← Chapters

တောင်ဘက်သို့ ခရိီး

Vol. 14 Ch. 205

တောင်ဘက်သို့ ခရိီး

Vol. 14 Ch. 205

စိတ်မကောင်းစွာပဲ သူတို့အဖွဲ့က အချိန်အကြာကြီး အနားယူလို့ မရခဲ့ပေ..။အချိန်ကတော့..နေ့လည်တောင် မရှိသေးပါဘူး..။

မနက်တုန်းက သူတို့ ပြုလုပ်ခဲ့တဲ့ အစီစဥ်က..အနက်ရောင်မြို့တော်ကို..တောင်ဘက် မြို့ရိုးပေါ်ကနေ တက်ကာ ထွက်ခွာမှာဖြစ်ပြီး အဲကနေတဆငိ့ ဝင်္ကပါထဲကို သွားလာကာ..ဆယ်မီတာ အကွာမှာရှိတဲ့ အမြင့်တစ်နေရာအထိ သွားကြမှာပါ..။

သို့ပေမယ့် သူတို့က..ဥမင်ထဲမှာသာ အဆုံးသတ်သွားပြီး..သေဆုံးမူ အရှင်သခင်ရှိတဲ့ မြေအောက်အခန်းထဲကနေ ထွက်ခွာခဲ့ရတာကြောင့်..အပျက်အဆီးရဲ့ အရှေ့ဘက်ကို ရောက်လာခဲ့ပါတယ်..။သူတို့က အခုဆိုရင် မြို့တစ်ခုလုံးကို တစ်ပတ်ပတ်ဖို့ လိုအပ်ရုံတင်မကပဲ..အနက်ရောင် ပင်လယ်ကြီးက မေ့ပျောက်ကုန်းမြေကို မလွှမ်းမိုးလာခင် ..လုံခြုံတဲ့နေရာကို ရောက်နိုင်ဖို့ အချိန်နှေးသွားခဲ့ပါပြီ..။

ညဥ်းညူမူ တွေနဲ့အတူ ထရပ်လိုက်ရင်း..အဖွဲ့ဝင်တွေဟာ..တောငိဘက်ကို ဦးတည်ချီတက်လိုက်ကြပါတယ်..။ကြီးမားတဲ့ ချိုင့်ဝှမ်းကြီးထဲက ရွံ့တွေထဲမှာ သွားလာရတာက..သိပ်ပြီး မလွယ်ကူလှပါဘူး..။သို့ပေမယ့်..လတ်တလောတော့ သူတို့မှာ ရွေးချယ်စရာ မရှိပေ..။ဒါပေါ့..သူတို့က..ကြီးမားတဲ့ ကျောက်တုံးနံရံ ကြီးတွေပေါ်ကို တက်ပြီး..အနက်ရောင်မြို့ထဲကို ပြန်သွားလို့ ရပါသေးတယ်..။

ကံကောင်းချင်တော့..ဆန်နီ ရဲ့ အရိပ်နဲ့ ကိုင်က အဝေးကို လှမ်းပြီး ထောက်လှမ်းနေ​တာကြောင့်..သူတို့က မွန်းစတားတွေကို သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး..။လတ်တလောတော့ သူတို့ အဖွဲ့ ရုန်းကန် နေရတာက..ရွံ့တွေထဲမှာ ခြေထောက်တွေကို ကြိုးစား ရွေ့လျားဖို့ပါ..။

သူတို့အဖွဲ့ရဲ့ တိတ်ဆိတ်မူကို ..ပြင်းထန်တဲ့ အသက်ရူသံ တွေ ..ရွံ့နဲ့ထိတွေ့သံတွေက..ချိုးဖောက်နေခဲ့တယ်..။

....အတော်ကြာပြီးတဲ့ နောက်မှာတော့..အဆုံးမရှိ ကြီးမားပုံရတဲ့..အညိုရောင်နံရံကြီးက..တစ်ဖြည်းဖြည်းနဲ့ နောက်မှာ ကျန်နေခဲ့ပါပြီ..။

သူတို့က နောက်ဆုံးမှာတော့..ကျိန်စာသင့် အပျက်အစီး တွေကို နောက်မှာ..ချန်ထားနိုင်ခဲ့တယ်။

ဆန်နီ နောက်ကို ပြန်လှည့်ကြည့်လိုက်ပြီး ပြီးခဲ့တဲ့ လေး ငါးလ လုံးလုံး သူ့ရဲ့ ဘဝကြီးတစ်ခုလိုဖြစ်ခဲ့တဲ့ မြို့ရဲ့ မြင်ကွင်းကို လေ့လာကြည့်လိူက်ပါတယ်။

အတော်ဝေးတဲ့ နေရာမှာတော့..ကြီးမားတဲ့ ချိုင့်ဝှမ်းကြီးရဲ့ ကြမ်းပြင်က မြင့်တက်နေ့ပြီး မြင့်မားတဲ့ ဆင်ခြေလျောတစ်ခုကို ဖန်တီးနေခဲ့တယ်..။သူ့ရဲ့ အပေါ်မှာတော့..အညိုရောင်ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ ကြီးမားတဲ့ မြို့ရိုးကြီး ရှိနေခဲ့ပါတယ်..။သူ့ရဲ့ ဖန်တီးသူတွေ..ပျောက်ကွယ်သွားပြီးကတည်းက..သူက နှစ်ပေါင်းထောင်ချီကြာအောင် ကြံ့ကြံ့ခံနေခဲ့ကြတာပါ..။

သူရပ်ထားတဲ့ နေရာကနေပြီး ဆန်နီဟာ..ကြက်သွေးရောင် သန္တာကျောက်တွေက..မြို့ရိုးကြီးရဲ့ အောက်ခြေနားတွေအထိ ရောကိနေတာကို မြင်နေကြရတယိ...။သူက တစ်ခုခုကနေ လွတ်မြောက်ဖို့ လမ်းကို ရှာနေခဲ့တာပါ..။မြို့ကြီးတစ်ခုလုံးက ကုန်မြေတွေရဲ့ ဝန်းရံမူကို ခံထားရတဲ့ပုံပါပဲ..။

'တကယ်လို့ အထဲမှာသာ ဘာရှိနေလဲ ဆိုတာကို သိရင် ဝင်္ကပါ ကတောင်..ဒီ သောက်ကျိုးနဲ့ နေရာကနေ အမြန်လွတိအောင် ကြိုးစားလိမ့်မယ်..'

သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီဟာ သူတို့အဖွဲ့ ထွက်ခွာတာကို မြို့ရိုးပေါ်ကနေ ကြည့်နေတဲ့ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို မြင်နေရတယိ..။ဒီပုံရိပ်က.. ဆိုးသွမ်းမူ ၊ နက်မှောင်မူ နဲ့ အေးစက်တဲ့ အငွေ့အသက်တွေကို ထုတ်လွတ်နေခဲ့ပါတယ်..။

ခနအကြာမှာတော့ ဒါက တစ်ဖက်ကို လှည့်ပြီး မြင်ကွင်းကနေ ပျောကိကွယ်သွာခဲ့တယ်..။

ဟာရု က ရဲတိုက်ဆီကို ပြန်ဖို့သာ ရွေးချယ်ခဲ့တာပါ.။

​မကြောက်လန့်အောင် ထိန်းထားရင်း ဆန်နီ စက္ကန့် အနည်းငယ်လောက် တွေးတောကာ အဖွဲ့သားတွေကို အမှီလိုက်လိုက်တယ်..။

အနည်းဆုံးတော့ သူတို့က ဟာရု လက်ကနေ လွတ်သွားကြပါပြီ..။

' အခုတော့ '

***

ချိုင့်ဝှမ်းကြီးက အရမ်းကို ကြီးမားတာကြောင့်..သူ့ရဲ့ အကွေ့အကောက်တွေကို မမြင်ရနိုင်ပါဘူး..။အတော်ဝေးတဲ့ နေရာကနေ ကြည့်မှာသာ ဒီအရာက ကွေးကောက်နေတယ် ဆိုတာကို သိနိုင်တာပါ..။ဒါကြောင့်..သူတို့အဖွဲ့က ပန်းတိုင်ကို မပြောင်းလဲပဲ..ချိုင့်ဝှမ်းကြီးအတွင်းမှာ အတော်ကြာအောင် ခရီးဆက်နေကြရပါတယ်..။ဒါက သူတို့ရဲ့လက်ရှိနေရာရဲ့ အနောက်တောင် ဘက်မှာပါ..။

.

သို့ပေမယ့် သူတို့က နောက်ကျပြီးပဲဖြစ်ဖြစ် ..စောပြီးပဲ ဖြစ်ဖြစ် ဒီချိုင့်ဝှမ်းကြီးကို ..ထားခဲ့ပြီး..ဝင်္ကပါထဲကို ပြန်သွားကြရမှာပါ..။ဒါက အနက်ရောင်ဒီရေ တွေကနေ လွတိမြောက်ဖို့အတွက်တင် မကပဲ..ဒီကွင်းပြင်ထဲမှာ ပုန်းစရာ နေရာမရှိတာကြောင့်လည်း ပါပါတယ်..။တကယ်လို့ လေပေါ်ပျံနိုင်တဲ့ သားရဲ တစ်ကောင်ကောင်ကသာ သူတို့ကို တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ရင် သူတို့ အဖွဲ့မှာ ကာကွယ်စရာ ဘာမှမရှိပါဘူး..။

ဝင်္ကပါ ထဲမှာတော့..ကြောက်စရာ သားရဲတွေလက်ကနေ ပုန်းအောင်စရာ နေရာတွေ ရှိနေပြီး..အနည်းဆုံးတော့ အကာအကွယ်တစ်ချို့ကို ပေးထားပါသေးတယ်..။

ဒါကြောင့်ပဲ တစ်ချို့အချိန်တွေမှာ နစ်ဖီက..ချိုင့်ဝှမ်းကြီးရဲ့ ဆင်ခြေလျော နေရာကို ခေါ်သွားပြီး အပေါ်ကို တက်ကာ ခရီးဆက်လေ့ရှိကြတာပါ..။ကိုင် နဲ့ ရွှေရောင်ကြိုးရဲ့ အကူအညိီကြောင့် ဒီလို လုပ်ရတာက လုံးဝ မခက်ခဲပါဘူး..။

ဒီလိုလုပ်ပြီး အတော်ကြာတဲ့ နောက်မှာတော့..သူတို့က အနောက်ဘက်ကို ချိုးပြီး..ချိုင့်ဝှမ်းကြီးထဲက ထွက်ကာ သန္တာကျောက်တန်း တွေရှိတဲ့နေရာကို ပြန်ဝင်လာခဲ့ကြပါတယ်..။

ရင်းနှီးတဲ့ သန္တာကျောက်တန်းတွေရဲ့ ဝန်းရံမူကို ခံရတာကြောင့်..ဆန်နီ အကူအညီ မဲ့စွာပဲ သက်ပြင်းချလိုက်တယ်..။သူ အိပ်မက်ကမ္ဘာထဲကို စဝင်လာပြီး ပထမဆုံး လကိုတော့ လုံးဝ သတိမရမိပါဘူး..။

ကောငိးပြီ..နည်းနည်း သတိရတာတော့ ဖြစ်နိုင်ပါတယ်..။သို့ပေမယ့်..ဒီသောက်ကျိုးနဲ ဝင်္ကပါ ကြောင့်တော့ မဟုတ်ပေ..။အဲ့တစ်ခုကတော့ သေချာပါတယ်..။

ကြက်သွေးရောင် တောကြီးကတော့ အရင်က သူ ဖြတ်သွားဖူးတဲ့ အတိုင်း တူညီနေပြီး သိပ်ကွဲပြားမူ မရှိပေ..။

သန္တာဝင်္ကပါ ကြီးတွေကလည်း အရှေ့ဘက်မှာ ရှိနေတဲ့ ကြီးမားတဲ့ ချိုင့်ဝှမ်းကြီးနဲ့တောင် အတော်ဆင်တူနေပါသေးတယ်..။သို့ပေမယ့် သားရဲပမာဏ က ဒီနေရာမှာတော့ အတော်လေးကို ကွဲပြားတာပါ..။

အဲဒီမှာက..ကြေးခွံသားရဲခေါင်းဆောင်လို သားရဲမျိုးတွေ လုံးဝ မရှိပါဘူး..။အနည်းဆုံးတော့ ဆန်နီ မြင်တွေ့နေတဲ့ အထဲမှာပါ..။အဲဒီအစား..ဒီနေရာမှာ ရှိနေတဲ့ အိပ်မက်ဆိုး သားရဲတွေက..ပင့်ကူ ပုံစံတွေဖြစ်ပြီး နံရံတွေကို ပင့်ကူအိမ်တွေ အဖြစ် အလှဆင်ကာ..ဝင်္ကပါထဲကို လှိုဏ်ခေါင်းတွေဖောက်လေ့ရှိကြပါတယိ..။

ပိုပြီး ဆိုးတာက သူတို့ရဲ့ ပင့်ကူအိမ်တွေက..ပင့်ကူပိုးချည်တွေနဲ့ လုပ်ထားပုံရပါတယ်..။သို့ပေမယ့် ဒီသေးငယ်တဲ့ ပိုးချည်တွေက..သတ္တုဝိုင်ယာတွေပုံစံရှိပြီး သံလောက်ကို မာကျောတာပါ..။တကယ်လို့ ရန်သူသာ ဒီထဲမှာ ပိတ်မိသွားရင်..တစ်စစီ ဖျက်ဆီးနိုင်စွမ်းရှိကြပါတယ်..။

ပြောရရင်မလိုအောင်ပဲ..သင်သာ ဒီ ပင့်ကူအိမ် အထဲမှာ ပိတ်မိသွားမယ်ဆိုရင် ကျိန်းသေ သေဆုံးရမှာပါ..။

သူတို့ ဝင်္ကပါ ထဲကို ပိုပြီးဝင်လာလေလေ..သူတို့ကို ဝန်းရံတဲ့ ပင့်ကူအိမ်တွေက ပိုပြီး များလာလေလေပါ..။ဒါက မိနစ်အနည်းငယ်ကြာတိုင်း ကတ်စီ ရဲ့ ဓားပျံနဲ့ ရှငိးလင်းနေရတဲ့ အခြေအနေကိုပါ ရောက်လာစေခဲ့တယ်..။ဒါကြောင့် သူတို့အဖွဲ့ရဲ့ အရှိန်ကလည်း နှေးကွေးလာခဲ့ပါတယ်..။

:

ဒီလို အခြေအနေတွေမှာတော့ ဆန်နီ သူ့မျက်နှာသူ သုတ်ပြီးတွေးလိုက်တယ်..။

'ငါတို့ စောင့်နေတဲ့ အချိန်မှာ ဘယ်အရာကမှ မတိုက်ခိုက်လာဖို့ မျှော်လင့်ရတာပဲ..'

သူ့ဘက်ကို လှည့်လိုက်ပြီး..အရိပ်က ခနလောက် စိုက်ကြည့်ကာ ခေါင်းခါယမ်းလိုက်ပါတယ်..။ပြီးတာနဲ့ သူက လက်ပိုက်ရပ်ကာ ခေါင်းကို အောက်ငုံ့ထားခဲ့တယ်..။

'...ဘာလဲ..။ငါ ဘာပြောလိုက်လို့လဲ..'

ခနအကြာမှာတော့ ကြီးမားတဲ့ ပင့်ကူပုံစံ သားရဲတစ်ချို့က..သန္တာကျောက် အက်ကွဲကြောင်းထဲကနေ ထွက်လာခဲ့ပြီး သူတို့ကို တိုက်ခိုက်လာခဲ့တယ်..။

All Chapters