← Chapters

သေဆုံးမူ အရှင်သခင်

Vol. 14 Ch. 201

သေဆုံးမူ အရှင်သခင်

Vol. 14 Ch. 201

ကြီးမားတဲ့ မြေအောက်ခန်း ကြီးက အဝိုင်းပုံစံ ရှိနေပြီး..ရဲတိုက်မှာရှိတဲ့..ဟောခန်းမထက်တောက် ပိုပြီးကြီးမားပါတယ်..။သူ့ရဲ့ နံရံတွေက..အနက်ရောက်မြို့တော်ရဲ့ နံရံတွေအတိုင်း အညိုရောင် ကျောက်တုံးတွေ နဲ့ ပြုလုပ်ထားခဲ့တယ်..။သို့ပေမယ့် သူတို့နဲ့ မတူတာက..အခန်းရဲ့ နံရံတွေက..အေးစက်ပြီး..ဝိုးတဝါးဖြစ်တဲ့..အနက်ရောင်ရေတွေ ရှိနေခဲ့တာပါ..။

သူ့ရဲ့ အလယ်မှာတော့..ကြီးမား ကျယ်ပြန့်တဲ့ လူသားအရိုးပုံကြီးက..မြေကြီးပေါ်မှာ ရှိနေခဲ့တယ်..။ဒီအရာက..မျက်နှာကျတ်ကိုတောင် ထိလုနီးပါး ဖြစ်နေခဲ့ပါပြီ..။ဒီဟာကို ဖန်တီးဖို့အတွက် ထောင်ပေါင်းများစွာ...မဟုတ်ဘူး..သိန်းထောင်ပေါင်းများစွာသော လူတွေကို..စတေးခဲ့ရမှာပါ..။

ဆန်နီ နောက်ဆုံးမှာတော့..ရှေးဟောင်းမြို့တော်ကို တည်ဆောက်တဲ့လူတွေ ၊ မြို့ရိုးကို တည်ဆောက်ခဲ့တဲ့လူတွေ ဘယ်ကို ပျောက်ကွယ်သွားကြလဲ ဆိုတာကို နားလည်လိုက်ပါတယ်..။

သူတို့ အားလုံးက..ဒီမှာရောက်နေပြီး..တစ်ယောက်ပေါ်တစ်ယောက် ထပ်ကာ..အရိုးပုံကြီးဖြစ်နေခဲ့တာပါ..။ဒီ ကြောက်စရာ အနက်ရောင် အခန်းက သူတို့ရဲ့ နောက်ဆုံး အနားယူရာ နေရာပါပဲ..။

သူ့ရဲ့ မှတ်ဥာဏ် ဟောင်းတွေက ရုတ်တရက် စိတ်ထဲမှာ ပေါ်လာခဲ့တယ်..။

ဝိဥာဥ် သစ်ပင်ရဲ့ အောက်မှာတုန်းက..ကတ်စီက မရေမတွက်နိုင်တဲ့ အလောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သွေးတောင်ကုန်းတစ်ခုကို အိပ်မက်မက် ခဲ့ပါတယ်..။သူ့ရဲ့ အထက်မှာတော့..သေးငယ်တဲ့ အစေ့လေးက သွေးအိုင်တွေ ပေါ်မှာ..ပေါလော ပေါ်နေခဲ့တယ်..။

အဖြူရောင် တောင်ကုန်းရဲ့ မြေဆီလွှာအောက်မှာရော တူညီတဲ့ အရိုးတောင် ကုန်းတစ်ခု ရှိနေတာလား..။အဲလိုကနေ ဝိဥာဥ် စားသုံးသူက မွေးဖွားလာခဲ့တာလား..။

ဆန်နီ သူ့အကြည့်ကိုလွှဲလိုက်တယ်..။အခုမှပဲ ကြက်သွေးရောင် သန္တာကျောက် သွေးကြောတွေက အဖြူရောင် အရိုးတောင်ကုန်းမှာ ရှိနေတာကို သတိထားမိလိုက်ပါတယ်..။သူ လိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့..ကြီးမားတဲ့ အခန်းရဲ့ အမိုးက ပျက်ဆီးပြီး နေရောင်က အောက်ဘက်ကို ဝင်ရောက်နေတာ တွေ့လိုက်ရတယ်..။

ကြီးမားတဲ့ ကျောက်တုံးလက်ကြီးတစ်ခုက အပေါ်ထဲကနေ အထဲကို ဝင်ရောက်နေပြီး..သူ့ရဲ့ လက်နဲ့ တောင်ကုန်းကို ဂရုစိူက်ပေးဖို့ ကြိုးစားနေတဲ့ ပုံပါပဲ..။ဒါက တစ်ချိန်တုန်းက အနက်ရောင်မြို့တော် ၊ စွန့်ပစ်ကုန်းမြေမှာ နေထိုင်သွားကြတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတာပါ..။

ကျောက်တုံး လက်ကြီးကို မြင်တော့..ဆန်နီဟာ ရုတ်တရက် သူတို့ဘယ်ရောက်နေတာလဲဆိုတာကို သိလိုက်တယ်..။

ကြီးမားတဲ့ မြေအောက် အခန်းကြီးက..ဦးခေါင်းပြတ် အမျိုးသမီး ရုပ်ထုကြီးရဲ့ အောက်တည့်တည့်မှာ ရှိနေခဲ့တာပါ..။ဒီ ရုပ်ထုကြီးက ..သူတို့ကို ကျိန်စာသင့် ပင်လယ်ထဲ နစ်မြုပ်မယ့် အရေးကနေ ကယ်တင်ခဲ့ပေးပါတယ်..။

သူမရဲ့ လက်တစ်ဖက်က ကောင်းကင်ကို မြှောက်ထားပြီး တစ်ခုခုကို ပွေ့ဖက်ဖို့ ကြိုးစားနေသလိုပါပဲ..။တစ်ဖက်ကတော့ နှစိထောင်ပေါင်းများစွာကတည်းက..ကျိုးပဲ့နေခဲ့တာဖြစ်ပြီး.. ရုပ်ထုကြီးရဲ့ အောက်ဘက်မှာ လဲလျောင်းနေခဲ့တယ်..။

....ဒီလို ငရဲကို ရောက်လာတဲ့ အချိန်မှာတော့..ဆန်နီက ဒီလက်ကြီးက စိုက်ကြည့်နေခဲ့တယ်..။

ဒါက သူတို့ထွက်ရမယ့် နေရာဆိုရင်လည်း ဟုတ်ပါတယ်..။

" ငတုံး..ထတော့.."

အယ်ဖီရဲ့ အသံကြောင့် သူက အစစ်အမှန် အခြေအနေကို ပြန်ရောက်လာပြီး..ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်တယ်..။

ဒီတော့ မုဆိုးမိန်းကလေး ပြောတဲ့ ထွက်ပေါက်ဆိုတာက..မြေအောက်ခန်းရဲ့ အမိုးပေါ်မှာ ရှိနေတဲ့ အပေါက်ပါ..။ကိုင်ရဲ့ စွမ်းရည် နဲ့ ရွှေရောင်ကြိုးရဲ့ အကူအညီ ပေါင်းစပ်လိုက်မယ်ဆိုရင် ..ဒီအပေါက်ကနေ ထွက်ဖို့ဆိုတာက ပြသနာ တစ်ခု မဟုတ်ပေ..။

ဒါပေမဲ့..သူမ ပြောခဲ့တဲ့ သေဆုံးမူ အရှင်သခင် ဆိုတာက ဘယ်မှာလဲ..။အယ်ဖီရဲ့ ပြောစကားအရဆိုရင်..ဆန်နီက..ဥမင်တွေရဲ့ အလယ်မှာ ကြီးမားရဲ့သားရဲကြီး တစ်ကောင် ရှိမယ်လို့ ထင်ထားခဲ့တာပါ..။

သူမ ပြောခဲ့တဲ့ စကားအရဆိုရင် ဒါက 'ကြီးမားတဲ့ ဖက်တီး အိပ်မက်ဆိုးသားရဲ တစ်ကောင်ပါ '..။

သို့ပေမယ့် သူ တစ်ခုမှ မမြင်ရပေ..။

ဒါမှမဟုတ်...

သူ့ မျက်လုံးတွေ ကျဥ်းမြောင်သွားခဲ့တယ်..။

အဲ့အချိနိမှာပဲ..အရိုးတောင်ကြီးက ရုတ်တရက် လှုပ်ရှားလာခဲ့တယ်...။

***

တောင်ကြီးက လှုပ်လာတာနဲ့ အရာအားလုံးက ရုတ်တရက် အဓိပ္ပါယ် ရှိသွားခဲ့တယ်..။

ပထမတော့..ဒီ အမည်မသိ သားရဲကြီးက ..အရိုးတောင်ကုန်းရဲ့ အထဲမှာ အိပ်နေတယ်လို့ ဆန်နီ ထင်ထားခဲ့တာပါ..။သိူ့ပေမယ့် အဲ့ဒီအချိန်မှာပဲ ဒီီလို မဟုတ်ဘူးဆိုတာကို သူ နားလည်လိုက်တယ်..။

တောင်ကုန်း ကိုယ်တိုင်ကကို အိပ်မက်ဆိုးသားရဲ ဖြစ်နေခဲ့တာပါ..။

ဒါက..သေဆုံးမူ အရှင်သခင်ပါပဲ..။

ဒီမြေအောက်အခန်းထဲမှာ မရေမတွက်နိုင်တဲ့ အရိုးတွေ စုနေတာက သူ့ရဲ့ ခန္တာကိုယ် အစိတ်အပိုင်း တစ်ခုပါ..။

တစ်ခနလောက် ၊ ဆန်နီဟာ ကြောက်ရွံ့ပြီး ပျော့ခွေမလိုဖြစ်သွားခဲ့တယ်..။

'ဖက်တီး ခွေးသားလား..။ဒါက သူမပြောတဲ့ ဖက်တီး ခွေးသားလား..'

အဲ့အချိန်မှာပဲ..အကြောင်းအကျိုး ဆက်နွယ်နေတဲ့ အချက်အလက် တွေက..သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။

'ဒါပေါ့..ငါဘာလို့ အစောကတည်းက..သဘောမပေါက်ရတာလဲ..'

အရိုးတောင်ကုန်း ၊ မသေနိုင်တဲ့ အင်မောတယ် အရိုးစု တွေ ၊ သေဆုံးမူ အရှင်သခင်....ဒါတွေ အားလုံးက ဆက်စပ်နေခဲ့တာပါ..။

သူ့ရှေ့မှာ ရှိနေတဲ့ အိပ်မက်ဆိုးသားရဲက ..ကျရှုံးမူ အဆင့် နတ်ဘီလူးပါ..။

နတ်ဘီလူး တွေဆိုတာက..အိပ်မက်ဆိုးသားရဲ ရဲ့ ငါးဆင့်မြောက် ဆင့်ကဲဖြစ်ဆင်ဖြစ်ပြီး..နာမည်နဲ့ အဆင့်အတန်းက ..တိုက်ဆိုင်နေတာ မဟုတ်ပေ..။ငါးဆင့်မြောက်က..စည်းမျဥ်းနဲ့ လုပ်ပိုင်ခွင့် တွေကို ကိုယ်စားပြုပါတယ်..။

ဒါကြောင့်လည်း..သူ အနက်ရောင်တောင်ကုန်းမှာ တွေ့ခဲ့တဲ့ မျက်မမြင် မွန်းစတား ရဲ့ နာမည်မှာ ဘုရင် ဆိုတာ ပါနေခဲ့တာပါ..။အခုလည်း သူ့ရှေ့က သတ္တဝါကြီးရဲ့ နာမည်မှာ အရှင်သခင်လို့ ပါနေခဲ့ပြန်ပါပြီ..။

အဆင့်အတန်း ကွဲပြားမူက..စစ်မှန်တဲ့ ခွန်အားပေါ် မူတည်ပြီး ဖြစ်ပေါ်ပေမယ့် သူတို့ကြားထဲက ခြားနားမူ အများစုက..အခြေခံအချက်တွေကြောင့် ဖြစ်ပေါ်နေခဲ့တာပါ..။

ဥပမာအားဖြင့်..သားရဲတွေက..စိတ်အသိဥာဏ် မရှိကြပဲ..နတ်ဆိုး နဲ့ အထက်တွေကတော့ ဥာဏ်ရည်ရှိလာကြပါပြီ..။ဒါကြောင့် မွန်းစတားထက် အနည်းငယ်လောက်သာ ပိုသန်မာတဲ့ ..နတ်ဆိုး ဆိုရင်တောင်..ဒါက ဆယ်ဆမက ပို​ အန္တရာယ်များပါတယ်..။

နတ်ဘီလူးတွေရဲ့ ဝိသေသ လက္ခဏာတွေက..ပိုသေးငယ်တဲ့ သားရဲတွေကို ဖန်တီး ထိန်းချုပ်နိုင်တာပါပဲ..။ဆန်နီရဲ့ ပထမဆုံး အိပ်မက်မှာ တွေ့ခဲ့တဲ့ တောင်ဘုရင် ဆိုရင် ..သူ့ခန္တာကိုယ် ထဲမှာ သေးငယ်တဲ့ တွားသွား သတ္တဝါတွေ ရှိနေခဲ့ပြီး..သေအံ့ဆဲဆဲ ဖြစ်နေတဲ့ အစေခံတွေ ဆီကို ဝင်ကာ နောက်ထပ် သေးငယ်တဲ့ သတ္တဝါတွေ အဖြစ် ဖန်တီး နိုင်ပါတယ်..။

သို့ပေမယ့် သူတို့ရဲ့ အင်အားက အကန့်အသတ် ရှိပါတယ်..။နတ်ဘီလူး ဖန်တီးလိုက်တဲ့ သားရဲတွေကတော့ သူနဲ့ တူညီတဲ့ အဆင့်မှာ ရှိမှာမဟုတ်ပါဘူး..။ဒါကြောင့် လာဗာ က အသွင်ပြောင်းသားရဲဖြစ်ပြီး..တောင်ဘုရင်ကိုယ်တိုင်ကတော့ နိုးထမူအဆင့် သားရဲပါ..။

တူညီစွာပဲ သူတိုအဖွဲ့တွေ့ခဲ့ရတဲ့ အရိုးစုတွေက..နိုးထမူ အဆင့်တွေဖြစ်ပြီး..သူတို့ကို ကျရှုံးမူအဆင့် နတ်ဘီလူးက..ဖန်တီးထားခဲ့ပါတယ်..။

...သူတို့ရဲ့ မသေနိုင်တဲ့ စွမ်းရည် တွေကလည်း သေဆုံးမူ အရှင်သခင်နဲ့ ချည်နှောင်နေလောက်ပါတယ်...။တကယ်လို့ တစ်စုံတစ်ယောက်က မသေနိုင်တဲ့ စစ်တပ်ကို ဖျက်ဆီးချင်တယ်ဆိုရင်..ဒီ အရိုး သားရဲကြီးကို အရင် ဖျက်ဆီးရပါလိမ့်မယ်..။

ဒီအရာ ကြီး အကြောင်းပြောမှပဲ..သူက ဆန်နီရဲ့ ရှေ့မှာတင် ဖြည်းဖြည်းချင်း နိုးထလာခဲ့တယ်..။ပြီးတော့ တကယ်လို့သာ နိုးထလာခဲ့ရင်...

' ချီးပဲ...'

သူက သန်းခေါင်ယံ အမြုတေကို ကြောက်လန့်တကြား ဆုပ်ကိုင်ထားရင်း..နစ်ဖီကို ကြည့်လိုက်ပါတယ်..။

ရွှေရောင်ကြိုးကို လက်ထဲမှာ ကိုင်ထားပြီး..သူမက ကိုင်က လှမ်းပေးနေခဲပါပြီ..။

ချောမောတဲ့ လေးသည်တော် ဒါကို မယူနိုင်ခင်မှာပဲ..တောင်ကုန်း သတ္တဝါကြီးက..ရုတ်တရက် လှုပ်လာခဲ့တယ်..။

ခနအကြာမှာတော့..အရိုးတစ်ချို့က သူ့ခန္တာကိုယ်ကနေ လွင့်စင်လာကာ..သူတို့ရှိတဲ့နေရာတစ်ခုကို အားတစ်ခုနဲ့ ပျံသန်းလာခဲ့ပါတယ်..။

All Chapters