အကျိုးရှိတဲ့ တစ်ခုခု
Vol. 14 Ch. 208
ကိုင် အနားကို လျောက်သွားလိုက်ပြီး..ဆန်နီ လည်ချောင်းရှငိးကာ..သူ့မျက်လုံးတွေကို ပိတ်မထားမိဖို့ ကြိုးစားနေခဲ့ရတယ်..။ဒီ လေးသည်တော်က တကယ်ကို မိန်းမော တွေဝေစေတာပါ..။လူပုံအလယ်မှာ အင်္ကျီဗလာကျင်း ပုံစံနဲ့ ရှိနေပုံက..အစစ်အမှန်ကမ္ဘာမှာ ဆိုရငိ အတော်ကို အန္တရာယ်ဖြစ်စေမယ့် အရာပါပဲ..။
'သူ ဘယ်လိုများ လုပ်ထားတာလဲ သိချင်မိတယ်..။အစိုးရ လျို့ဝှက် ဓာတ်ခွဲခန်း တို့ ၊ မှော် ဖန်ပေါင်းချောင် တို့ များ ရှိနေတာလား..။ငါပြောချင်တာက...ဒီငနဲက..ငါနဲ့ မျိုးစိတ် တစ်ခုတည်းက ဆိုတာ မဖြစ်နိုင်ဘူးလေ..ဟုတ်တယ်မလား..'
စက္ကန့်အနည်းငယ်ကြာအောင် ဆန်နီ စိုက်ကြည့်နေခဲ့တာကြောငိ့..ကိုင် က ယဥ်ကျေးစွာပြုံးလိုက်ပြီး..
"အာ..ဆန်နီ..။မင်း တစ်ခုခု လိုချင်လို့လား.."
ဆန်နီ ကိုယ့်ကိုကို ဆိတ်ဆွဲပြီး မျက်လုံးတွေကို ပိတ်ထားလိုက်တယ်..။
"အာ..ငါ့ကို မပြုံးပြနဲ့.."
ကိုင် မျက်တောက် ခတ်လိုက်ပြီး.
"ကောင်းပြီလေ.."
လေးလံစွာ အသက်ရူပြီးမှ ဆန်နီ သူ့ကို စိုက်ကြည့်ကာ လက်တွေကို ဖြည်းဖြည်းချင်းပြန်ချလိုက်တယ်..။
"ပိုကောင်းသွားပြီ..။ပြီးတော့ ဟုတ်သားပဲ..ငါ တစ်ခုခု လိုချင်လို့.."
ကိုင် ရုတ်တရက် လှုပ်ရှားသွားပြီး သူ့ရင်ဘတ်ကို လက်ညိုးပြလိုက်တယ်..။
"အဲတာက ဘာလဲ..။အသုံးအဆောင် ပစ္စည်းလား.."
'သူက ဘာလို့...'
သူ ခေါငိးကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ ဆန်းကြယ်တဲ့ သော့ကို သူ့ရဲ့ လည်ပင်းမှာ တွဲလောင်းချိတ်ဆွဲထားတာကို တွေ့လိုကိရပါတယ်..။
သူ ဒီအရာကို ဘယ်သူ့ကို မှ မပြချင်ပေမယ့်..ရုပ်သေးဆရာရဲ့ဝတ်ရုံတော်က ..ဝိဥာဥ်ပင်လယ်ထဲမှာ ပြုပြင်နေတာကြောင့် သူ ဖုံးကွယ်နိုင်တဲ့နေရာက သိပ်မရှိပါဘူး..။
အနည်းဆုံးတော့ သူ ဒါကို သုံးစရာ နေရာမရှိသေးပေ..။
ထပ်ပြောရရင် ..ဒီအရာရဲ့ နတ်ဘုရားအလင်းရောင်ကို ဘယ်သူမှ မမြင်နိုင်ပဲ..သာမန် သော့တစ်ချောင်း အဖြစ်သာ ရှိနေခဲ့တာပါ..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒါက အသုံးအဆောင်ပစ္စည်းမဟုတ်ဘူး..။သော့ တစ်ချောင်းပဲ.."
ကိုင် တွေဝေသွားခဲ့ပြီး..
"အိုး..ဘယ်ဟာကို ဖွင့်ဖို့လဲ.."
ဆန်နီ ပုခုံးတွန့်လိုက်တယ်..။
"ငါ ဘယ်လိုသိမှာလဲ.."
ခန့်ညားတဲ့ လေးသည်တော်ဟာ အနည်းငယ် စိတ်ရှုတ်နေပုံ ရနေခဲ့တယ်..။
"ဒါပေမဲ့ ဒါက အသုံးအဆောင်လည်း မဟုတ်ဘူး..ဘာကို ဖွင့်ရမယ်မှန်းလည်း မသိဘူးဆိုရင် ဘာလိူ့ သယ်ပြီး လျောက်သွားနေတာလဲ.."
သူ့မေးခွန်းတွေက စတင်ပြီး စိတ်ရှုတ်စရာ ကောင်းလာခဲ့ပါတယ်..။ဆန်နီ သက်ပြင်းချလိုက်ပြီး..
"ဒါပေါ့ တစ်ခုခုကို ဖွင့်ဖို့ပေါ့.."
ကိုင်က နှာခေါငိးကို ပွတ်လိုက်ပြီး..
"ဒါပေမဲ့ မင်းပြောတော့ ဘာကို ဖွင့်ရမှာလဲ မသိဘူးဆို.."
ဆန်နီ အံကို ကြိတ်လိုက်ပြီး..
"ဒါက သောက်ကျိုးနဲ သော့ လေ..ဟုတ်ပြီလား..။ဒီတော့ တစ်ခုခုကို ဖွင့်ရမှာပေါ့..။ငါက ဒီသောက်ကျိုးနဲ သော့ နဲ့ ဖွင့်လို့ရတဲ့အရာ တစ်ခုခု ရှိမလားဆိုပြီး လျောက်သွားနေတာလေ..။ဘာလို့ နားလည်ရခက်နေတာလဲ.."
ချောမောတဲ့ လေးသည်တော်ဟာ သူ့ကို ထူးဆန်းစွာကြည့်လိုက်ပြီး..
"အိုး ငါ သဘောပေါက်ပြီ။ဒါက တကယ် အဓိပ္ပါယ်ရှိတယ်.."
'ချီးပဲ..ငါက သူ့ကို ဒီီလို ချီးကပ်ဖို့ စီစဥ်ထားတာ မဟုတ်ဘူးလေ..'
ဆန်နီ သူ့ရဲ့ အမူအရာကို ချက်ချင်းပြောင်းလဲ လိုက်ပြီး..ကြီးမားတဲ့ အပြုံးတစ်ခုနဲ့ ကိုင် ကိုကြည့်လိုက်တယ်..။
...ရုတ်တရက် ပြောင်းလဲမူက အတော်လေးတော့ ကြောင်တောင်တောင် နိုင်ပါတယ်..။
"အာ..ငါ ပြောချင်တာက ဒီလို နိုက်..ချစ်လှစွာသော သူငယ်ချင်းလေး...ငါတို့က သူငယ်ချင်းတွေနော် ဟုတ်တယ်မလား..။ဘာပဲဖြစ်ဖြစ် ငါပြောချင်တာကငါ့ရဲ့ ဒီအဖြေက မင်းကို ကျေနပ်စေမယ်လို့ မျှော်လင့်မိတယ်..။သူငယ်ချင်း အချင်းချင်းက ဒီလိုတွေပဲ ပြောကြတယ်မလား..ဟုတ်တယ်ဟုတ်.."
ခန့်ညားတဲ့ လူငယ်လေးက သူ့ကို သံသယဖြစိတဲ့ အကြည့်တွေနဲ့ ကြည့်လိုကိတယ်..။
"အဲလိုတော့ ထင်တာပဲ.."
ဆန်နီ ဟာ ကြီးမားတဲ့ အပြုံးတစ်ခုကို ဖန်တီးထားပေမယ့် သူ့ရဲ့ မျက်နှာပေါ်မှာတော့ နာကျင်တဲ့ခံစားချက်တွေ ဖြစ်ပေါ်နေခဲ့တယ်..။
"ကောင်းတယ်..ဒီတော့ ငါတို့က သူငယ်ချင်းတွေပေါ့..။ကောင်းပြီ..တစ်ချို့တွေက ဒီနေ့က မင်းရဲ့ ကံကောင်းခြင်း နေ့ပဲ လို့တောင် ပြောကြလိမ့်မယ် ကောင်လေး..။ဆန်နီ ရဲ့ အလွန်ကောင်းမွန်တဲ့ ကုန်စည်ပြပွဲကနေ ..သူငယ်ချင်းအတွက် အကောင်ိးဆုံး အပေးအယူ ဖန်တီးပေးထားတယ်..။ဒါက သူငယ်ချင်းတွေ အတွက် သီးသန့်ပဲ..။မင်း ကံကောင်းတယ်လို့ မထင်ဘူးလား.."
ကိုင် က ရုတ်တရက် ချောင်းဆိုးလိုက်ပြီး..
"ဆန်နီ ရဲ့ ကောင်းမွန်တဲ့ ကုန်စည်ပြပွဲက ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း လုပ်ထားတယ် မဟုတ်ဘူးလား.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
"လုပ်ခဲ့သေးတာလား..။ကောင်းပြီ..ပြသနာ မရှိဘူး..။အပေးအယူက အသက်ဝင်နေသေးတယ်..။မင်းစိတ်ဝင်စားလား..စိတ်မဝင်စားဘူးလား.."
လေးသည်တော်ဟာ ခနလောက် တွေဝေနေခဲ့ပြီးမှ သိချင်စွာ ပြောလိုက်တယ်..။
"ဒါပေမဲ့ ဆန်နီ...အပေးအယူရဲ့ အသေးစိတ် အချက်အလက်တွေကို..မင်းအခုထိ မပြောရသေးဘူးနော်..။ဒါက မင်း သူငယ်ချင်းအဖြစ် သတ်မှတ်ထားတဲ့ လူတွေ အတွက် မပေးအယူလား..ဒါမှမဟုတ် မင်းက သူငယ်ချင်း ဖြစ်ခွင့်ကို ရောင်းဖို့ ကြိုးစားနေတာလား.."
ဒီလို တုန့်ပြန်မူကို စောင့်နေသလိုပဲ ဆန်နီ တက်ကြွစွာ ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်..မင်း ဒီလိုမေးပေးတာကို ကျေးဇူးတင်တယ်..။တကယ်တော့..ငါ မင်းကို ရောင်းဖို့ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ပစ္စည်းတစ်ခုရှိတယ်..။ဒါက တကယ်ကို အံ့ဩဖို့ကောင်းတော့ ငါတောင် မင်းကို ပေးဖို့ တွန့်ဆုတ်မိတယ်..။ဒါပေမဲ့ မင်းက ငါ့ရဲ့ သူငယ်ချင်းဖြစိနေတော့..ငါ ဒါကို ပေးဖို့ ဆုံးဖြတ်ထားတယ်..။လက်တွေ့အရဆိုရင်တော့ ဒါက အခမဲ့ ပဲ..။မင်းအတွက်..အပြည့်အဝ စျေးလျော့ပေးမူ ဖြစ်မယ်..။ငါ့ကို ကျေးဇူးတင်ဖို့တော့ မလိုပါဘူး တကယ်ပြောတာ..."
ဒီအသံတွေကြောင့် ဘေးနားမှာ ရှိနေတဲ့ တစ်ခြားလူတွေကလည်း..သူ့တို့ နှစ်ယောက်ကို စိုက်ကြည့်လာခဲ့ကြတယ်..။အယ်ဖီ တောင်မှ အသားပြင်ဆင်နေတာကို ရပ်တန့်ထားပြီး.သူတို့နှစိယောက်ကို ပြုံးပြီး ကြည့်နေခဲ့ပါတယ်..။
အခု သူက အားလုံးရဲ့ အာရုံစိုက်မူ အလယ်မှာ ရောက်နေတာကြောင့်..ကိုင် က သက်ပြင်းချလိုက်တယ်..။
"ကောင်းပြီလေ..ငါ လက်ခံမယ်...။မင်း ငါ့ကို ရောင်းချင်တဲ့ မယုံနိုင်စရာ ပစ္စည်းက ဘာများလဲ.."
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ..ရုတ်တရက် ပြုံးနေတာ ရပ်တန့်လိုက်တယ်..။
"အိုး..ငါ့ရဲ့ ဝိဥာဥ် ပင်လယ်ထဲမှာ တစ်ခုခု စုဆောင်းမိထားတာ ရှိတယ်..။အဲတာက မြား တွေကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်တဲ့ မှတ်သားမူ ပဲ..။မင်း ပစ်မှတ်ကို မလွဲသရွေ့ပေါ့..."
ချောမောတဲ့ လေးသည်တော်ရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပသွားခဲ့တယ်..။သူက သူ့ရဲ့ မြား ကျည်တောက်ကို..ကြည့်ပြီး ပြောလိုက်ပါတယ်..။
"ခနလေး..တကယ်ကြီးလား..။မင်းမှာ တကယ် ဒီလို မှတ်သားမူမျိုးရှိနေတာလား.."
အတော်ကြာအောင် စဥ်းစားပြီးနောက်မှ ဆန်နီက ကိုင် ကို သွေးမြားတွေ ပေးဖို့ စဥ်းစားခဲ့တာပါ..။သူတို့အဖွဲ့ မှာ လေးသည်တော် တစ်ယောက်ရှိနေတာက..ဒီခရီးကို အများကြီး ပိုမိုလွယ်ကူစေပါတယ်..။
သူက အနာဂတ်မှာလေးတစ်ခု ရရှိပြီး သင်ယူနိုင်စွမ်းရှိပေမယ့်လည်း ဒါက ဘယ်အချိန်မှန်းမသိပါဘူး..။အကယ်၍ ကျွမ်းကျငိမူသာ မရှိဘူးဆိုရင်..သွေးမြားတွေက ဘယ်လောက်တောင် အန္တရာယ်များလောက်မလဲ..။လေးပစ်တာ ကျွမ်းကျင်ဖို့ကလည်း အချိန်အများကြီး လိုအပ်ပါတယ်..။အချိန်ဆိုတာ သူ့မှာ မရှိတဲ့ အရာပါပဲ..။ဒီတော့..ကျွမ်းကျင်မူရှိပြီးသားဖြစ်တဲ့ ကိုင် ကို ပေးလိုက်တာက..ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါ..။
သူတို့ရဲ့ လတ်တလော တွေ့ဆုံခဲ့တဲ့ ပင်ကူ သားရဲတွေနဲ့ တိုက်ပွဲအပြီးမှာ ဆန်နီ ရဲ့ ဒီဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာလာခဲ့တယ်..။
သို့ပေမယ့်..သူက ဒီအရာကို အလကားပေးမှာ မဟုတ်ပါဘူး..။
"ဟုတ်တယ်..ငါ့မှာ ဒီလို မှတ်သားမူ တကယ်ရှိတယ်.."
ယင်းနောက် သူ ထပ်ပေါင်းပြောလိုက်တယ်..။
"အိုး..ငါ ပြောဖို့ မေ့နေတာ..။ဒီဟာက..အဆုံးမရှိတဲ့ မြား တွေ ထောက်ပံ့ပေးနိုင်တဲ့ အပြင် ..မြားတွေ အကုန်လုံးက တက်ရောက်မူ အဆင့်တွေ ချည်းပဲ.."
မာဗယ် ပေါင်းကူးတံတား ပေါ်မှာ တိတ်ဆိတ်မူ တစ်ခုက ကြီးစိုးသွားခဲ့တယ်..။
"မင်း...မင်း မှာ တက်ရောက်မူအဆင့် မှတ်သားမူ ရှိနေတာလား..."
ဒီ မေးခွန်းကို ကတ်စတာက မေးလိုက်တာပါ..။ကိုင်ကတော့ မေးစရာတောင်မလိုအပ်ပေ..။ဘာလို့လဲ ဆိုတော့ သူက ဆန်နီ အမှန်ကို ပြောနေတယ် ဆိုတာ သိထားပြီးသားပါ..။
သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်နေခဲ့တယ်..။
မေ့ပျောက်ကုန်းမြေပေါ်မှာတော့..သိသာတဲ့ အကြောင်းပြချက် တစ်ခုကြောင့်..တက်ရောက်မူ အဆင့် မှတ်သားမူတွေက အရမ်းကို ရှားပါးပါတယ်..။ဒီအဆင့်..မှတ်သားမူတွေက ကျရှုံးမူအဆင့် သားရဲတွေကို သတ်ဖြတ်ပြီးမှသာ ရနိုင်တာဖြစ်ပြီး..ဒီလို စွမ်းဆောင်နိုင်စွမ်း ရှိတဲ့လူက အများကြီးမရှိပေ..။
ဒီလိုမျိုးတစ်ခု ရဖို့က..အနက်ရောင် မြို့တော်ထဲက..သက်ရှိတွေတိုင်းရဲ့..အိပ်မက်ပါ..။
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
"အိုး..ငါ့မှာ နှစ်ခုတော့ ရှိတယ်..။ဘာဖြစ်လို့လဲ.."
...နောက်တစ်ခုက..မဟူရာ ချပ်ဝတ်အင်္ကျီပါ..။ဒါက ပျက်ဆီးပြီး အသုံးမဝင်ပါဘူး..။သို့ပေမယ့်..အရိုးသားဆုံး ပြောရရင် သူတို့က ဒါကို သိဖို့မလိုအပ်ပေ..။
သူ ပြုံးလိုက်ပြီး..
"ဆန်နီ ရဲ့ အံ့ဩစရာ ကုန်စည်ပြပွဲမှာ ..အကောင်းဆုံးတွေကိုပဲ ရောင်းချပေးမယ်..။ခနလေး...အာ...ဒါက တကယ် အံ့ဩဖို့ကောင်းတယ်မလား..။နေဦး..ဘယ်သူက ဂရုစိုက်မှာလဲ..။မင်းတော့ စိတ်ကူးယဥ်နေလို့ ရပြီ..."
ကတ်စတာ ခေါင်းခါယမ်းလိုက်တယ်..။
"မင်းက တက်ရောက်မူ အဆင့် မှတ်သားမူကို ဘယ်လို ရခဲ့တာလဲ..။မင်း ကလေ..."
ဆန်နီ ရဲ့ မျက်နှာပေါ်က အပြုံးက အေးခဲသွားခဲ့တယ်..။သူ စကားပြောလိုက်တဲ့ အချိန်မှာတော့ နွေးထွေးမူတွေ အားလုံးပျောက်ကွယ်ပြီး အေးစက်မူတွေ အစားထိုးသွားခဲ့ပါတယ်..။
"ကောင်းပြီ..မင်း သိဖို့ လိုအပ်တယ်ဆိုရင်ပေါ့..။ငါက ဒါကို ကျရှုံးမူအဆင့် သားရဲကို သတ်ပြီးရလာတာ..။ဒီတစ်ခါ ..မင်းမမေးခင် တစ်ခါတည်း ဖြေပေးလိုက်မယ်..။ငါက လက်တစ်ချောင်းတောင် လှုပ်ဖို့မလိုဘူး.။ငါက ကြည့်ရုံပဲ ကြည့်တာနဲ့တင် သူက သေသွားတာ.."
ယင်းနောက် သူ ခေါင်းခါယမ်းပြီး ကတ်စတာကို
တည့်တည့် ကြည့်လိုက်တယ်..။
"ငါ..သတ်တာ ဖြတ်တာမှာတော့..ကျွမ်းကျင်တယ်လေ.. သိတယ်မလား..."