← Chapters

နောက်ဆုံး တောင့်ခံမူ

Vol. 14 Ch. 198

နောက်ဆုံး တောင့်ခံမူ

Vol. 14 Ch. 198

ဆန်နီ သက်ပြင်းချလိုက်တယ်..။

ဒါပေါ့..သူတို့ ဒီတံတားကို ဖြတ်သွားမှ ရမှာပါ..။ဘာလို့ သူက မေးနေရဦးမှာလဲ..။

'ကောင်းတယ်..'

အနည်းဆုံးတော့ အဲ့နေရာမှာ ဘာ အရိုး​ခြောက်မှ ရှိမနေပါဘူး..။တစ်ဖက် ဥမင် ဆီကို သွားမယ့် လမ်းကြောင်းက ရှင်းလင်းပါတယ်..။

'သေချာတာကတော့ ငါ သေတော့မယ်ဆိုတာပဲ..'

ဆန်နီ ဒီ မပျော်ရွှင်တဲ့ အတွေးတွေ ဖြစ်နေတုန်းမှာပဲ..အယ်ဖီနဲ့ ကတ်စတာ ဟာ သူတို့ရှေ့မှာ ကျန်ရှိနေတဲ့ သားရဲ အနည်းငယ်ကို ဖယ်ရှားပြီး ချောက်ကမ်းပါး ရဲ့ အစွန်းကို ရောက်လာခဲ့တယ်..။နောက်ဆုံးမှာတော့..ဆက်တိုက် တိုက်ခိုက်နေမူကနေ လွတ်မြောက်သွားပြီး..သူတို့အဖွဲ့က အလျင်အမြန်ပဲ အသက်ရူလိုက်ကြတယ်..။

နစ်ဖီ နဲ့ ကျောက်တုန်းသူတော်စင် တို့ကတော့ တိုက်ခိုက်နေကြတုန်းပါပဲ..။အမှန်တော့ နောက်ကနေ လိုက်လာနေတဲ့ ဖိအားက..အရမ်းကို များပြားတာကြောင့်..သူတို့က ထိန်းထားနိုင်တယ် ဆိုယုံလောက်သာ တိုက်ခိုက်နိုင်ကြတာပါ..။

ပုံရိပ်နှစ်ခု..။တစ်ခုက အရိပ်တွေ ရစ်ပတ်နေပြီး..တစ်ခြားတစ်ခုက..စစ်မှန်တဲ့ အဖြူရောင် အလင်းရောင် တွေ လွှမ်းခြုံနေခဲ့တယ်..။

ဆန်နီ အံကိုကြိတ်ထားခဲ့တယ်..။

..တကယ်လို့ ဘာမှမပြောင်းလဲဘူးဆိုရင်..ချောက်နက်ထဲကို လွင့်ပစ်ခံရမယ့်သူက သူတို့ ဖြစ်တော့မှာပါ..။

အပြုံးတစ်ခုကို ပါးစပ်မှာ ချိတ်ဆွဲရင်း..သူက အယ်ဖီကို ကြည့်ကာ ပြောလိုက်တယ်..။

"သွား.."

သူမရဲ့ လှံရှည်ကို မှီနေရင်း..မုဆိုးမိန်းကလေးက အားနည်းစွာ ခေါင်းခါယမ်းလိုက်တယ်..။

"တစ်ခြားလူတွေ တစ်ဖက်ကို ရောက်အောင် ကူးနိုင်ဖို့တစ်စုံတစ်ယောက်က..ဒီဟာကို ထိန်းထားဖို့ လိုအပ်တယ်.."

ဆန်နီ..သူမကို ဖြတ်ပြောလိုက်တယ်..။

"ငါ နောက်ဆုံးမှ တံတားကို ကူးမယ်..။စိတ်မပူနဲ့..ငါ့မှာ အစီစဥ် တစ်ခုရှိတယ်.."

ရူးသွပ်တဲ့ အစီစဥ်တစ်ခု..။ဒါပေမဲ့..တစ်ခြား ဘာရှိနိုင်ဦးမှာလဲ..။

သူ့ကို အတော်ကြာအောင်ကြည့်လိုင်ပြီး..အယ်ဖီ စက္ကန့်အနည်းငယ်လောက် တွေဝေကာ ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..။အသက်ရှင်အောင် နေပါ ဆန်နီ.."

သူ တိတ်တဆိတ် ရယ်မောလိုက်ပြီး..

"အင်း..နင် ဂရုစိုက်မယ်လို့ ငါ မထင်မိခဲ့ဘူး.."

သူမက သူဘကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်တယ်..။

"မဟုတ်ဘူး..နင်သာ သေသွားရင်..ငါက နင့်ရဲ့ အလောင်းနဲ့ တိုက်ခိုက်နေရဦးမယ်..။ဒီတော့ ဒီလိုမလုပ်နဲ့..အိုကေလား.."

ဒီလို ပြောပြီး တာနဲ့ အယ်ဖီက တစ်ခြားလူတွေကို ဦးဆောင်ပြီး ဆွေးမြည့်နေတဲ့ တံတားပေါ်ကို တက်လိုက်တယ်..။

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီးမှ သူမ သွားတာကို ကြည့်နေခဲ့လိုက်ပါတယ်..။ယင်းနောက် သူ ချောက်နက်ထဲကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်ပြီး..

'ကောင်းပြီ..ငါက ဘာမျှော်လင့်နေရဦးမှာလဲ..'

ဘယ်လိုပဲဖြစ်ဖြစ်..အခုတော့ ပြန်လမ်းမရှိတော့ပေ..။

သန်းခေါင်းယံ အမြုတေကို ကိုင်ထားရင်း..ဆန်နီ ရှေ့ကို တက်သွားကာ..ပြောင်းလဲနေတဲ့ကြယ်ပွင့်၊ အရိပ်သူတော်စင် တို့နဲ့ အတူ ဝင် တိုက်ခိုက်လိုက်တယ်..။

အရိုးစု အနည်းငယ်ကို ခုတ်ဖြတ်ပြီးတာနဲ့ ဆန်နီ နစ်ဖီ ဘက်ကို လှည့်ကာ ပြောလိုက်တယ်..။

" တံတား ဆီကို သွားတော့..။သူတော်စင် နဲ့ ငါက သူတို့ကို တားထားလိုက်မယ်.."

ကြယ်အလင်း ချပ်ဝတ်ရဲ့ ဦးထုတ် နောက်ကွယ်မှာရှိတဲ့ သူမရဲ့ မျက်လုံးတွေက အဖြူရောင် မီးတောက်တွေနဲ့ တောက်လောင်နေခဲ့တယ်..။ခနကြာပြီးမှ သူက အက်ကွဲတဲ့ အသံကိုကြားလိုက်ရပါတယ်..။

"နင် သေချာရဲ့လား.."

သူ မွန်းစတားရဲ့..လက်သည်းတွေကို ရှောင်ရှားရင်း ဓားဦးနဲ့ ထိုးကာ အော်ပြောလိုက်တယ်..။

"သေချာတယ်..ဒါပေမဲ့.."

နောက်ထပ် သားရဲတစ်ကောင်က..သန်းခေါင်းယံ အမြုတေ ကြောင့် လဲကျသွားခဲ့တယ်..။

"...နင် တစ်ဖက်ကို ရောက်တာနဲ့ တံတားမှာ ရှိတဲ့ ကြိုးကို ဖြတပစ်လိုက်..။နားလည်လား.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က တွေဝေသွားပြီး ဟန်ချက် ပျက်မလိုတောင် ဖြစ်သွားခဲ့တယ်..။ယင်းနောက် သူမ မေးလိုက်ပါတယ်..။

"နင်ကရော ဘယ်လိုလုပ်မှာလဲ.."

ဆန်နီ ရယ်မောလိုက်ပြီး..

"ဒီအတွက် မစိုးရိမ်နဲ့..။ငါ့မှာ ဖြတ်ဖို့ နည်းလမ်းရှိတယ်.."

နစ်ဖီက အတော်ကြာတဲ့အထိ ပြန်မဖြေခဲ့ပေ..။နောက်ဆုံးမှာတော့ သူမ ပုံမှန်အတိုင်း ပြောလိုက်တယ်..။

"ကောင်းပြီလေ.."

စကားလုံးတွေကို မဖြုန်းတီးချင်သလိုပဲ..ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဘာမှ ထပ်မပြောခဲ့ပေ..။အခွင့်အရေး ရလာတဲ့ အချိန်မှာတော့ နစ်ဖီက ဖြည်းဖြည်းချင်း ဆုတ်သွားပြီး..ဆန်နီကို သူမရဲ့ နေရာမှာ ဝင်ယူစေလိုက်တယ်..။

' အခုတော့..အခက်ခဲဆုံးအပိုင်းပေါ့...'

နစ်ဖီ ထွက်သွားတာနဲ့..ဥမင်ထဲက မွန်းစတားတွေ အကုန်လုံးက ကျောက်တုံးသူတော်စင်နဲ့ သူအပေါ်ကို ဖိအားပေးလိုက်တယ်..။သေးငယ်တဲ့ အမှားလေးတစ်ခုကတင် သေဆုံးသွားနိုင်တာကြောင့် ဆန်နီ..ကျိန်ဆဲလိုက်ပါတယ်..။

ဒီ မွန်းစတားတွေရဲ့..ကြမ်းတမ်းတဲ့ တိုက်ခိုက်မူက သူထင်ထားတာထက် အများကြီး ပိုပါတယ်..။ဒီ သတ္တဝါတွေ ကြားထဲမှာ မနစ်မြုပ်သွားဖို့ ကြိုးစားရင်း..ဆန်နီ ဟာ ကျန်ရှိသမျှ ခွန်အားနဲ့ တိုက်ခိုက်နေခဲ့တယ်..။

'ချီးပဲ...သူမက ဒီနေရာမှာ ဘယ်လိုလုပ် အချိန်အကြာကြီး ထိန်းထားနိုင်ရတာလဲ..။

သူရဲကောင်းဆန်မူတွေကို စိတ်မဝင်စားပဲ..ဆန်နီဟာ သူ့ရဲ့ အရိပ် ကို ဒိုင်းကာ အဖြစ်လုပ်ကာ နောက်ကနေ ဝင်ပုန်းလိုက်တယ်..။ပြီးမှ သူက..အပြင်ကို ထွက်ကာ တိုက်ခိုက်လိုက်..ဝင်ပုန်းလိုက်..လုပ်နေခဲ့ပါတယ်..။သူတို့နှစ်ယောက်က..လှလှပပ ပူးပေါင်းလှုပ်ရှားနေပြီး..နှစ်ကိုယ်တစ်စိတ် အဖြစ်တောင် ထင်မှတ်နေရတယ်..။

ကောင်းပြီ..သူက ဘာထပ်ပြီး မျှော်လင့်ရဦးမှာလဲ..။ဘာပဲဖြစိဖြစ် သူမက သူ့ရဲ့ အရိပ်ပါ..။ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်အရိပ်ကလည်း..သူမရဲ့ ကျောက်တုံး ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်နေပါသေးတယ်..။

စစ်သည်တော်ရဲ့..အကာအကွယ်တွေကတော့ အကောင်းအတိုင်း ရှိနေဆဲပါပဲ..။သို့ပေမယ့် သူတောင်မှ..တစ်ချို့တစ်ရာတွေမှာ..ကျိုးပဲ ပျက်ဆီးမူတွေ ရှိနေပါသေးတယ်..။နက်မှောင်တဲ့ အမူအရာနဲ့အတူပဲ..ဆန်နီဟာ..သူမရဲ့ အပေါက်တွေထဲက တစ်ခုကနေ ပတ္တမြားရောင် အမှုန်တွေ စီးကျနေတာကို တွေ့လိုက်ရတယ်..။

ကျောက်တုံးသူတော်စင်က ဒဏ်ရာ ရနေခဲ့ပါပြီ..။

'ဒါက မြန်မြန်အဆုံးသတ်ဖို့ လိုအပ်ပါတယ် '

သူ့ရဲ့ ခုခံနိုင်စွမ်းတွေ ကုန်ခမ်းလာခဲ့တာကြောင့် ဆန်နီဟာ ဘာမှဆက်ပြီး လုပ်ချင်စိတ်မရှိတော့ပဲ..မြေကြီးပေါ်မှာသာ လဲချ အနားယူနေချင်ခဲ့တယ်..။ဒါက သေမယ် ဆိုရင်တော့မှ..သူက လှဲလျောင်းအနားယူ ချင်နေခဲ့တာပါ..။သိို့ပေမယ့် အဲဒီအစား သူက တိုက်ခိုက်မူတွေကိုသာ..နှစ်ဆမြှင့်တင်လိုက်တယ်..။ဘယ်အရာကိုမှ ပြန်ကြည့်စရာ မလိုတာကြောင့်..သူ့ရဲ့ အင်အားတွေကို ထိန်ချန်စရား မလိုတော့ပါဘူး..။သူက နည်းနည်းထပ်ပြီး တောင့်ခံဖို့ပဲ လိုအပ်တာပါ.. ။စက္ကန့် တစ်ဒါဇင်လောက်က အများဆုံးပါပဲ..။

သို့ပေမယ့် ..စက္ကန့်တစ်ဒါဇင် ဆိုတာကတင်..မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခု လောက် ခံစားရပါတယ်..။

မဖြစ်နိုင်တာ...မဖြစ်နိုင်တဲ့ အရာကို ဖြစ်နိုင်အောင် လုပ်နိုင်တဲ့..လူကိုတော့ သူ သိထားပါတယ်..။

ဒေါသတကြီးအော်ဟစ်လိုက်ပြီး..ဆန်နီဟာ နောက်ထပ် အရိုးစု တစ်ကောင်ကို ခုတ်ပိုင်းလိုက်တယ်..။အရိပ်ကတော့..သူ့ရှေ့မှာ ပေါ်လာခဲ့ပြီး တိုက်ခိုက်လာမူ မှန်သမျှကို ဒိုင်ခံ ခံယူပေးကာ..ကာကွယ်ပေးနေခဲ့တယ်..။သူမရဲ့ ခြေထောက်က ကျောက်တုံးတွေပေါ်မှာ ချော်နေပေမယ့်..စစ်သည်တော်က ခေါင်းမာစွာ ဆုပ်ကိုင်ထားခဲ့ပါတယ်..။

' ချီးပဲ..ဘယ်အချိန်လဲ...'

သူ့ရဲ့ တိတ်တဆိတ် ငိုကြွေးသံကို ပြန်ဖြေလိုက်တဲ့အလား..ကျယ်လောင်တဲ့ အသံကြီးတစ်ခုက..တံတားဖျက်ဆီးခံလိုက်ရပြီဆ်ိုတာကို အချက်ပေးလာခဲ့တယ်..။

အခုတော့..ချောက်ကမ်းပါးကြီး နှစ်ခုကြားထဲမှာ ဘယ်အရာမှ ဆက်သွယ်ထားခြင်းမရှိတော့ပါဘူး..။ဆန်နီကတော့..မသေနိုင်တဲ့ မွန်းစတားတွေနဲ့ တိုက်ခိုက်ရင်း နောက်ဆုတ်စရာ လမ်းကြောင်းမရှိဖြစ်နေခဲ့ပါပြီ..။

'နောက်ဆုံးတော့..'

မသေနိုင်တဲ့ သတ္တဝါတွေကို ပြန်ကြည့်လိုက်ရင်း ဆန်နီ အမှောက်ထဲကို စိုက်ကြည့်လိုက်တယ်..။သူ့ရဲ့ အဖွဲ့က တစ်ဖက်က ချောက်ကမ်းပါးမှာ သူ့ကို စောင့်နေတာကို သိတာကြောင့်..သူ ခနလောက်တွေးကာ သက်ပြင်းချပြီး အစွန်ကို ပြေးသွားလိုက်ပါတယ်..။

အရိပ်က ကျောက်တုံးသူတော်စင်ရဲ့ ခန္တာကိုယ်ကနေ ဆုတ်ခွာပြီး သူ့ရဲ့ ခန္တာကိုယ်ကို ပြန်ရောက်လာခဲ့တယ်..။ရုတ်တရက် အားနည်းသွားတဲ့ ကျောက်တုံးသူတော်စင်က..တိုက်ခိုက်မူတွေအားလုံးကို စက္ကန့်ဝက်လောက် ခံယူပြီးမှ ဝိဥာဥ် ပင်လယ်ထဲကို ပြန်ဝင်သွားခဲ့ပါတယ်..။

ဘယ်ရာကမှ သူတို့ကို တားဆီးထားခြင်းမရှိတော့တာကြောင့်..အရိုးစုတွေက..ရှေ့ကို အရှိန်နဲ့ ပြေးဝင်လာခဲ့တယ်..။သူတို့က ဆန်နီနဲ့ တစ်မီတာ ၊ နှစ်မီတာ လောက်သာ ဝေးကွာပြီး..သူတို့ရဲ့လက်သည်းတွေနဲ့ နောက်ကျောကို ထိုးဖောက်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ..။

'အရမ်း နီးနေပြီ..'

ချောက်နက်နားကို ရောက်ပြီဆိုတာနဲ့ ဆန်နီ ..အမှောင်ထု သာ ရှိတဲ့ အောက်ဘက်ကို တစ်ချက်ကြည့်လိုက်တယ်..။

.

..ပြီးတာနဲ့ တစ်စက္ကန့်လောက် ကြာအောင် တောင် တွေးမနေတော့ပဲ..အစွန်ကနေ အောက်ကို ခုန်ချလိုက်ပါတယ်..။

All Chapters