အလောင်းစားသုံးသူ
Vol. 14 Ch. 203
မှိန်ပြပြ မြေအောက်ခန်းထဲမှာတော့ အတော်လေးကို ကြီးမားတဲ့ မျှော့ကောင် တစ်ကောင်က သူ့ရဲ့ လက်ဖျံရိုးကို တွယ်ကပ်နေခဲ့တယ်..။ဒီသတ္တဝါက တစ်မီတာလောက် ရှည်ပြီး..သူ့ရဲ့ အရည်ပြားတွေက ကြည်လင်ပြီး..ခြောက်သွေးတဲ့ သွေးတွေလို နီရဲနေခဲ့ပါတယ်..။
ဒါက မဖော်ပြနိုင်လောက်အောင်..စက်ဆုပ်ဖွယ်ကောင်းနေခဲ့တယ်..။
ပိုပြီး ဆိုးဝါးတာက..သူ့ရဲ့ နှုတ်ခမ်းက..ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကိုတောင် ဖောက်ဝင်ပြီး..ဆန်နီ ရဲ့ အရည်ပြားတွေ ကြွက်သားတွေကို ပိုင်းဖြတ်နေခဲ့တယ်..။
လတ်တလောမှာတော့ ဒီ မျှော့ကောင်က သူ့ရဲ့ သွေးတွေကို စုပ်ယူနေပြီး..သူ့ရဲ့ ဝမ်းဗိုက်က..ကြက်သွေးရောင် ချွဲပျစ်ပျစ် အရည်တွေ ထုတ်ကာ..လျင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားနေခဲ့တယ်..။
'အာ..အာ...အား...'
ထိပ်လန့်မူတွေ နဲ့အတူပဲ ဆန်နီက ရေမြုပ်နဲ့တူတဲ့ မွန်းစတားရဲ့ သွေးသားတွေကို ရိုက်ချလိုက်တယ်..။အရိပ်ရဲ့ အားဖြည့်ထားမူကြောင့်..သူ့ရဲ့ ခွန်အားက လူတစ်ယောကိရဲ့ ဦးခေါင်းကိုတောင် လွယ်လွယ်ကူကူ ကွဲကြေသွားစေနိုင်ပါတယ်..။
သို့ပေမယ့်..ဒီ ရွံ့စရာ ပက်ကျိကောင် ကတော့ တုန့်တောက် မတုန့်ပြန်ခဲ့ပေ..။ဒါက သူ့ရဲ့သွေးတွေကိုသာ ဆက်တိုကိ ဆုပ်ယူနေခဲ့တယ်..။ဆန်နီ ရလိုက်တာဆိုလို့ သူ့ခန္တာကိုယ်ထဲက..နာကျင်မူ လှိုင်းတွေပါပဲ..။
'မကောင်းဘူး..'
ချက်ချင်းဆိုသလိုပဲ..သန်းခေါင်းယံ အမြုတေကို ထုတ်ယူလိုက်ပြီး ဓားဦးကို အရိပ်နဲ့ အားဖြည့်ကာ အားကုန်သုံးပြီး ထိုးချလိုက်ပါတယ်..။ဓားဦးဟာ..အရိပ်ရဲ့ အားဖြည့်ထားမူကြောင့်..အတော်လေးကို ထက်ရှနေခဲ့တယ်..။
...သို့ပေမယ့်..ပက်ကျိရဲ့ အရည်ပြားကို အကူညီမဲ့စွာ ချော်ထွက်သွားပြီး..ခြစ်ရာတောင် မရခဲ့ပေ..။ပက်ကျိကောင်ကို သက်ရောက်မူ လုံးဝ မရှိခဲ့ပါဘူး..။သူက သွေးတွေကို စုပ်ယူနေတုန်းဖြစ်ပြီး..တစ်စက္ကန့်ချင်းစီတိုင်းမှာလည်း ပမာဏ အတော်များပြားလာခဲ့ပါတယ်..။
ဆန်နီ ရွံစရာ သတ္တဝါကို ကြောင်အစွာကြည့်လိုက်တယ်..။သူ့ခန္တကိုယ်က သွေးဆုံးရှုံးမူကို ခံနေရပြီး အားနည်းတဲ့ ခံစားချက်က တစ်ကိုယ်လုံးကို ပျံ့နှံ့နေခဲ့ပါပြီ..။ဒီအရာကြောင့် သူ သတိလစ် မေ့မျောဖို့က အချိန်သိပ်မလိုတော့ပေ..။
ပြီးရင်တော့..ဧကန်မုချ သေရတော့မှာပါ..။
'စဥ်းစား..စဥ်းစား...'
ပက်ကျိကောင်က သူ့ရဲ့ အဆင့်ငါး နိုးထမူ အကာအကွယ်ကို အလွယ်တကူ ဖောက်ဝင်နိုင်ခဲ့တယ်..။ဒါက သန်းခေါင်းယံ အမြုတေရဲ့ တိုက်ခိုက်မူကနေ လည်း ခုခံနိုင်စွမ်း ရှိပြီး..အရင်က သူတွေ့ဖူးတဲ့ တစ်ခြား မွန်းစတားတွေလို မဟုတ်ခဲ့ပေ..။ဒါက တစ်ခုတည်းပဲ ဆိုလိုပါတယ်..။
ဒီ သောက်ကျိုးနဲ ပက်ကျိကောင်က ကျရှုံးမူအဆင့် သားရဲ ပါ..။
ဆန်နီ မယုံနိုင်စွာ မျက်တောင်ခတ်လိုက်တယ်..။
'ဒီအရာလေးက ကျရှုံးမူအဆင့် လား..။ငါ့ကို နောက်နေတာလား..'
တကယ်လို့ ဒါသာ အမှန်ဆိုရင်..ဒီ ပက်ကျိကောင်ကို သူလုပ်နိုင်တာ ဘာမှ မရှိပါဘူး..။သူက အထွတ်အထိပ်အဆင့် မှာ ရောက်နေတာဆိုရင်ဘအခွင့်အရေး ရှိပါသေးတယခ..။သ်ို့ပေမယ့် သူ့ အမြုတေက အများအားဖြင့် ဗလာသဘောမျိုးဖြစ်ပြီး သူ့ရဲ့ စွမ်းရည်ကလည်း စွယ်စုံအသုံးပြုရတဲ့ အရာပါ..။ဒါက အယ်ဖီရဲ့ စွမ်းရည်လိုပါပဲ..။
သူတို့ နှစ်ယောက်ကြားထဲက အဆင့်က အတော်လေးကို ကွားခြားနေခဲ့တယ်..။
ကျောက်တုံးသူတော်စင်ကတော့ ဒဏ်ရာ ရအောင် လုပ်နိုင်လောက်ပါတယ်..။သ်ို့ပေမယ့် သူမက ဒီမှာပေါ်လာပြီး တစ်ခုခု လုပ်ဖို့အတွက်ဆိုရင် အချိန်ယူရဦးမှာပါ..။ဆန်နီမှာ မရှိတာက အချိန်ပါပဲ..။သူမထွက်လာပြီး တစ်ခုခု လုပ်မယ့်အချိန်မှာပဲ သူက သေနေလောက်ပါပြီ..။ဒါက ပက်ကျိ ကောင် သွေးဆုပ်လို့ ဖြစ်နိုင်သလို..သေဆုံးမူ အရှင်သခင် သတ်လို့ လည်းဖြစ်နိုင်ပါတယ်..။
ဆန်နီ မှာ ရွေးချယ်စရာ တစ်ခုသာ ရှိနေတော့တယ်..။တကယ်လို့ သူ့လက်က ပက်ကျိကိုသာ မခွာချနိုင်ရင်.....
သူက လက်မောင်းကို ခုတ်ဖြတ်ချမှ ဖြစ်တော့မှာပါ..။
ဖြစိနိုင်တာက..နစ်ဖီက သူ့ကို လက်ပြန်ပေါက်အောင် လုပ်ပေးနိုင်လောက်ပါတယ်..။
ဒါမှ မဟုတ် မလုပ်ပေးနိုင်တာလည်း ဖြစ်လောက်မှာပါ..။ဘာပဲဖြစိဖြစ် အသက်ရှင်ဖို့အတွက်တော့ ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်..။
ဓားကို ခေါင်းပေါ်မြှောက်လိုက်ပြီး..ဆန်နီ အံကိုကြိတ်ထားကာ တွေဝေနေခဲ့တယ်..။ဒီအရာက ရှင်သန်နိုင်
မယ့် တစ်ခုတည်းသော..နည်းလမ်းဆိုတာ သိနေပေ
မယ့်လည်း..သူ့ကိုယ်ကို နာကျင်အောင်လုပ်မယ့်
အကြံဥာဏ်ကို လက်ခံဖို့ ခက်ခဲနေခဲ့ပါတယ်..။
'တွေးမနေနဲ့..တကယ်လို့ မင်းရှင်သန်ချင်တယ် ဆိုရင် လုပ်လိုက်တော့...'
ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့အတူပဲ..သူက သန်းခေါင်းယံ အမြုတေကို လွှဲချလိုက်တယ်..။သ်ို့ပေမယ့် နောက်ဆုံး စက္ကန့်လေးမှာပဲ ပြန်ရပ်လိုက်ပါတယ်..။ထက်ရှ တဲ့ ဓားသွားက သူ့အရည်ပြားကို ထိဖို့ စင်တီမီတာ အနည်းငယ်သာ လိုတော့တာပါ..။
ဒီလို ရပ်လိုက်တာက..သူ့ရဲ့ ပြတ်သားမူ အားနည်းလို့ မဟုတ်ပါဘူး..။ဆန်နီက ပတ်ကျိ မှာ တစ်ခုခု ပြောင်းလဲနေတာကို သတိထားမိလိုက်လို့ပါ..။
သူ့ရဲ့ ဝမ်းဗိုက်မှာ သွေးတွေ ပြည့်လာတာနဲ့ တစ်ပြိုက်နက် သူက..သွေးစုပ်နေတာကို ရပ်တန့်လိုက်ပါတယ်..။အခုတော့..သူက ထူးဆန်းစွာပဲ ဆန့်တငင်ငင် ဖြစ်နေခဲ့တယ်..။
'သောက်ကျိုး...'
ခနအကြာမှာတော့..သားရဲက ရုတ်တရက်..ပြင်းထန်စွာ တုန်လှုပ်လာခဲ့တယ်..။သူ့ရဲ့ လက်မောင်းကို လွှတ်လိုက်ပြီး မြေကြီးစွာ ပြုတ်ကျကာ နာကျင်မူကိုခံစားနေခဲ့ရတယ်..။သူ့ရဲ့ ကြည်လင်တဲ့ အရည်ပြားတွေကနေ တဆင့်..ကြီးမားတဲ့ ပက်ကျိကောင်ရဲ့ ကလီစာတွေဟာ မမြင်ရတဲ့ အားတစ်ခုကြောင့်
ပွင့်ထွက် ကုန်တာကို ဆန်နီ မြင်နေခဲ့ရပါတယ်..။
မဟုတ်ဘူး..အားတစ်ခုကြောင့်မဟုတ်ဘူး..။ဒါက သူ့ရဲ့ သွေး က သတ်ဖြတ်ခြင်းကို ခံနေရတာပါ..။ဒီ ပက်ကျိကောင်က သွေးကြောင့် အဆိပ်သင့်နေခဲ့တယ်..။
...ကြည့်ရတာတော့ ဝီဗာ သွေး ရဲ့ စွမ်းရည်က သူထက်ထားတာထက်..ပိုပြီး ထူးခြားတဲ့ ပုံပါပဲ..။
တစ်စက္ကန့်လောက် အကြာမှာတော့ ကျရှုံးမူ သားရဲရဲ့ ခန္တာကိုယ် အနှံ့ကနေ သွေးတွေ ထွက်လာခဲ့တယ်..။ဆန်နီ ဒီအရာကို ကြောင်တောင်တောင် အမူအရာနဲ့ကြည့်နေခဲ့လိုက်ပါတယ်..။
သူ့ရဲ့ အံ့ဩနေမူကို လှုပ်နှိုးလိုက်သလိုပဲ အခိုက်အတန့် ရဲ့ အသံက ထွက်ပေါ်လာခဲ့တယ်..။
[ သင်က ကျရှုံးမူအဆင့် သားရဲ အလောင်းစားသုံးသူ ကို သတ်လိုက်ပါပြီ ]
[ သင့်အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]
' ဟင် '
[ သင်က မှတ်သားမူ တစ်ခု ရရှိသည် ]
မျက်လုံးပြူးကျယ်စွာပဲ ဆန်နီ အံ့ဩနေမူကို ဖယ်ထုတ်ကာ ရှေ့ကို တိုးလိုက်တယ်..။သူ ဒီသောက်ကျိုးနဲ နေရာကြီးကနေ လွတ်ဖို့ လိုအပ်နေပါသေးတယ်..။
ကပ်ပါးကောင် ရဲ့ ဝမ်းဗိုက်နားမှာ ရှိနေတဲ့ အမြုတေကို ကောင်ယူပြီး..သူ တစ်ဖက်ကိုလှည့်ကာ ရွှေရောင်ကြိုးဆီကို သွားလိုက်တယ်..။
နတ်ဘီလူး ခန္တာကိုယ်က အရိုးလက်ကြီးတွေကို ရှောင်ရှားရင်း ဆန်နီ မြေကြီးကို လှိမ့်လိုက် အရိုးပုံပေါ် ခုန်လိုက် လုပ်နေခဲ့ပါတယ်..။နောက်ဆုံးမှာတော့ သူက ပန်းတိုင်ကို ရောက်လာခဲ့တယ်..။
သူ ကြိုးကို ကိုင်မိပြီဆိုတာနဲ့..ဒါက သူ့ကို မြေအောက်ခန်းထဲကနေ ချက်ချင်း ဆွဲထုတ်သွားခဲ့ပါတယ်..။
ဆန်နီ ကျောက်တုံး နတ်သမီးရဲ့ လက်အနားကို ရောက်ပြီ ဆ်ိုတာနဲ့ အောက်ဘက်ကနေ ကျယ်လောင်တဲ့ အော်သံကြီးထွက်လာခဲ့တယ်..။ဒါက သူ့ခန္တာကိုယ် တစ်ခုလုံးကို တောင် လှိုင်းတွေ ရိုက်ခတ်သွားခဲ့ပါတယ်..။
သေဆုံးမူ အရှင်သခင်က နောက်ဆုံးတော့ နိုးထလာခဲ့ပါပြီ..။
သို့ပေမယ့် ဒါက နောက်ကျသွားခဲ့တယ်..။သူရဲ့ သားကောင်က လွတ်မြောက်သွားခဲ့ ပါပြီ..။
***
အပေါ်ကို ရောက်တဲ့အချိန်မှာတော့ ဆန်နီ ဒူးထောက်လျက်သားကျပြီး..မြေကြီးပေါ်ကို ခန္တာကိုယ်တစ်ခုလုံး နိမ့်ထားခဲ့တယ်..။အဆုတ်ကနေ လာတဲ့ အသက်ရူသံတွေကတော့ ပြင်းထန်းစွာ ထွက်ပေါ်နေခဲ့ပါတယ်..။
အားနည်းတယ်..သူအရမ်းအားနည်း သလို ခံစားရတယ်..။ပြီးတော့..ပင်ပန်းမူရောပဲ..။
သို့ပေမယ့်..နေကို တစ်ဖန် ပြန်ပြီး မြင်ရတာက တကယ်ကို ကောင်းမွန်တာပါ..။
ဥမင်ထဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကလည်း အခုချိန်ရောက်မှ..အချက်ပေးလာခဲ့တယ်..။စိတ်လှုပ်ရှားမူ ၊ သွေးပူမူတွေ မရှိတော့တာကြောင့်..သူက အခုဆိုရင် နာကျင်မူတွေကို ခံစားနေခဲ့ရပါပြီ..။သူ့ နှုတ်ခမ်းကနေ တီးတိုး ညဥ်းညူသံတွေ ဆက်တိုကိ ထွက်ပေါ်နေခဲ့တယ်..။
'ဒါက..ဒါက တကယ်ကို ပျော်ဖို့ မကောင်းဘူး '
ဆန်နီ ဒီလို ခံစားနေရတုန်းမှာပဲ..အရိပ်တစ်ခုက သူ့အပေါ်ကို ရောက်လာခဲ့တယ်..။မော့ကြည့်လိုက်တဲ့ အချိန်မှာတော့ နစ်ဖီက သူ့ကို နက်မှောင်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။သူမ တစ်ကိုယ်လုံး သွေးတွေ စွန်းထင်းနေပြီး..အမြဲတမ်းတည်ငြိမ်နေတဲ့ သူမရဲ့ မျက်နှာပေါ်မှာတော့ မျက်မှောင်ကျုတ်မူတွေ အစားထိုးနေခဲ့တယ်..။
"...ဘာလို့လဲ.."
ဆန်နီ ဘေးနားမှာ ဒူးထောက် ထိုင်လိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်က မျက်နှာရှုံ့မဲ့စွာ ပြောလိုက်တယ်..။
"နင် ရူးနေပြီလား..။ဘာလို့ အဲလိုလုပ်တာလဲ.."
သူ ရယ်ဖို့ ကြိုးစားလိုက်ပေမယ့် ..အပြင်းအထန် ချောင်းဆိုးပြီးသာ အဆုံးသတ်သွားခဲ့တယ်..။ဆန်နီ အသက်ပြန်ရူ နိုင်တဲ့ အချိန်ကျမှ..အားနည်းစွာ ပြောလိုက်တယ်..။
"ရူးတာ..မရူးတာလား..။ဖြစ်နိုင်တာက ငါလည်း မသိဘူးလေ..။ငါက ဒီတိုင်း..တစ်ခုခု တောက်ပနေတာကို မြင်ခဲ့တာ..."
ဒီလိုပြောပြီးတာနဲ့ သူက လက်သီးဆုပ်ကို ဖွင့်လိုက်ပြီး..သွေးစုပ်တဲ့ ပက်ကျိကောင်ဆီက ရလာတဲ့ အမြုတေကို ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ပြလိုက်တယ်..။
သူမ အတော်ကြာအောင် စိုက်ကြည့်ပြီးမှ သက်ပြင်းချလိုက်ပါတယ်..။
ဘာမှ ထပ်ပြောမနေတော့ပဲ..နစ်ဖီက သူမရဲ့ အေးစက်တဲ့ လက်တွေကို သူ့ရင်ဘတ်ပေါ်တင်ကာ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။
ခနအကြာမှာတော့..သန့်စင်တဲ့ အဖြူရောင် မီးတောက်က သူ့ခန္တာကိုယ်ထဲကို ဝင်လာပြီး နွေးထွေးစွာ ထွေးပွေ့ထားခဲ့တယ်..။ဒါက သူ့ခန္တာကိူယ်ထဲက ပျက်ဆီးမူတွေကို ပြန်ပြင်ဆင်ပေးနေခဲ့တာပါ..။
ဒီအရာက သူမကို ဘယ်လောက်တောင် နာကျင်စေမလဲ ဆိုတာကို သိနေတာတောင် ဆန်နီ အကူညီမဲ့စွာပဲ ပျော်ပျော်ရွှင်ရွှင် ခံယူနေခဲ့မိပါတယ်..။
မကြာခင်မှာပဲ သူ့ရဲ့ နာကျင်မူတွေက ပျောက်ကွယ်သွားခဲ့တယ်..။
သူ့ရဲ့ ဦးခေါင်းထဲမှာ ရှင်းလင်းသွားတဲ့ အချိန်မှာတော့..မီးတောက်တွေက မရှိတော့တာကို သူ နားလည်လိုကိပါတယ်..။
သူတို့က အနက်ရောင်မြို့တော်ကနေ အောင်အောင်မြင်မြင် လွတ်လာခဲ့ပါပြီ..။
ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ ဘယ်သူက သိခဲ့မှာလဲ...။