နတ်ဘုရား ကြားဖြတ်ခြင်း
Vol. 14 Ch. 196
ပြီးတဲ့ နောက်မှာတော့..အခြေအနေတွေက မရပ်မနားဖြစ်လာခဲ့တယ်..။
ဆန်နီဟာ..များပြားလှတဲ့..ရန်သူတွေကို ရင်ဆိုင်ဖို့အတွက် က်ိုယ့်ကိုကို အကန့်အသတ်ရောက်အောင် တွန်းပို့ထားရပြီး..ကျန်တဲ့ အဖွဲ့သားတွေနဲ့လည်း..အဝေးမရောက်သွားအောင် ထိန်းသိမ်းထားရပါသေးတယ်..။နှေးကွေးနေတာက..သေဖို့ဦးတည်နေတာပဲ ဆိုတာကို သူသိနေခဲ့တယ်..။သူက ခုတ်ဖြတ်တာ၊ ရှောင်ရှားတာ ၊ တားဆီးတာ..တွေကို တစ်စက္ကန့်တောင် မရပ်နားပဲနဲ့ လုပ်နေခဲ့ရတယ်..။ဖြည်းဖြည်းချင်းဆိုပေမယ့် သိသိသာသာပဲ..မရေမတွက်နိုင်တဲ့ ဒဏ်ရာ တွေက..သူ့ ခန္တာကိုယ်ပေါ်မှာ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်..။
သို့ပေမယ့် ဒီလိုဆိုရငိတောင်..မလုံလောက်သေးပါဘူး..။
ဒါကြောင့်..သူက ကိုယ့်ကိုကို အကန့်အသတ်ထက် ကျော်လွန်သည်အထိ ..တွန်းအားပေးနေခဲ့ရပါပြီ..။
ဘာပဲဖြစ်ဖြစ်..ဆန်နီက ကျောက်တုံးသူတော်စင်နဲ့ပြင်းပြင်းထန်ထန် နေ့စဥ်ရက်ဆက် လေ့ကျင့်ခဲ့တာတွေက ဒီလို အခြေအနေမျိုး အတွက်ပါ..။လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်ရတဲ့ အခြေအနေက ကျိန်းသေ ဖြစ်လာမှာပါပဲ..။
ပြင်းပြတဲ့ ဒေါသစိတ်တွေက..သူ့ရင်ထဲမှာ ဖြစ်တည်လာခဲ့ပြီး..နာကျင်မူတွေ ၊ ကြောက်ရွံ့မူတွေကို မောင်းထုတ်လိုက်တယ်..။
"လာ..လာ...လာစမ်းပါ..။ငါက ဒီမှာပဲ..။
သူတို့က ဘယ်သူ့ကို သတ်ဖို့ကြိုးစားနေတယ်လို့ ထင်နေကြတာလဲ...
နောက်ထပ် သတ္တဝါလေးကောင်က သူ့ကို အဖြေပြန်ပေးဖို့ တိုးဝင်လာတာကိုမြင်ပြီး ဆန်နီ ရယ်မောလိုက်တယ်..။
'ကောင်းတယ်..ကောင်းတယ်..'
သူတို့ရဲ့ တိုက်ခိုက်မူတွေက လျင်မြန်ပြီး..ညှာတာမူဆိုတာ မရှိပေ..။ဒီသတ္တဝါတွေက..သူ့ကို အသက်ရူခွင့်တောင် မပေးကြပါဘူး..။ဒါပေမဲ့ ဆန်နီက ကြိုဆိုပြီးသားပါ..။
ပထမဆုံးဝင်လာတဲ့ အရိုးစုကို ရှောင်ရှားလိုက်ပြီး..ဒုတိယ တစ်ကောင်ရဲ့ ရှေ့မှာ နေရာဝင်ယူလိုက်တယ်..။ဒီလို့နဲ့ တတိယ တစ်ကောင်ဝင်လာတဲ့ လမ်းကြောင်းကို ပိတ်နေပြီးသားဖြစ်နေခဲ့ပါပြီ..။
လတ်တလောမှာတော့ သူက လေးကောင်မြောက်ကို ဘာမှ မလုပ်နိုင်သေးပေ..။ဒီတိုက်ခိုက်မူတွေက..ငရဲလို နာကျငိရတော့မှာဖြစ်ပြီး..သူ့ကို သေစေနိုင်မှာမဟုတ်ပေ..။ဝီဗာရဲ့သွေးကတော့ ကျန်တဲ့ အပိုင်းကို တာဝန်ယူသွားမှာပါ..။
သန်းခေါင်ယံ အမြုတေက လေထဲမှာ ဝဲပျံပြီး မသေနိုင်တဲ့ သတ္တဝါရဲ့ ခြေထောက်ကို ခုတ်ဖြတ်ကာ..မြေကြီးပေါ် လဲကျစေခဲ့တယ်..။တစ်ချိန်တည်းမှာပဲ အေးစက်တဲ့လက်ချောင်းတွေက ဆန်နီရဲ့ဘက်ကို ဝင်လာခဲ့တယ်..။သူက ခန္တာကိုယ်ရဲ့ အရေးကြီး အစိတ်အပိုင်းတွေကို..မထိအောင် ရွေ့လျားနေပြီးပါပြီ..။
ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က..ထိခိုက်မူ အများဆုံးကို ယူသွားတာကြောင့်..ဆန်နီရဲ့ကိုယ်မှာတော့..သွေးထွက်တဲ့ ခြစ်ရာ ငါးခု သာ ထင်ကျန်ခဲ့ပါတယ်..။
'အာ.. ချီးပဲ..ဒါကအတော်နာတယ်..'
သို့ပေမယ့် သူ နောင်တမရပေ..။သူနောင်တရတဲ့ တစ်ခုတည်းသော အရာက သူ့ရိပ်က သန်းခေါင်းယံ အမြုတေမှာ ရစ်ပတ်နေရတာကြောင့်..တိုက်ခိုက်မူတွေကို လေ့လာကြည့်လို့ မရတာပါပဲ..။
ဓားကို တင်းတင်းဆုပ်ကိုင်ကာ တစ်ဖက်ကို လှည့်လိုင်ရင်း..သူ့အရိပ်ကို ခန္တာကိုယ်ဆီပြောင်းဖို့ အမိန့်ပေးလိုက်တယ်..။ချက်ချင်းဆိုသလို..သူ့ကြွက်သားတွေမှာ ခွန်အားတွေ ပြည့်လာတာကို ခံစားလိုက်ရပါတယ်..။ဆန်နီဟာ သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ မွန်းစတား အနားကို ကပ်သွားပြီး ဓားနောင့်နဲ့ ရိုက်ချလိုက်တယ်..။
အရိုးစုရဲ့ မေးရိုးက သွားတွေ အကုန်ပြုတ်ထွက်ကာ လွင့်စင်သွားခဲ့ပါတယ်..။ဆန်နီ အလျင်အမြန် ရှေ့တိူးလိုက်ပြီး..သားရဲကို တစ်ပတ် ပတ်ကာ သူ့ရဲ့ ဦးခေါင်းကို ခန္တာကိုယ်မှဖြုတ်ရင်းအဆုံးသတ်ပေးလိုက်ပါတယ်..။
ယင်းနောက် သူက သားရဲကို ကျန်တဲ့နှစ်ကောင်ဆီကို တွန်းပို့လိုကိပြီး သူတို့ရဲ့ရှေ့တိုးလာမူကို နှေးကွေးအောင် လုပ်လိုက်တယ်..။သားရဲ နှစ်ကောင် ဟန်ချက်ပြန်ထိန်းနိုင်တဲ့ အချိန်မှာတော့ ဆန်နီက သူတို့ အနားမှာ ရောက်နေခဲ့ပါပြီ..။သန်းခေါင်းယံ အမြုတေက အရောင်သုံးကြိမ် လက်သွားပြီး အရိုးစု သုံးကောင်ကို အရိုးပုံ အဖြစ်ပြောင်းပေးလိုက်တယ်..။
သူ နောက်ကို အမြန်ပြန်ဆုတ်လိုက်ပြီး..နောက်ဆုံးကျန်နေတဲ့ အရိုးစုရဲ့ လက်သည်းတွေကို ရှောင်လိုက်ရပါသေးတယ်..။ဒီတစ်ကောင်က အစောတုန်းက ခြေတောက်ပြတ်သွားတဲ့ အကောင်ပါ..။ဆန်နီဟာ သူ့ဆီရူးသွပ်စွာပြေးလာနေတဲ့ သတ္တဝါကို အားပြင်းတဲ့ ခုတ်ချက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်..။
ယင်းနောက် သူ ညဥ်းညူလိုက်တယ်..။
'အာ..ချီးပဲ ငါအလွန်အကျွံတွေ လုပ်မိနေပြီထင်တယ်.'
ဆန်နီရဲ့ ကိုယ်မှာတော့ ဒဏ်ရာတွေ ၊ နာကျင်မူတွေနဲ့ သွေးစွန် သာ ရှိနေခဲ့တယ်..။ပိုပြီးဆိုးဝါးတာက သူ မောပန်းနေတာပါပဲ..။ဒီ တိုင်ပွဲက အတော်လေးကို ပြင်းထန်ပြီး အချိန်လည်း အတော်ကြာနေခဲ့တာပါ..။ဝီဗာသွေးရဲ့ အားဖြည့်မူကြောင့် သူ့ရဲ့ ခံနိုင်ရည်က မြင့်မားနေတာတောင် ..စွမ်းဆောင်ရည်က ဖြည်းဖြည်းချင်း လျော့ကျလာနေခဲ့ပါပြီ..။
ဒီလို ဖြစ်လာတဲ့ အချိန်ဆိုရင် ..သူ သေရပါလိမ့်မယ်..။ဘာလို့လဲ ဆိုတော့ ဒီသောက်ကျိုးနဲ..မသေနိုင်တဲ့ သတ္တဝါ တွေက..အင်မော်တယ်တွေဖြစ်ရုံသာမက..ပင်ပန်းခြင်းလည်း မရှိကြပါဘူး..။
ဆန်နီရဲ့ စိတ်ထဲကို ဒီအတွေး ပေါ်လာတဲ့ အချိန်မှာပဲ..နောက်ထပ် ..အရိုးစုတွေက..သူ့ဆီကို ထပ်ပြီး ရောက်လာခဲ့တယ်..။
သူ့ ဓားကို ပင်ပန်းစွာ မြှောက်ထားရင်း အံကိုကြိတ်ထားခဲ့ပါတယ်..။
' အစီစဥိ B အတွက် အချိန်ကျပြီ..'
***
အဲ့အချိိန်မှာပဲ..သူတို့ နစ်မြုပ်လုနီးပါး ဖြစ်နေတဲ့ ဥမင်ထဲမှာ အဖြူရောင် အလင်းလှိုင်း တွေကို မြင်တွေ့လိုက်ရတယ်..။သူ နောက်ပြန်ကြည့်လိုက်တဲ့ အချိန်မှာတော့..နစ်ဖီက..နောက်ဆုံးမှာ သူမရဲ့ မီးတောကိတွေကို ဓားကနေ တဆင့် ထုတ်ဖော်လိုက်ပါပြီ..။ဒါက သူတို့ ကြေးခွံနတ်ဆိုးနဲ့ တိုက်ခိုက်တုန်းက အတိုင်းပါပဲ..။
ဓားက နေ..မျက်စိကျိန်းလောက်အောင် ဖြာထွက်နေတဲ့ အလင်းရောင်ကြောငိ့..အရိုးစုတွေက အရည်ပျော်မတတ် ဖြစ်နေခဲ့တယ်..။
' အချိန်ကိုက်ပဲ..'
သူ့ရန်သူတွေ ခနတာ တွေဝေသွားတာကို..အခွင့်ကောင်းယူပြီး ဆန်နီ ကျောက်တုန်းသူတော်စင်ကိုသူနဲ့နေရာချငိးလဲဖို့ အမိန့်ပေးလိုက်ပါတယ်..။သူတို့ ဘေးချငိးယှဥ်ဖြတ်သွားတဲ့ အချိန်မှာတော့ သူ့ခန္တာကိူယ်ပေါ်က အရိပ်ကို ကျောက်တုံး စစ်သည်ဆီကို ပေးလိုက်တယ်..။
ချက်ချငိးဆိုသလိုပဲ..အရိပ်သူတော်စင်ရဲ့ မျကိလုံးတွေက..အနီရင့်ရောင် မီးတောက်တွေ တောက်လောင်လာခဲ့ပါတယ်..။သူမရဲ့ အရည်ပြားတွေကနေ အနက်ရောင်အလင်းတွေ ထွက်ပေါ်လာခဲ့တယ်..။ဥမင်ထဲက မထိုးဖောက်နိုင်တဲ့ အမှောင်ထုက သူ့ကို ဝတ်ရုံတစ်ခုလိူ ဖက်ထားခဲ့တယ်..။
'ဟုတ်တယ်..ငါ့ဆီမှာလဲ လှည့်စားမူတစ်ချို့ ရှိတယ်လေ..'
စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ အရိပ်က အရိုးခြေထောက်တွေ၊ လက်တွေကို..လေပါ်လွင့်စင်နေစေခဲ့တယ်..။သူမက အမှောင်မုန်တိုင်းက တစ်နေရာကနေ တစ်နေရာ ရွေ့လျားနေသလိုမျိုး အရူးအမူး တိုက်ခိုက်နေခဲ့တာပါ..။
ကိုင် နဲ့ ကတ်စီ တို့အနားမှာ နေရာယူလိုက်ရင်း ..ဆန်နီက နောက်ဆုံးမှာ စက္ကန့်အနည်းငယ်လောက်အနားယူလိုက်ရတယ်..။သူ့ခန္တာကိူယ်က နာကျင်မူကြောင့် ညဥ်းသွားနေပြီး..ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်မှာလည်း သွေးတွေ ပေကျံနေခဲ့ပါတယ်..။
ဆန်းကျယ်တဲ့ နတ်ဘုရားစွမ်းရည် နှစ်ခုကို တစ်ပြိုင်တည်း အသုံးပြုလိုက်တာကြောင့်..သူတို့အဖွဲ့က ခနလောက်တော့ အသက်ရူခွင့် ရလိုက်ကြတယ်..။သိူ့ပေမယ်..ဒီတည်ငြိမ်မူက အချိန်အကြာကြီးရမှာမဟုတ်ဘူးဆိုတာ သိသာပါတယ်..။
ဆန်နီဟာ သူ့ရဲ့ လျိုဝှက်ကတ်တွေ အကုန်မသုံးရသေးဘူး ဆိုပေမယ့် အခြေအနေက သိပ်ရွေးချယ်စရာ မရှိပါဘူး..။ဒီ ရူးသွပ်ဖွယ်အခြေအနေကို သူ ဆက်ထိန်းထားနိုင်ဖို့ဆိုတာ မသေချာပေ..။ထပ်ပြောရရင် တစ်ခြားအဖွဲ့သားတွေက..ကျောက်တုံးသူတော်စင်ရဲ့ ရုတ်တရက် စွမ်းဆောင်ရည်နဲ့အရည်အသွေးကို သတိမထားမိကြပေ..။
ဒီအခွင့်အရေးကိုယူပြီး ဆန်နီဟာ သူ့ရဲ့ အပေါင်းအပါတွေကိုကြည့်လိုက်တယ်..။
...ဒါက အခြေအနေ သိပ်မကောင်းပေ..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အကာအကွယ်က တွန့်ကြေနေပြီး ညာဘက်ခြမ်းက သွေးတွေ စီးကျနေခဲ့ပါပြီ..။အယ်ဖီ ရဲ့ ဒိုင်းကာကလည်း ကွဲလုမတတ်ဖြစ်နေပြီး သွေးတွေ နဲ့ နီရဲနေခဲ့တယ်..။ကတ်စတာက တည်ငြိမ်ပုံ ရနေပေမယ့်..သူ့ရဲ့ မျက်လုံးတစ်ဖက်ရဲ့ အောက်မှာ နက်ရှိုင်းတဲ့ ဟက်တက်ကွဲ ဒဏ်ရာတစ်ခု ရှိနေခဲ့ပါတယ်..။သူ့ မျက်နှာမှာ သွေးတွေ ပေကျံနေခဲ့တယ်..။
ကိုင်ကတော့ အခြေအနေ ကောင်းနေခဲ့တယ်..။သူက ဖြူဖျော့နေပြီး အတော်လေးကို မောပန်းနေခဲ့ပါတယ်..။သူ့ ဆံပင်က ဖရိုဖရဲဖြစ်ပြီး ချွေးတွေစိုရွဲနေခဲ့ပါပြီ..။
..ဆန်နီကတော့ သူ့ရဲ့ သနားစရာပုံစံကို တွေးတောင် မတွေးချင်တော့ပေ..။
အဆင့်၆ အကာအကွယ်ကို ဝတ်ထားပြီး တိုကိခိုက်မူကို သိပ်မခံရတဲ့ ကတ်စီကသာ နည်းနည်းအဆငိပြေနေခဲ့တယ်..။သို့ပေမယ့် သူမရဲ့ ဓားပျံက မြင်သာတဲ့ ခြစ်ရာတွေ ရှိနေပြီး အတော်လေးကို ပင်ပန်းနေတဲ့ပုံပါပဲ..။
ခနလေး အတွေးမှာပဲ..သူတို့ဘက်မှာ ဒီလို နာကျငိစရာ ဖြစ်တည်မူ တွေ ရှိလာခဲ့တယ်...။
အခြေအနေတွေက မပြောင်းလဲဖူးဆိုရင် သူတို့ မကြာခင် သေကြရမှာပါ..။
သူ့ဆီကို ဥမင် ဘေးနားကနေ ခုန်အုပ်လာတဲ့ အရိုးစုကို ဓားနဲ့ ကျွမ်းကျင်စွာ ခုတ်ချလိုက်ပြီး..ဆန်နီက အဆုတ်ကွဲမတတ်အော်ပြောလိုက်တယ်..။
"ဟေး..အယ်ဖီ..ငါတို့ ဒီနေရာကနေ သောက်ကျိုးနဲထွက်ပေါက်ကို ရောက်ဖို့ ဘယ်လောက် ..ဝေးသေးလဲ..။ဒါတွေက ဘယ်တော့အဆုံးသတ်မှာလဲ"
မသေနိုင်တဲ့ မွန်းစတားတွေကို ရှင်းလင်းနေရငိးသူမက နောက်ပြန်ကြည့်ကာ ဖြေလိုက်တယိ..။
"အဆုံးသတ် မယ် ဆိုတာ ဘာကို ဆိုလိုတာလဲ.."
'ငါဘာကိုဆိုလိုတာလဲ ဆိုတာ ဘာကိုပြောချင်တာလဲ..။ဒါက သိသာနေတာပဲ မဟုတ်ဘူးလား.."
သူ့ရှေ့က ရန်သူတွေကို ပြန်အာရုံစိုက်ထားရင်း အယ်ဖီက အော်ပြောလိုက်တယ်..။
"ဘာကို အဆုံးသတ်ရမှာလဲ..။အခုမှ သွေးပူရုံပဲ ရှိသေးတာ.."