သတ်မှတ်ရမည်ဆိုလျှင်ပင် သူတို့နှစ်ယောက်လုံးက စွမ်းအားတိုးတက်နေသော မုန့်ချီနှင့် သရေသာ ဖြစ်နိုင်ကြသည်။

သူတို့က စတင်တိုက်ခိုက်လိုက်သည်နှင့် မုန့်ချီက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကိုသုံးပြီး သူ့ကိုယ်သူ ကာကွယ်၍ သူ၏ဓားပညာနှင့် သူတို့အတွက် အချိန်ဆွဲပေးထား၍ ရနိုင်သည်။ ထိုသို့ဆိုလျှင် ကျန်းဆန်းကျင်းနှင့် ပါတူတို့က လွတ်မြောက်သွားနိုင်၏။

ရလဒ်အနေနှင့် နတ်ဘုရားသတ်ဓား ရှောင်မုန့်က မဆင်မခြင်ကိုယ်တော် ဟူသော နာမည်တွင်သွားပါလိမ့်မည်။

အမှန်အတိုင်းပြောရလျှင် ပြတ်ရှဓားက တံခါး (၉)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူ၏စိတ်ဝိညာဉ်ကို သက်ရှိဗုဒ္ဓက ဖျက်စီးပစ်ခဲ့သည်။ ထို့ကြောင့် သူက ပို၍အဆင့်မြင့်သော ပညာရှင်များနှင့် တိုက်ခိုက်ရာတွင် ယုံကြည်ချက် ပျောက်ဆုံးသွားရခြင်း ဖြစ်၏။ အစစ်အမှန်တိုက်ပွဲတွင် မူလစွမ်းအား၏ (၅၀) ရာခိုင်နှုန်းခန့်သာ သုံးနိုင်သည့်အတွက် အဆင့်မြင့် တံခါး (၈)ပေါက်အဆင့် ပညာရှင်များထက် အနည်းငယ်သာ ပိုသာသည်။

သူက ဓားမောက်ဆန္ဒ သုံးမထားသော မုန့်ချီနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း မုန့်ချီက သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်နှင့် ပေါင်းစပ်ထားသော ကောင်းကင်ဓား သိုင်းကျမ်းကို အသုံးပြုခဲ့သည့်အတွက် သူလည်း သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။ မုန့်ချီက သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်အတွက် သူလည်း အသည်းအသန် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်၏။

သို့သော် မကောင်းဆိုးဝါးမင်းသားကတော့ တံခါး(၉)ပေါက်အဆင့် ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သော်လည်း အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ထိပ်သီးသိုင်းပညာမျိုးစုံကို ကျွမ်းကျင်နေသည့်အတွက် ဝေ့ကျင်းတစ်ဝက်အဆင့်နီးပါး ရောက်နေပြီး မကောင်းဆိုးဝါးဘုရင်မကိုပင် ယှဉ်ပြိုင်နိုင်သည်။ ထို့ကြောင့်လည်း မုန့်ချီက သူနှင့်တိုက်ခိုက်ရာတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အသည်းအသန် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ သူ၏ဓားမောက်ပညာ၊ဓားပညာနှင့် တခြားသော စွမ်းရည်များသာ တိုးတက်လာခြင်း မရှိလျှင် အဆင်မပြေနိုင်ချေ။

လမ်းကြားလေး၏ရှေ့မှနေ၍ အဖြူဝတ် မိန်းမပျိုတစ်ယောက် ထွက်လာပြီး သူမ၏လက်ထဲတွင်တော့ ရှေးဟောင်းတူရိယာတစ်မျိုးကို ကိုင်ထားသည်။ သူမက အလွန်သွက်လက်ပေါ့ပါးသော အမူအရာနှင့် မုန့်ချီ၏နောက်မှ လိုက်လာခဲ့၏။

မုန့်ချီက သူမကို တောင်းဆိုစရာအရာတစ်ခု ရှိနေပြီး ထိုအရာကို အလွန်စိတ်ဝင်စားနေသည့်အတွက် သူမကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

“မိန်းကလေးရွမ်…

တကယ်လို့ ငါက ဒီလိုမျိုး ဓားအင်ပါယာနဲ့ တခြားလူတွေလို ဟန်ဆောင်ဖို့ လိုအပ်တဲ့အချိန်မျိုးမှာ ငါ့ကို စိတ်ဓာတ်တက်ကြွအောင် သံစဉ်တီးပေးလို့ ရမလား..”

“ဟားဟားဟား…တကယ်လို့ သူသာ သဘောတူမယ်ဆိုရင် နောက်ပိုင်း ငါက နောက်ခံတီးလုံးနဲ့ ပထမဆုံး တိုက်ခိုက်တဲ့လူ ဖြစ်လာလိမ့်မယ်။ တော်တော်စတိုင်ကျမှာပဲ…”

“မြင်ကွင်းလေးကို စဉ်းစားကြည့်လိုက်စမ်း..ငါက မြစ်ကမ်းစပ်မှာ လက်နောက်ပစ်ရပ်နေတဲ့အချိန် သူက လေရူးသုန်သုန် ရေဖုံဖုံ ဆိုတဲ့သီချင်းကိုသာ တီးပေးလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…”

“ကောင်းပြီလေ…”

ရျွမ်ယုရှုက အေးစက်စွာ ပြန်ဖြေလိုက်သည်။

မုန့်ချီက အလွန်ဝမ်းသာသွားသော်လည်း စိတ်ထဲတွင် တွေဝေသွားခဲ့သည်။

“ဘယ်လို နောက်ခံတေးသံမျိုးက ပိုကောင်းမလဲ..။ ငါ့အတွက် သီချင်းခေါင်းစဉ် သပ်သပ်လုပ်ပေးဖို့ ရွမ်ယုရှုကို တောင်းဆိုလို့ ကောင်းပါ့မလား..”

ရွမ်ယုရှုက ကြိုးများကို ရုတ်တရက် ခတ်လိုက်ရာ ကြမ်းတမ်းခက်ထန်သော အသံများ ထွက်ပေါ်လာခဲ့သည်။

“ဒါဆိုရင် ဘယ်လိုလဲ…”

“မကြိုက်ဘူး…။ ဒီနောက်ခံတေးက မဆင်မခြင်ကိုယ်တော် ဒါမှမဟုတ် မိုးကြိုးဓား ဒေါသကိုယ်တော်ဆိုတဲ့ နာမည်နဲ့ပဲ လိုက်ဖက်တာ…”

မုန့်ချီက လုံးဝငြင်းဆန်လိုက်သည်။

ရွမ်ယုရှုက ကြိုးများကို ညင်သာစွာ ထိလိုက်ပြီး အချစ်တီးလုံးတစ်ခုကဲ့သို့ တီးခတ်လိုက်ပြန်သည်။ ထို့နောက် မေးလိုက်၏။

“နင်က ဒီလိုသံစဉ်မျိုးကိုရော ကြိုက်လား…”

“မကြိုက်ဘူး..။ အရမ်းမိန်းကလေးဆန်တယ်…”

မုန့်ချီက သူလိုအပ်သည့်အရာကို အသေးစိတ်ပြောပြရန် ပြင်လိုက်သည့်အတွက် ရွမ်ယုရှုက ကြိတ်၍ ရယ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအချိန်ကျမှ သူလည်း သတိဝင်လာခဲ့၏။

“အဲဒီသံစဉ် နှစ်ခုလုံးက သူ တမင်ရွေးချယ်ထားတဲ့အရာတွေပဲ။ သူက ငါ့ပုံစံနဲ့ လိုက်ဖက်အောင် တီးပေးနေတာမှ မဟုတ်တာ…”

သူမက ရန်သူဘက်မှ မဟုတ်သည်မှာ ကံကောင်းသွားသည်။ မဟုတ်လျှင် သူတိုက်ခိုက်နေစဉ် သူ့ကို ထိတ်လန့်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိနိုင်သည်။ မုန့်ချီက ပုခုံးတွန့်လိုက်ပြီး ရွမ်ယုရှုကို ရန်မစမိအောင် နေရန် ဆုံးဖြတ်လိုက်၏။

“ဘာမှမဟုတ်တော့ပါဘူး..။ ငါက ဒီတိုင်းပဲ နောက်လိုက်တာပါ..”

ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်သော်လည်း မျက်နှာအမူအရာကတော့ မူလတုန်းကအတိုင်း အေးစက်နေဆဲသာ ဖြစ်သည်။

အန္တရာယ်ထဲမှ လွတ်မြောက်လာပြီး သိပ်မကြာခင် သူတို့က နန်းတွင်းတည်းခိုဆောင်သို့ ပြန်ရောက်လာခဲ့ကြသည်။

လုကွမ်ဆီသို့ ရောက်လာပြီးနောက် ကျန်းဆန်းကျင်းက အလျင်စလို ပြောလိုက်သည်။

“တပ်မှူးလု…

ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာ အလိမ်အညာပါ။ အနောက်ပိုင်းကျူးကျော်သူတွေက သူတို့ရဲ့အတွင်းရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် အချိန်ဆွဲချင်နေတာ။ သူတို့သာ အဲဒီပြဿနာတွေကို ဖြေရှင်းပြီးသွားရင် ငြိမ်းချမ်းရေးဆွေးနွေးမှုက ဘယ်လိုရလဒ်ပဲရှိရှိ တောင်ပိုင်းကို ချီတက်လာပြီး အလယ်ပိုင်းနယ်မြေကို တိုက်ခိုက်မှာပဲ..”

“အနောက်ပိုင်းကျူးကျော်သူတွေက ဆုံးရှုံးမှုမရှိဘဲ တိုက်ပွဲကို ရပ်လိုက်တာက သူတို့ရဲ့ပုံစံ မဟုတ်ဘူး…”

တပ်မှူးလုက ထိုအရာကို စဉ်းစားထားမိခဲ့သည့်အလား ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမဲ့ ငါတို့ကလည်း တပ်ဖွဲ့တွေ စုစည်းပြီး ကာကွယ်ဖို့အတွက် အချိန်လိုတယ်..”

သူက ရပ်ပြီး ဆက်ပြောလိုက်သည်။

“ငါက သူတို့ရဲ့အတွင်းရေး ပြဿနာကို သိလို့မရဘူးလား…”

ဒဏ်ရာရနေသည့်အတွက် ထိုင်ခုံကို မှီထားသော ပါတူက ပြောလိုက်သည်။

“ကျွန်တော်တို့ထဲမှာ သီးခြားမျိုးနွယ်စုတွေ အများကြီးပါတယ်။ အဲဒီအထဲမှာ ယု မျိုးနွယ်စုက အစွမ်းထက်ဆုံးပဲ။ သူတို့ကို အားကိုးနေရတဲ့ မျိုးနွယ်စု (၇)ခု (၈)ခုလောက်က အလယ်ပိုင်းကို တိုက်ခိုက်ဖို့အတွက် ခြိမ်းခြောက်ခံထားရတာ။ အဲဒီထဲမှာ အလယ်ပိုင်းနယ်မြေကို လေးစားအားကျနေတဲ့ ကျွန်တော်တို့ ကျန်းမျိုးနွယ်စုအပါအဝင် မျိုးနွယ်စုတချို့က ယုမျိုးနွယ်စုအပေါ် မကျေနပ်ကြဘူး..”

“ပိုင်မြစ်ဝကို ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ မျိုးနွယ်စုအများအပြားက လမ်းခွဲပြီး အနောက်ပိုင်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ အများကြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။အဲဒါကြောင့် အနောက်ပိုင်းအဖွဲ့တွေကြားထဲမှာ ပဋိပက္ခတွေ ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့က သခင်လေးကို အလယ်ပိုင်းခေါ်လာပြီး အကူအညီလာရှာတာ…”

မုန့်ချီက အခြေအနေကို သုံးသပ်ရာတွင် ကျွမ်းကျင်သူမဟုတ်သည့်အတွက် သူတို့ပြောသည့်စကားများကိုသာ တိတ်တဆိတ် နားထောင်နေသည်။ ရွမ်ယုရှုကတော့ ဒမ်ဆမ်းများကိုသာ အေးအေးဆေးဆေး စားနေခဲ့သည်။

“သခင်လေး ဟုတ်လား၊ သူက သြဇာဘယ်လောက်ရှိလဲ…”

လုကွမ်က အဓိကအချက်ကို မေးလိုက်သည်။

ပါတူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော်တို့ သခင်လေးဆီမှာ နတ်ဘုရားသွေး ရှိတယ်။ သူသာ ပေါ်လာမယ်ဆိုရင် တပ်ဖွဲ့ရဲ့တပ်မှူးတွေ ၊ ကျွန်တော်တို့ ကျန်းမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုက လူအများစုက သူ့အမိန့်ကို နာခံကြမှာပါ။ အမှန်အတိုင်းပြောရရင် သူတို့လည်း ဆန့်ကျင်ချင်နေကြတာ။ ဒါပေမဲ့ အလယ်ပိုင်းက လူတွေရဲ့စကားအရ သူတို့မှာ ခေါင်းဆောင် မရှိတဲ့အတွက် ယုမျိုးနွယ်စုက ဖြည်းဖြည်းချင်း ရှင်းပစ်မှာပဲ…”

“မင်းရဲ့သခင်လေးက မြို့တော်မှာ ရှိလား..”

လုကွမ်က တိတ်တဆိတ် မေးလိုက်သည်။

ပါတူက ခေါင်းညိတ်ပြလိုက်သည်။

“ရှိပါတယ်။ ကျွန်တော်တို့ သခင်လေးက လုံခြုံတဲ့နေရာမှာ ပုန်းနေတယ် ။ ကျွန်တော်တို့က ဘယ်မင်းသားဆီမှာ ခိုလှုံရမလဲ အပြင်ထွက် စုံစမ်းနေတဲ့အချိန်မှာ ကံဆိုးပြီး ပြတ်ရှဓားနဲ့ တွေ့ခဲ့ရတာ။ တပ်မှူးလု ..ကျင်းရှိုနဲ့ ကျွန်တော်တို့ နှစ်ယောက်လုံးက တပ်မှူးနဲ့ သူရဲကောင်းမုန့်ကို ယုံကြည်ပါတယ်။ ကျွန်တော်တို့ သခင်လေးနဲ့ သွားတွေ့ဖို့ အခုပဲ ခေါ်သွားပေးပါ့မယ်..”

“ဘာမှမစိုးရိမ်ကြပါနဲ့…”

လုကွမ်က အလျင်လိုခြင်း မရှိဘဲ ပြောလိုက်သည်။

“အခုချိန် ပညာရှင်တွေ ဘယ်လောက်များများက ငါတို့ကို စောင့်ကြည့်နေလဲဆိုတာ ငါလည်း မသိဘူး။ ငါတို့ကို မင်းရဲ့သခင်လေးဆီ ခေါ်သွားမယ်ဆိုရင် သူ့ကို ထိခိုက်စေလိမ့်မယ်။ ဒါကြောင့် မနက်ဖြန် လက်ယာအမတ်ကြီးဆီသွားပြီး သူကိုယ်တိုင် ဖြေရှင်းပေးဖို့ ပြောလိုက်ပါ့မယ်…”

အမှန်အတိုင်းပြောရလျှင် အစစ်အမှန်ဆုံးဖြတ်ခွင့်က သတိလစ်မေ့မျောနေသော ရှင်ဘုရင်၏ လက်ထဲတွင်သာ ရှိသည်။ သို့သော် တိုင်းပြည်တစ်ခု ဖြစ်သည့်အတွက် နေ့စဉ်လုပ်ငန်းတာဝန်များ စီမံခန့်ခွဲရန် အသက်ရှင်နေသော ဘုရင်တစ်ပါး ရှိနေရန် လိုအပ်သည်။ နောက်ရက်အနည်းငယ်အတွင်း လက်ယာအမတ်ကြီးက မင်းကြီးကို တွေ့ပြီး ဘုရင်အသစ်တင်ရန် တောင်းဆိုရပါလိမ့်မည်။ လက်ရှိအချိန်တွင်တော့ အိမ်ရှေ့မင်းသားက သူတို့၏တိုင်းပြည်ကို အုပ်ချုပ်နေသည်။

အလွန်တည်ငြိမ်သော လုကွမ်၏အခြေအနေကို ကြည့်၍ ပါတူနှင့် ကျန်းဆန်းကျင်းတို့လည်း စိတ်အေးသွားခဲ့ကြသည်။

“နောက်ထပ် သတင်းနှစ်ခု ရှိသေးတယ်။ ယုမျိုးနွယ်စုရဲ့ ခေါင်းဆောင်က နတ်ဆိုးကျောင်းက ပညာရှင်တစ်ယောက်ရဲ့တပည့်လို့ ပြောကြတယ်။ အခု အရှေ့ပိုင်းကို ကျူးကျော်တဲ့နေရာမှာ နတ်ဆိုးကျောင်းက သိုင်းပညာရှင်တွေ အများကြီးပါတယ်…”

ကျန်းဆန်းကျင်းက တခြားကိစ္စတစ်ခုကို စဉ်းစားကြည့်နေခဲ့သည်။

“တကယ်လို့ ဒါကသာ နတ်ဆိုးကျောင်းရဲ့အစီအစဉ်တွေဆိုရင် မြို့တော်ကို ရောက်နေတဲ့ မကောင်းဆိုးဝါးဘုရင်မနဲ့ မကောင်းဆိုးဝါးမင်းသားကိုပါ ငါတို့က ထည့်စဉ်းစားသင့်ပြီ။ သူတို့က မင်းသား(၇)ကို ထောက်ခံချင်နေတာ ဖြစ်မယ်..”

လုကွမ်က တီးတိုးရေရွတ်လိုက်သည်။

အခန်းထဲတွင် မုန့်ချီ ၊ ရွမ်ယုရှု ၊ လုကွမ် ၊ တာအိုသခင်ဟူ ၊ ကျန်းဆန်းကျင်းနှင့် ပါတူ တို့သာ ရှိသည့်အတွက် ထိုကိစ္စကို တိုက်ရိုက် ပြောလိုက်သည်။

“နောက်ထပ်သတင်းတစ်ခုကကော..”

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။

သူက အလွန်အေးစက်သော ဓားသမားတစ်ယောက်ပုံစံ ဆက်လက်ဟန်ဆောင်နေရသည့်အတွက် စိတ်ထဲတွင် အတော်လေး နေမထိထိုင်မသာ ခံစားနေရသည်။

ပါတူက မသေမချာ ပြောလိုက်၏။

“အချိန်ဆွဲတာအပြင် ငြိမ်ချမ်းရေး ဆွေးနွေးဖို့ ယုမျိုးနွယ်စု လွှတ်လိုက်တဲ့ တမန်တော်ကလည်း နတ်ဆိုးကျောင်းနဲ့ ပတ်သက်နေတာ ထင်တယ်။ သူက နတ်ဆိုးသခင်ရဲ့ရတနာကို ရှာနေတာ…”

“နတ်ဆိုးသခင်ရဲ့ရတနာလား။ သူက မြို့တော်ထဲမှာ သေသွားခဲ့တာလား…”

တာအိုသခင်ဟူက အလွန်ထိတ်လန့်သွားခဲ့သည်။

မုန့်ချီနှင့် ရွမ်ယုရှုတို့ကတော့ နတ်ဆိုးသခင်ကို မကြားဖူးကြသည့်အတွက် တာအိုသခင်ဟူ၏စကားကို ဆက်၍ နားထောင်နေကြသည်။

“တာအိုသခင်…

နတ်ဆိုးသခင်ရဲ့ရတနာဆိုတာကို သိလား..၊ အဲဒါက ဘာလဲ…”

ကျန်းဆန်းကျင်းလည်း မသိချေ။

တာအိုသခင်ဟူက သက်ပြင်းချလိုက်သည်။

“နတ်ဆိုးသခင်ဆိုတာက တကွဲဆီ ဖြစ်နေတဲ့ နတ်ဆိုးကျောင်းကို ပြန်စုစည်းခဲ့တဲ့ နတ်ဆိုးကျောင်းရဲ့ကျောင်းအုပ်ပဲ။ သူ့ရဲ့အစွမ်းက မကောင်းဆိုးဝါးဘုရင်မနဲ့ တော်ဝင်အကြံပေးတို့ထက် နည်းနည်းပိုတယ်။ သူက လူသားနဲ့ကမ္ဘာမြေ တစ်သားတည်းအဆင့်ကိုတောင် ရောက်နေပြီလို့ ပြောကြတယ်။ သူက တည်ထောင်သူကလွဲရင် နတ်ဆိုးကျောင်းမှာ အစွမ်းထက်ဆုံးပညာရှင်တစ်ယောက်လို့ အသိအမှတ်ပြုခံခဲ့ရတယ်…”

“ဒါပေမဲ့ သူက နတ်ဆိုးကျောင်းကို ပြန်လည်တည်ထောင်ခဲ့တဲ့အချိန်မှာ အဆင့်တက်တော့မယ်လို့ ငါတို့အားလုံးက တွေးခဲ့ကြတယ်။ ဒါပေမဲ့ သူကတော့ သီးခြားနယ်မြေတစ်ခုကို တွေ့သွားပြီး သိုင်းလောက ကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ သူ့ရဲ့အသက်အရ သူသေသွားတာ တော်တော်ကြာလောက်ပြီ…”

“အဲဒီအချိန်မှာ မကောင်းဆိုးဝါးဘုရင်မက အရမ်းငယ်သေးတော့ နတ်ဆိုးကျောင်းကို မထိန်းချုပ်နိုင်ဘူး။ ရလဒ်အနေနဲ့ နတ်ဆိုးကျောင်းက နောက်တစ်ကြိမ် ရှုပ်ထွေးလာတယ်။ သူက သိုင်းသခင်တစ်ယောက် ဖြစ်လာတဲ့အချိန် နတ်ဆိုးကျောင်းမှာ မကောင်းဆိုးဝါးမင်းသား ၊ နတ်ဆိုးဘုရင် ၊ ဆရာရင်နဲ့ တခြားသိုင်းပညာရှင်တွေ ပေါ်လာခဲ့ပြီး နတ်ဆိုးကျောင်းကို ပေါင်းစည်းချင်တဲ့ သူ့အကြံကို တားဆီးခဲ့ကြတယ်။ အထူးသဖြင့် သိုင်းသခင်အဆင့်ကို ရောက်လုနီးပါးဖြစ်နေတဲ့ မကောင်းဆိုးဝါးမင်းသားက သူတိုက်ခိုက်တာကို ခံရပေမဲ့ နှောင့်ယှက်နေတုန်းပဲ…”

“နတ်ဆိုးသခင်ရဲ့ရတနာဆိုတာကတော့ ငါလည်း နတ်ဆိုးကျောင်းက မဟုတ်တော့ နည်းနည်းပဲသိတယ်…”

ထိုစကားများကို ကြားသည့်အခါ မုန့်ချီက အံကြိတ်နေမိသည်။ လူသားကမ္ဘာကြီးကို စွန့်ခွာခြင်း သို့မဟုတ် ဘုန်းတော်ကြီးတစ်ပါးဖြစ်ရသည့်အကြောင်းပြချက်ဟူသော ခောင်းစဉ်များက သူ့အတွက် ထိရှလွယ်နေသည်။

ပါတူက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

“ကျွန်တော်တို့ သခင်လေးက နတ်ဆိုးသခင်ရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး တစ်ခုခု သိထားတယ်..”

“ငါက လက်ယာအမတ်ကြီးဆီကို မသွားမချင်း ဒီအကြောင်းတွေကို ထပ်မပြောနဲ့တော့…”

လုကွမ်က ခိုးနားထောင်မည့်လူများကို ကြောက်လန့်နေသည့်အတွက် ချက်ချင်း တားလိုက်သည်။

အခန်းအပြင်ဘက်တွင် လရောင်က အေးစက်နေ၏။ ကျန်းဆန်းကျင်းက လက်နှစ်ဖက်ကို ပွတ်ပြီး ပြောလိုက်သည်။

“သူရဲကောင်းမုန့်…

သူရဲကောင်းမုန့်ရဲ့ ဓားမောက်ပညာကို တွေ့လိုက်ရတဲ့အချိန်မှာ ကျွန်တော်အရမ်း ဂုဏ်ယူခဲ့ရတဲ့ ဓားမောက်ပညာက သူရဲကောင်းမုန့်နဲ့ ယှဉ်ရင် အရမ်းနိမ့်ကျတယ်ဆိုတာ နားလည်ခဲ့ရတယ်…”

“မင်းက ငယ်သေးတယ်။ပြီးတော့ မကျော်ကြားသေးဘူး ။ မင်း သိုင်းပညာသင်ကြားတာ မကြာသေးဘူး မဟုတ်လား…”

တာအိုသခင်ဟူက အပြုံးနှင့် ပြောလိုက်သည်။

ကျန်းဆန်းကျင်းက ခဏကြာစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော်က သူတောင်းစားတစ်ယောက်ပါ။ မထင်မှတ်ဘဲ သိုင်းကျမ်းတစ်ခုကို ရခဲ့တဲ့အတွက် အဆင့်မြင့်သိုင်းပညာတစ်ခုကို လေ့ကျင့်ခွင့်ရခဲ့တယ်။ ကျွန်တော့်ရဲ့ ဓားမောက်ပညာကို ကိုယ်တိုင်ပဲ လေ့ကျင့်ခဲ့တာပါ..”

“ကျေးဇူးပြုပြီး ငါတို့ကို ပြပါ…”

မုန့်ချီက ရုတ်တရက် ပြောလိုက်သည်။

Translated by Hein Htet.

All Chapters