ချောက်ကမ်းပါး ချိတ်ဆွဲသူ
Vol. 14 Ch. 199
' ခရက် '
အောက်ခြေမရှိတဲ့ ချောက်နက်ကြီးထဲကို ခုန်ချနေရင်း ဆန်နီ က..သူ့ဘဝမှာ ပြုလုပ်ခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်တွေကို နောင်တရနေခဲ့တယ်..။
သူက ဘယ်လိုလုပ် ဒီလိုအခြေအနေနဲ့ အဆုံးသတ်ရတာလဲ..။သူ ဘယ်နေရာမှာ မှားယွင်းသွားခဲ့တာလဲ..။
သို့ပေမယ့်..ကိုယ့်ကိုကို ပြန်သုံးသပ်နေဖို့ အချိန်မရှိပေ..။သူ့ ရှေ့မှာတင် သူဘဝက အရိုးတစ်ခြား အသားတစ်ခြားဖြစိနေတာကိုကြည့်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး..။
တစ်ခြား လုပ်စရာ ကိစ္စတွေ ရှိနေပါသေးတယ်..။
သူ ခုန်လိုက်တဲ့ အရှိန်က မလျော့ကျခင်မှာပဲ..ဆန်နီဟာ ချောင်းမြောင်းတိုကိခိုက်တဲ့ ဆူးချွန်ကို ထုတ်ယူလိုက်တယ်..။သုံးမြှောင့်ဆူးချွန်လေး သူ့လက်ထဲမှာ ပေါ်လာပြီဆိုတာနဲ့..သူက စတင်ပြီး အောက်ကို ကျဆင်းနေခဲ့ပါပြီ..။အချိန်ကို ဖြုန်းမနေတော့ပဲ..ဆန်နီဟာ ခွန်အားရှိသလောက် ပစ်လွှတ်လိုက်ပြီး..အရိပ်ကို သူ့လက်ကနေ တဆင့် ကူနယ်ဓားသွားဆီကို သွားခိုင်းလိုက်ပါတယ်..။
ပစ်လွှတိလိုက်တဲ့ ဆူးချွန်က ..ချောက်နက်ရဲ့ အောက်ဘက် မြေအောက်ထဲကို ဝင်သွားပြီး..ကျောက်တုံးတစ်တုံးကို ဖောက်ဝင်သွားခဲ့ပါတယ်..။အရိပ်ရဲ့အားဖြည့်မူကြောင့်..ဒါက..ကျောက်တုံးရဲ့ အနက်ပိုင်းအထိ ဝင်သွားခဲ့တာပါ..။
'
' ရက်စ် '
ခနအကြာမှာတော့..ဆူးချွန်နဲ့ ဆန်နီရဲ့ လက်ကောက်ဝတ် ကို ချိတ်ဆက်ထားတဲ့ ကြိုးက တင်းလာခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ သူ့လက်ကို တစ်ခုခုက ဆွဲယူထားသလို ခံစားလိုက်ရပါတယ်..။သူ့ရဲ့ အသက်ကို ဆုပ်ကိုင်ထားရသလိုပဲ..ဆန်နီဟာ အမှောင်ထု ထဲမှာ မယုံနိုင်စရာ အရှိန်နဲ့ လွှဲသွားခဲ့တယ်..။သူ့အနောက်ဘက်မှာတော့..အရိုးစူတွေ ဒါဇင်နဲ့ ချီပြီး..စက္ကန့်နဲ့အမျှ အောက်ကို ပြုတ်ကျနေခဲ့ပါတယ်..။
သို့ပေမယ့်..သူကတော့ အဝေးကို ရောက်သွားခဲ့ပါပြီ..။
'ဟားဟား..ကိုက်ဦးလေ..ခွေးသားတွေ..'
စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့..သူ့ရဲ့ ပျော်ရွှင်မူတွေက..ဆန့်ကျင်ဘက်ချောက်နက်မှာရှိတဲ့ မာကျောတဲ့ နံရံကို ဝင်တိုက်ရင်း အဆုံးသတ် သွားခဲ့ပါတယ်..။ဆန်နီဟာ..ရိုက်ခတ်မူကို အနည်းငယ် ညှင်သာအောင် ကြိုးစားခဲ့ပေမယ့် ဒါက သေလောက်အောင် နာကျင်တုန်းပါပဲ..။သူ့အရိုးတွေက..အသံတွေမြည်လာပြီး..ပြုတ်ထွက်လုနီးပါးဖြစ်နေခဲ့တယ်..။
တစ်ချို့က ..ပြုတ်ထွက်ကောင်း ပြုတ်ထွက်နေလောက်မှာပါ..။
ဆန်နီ ခနတာလောက် ဦးနှောက် ဗလာဖြစ်သွားခဲ့တယ်..။သူ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာတော့..သူ့လက်ကောက်ဝတ်က မမြင်ရတဲ့ ကြိုးနဲ့အတူပဲ သေလောက်အောက် နာကျင်နေခဲ့ပါတယ်..။ဒီကြိုးက သူ့ရဲ့ အရည်ပြားထဲကို ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်နေခဲ့တယ်..။ညဥ်းညူလိုက်ရင်း ..ဆန်နီဟာ သူ့ရဲ့ တစ်ခြားလက်တစ်ဖက်နဲ့ ကြိုးကို ကိူင်ကာ..ဖိအား သက်ရောက်မူကို အနည်းငယ် လျော့ချလိုက်ပါတယ်..။
ယင်းနောက် အပေါ်ကို မော့ကြည့်လိုက်တယ်..။
သူ့အပေါ် ဆယ်မီတာ ဝန်းကျင်လောက်မှာတော့..ဖြူဖျော့တဲ့ မျက်နှာငါးခုက..ချောက်ကမ်းပါးရဲ့ အစွန်းမှာ ရှိနေခဲ့ကြတယ်..။သူတို့ရဲ့ မျက်နှာပေါ်မှာတော့ ထိပ်လန့်မူ ၊ ရှော့ရမူ ၊ အံ့ဩသင့်မူတွေ ရှိနေခဲ့ပါတယ်..။
'အိုး..ဟုတ်သားပဲ..။သူတို့က ငါ့ရဲ့ ဒီမှတ်သားမူ အကြောင်းကို မသိကြဘူး ဖြစ်မယ်..'
အဖွဲ့သားတွေရဲ့ အမြင်မှာတော့..သူ့ရဲ့ ဒီလှည့်စားမူကို ...ကိုယ့်ကိုကို သတ်သေတယ်လို့ပဲ..ယူဆ မိကြမှာပါ..။သုံးမြှောင့်ဆူးချွန် အလုပ်လုပ်ပုံ မသိကြတဲ့လူတွေ အတွက်ကတော့ ..ဆန်နီက..ပြေးလာပြီး..ချောက်နက်ထဲကို ခုန်ချကာ..အရိပ်အယောင်တောင် မမြင်ပဲ ပျောက်ကွယ်သွားခဲ့တာပါ..။
ဆန်နီက..တစ်ခြားလူတွေလွတ်မြောက်ဖို့ ကိုယ့်အသက်ကို စတေးလိုက်သလို ပုံစံမျိုးပါပဲ..။ဒါက
တစ်ချို့ တုံးအတဲ့ သူရဲကောင်းတွေ လုပ်ကြတဲ့ ပုံစံမျိုးပါ..။
'သူတို့က ငါ့ကိုရော သိကြရဲ့လား..။ငါက အဲလို လုပ်မယ့် ပုံစံပေါက်နေလို့လား...'
မမြင်ရတဲ့ ကြိုးနဲ့ တွဲလောင်းခိုနေရင်း..ဆန်နီ နာကျင်နေတဲ့ ရင်ဘတ်ကို တောင့်ခံကာ အော်ပြောလိုက်တယ်..။
"ဟေး..အရူးတွေ..။ငါက ဒီမှာ ."
ဖြည်းညှင်းစွာပဲ..မျက်နှာငါးခုက သူ့ဆီကို ငုံ့ကြည့်လာခဲ့ကြတယ်..။သူတိူ့ရဲ့ အမူအရာက အတော်လေးကို ရယ်စရာ ကောင်းနေခဲ့ပါတယ်..။
ကတ်စီ ခေါင်းအနည်းငယ် လှုပ်လာခဲ့တယ်..။
.....သို့ပေမယ့် သူမရဲ့ အမူအရာက ခါတိုင်းလိုပါပဲ..။
ပြုံးနေရင်းနဲ့ပဲ ဆန်နီ စတင်ပြီး တက်လာခဲ့လိုက်တယ်..။ချောင်းမြောင်းတိုက်ခိုက်တဲ့ ဆူးချွန်က အလျားကို ထိန်းညှိလို့ ရတာကြောင့်..သူ ကြိုးကို လျော့ဖို့ ခိုင်းစေလိုက်ပြီး..သက်သောင့်သက်သာပဲ အပေါ်ကို ရောက်လာခဲ့တယ်..။လမ်းတစ်လျောက်လုံးမှာ သူက နံရံတွေကို ခြေထောက်နဲ့ကန်ရင်း ပိုမြန်ဆန်အောင်လုပ်နေခဲ့ပါတယ်..။
မကြာခင်မှာပဲ..သူက ချောက်ကမ်းပါး ထိပ်ဖျားကို ရောက်လာခဲ့ပြီး..အသက်ကို ပြင်းထန်စွာ ရူသွင်းလိုက်ပါတယ်..။
ကျန်တဲ့ အဖွဲ့သားတွေကတော့ သူ့ကို စိုက်ကြည့်နေခဲ့ကြတယ်..။
"ဘာလဲ.."
အယ်ဖီက ပထမဆုံးပြောလာတဲ့ သူပါ..။
"အာ...အသက်ရှင်နေတာ ဝမ်းသာပါတယ် ဆန်နီ..။ဒါပေမဲ့..သောက်ကျိုးနဲ..။နင် ဘယ်လိုလုပ်လိုက်တာလဲ.."
သူက ရိုးရှင်းစွာပဲ သူမဆီကို ကူနယ်ပစ် ပေးလိုက်တယ်..။မုဆိုးမိန်းကလေးက အောက်ကို ငုံ့ပြီး ကောက်ဖို့ လုပ်တဲ့ အချိန်မှာပဲ ဆန်နီက မမြင်ရတဲ့ ကြိုးနဲ့ ဆွဲကာ သူ့လက်ထဲကို ပြန်ယူထားလိုက်တယ်..။
"အ်ိုး ဒါလား..။ဒါက လွယ်လွယ်လေးပါ..။ဘာမှမဟုတ်ဘူး..ဓားနဲ့..ကြိုးတစ်စက..ဖြေရှင်းပေးသွားတဲ့ အရာပဲလေ.."
ချောက်နက် ထဲကို ခုန်ချလိုက်ပြီး ...သုံးမြှောင့်ဆူးချွန်က တစ်ဖက်နံရံက အစွန်းကို အောင်အောင်မြင်မြင် မထိုးစိုက် ခင်မှာတော့ သူက ဘောင်းဘီထဲ သေးထွက်ကျမတတ် ခံစားခဲ့ရတဲ့ အချကိကိုတော့..ဆန်နီမပြောပြခဲ့ပေ..။
အယ်ဖီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးမှ ဖြည်းညှင်စွာ မတ်တတ်ရပ်ကာ ပြောလိုက်တယ်..။
"..တကယ်ကောင်းတဲ့ မှတ်သားမူပဲ..။ဘယ်ကနေ ရခဲ့တာလဲ.."
ဆန်နီ ကူနယ်ကို ပြန်သိမ်းလိုက်ပြီး လက်ဝေ့ယမ်းလိုက်တယ်..။
"မြို့ထဲက ဖြူကောင် သားရဲ တွေကို သိတယ်မလား..။သူတို့ထဲက တစ်ကောင်စီကနေ ရလာခဲ့တာ.."
ဒီလိုနဲ့ တစ်ခြားလူတွေက သူ့ကို ထားခဲ့လိုက်ကြပါတယ်..။သူတို့အားလုံးကလည်း နာကျင်ပြီး..အရမ်းကို ပင်ပန်းနေကြပါပြီ..။အားလုံးက အနားယူပြီး သူတို့ရဲ့ ဒဏ်ရာတွေကို သက်သာအောင်လုပ်ဖို့ လိုအပ်ပါတယ်..။
နစ်ဖီ လှုပ်ရှားလိုက်ပြီး သူတို့ကို ကုသပေးဖို့ လုပ်လိုက်ပေမယ့်..အယ်ဖီရဲ့ တားဆီးခြင်းကို ခံလိုက်ရတယ်..။မုဆိုးမိန်းကလေးက ခေါင်းခါယမ်းလိုက်ပြီး..
"အခုထိ မရသေးဘူး..။ဖြတ်ကျော်ဖို့ နောက်ဆုံး အခက်ခဲတစ်ခု ကျန်နေသေးတယ်..။ငါတို့အားလုံးက နင့်ကို ဒီကစားပွဲရဲ့ ထိပ်ဆုံးမှာ ကစားပေးဖို့ လိုအပ်တယိ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သူမကိုကြည့်ပြီး အနည်းငယ် စဥ်းစားကာ..ပြန်ထိုင်လိုက်ပါတယ်..။ဒီနေရာမှာတော့ လမ်းပြရဲ့စကားက ဥပဒေပါပဲ..။တကယ်လို့..အယ်ဖီက နစ်ဖီအနေနဲ့ သူမရဲ့ ခွန်အားတွေကို ထိန်းသိမ်းထားသင့်တယ်လို့ ပြောရင် သူမက လိုက်နာရမှာပါ..။
ဆန်နီကတော့ ဒါတွေကို ဂရုစိုက်ဖို့အတော်ပင်ပန်းနေခဲ့ပါပြီ..။ဝီဗာ သွေးရဲ့ ကျေးဇူးကြောင့် သူက သွေးထပ်ပြီး ထွက်တော့မှာ မဟုတ်ဘူးဆိုတာကိုတော့ သိထားပြီးသားပါ..။
သူက ဒီတိုင်း အနားယူနေချင်ခဲ့တယ်..။
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..သူက ခြေ
တရွတ်တိုက် လမ်းလျောက်တဲ့ အသံကို ကြားလိုက်ရတယ်..။ဆန်နီမော့ကြည့်လိုက်တဲ့ အချိန်မှာ..သူ့ဘေးနားကို လျောက်လာပြီး ထိုင်တဲ့ ကိုင် ကို တွေ့လိုက်ရပါတယ်..။ခန့်ညားတဲ့ လေးသည်တော်က သူ့နည်းနဲ့သူ ချောမောနေခဲ့ပြီး..ဒီနေရာမှာ အတူတူဖြတ်သန်းခဲ့ရတဲ့ သူ လို့ကို မထင်ရပေ..။သို့ပေမယ့် ဆန်နီကတော့..ဒီ ဒေါသထွက်စရာ အခြေအနေက..သူ ကြုံကို ကြုံနေရမယ့် အရာဆိုတာကို စတင်သံသယဖြစ်လာခဲ့ပါပြီ..။
ဖြစိနိုင်တာက..ကိုင် မှာ ဘယ်လိုအခြေအနေပဲရောက်ရောက် သူ့ကို..ကြည့်လိူ့ကောင်းအောင် ဖန်တီးပေးတဲ့..စွမ်းရည်တစ်ချို့ရှိနေတဲ့ပုံပါပဲ..။
ချောမောတဲ့ လူငယ်လေးကို ကြည့်ပြီး ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ဟေး..နိုက်..။အဆင်ပြေရဲ့လား.."
ကိုင်..သူ့ရဲ့ ခေါင်းနောက်ဘက်ကို ကုတ်ပြီး ပြန်ဖြေလိုက်ပါတယ်..။
"အာ..အဆင်ပြေပါတယ်..။ထင်တာပဲ..။အစောတုန်းက အတော်ဆိုးတယ်နော်..."
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
"အင်း..ဒီတော့..ဘာထူးလို့လဲ.."
ခန့်ညားတဲ့ လေးသည်တော်က ခနလောက်တွေဝေနေခဲ့ပြီးမှ..."
"ဘာမှတော့ မဟုတ်ပါဘူး..။ငါမင်းကို ပြောစရာ သုံးခုရှိလို့..!
'ဘယ်လို ထူးဆန်းတဲ့ ငနဲလဲ..'
"အိုး..ကောငိးပြီလေ..ပြောပါဦး..."
ကိုင် သူ့ကို အတွေးနက်စွာ ကြည့်ပြီး ပြောလိုက်တယ်..။
"ကောင်းပြီ..ပထမဆုံးအနေနဲ့..မင်းက ရူးနေတယ် လို့ ပြောခဲ့တဲ့ စကားကို ငါ အခုတော့လုံးဝ နားလည်သွားပြီ..။ဘာလို့လဲဆိုတော့ မင်း အဲလို ခုန်ချလိုက်တာက..တကယ်ကို ရူးသွပ် နေတာပဲ..."
ဆန်နီ ရယ်မောလိုက်တယ်..။
"ငါလည်း အဲလိုထင်တာပဲ..။ဒါပေမဲ့ ငါ အသက်ရှင်နေသေးတာပဲလေ..ဟုတ်တယ်မလား.."
လေးသည်တော်ဟာ သူ့ကို ခေါင်းညိမ့်ပြီး ပြုံးပြလိုက်တယ်..။
"နောက်ထပ်တစ်ခုက..မင်း ဒီသုံးလလုံး အပျက်အဆီးထဲမှာ ဘယ်လို ရှင်သန်နိုင်ခဲ့တာလည်း ဆိုတာကို လည်း ငါနားလည်သွားပြီ..။မင်းရဲ့..ဓားရေး ပဲ..။ငါ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး..။အနက်ရောင်မြို့တော် ထဲက လူအနည်းငယ်လောက်ပဲ မင်းနဲ့ တိုက်ခိုက်ပြီး ရှင်သန်နိုင်လိမ့်မယ်..။ဒီတော့ အခု အရာရာတိုင်းက အဓိပ္ပါယ်ပိုရှိသွားပြီ..."
ဆန်နီ ..ဒီ ချီးကျူးမူကို ဘယ်လို ခံစားရမလဲ ဆိုတာ မသိခဲ့ပေ..။တစ်ဖက်မှာတော့..သူ ကြိုးစားခဲ့သမျှကို အသိအမှတ်ပြုခံရတာက ကောင်းမွန်ပါတယ်..။တစ်ဖက်မှာတော့..သူက သွေးကြောင်ပြီး အားနည်းတဲ့ လူ အဖြစ် အမြင်ခံရတာကို သဘောကျနေတုန်းပါပဲ..။
ဒါက..အရူးတွေကို သတ်တဲ့အခါမှာ ပိုလွယ်ကူစေပါတယ်..။
သူ ပုခုံးတွန့်လိုက်ပြီး..
"ကျေးဇူးပါ..ငါလည်း အဲလိုထင်တာပဲ..။တတိယ တစ်ခုက ဘာများလဲ.."
ကိုင်က အတော်ကြာအောင် တိတ်ဆိတ်ပြီး မှန်ကန်တဲ့ စကားလုံးကို ရှာဖွေနေခဲ့တယ်..။နောက်ဆုံးတော့ သူ ခေါင်းခါယမ်းပြီး ယဥ်ကျေးစွာ ပြောလာခဲ့ပါတယ်..။
"ကောင်းပြီ..။မင်း ခုန်လိုက်တာလေ...မင်း ငါပျံသန်းနိုင်တယ် ဆိုတာကို မှတ်မိတယ်မလား..။ဒီတော့ ငါက မင်းကို သယ်ပြီး ချောက်နက်ကို ပြသနာမရှိပဲ ဖြတ်သန်းပေးလို့ရတယ်လေ..။ဒီတော့ ဘာလို့ အဲလို လုပ်ခဲ့တာလဲ.."
ဆန်နီ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။သူ့ မျက်နှာပေါ်မှာတော့..အရှုံးမပေးတဲ့ အမူအရာ ရှိနေခဲ့ပါတယ်..။
' ချီးလိုပဲ...'
အရိုးသားဆုံး ပြောရရင်..ဒီလို ဗရမ်းဗတာ အခြေအနေမှာ သူက အရေးပါတဲ့ အချက်အလက်တွေကို မေ့သွားခဲ့ပါပြီ..။
အတော်ကြာအောင် ရှက်ရွံ့စွာ တိတ်ဆိတ်နေပြီးကာမှဆန်နီ ပြောလိုက်တယ်..။
"အိုး..မင်းသိတယ်မလား..။အဲ့အချိန်တုန်းက ငါက အဲတာကို အကြံကောင်းတစ်ခု လိူ့ပဲ ထင်ခဲ့တာလေ.."
ကိုင် က မျက်တောင်ခတ်လိုက်ပြီး သူ့ကို ထူးဆန်းစွာကြည့်လိုက်တယ်..။
"အကြံ ကောင်း တစ်ခု လား.."
ဆန်နီ လည်ချောင်းရှင်းကာ..ခန့်ညားတဲ့ လူငယ်လေးကို စိုက်ကြည့်လိုက်ပြီး..
"ဒါက အလုပ်ဖြစ်ခဲ့တယ်လေ..မဟုတ်ဘူးလား..။ဒီတော့..အဲ့အကြောင်းထပ် မပြောကြရအောင်..ဘယ်တော့မှ..။အိုကေ လား..."