← Chapters

ကမ်းခြေ ဇာတ်ဝင်ခန်း

Vol. 14 Ch. 207

ကမ်းခြေ ဇာတ်ဝင်ခန်း

Vol. 14 Ch. 207

ညအချိန်က ဘာအန္တရာယ်မှ မရှိပဲ ပြီးဆုံးသွားခဲ့တယ်..။မနက်ခင်း အချိန်မှာတော့ ဆန်နီဟာ ဒီရေ ရိုက်ခတ်သံတွေကြောင့်..နိုးထလာခဲ့ပြီး..မိုးကုတ်စက်ဝိုင်းကနေ နေလုံးကြီး မြင့်တက်လာတာကို စောင့်ကြည့်နေခဲ့ပါတယ်..။

သူ့မျက်နှာကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..အဖွဲ့သားတွေက အိပ်နေတုန်းဆိုတာကို သိလိုက်ရပါတယ်..။နောက်ဆုံး ကင်းစောင့်ရတဲ့ ကိုင် တစ်ယောက်တည်းသာ..ပေါင်းကူးတံတားရဲ့ အစွန်းမှာနေရင်း..နေထွက်လာတာကို ကြည့်နေခဲ့တယ်..။

ဆန်နီဟာ..ခန့်ညားတဲ့ စစ်သည်တော်ကို အစွန်းနားကို အဲလောက်ထိ ကပ်မထိုင်ဖို့ သတိပေးလိုက်ချင်ပေမယ့် ချက်ချင်းဆိုသလိုပဲ..ကိုင်က..ပျံသန်းနိုင်တာကို အမှတ်ရလိုက်ပါတယ်..။

'ဟုတ်တယ်..ငါ ဒါကို ထပ်ပြီးမေ့ပြန်ပြီ '

ဒီအခွင့်အရေးကို အသုံးချပြီး..သူ ဝိဥာဥ်ပင်လယ်ထဲကိုဝင်ကာ..ကျောက်တုန်းသူတော်စင်ကို ထုတ်ယူလိုက်ပါတယ်..။သူမက အနက်ရောင်မီးတောက်တွေ ရဲ့ ထွေးပွေ့မူ အောက်မှာ အိပ်စက်နေခဲ့တာပါ..။အရင်ကလိုမျိုး အရိပ်က ထပ်တူညီမူ အလင်းရောင်ဂြိုလ်လေးကနေ ..ပေါ်ထွက်လာတာ မဟုတ်ခဲ့ပေ..။ဒါက အနက်ရောင် မီးတောက်ကနေသာ ထွက်ပေါ်လာခဲ့တာပါ..။

ယင်းနောက်..သူမက ဆန်နီရဲ့ ရှေ့မှာ ခံစားချက်မဲ့စွာ ရပ်နေပြီး..သူ့ရဲ့ တည်ရှိမူနဲ့..သူမကိုယ်ပေါ်က ဒဏ်ရာတွေကို လည်း ဂရုစိုက်ပုံမရပါဘူး..။

ဆန်နီ ကျောကိတုံးသူတော်စင် ရဲ့ အနားကို ကပ်သွားလိုက်ပြီး..သူမဆီမှာ ရှိနေတဲ့ ဒဏ်ရာတွေကို လေ့လာလိုက်တယ်..။ကြမ်းတမ်းတဲ့ စစ်သည်ရဲ့ အကာအကွယ်က အက်ကွဲပြီး ကြိုးကြေ နေခဲ့တာပါ..။သူမရဲ့ ခန္တာကိုယ် အနှံ့ကိုလည်း အရိုးစု မွန်းစတား တွေရဲ့ လက်သည်းတွေက ဖောက်ဝင်နေခဲ့ပါတယ်..။

'ခွေးသားတွေ '

သူ့ရဲ့ အရိပ်ကို ဘယ်သူက နာကျငိအောင် လုပ်ရဲတာလဲ..

.

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..သူတော်စင်ကို အရိပ်အမြုတေ ထဲက အမှောင်ထုထဲကို ပြန်ပို့လိုက်တယ်..။

ထိခိုက်မူက သူ့ရဲ့ တည်ရှိမူကိုတော့ မချိန်ခြောက်နိုင်ခဲ့ပါဘူး..။ရက်အနည်းငယ်လောက်ကြာပြီးကာမှ သူရဲ့ သားရဲက အပြည့်အဝ ပြန်ကောင်းလာနိုင်မှာပါ..။

တကယ်တော့ သူမက မနေ့ကထက်စာရင် အတော်လေးကို ကောင်းမွန်လာခဲ့ပါပြီ..။

ဝိဥာဥ်ပင်လယ်ထဲက ထွက်ပြီးနောက်မှာတော့ ဆန်နီဟာ လေအေးတွေအပြည့် ရူသွင်းးလိုက်ပြီး ကိုင်ဘက်ကို လှည့်လိုက်တယ်..။

"ဟေး..နိုက်..။မင်း တုံးအနေတာလား..။အစွန်းနားကို အဲလောက်ထိ ကပ်မထိုငိနဲ့လေ.."

ခန့်ညားတဲ့ လေးသည်တော်က သူ့ကို ကြည့်ပြီး မျက်ခုံးပင့်တင်လိုက်ပါတယိ..။

"ငါ ပျံသန်းနိုငိတယ်လေ..။မှတ်မိတယ်လား..။

ဆန်နှ ပြောလိုကိတယ်..

မင်း အပျက်အဆီး ထဲကို ပြုတ်ကျတာကို ငါစိတ်မပူဘူး..။မင်းနဲ့အတူ တစ်ယောက်ယောက် ပါသွားမှာကျု..။ဒါဆို အတော်ဆိုးလိမ့်မယ်..ဟုတ်တယ်မလား.."

ကိုယ့်စကားကို သဘောကျသွားတဲ့ ဆန်နီက တစ်ဖက်ကို လှည့်ကာ ပြုံးလိုက်တယ်..။

' နေ့သစ်ကို စတင်ဖို့ ဘယ်လောက်ကောင်းတဲ့ နည်းလမ်းလဲ..'

***

လူတိုင်းက အနားယူဖို့ လိုအပ်နေတာကြောင့်..သူတို့က မာဗယ်ပေါင်းကူး တံတားပေါ်မှာ တစ်ရက် ကုန်ဆုံးပြီး. မနက်ရောက်မှ..သူတို့ရဲ့ ခရီးကို ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။

ရလာဒ်အနေနဲ့ကတော့ ဆန်နီဟာ လတ်တလောမှာ မြင်ကွင်းကို ကြည့်နေခဲ့ပြီး..ရယ်စရာမကောင်းပေမယ့် စိတ်ထဲ ပျော်ရွှင်မူတွေ ပြည့်နေခဲ့တယ်..။

အစစ်အမှန်ကမ္ဘာမှာတုန်းက..ဆန်နီ ဖျော်ဖြေရေးတစ်ချို့ ကြည့်ခွင့်ရချိန်မှာ ပေါ်ပြူလာဖြစ်တဲ့ အသုံးအနှုန်း တစ်ချို့ကို..သတိထားမိခဲ့ပါတယ်..။လူငယ်တွေ ၊ ဆယ်ကျော်သက်တွေကို ရည်ရွယ်ထားတဲ့ ကာတွန်းတွေ မှာဆိုရင် သူရဲကောင်းတွေက..သူတို့ရဲ့ စွန့်စားခန်းတွေအတွင်းမှာ ကမ်းခြေမှာ အနားယူတာတွေ ရှိကြပါတယ်..။

ဒီလို အခန်းတွေကို ဘာလို့ ထည့်ထားတာလဲ ဆိုတာကို သူ အဲ့တုနိးက နားမလည်ခဲ့ပါဘူး..။မိန်းကလေး ကာရိုက်တာ ကို ရေကူးဝတ်စုံနဲ့ ရိုက်ချင်လို့ လို့တောင် သူထင်ခဲ့ပါသေးတယ်..။

အခုတော့ သူက ဆန့်ကျင်စရာ ဘာမှ မရှိတော့ပေ..။

ဘာပဲဖြစ်ဖြစ် ဆန်နီဟာ သူကိုယ်တိုင် ဒီလို အပိုင်းမှာတစ်နေ့ ဝင်သရုပ်ဆောင် ရမယ်လို့ မထင်ထားခဲ့မိပေ..။

'ဒါက တကယ်ကို ဟာသ ပါပဲ '

သူ့ကိုယ်သူ အော်မရယ် မိအောင် ထိန်းထားရင်း သူ့ရဲ့ အပေါင်းအပါတွေကို ကြည့်လိုက်တယ်..။

ဥမင်ထဲက တိုက်ပွဲမှာ လူတိုင်းရဲ့ အကာအကွယ်နဲ့ လက်နက်တွေက ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့်..သူတို့က ဒီမှတ်သားမူတွေကို ဝိဥာဥ်ပင်လယ်ထဲမှာ ခနလောက် သိမ်းထားဖို့ လိုအပ်ပါတယ်..။လတ်တလောမှာ ကျောက်တုံးသူတော်စင်က အရိပ်အမြုတေ ထဲ ပြုပြင်မူတွေ လုပ်နေသလိုပါပဲ..။

ရလာဒ် အနေနဲ့ ဆန်နီ အပါအဝင် အားလုံးက ..တစ်ခြားအဝတ်အစားတစ်ချို့ကိုသာ ဝတ်ဆင်ထားခဲ့ရတယ်..။မိန်းကလေးတွေကတော့ လက်လုပ် ဘရာစီယာ တွေကို ဝတ်ဆင်ထားကြပါတယ်..။

သူတို့ဝတ်ဆင်ထားတာက..ရေကူးဝတ်စုံမဟုတ်သလို ၊ ပေါင်းကူးတံတားကလည်း..ညဘက်အချိန်မှ ကမ်းခြေနဲ့ တူတာပါ..။သို့ပေမယ့် ဒါတောင်မှ အခြေအနေက ရယ်စရာကောင်းစွာ ဆင်တူနေပါသေးတယ်..။

သူတို့ ရဲ့ ခန္တာကိုယ် တစ်ဝက်တွေက ဗလာကျင်းဖြစ်​ေိတာကြောင့်..စွန့်စားခန်းအတွင်းမှာ အနားယူနေတာနဲ့ အတော်လေးကို နီးစပ်ပါတယ်..။

"ဟား..'

သူ တကယ်ကို ခံစားချက် ကောင်းမွန်နေခဲ့တယ်..။

လူတိုင်းက သူတို့ အလုပ်နဲ့သူတို့ ရှုပ်နေကြတာပါ..။သူတို့ရဲ့ အလယ်မှာတော့ မီးပုံတစ်ခု ရှိနေပြီး အသားကင် ထားတဲ့ ရနံ့တွေ ထွက်ပေါ်နေခဲ့တယ်..။အယ်ဖီ က ဒီအရာကို လုပ်နေခဲ့ပါတယ်..။

ကျစ်လစ်တဲ့ ကြွက်သားတွေနဲ့ မုဆိုးမိန်းကလေးက..ကျောက်တုံးကို ထွင်းထုထားသလိုဖြစ်နေပြီး..ရှေးဟောင်း နတ်သမီးတစ်ပါး အသက်ဝင်နေသလား လို့တောင် ထင်ရပါတယ်..။ဆန်နီဟာ သူမရဲ့ ကြွက်သားတွေကို လိုက်လံ ရေတွက်ဖို့ လုပ်လိုက်ပေမယ့်..သူမရဲ့ ပြည့်တင်းတဲ့ ကျောက်တုံးလို အစိတ်အပိုင်း နေရာ အရောက်မှာ ရပ်တန့်လိုက်မိတယ်..။

စက္ကန့်အနည်းငယ် ကြာအောင် ဘာအတွေးမှ မရှိပဲ နေပြီးကာမှ ဆန်နီ အမြန် အကြည့်လွှဲလိုက်ပါတယ်..။သူနောက်ဆုံး လိုချင်တဲ့ အရာက...

'စိတ်ကို စင်ကြယ်အောင်ထား..'

နစ်ဖီကတော့ အယ်ဖီကို ကူညီပြီး မနက်စာ ပြင်ဆင်နေခဲ့တယ်..။ကြမ်းတမ်းတဲ့ မုဆိုးမိန်းကလေးရဲ့ ဘေးနားမှာ သူမရဲ့ ပုံရိပ်က နူးညံ့ပြီး သိမ်မွေ့နေခဲ့ပါတယ်..။သို့ပေမယ့် သူမကလည်း..အားကစားသမားတစ်ယောက်ပုံစံဖြစ်နေတုန်းပါပဲ..။သူမရဲ့ ဆင်စွယ်ရောင် အသားအရည် နဲ့ မုဆိုးမိန်းကလေးရဲ့ သံလွင်ရောင် အသားအရည်ကို မသိစိတ်က နှိုင်းယှဥ်ကြည့်နေမိပါတယ်..။

'ဘယ်လောက်ကြည့်လို့ကောင်းတဲ့ မြင်ကွင်းလဲ '

အာ...ဒါပေါ့ စစ်မှန်တဲ့..အားကစား အမြင်ဘက်ကနေ ကြည့်ရင် ပြောတာပါ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ကြည့်ရတာက..ဆန်နီကို အိပ်မက်ကမ္ဘာထဲက အစောပိုင်းနေ့ရက်တွေကို မှတ်မိစေခဲ့တယ်..။အရင်တုန်းက အခြေအနေတွေကလည်း အတော်လေးကို ဆင်တူပါတယ်..။

ရုတ်တရက် သူ တစ်ဖက်ကို ကြည့်ကာ ကတ်စီ ဘာလုပ်နေလဲ စစ်ဆေးလိုက်တယ်..။မျက်မမြင် မိန်းကလေးက မီးပုံဘေးမှာထိုင်ပြီး သူမရဲ့ လှပတဲ့ ဝတ်ရုံကို ခြုံထားခဲ့ပါတယ်..။သူမ ရဲ့ နူးညံ့တဲ့အသွင်အပြင်နဲ့အတူပဲ အတော်လေးကို ချစ်ဖို့ကောင်းနေခဲ့တယ်..။

ပြီးတော့..အဲဒီမှာ ကိုင် နဲ့ ကတ်စတာ လည်း ရှိနေပါသေးတယ်..။

ဆန်နီ သက်ပြင်းချပြီး ကိုယ့်ခန္တာကိုယ် ပြန်ငုံ့ကြည့်မိလိုက်တယ်..။အရိုးသားဆုံးပြောရရင် ဒီသုံးလအတွင်း အမဲလိုက်တာတွေ ၊ အသားတွေကို စားတာတွေ ၊ အရိပ်အပိုင်းအစ တွေကို စုပ်ယူမူတွေကြောင့် သူက ခါတိုင်းနဲ့မတူတော့ပါဘူး..။တကယ်တော့ လူသားတွေရဲ့ စံနှုန်းနဲပြောရရင်...ဒါပေါ့..ပုံမှန်အထက်မှာတော့ ရှိပါတယ်..။

နိုးထသူတစ်ချို့နဲ့ ယှဥ်ရင်တောင် သူ့ရုပ်ရည်က တစ်ချို့တွေနဲ့ နှိုင်းယှဥ်နိုင်လောက်မှာပါ..။

..သို့ပေမယ့် ဒီ နှစိယောက်ကတော့..တကယ်ကို နောက်ထပ် အဆင့်တစ်ခုမှာပါပဲ..။

ကိုင်ကာ အရပ်ရှည်ပြီး ငယ်ရွယ်တဲ့ နတ်ဘုရားတစ်ပါး ပုံစံရှိနေခဲ့တယ်..။ကြွက်သားတွေ အမြောင်းလိုက်က သူ့ရဲ့ အပြစ်ကင်းတဲ့ အရည်ပြားတွေမှာ ရှိနေခဲ့ပြီး..မာဗယ်ကျောက်တုံးတွေနဲ့ အတော်လေးလိုက်ဖက် နေခဲ့တယ်..။နေရောင်ခြည်ကတောင် သူ့ရဲ့ ဆွဲဆောင်မူကို ခံနေရပြီး..သူ့ကို ပိုပြီး လှပအောင် ပြုလုပ်နေရတယ်ဆိုတာကိုတောင် ဆန်နီ ကျိန်ပြောချင်မိပါတယ်..။

လတ်တလောမှာ ကိုင် က သူ့ရဲ့ မြားတွေကို..ဂရုစိုက်နေခဲ့တာဖြစ်ပြီး..ဒီလို ရိုးရှင်းတဲ့အရာကတောင် သူ့ကို ကြည့်ကောင်းနေစေခဲ့ပါတယ်..။

ကတ်စတာ ကလည်း အတူတူပါပဲ..။ပြီးပြည့်စုံတဲ့ ခန္တာကိုယ် နဲ့အတူပဲ ကျယ်ပြန့်တဲ့ ပုခုံး တစ်စုံက ခွန်အား ၊ ဆွဲဆောင်မူ ၊ သန်စွမ်းမူတွေကို ဖော်ပြနေခဲ့ပါတယ်..။သူ့ပုံံစံကအတော်လေးကို ခန့်ညားပြီး..သိမ်မွေ့တဲ့ မျက်နှာနဲ့ တောက်ပနေတဲ့ အစိမ်းရောင် မျက်လုံးတွေက..မိန်းကလေးတွေကို ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိနေခဲ့တယ်..။

ဆန်နီ မျက်နှာရှုံ့မဲ့ပြီး တစ်ဖက်ကို လှည့်လိုက်တယ်..။

'မင်းသိလား..ဒီလို ငရဲထဲက ကမ်းခြေနေ့ရက်က အဓိပ္ပါယ်မရှိဘူး..။အကျိုးရှိတာ တစ်ခုခု လုပ်ကြရအောင်..'

All Chapters