← Chapters

မီးပုံဘေးက ကျီစယ်စကား

Vol. 14 Ch. 209

မီးပုံဘေးက ကျီစယ်စကား

Vol. 14 Ch. 209

အဆုံးမှာတော့..ကိုင်က..အပေးအယူကို သဘောတူခဲ့တယ်..။သွေးမြား တွေအတွက် အလဲအလှယ်နဲ့ သူက ဆန်နီကို မှတ်သားမူ သုံးခု ပေးခဲ့ပါတယ်..။ဒါက သူ့မှာ ရှိတဲ့..အားပျော့တဲ့ မြားနှစ်ချောင်းနဲ့ မီးတောက် ပြုလုပ်နိုင်တဲ့..အဆောင်တစ်ခုပါ..။

ဆန်နီဟာ ဒီသုံးခုစလုံးကို..ကျောက်တုံးသူတော်စင်ကို

ကျွေးလိုက်တယ်..။ဒါက သူမရဲ့ အရိပ်အပိုင်းအစကို ၃၁ ခု အထိ ဖြစ်သွားစေခဲ့ပါတယ်..။အရင်တုန်းက သူမ ရှိခဲ့တဲ့ ပမာဏ ထက်..လေးခု ပိုများပြီး အရိပ်မြားတွေကို ကျွေးလိုက်ရင်လည်း သူ ဒီပမာဏပဲ ရမှာပါ..။

သူက ဘာမှမဆုံးရှုံးသလို..ဘာ အကျိုးအမြတ်မှလည်း မရရှိပေ .။ဒီ အလဲအလှယ်ကနေ အဓိက အကျိုးအမြတ် ရရှိသွားတဲ့ သူက ကိုင် ပါ..။

.

ဒီတော့.. ဆန်နီ ပြောခဲ့တဲ့ မယုံနိုင်စရာ အပေးအယူ ဆိုတာက အမှန်တရားပါ..။

မနက်စာ စားပြီးနောက်မှာတော့..ရှက်ရွံ့ဖွယ်ရာ တိတ်ဆိတ်မူ နဲ့ အတူပဲ..ဆန်နီ..မြေကြီးပေါ် မှာ ပြုံးကာ ထိုင်နေခဲ့တယ်..။

"မင်း သိလား..ကောင်လေးတို့..။ဒီ ရက်သတ္တပတ်တွေမှာ ငါ တစ်ခုခုကို နားလည်သဘောပေါက်ခဲ့တယ်..။တကယ်တော့..အားလုံးက ကိုင် ရဲ့ ကျေးဇူးတွေကြောင့်ပဲ..။သူက ငါ့ကို...ငါကို..အ...စတိဗ် နဲ့ မိတ်ဆက်ပေးခဲ့တာ.."

အယ်ဖီက အကျောဆန့်လိုက်ကာ..ဆန်နီကို ခနလောက် ရပ်တန့်သွားစေခဲ့ပြီးမှ သူ့ကိုကြည့်ကာ ပြောလိုက်တယ်..။

"တကယ်လား..။အဲတာ ဘာဖြစ်လဲ.."

ဆန်နီ ခနလောက် တွေဝေနေပြီးမှ ပြောလိုက်တယ်..။

"ငါ ငယ်ငယ်တုန်းက..န်ိုးထသူ တွေအကြောင်း ကာတွန်းတွေ ဖတ်ရတာ အရမ်းကြိုက်တာ..။သိတယ်မလား..သူတို့က ရှေးဟောင်း အပျက်အစီးတွေကို ရှာဖွေတာတွေ ၊ အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ပွဲဖြစ်တာတွေ ၊ ပြီးတော့..အနိုင်ရတိုင်း ပိုပို သန်မာလာတာတွေ ..."

သူ ရယ်မောလိုက်တယ်..။

"သူရဲ ကောင်းနဲ့ သူ့အဖွဲ့က စွန့်စားခန်းတွေ ဖွင့်..မှတ်သားမူ တွေ ရပြီး အစစ်အမှန် ကမ္ဘာရဲ့ စွန့်စားမူ ဆိုင်တွေမှာ ပြန်ရောင်းချခဲ့ကြတယ်..။သူတို့ရဲ့ ပိုက်ဆံ တွေကို အသုံးချပြီး လက်နက်တွေကို အဆင့်မြှင့်တယ်..။ပြီးရင် ချက်ချင်းဆိုသလိုပဲ ကို အန္တရာယ် များတဲ့ စွန့်စားခန်းတွေကို သွားကြတယ်လေ.."

ကတ်စီ ပြုံးလိုက်ပြီး..

"ငါလည်း အဲတာတွေ ဖတ်ရတာကို သဘောကျတယ်.."

ဆန်နီ သူမကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

"ဟုတ်တယ်..ဒါပေမဲ့ ငါ အသက်ကြီးလာတော့..တစ်ခုခုကို တွေးမိသွားတယ်လေ..။သူတို့က ဘာတွေကို တွေးနေကြတာလဲပေါ့..။ရှေးဟောင်း အပျက်အဆီးတွေကို ရှာဖွေတယ် ဆိုတာက ဥာဏ်ကောင်းတဲ့ လုပ်ရပ်မဟုတ်ဘူးလေ..။တကယ်တော့ ရူးနေကြတဲ့ လူတွေပဲ ဒီလိုအလုပ်မျိုး လုပ်ကြလိမ့်မယ်..။မင်း ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ..စောပြီးတော့ပဲဖြစိဖြစ် ၊ နောက်ကျပြီးတော့ပဲ ဖြစ်ဖြစ် လူသားတွေ ကိုင်တွယ်နိုင်တာထက် ပိုသန်မာတဲ့ တစ်စုံတစ်ခုနဲ့တွေ့ပြီး သေရမှာပဲ..။တကယ်လို့ တကယ့်ဘဝမှာဆိုရင် ဘာလို့ စွန့်စားသူတွေက အပျက်အစီး တွေထဲကို ထပ်ကာ ထပ်ကာ သွားကြမှာလဲ ပေါ့.."

မျက်မမြင် မိန်းကလေးဟာ ခေါင်းကို အနည်းငယ် ငုံ့ကာ တစ်ခုခု ပြောဖို့လုပ်လိုက်ပေမယ့် ပြန်ပိတ်သွားခဲ့တယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

"ဒါပေမဲ့..အဲတာကို ငါ သိလာခဲ့တယ်..။သူတို့ အဲလိုမျိုးတွေ လုပ်နေတာက ဆိုးယုတ်မူတွေကို နိမ်နင်းဖို့ လုပ်နေကြတာမဟုတ်ဘူး..။သူတို့က အင်အားကောင်းတဲ့ မှတ်သားမူတွေကို စုဆောင်းဖို့ အတွက် လုပ်နေကြတာ..။နင် သိတဲ့အတိုင်း..တကယ့်အစစ်အမှန် အိပ်မက်က..သူရဲကောင်းဖြစ်ဖို့လည်း မဟုတ်ဘူး..သူရဲကောင်းရဲ့ အပေါင်းအပါဖြစ်ဖို့လည်း မဟုတ်သလို..ချစ်သူတွေဖြစ်ဖို့လည်း မဟုတ်ဘူး..။တကယ့် အိပ်မက် အစစ်အမှန်က သူရဲကောင်းက သူ ရရှိလာတဲ့ ဆုလာဒ်တွေကို သွားသွားရောင်းပြီး လက်နက် အသစ်တွေကိုဝယ်နေတဲ့ ဆိုင်ပိုင်ရှင်ဖြစ်လာဖို့ပဲ..။ဒီနည်းလမ်းနဲ့ မင်းက စွန့်စားမူ မရှိပဲ ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေနိုင်မယ်လေ..။ဒါကမှ အစစ်အမှန် အိပ်မက်ပဲ.."

သူ လက်ကို ပိုက်ထားပြီး ထပ်ပြောလိုက်တယ်..။

"အိပ်မက်ကမ္ဘာထဲမှာ နှစ်တွေကြာအောင်..စွန့်စားခန်းဖွင့်ပြီး..မှတ်သားမူတွေ ..စုဆောင်းပြီးသွားရင် မင်းတို့က အနားယူပြီး ဆိုင်တစ်ဆိုင်ဖွင့်လိူ့ရပြီလေ..။ကျန်တဲ့ဘဝ တစ်လျောက်လုံး သက်သောင့်သက်သာ နေသွားယုံပဲ..။နင်လို အပ်တာဆိုလို့ နှစ်တွေကြာပြီးတဲ့နောက်မှာမှ..မှတ်သားမူတစ်ခုကို ရောင်းဖို့ပဲ လိုအပ်လိမ့်မယ်..။ဖြစ်နိုင်တာက..ပိုက်ဆံလည်း ရှာနိုင်ပြီး..စွန့်စားခန်းခည်း နည်းလာလိမ့်မယ်လေ.."

ကိုင် က ရယ်မောလိုက်ပြီး ဆန်နီကို သိချင်စွာကြည့်လိုက်တယ်..။

"ဒီတော့..ပြောပုံအရဆိုရင် ငါတို့က အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ပြီး နိုးထသူတွေ ဖြစ်လာကြမယ့်ပုံပဲ..။အဲတာက မင်း လုပ်မယ့်အရာတွေလား.."

ဆန်နီ ခနလောက်တွေးတော့လိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။

"ငါလည်း မသိဘူးလေ..။ငါ အစစ်အမှန် ကမ္ဘာကို ပြန်ရောက်ရင် လုပ်စရာ အများကြီး သိပ်မရှိဘူး..။ငါ မေ့ပျောက်ကုန်းမြေပေါ်မှာ လေ့လာခဲ့ရတဲ့ အရာတွေကို ငါ အကယ်ဒမီမှာတုန်းက ကြင်နာခဲ့တဲ့ ဆရာ ဆီကို ပြန်တင်ပြရမယ်..။ဒီတော့..ဖြစ်နိုင်ပါတယ်..။ငါ့မှာက ဒီီလိုဆိုင်ဖွင့်ဖို့ လုံလောက်တဲ့ မှတ်သားမူတွေလည်း မရှိသေးဘူးလေ.."

သူ ခန့်ညားတဲ့ လေးသည်တော်ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"မင်းကရော..။အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ရင် မင်းအရမ်းလုပ်ချင်တဲ့အရာက ဘာများလဲ.."

ကိုင် က ရုတ်တရက် ရှက်ရွံ့တဲ့ မျက်နှာ အမူအရာဖြစ်သွားခဲ့တယ်..။

"အိုး..ငါ မသိဘူးလေ..။ငါ အဲလိုမျိုးတစ်ခါမှ မတွေးမိဖူးဘူး.."

သို့ပေမယ့် စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ သူက ရှက်ရွံ့တဲ့ အသံနဲ့ ရုတ်တရက်ပြောလာခဲ့တယ်..။

"အဗာတာ အဆိုတော်.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

"အ...ဘာဖြစ်တယ်.."

လေးသည်တော်ဟာ အတော်ကြာအောင် တွေဝေနေပြီးကာမှ ရှင်းပြလိုက်တယ်..။

"အဗာတာ အဆိုတော် ဆိုတာက သီချင်းပြိုင်ပွဲ ရှိုးတစ်ခုပဲ..။ကျော်ကြားတဲ့အဆိုတော်တွေက တစ်ယောက်နဲ့ တစ်ယောက် ယှဥ်ပြိုင်ကြတာ..။ဒါပေမဲ့ လှည့်စားမူ တစ်ခုက သူတို့ယှဥ်ပြိုင်တဲ့အချိန်မှာ..မျက်နှာဖုံးတွေ တပ်ထားကြတယ်လေ..။ဒီတော့ ဒိုင်တွေက..သူတို့ရဲ့ အသံနဲ့ကျွမ်းကျင်မူကိုပဲ အကဲဖြတ်နိုင်ကြလိမ့်မယ်..။သူတို့က အဆိုတော်ရဲ့ သရုပ်မှန်ကို နောက်မှ သိကြရတာလေ.."

အယ်ဖီ တခစ်ခစ် ရယ်မောလိုက်ပြီး..

"နင့်ရဲ့ မျက်နှာလှလှ လေးကို ဘာလို့ ဖုံးချင်နေရတာလဲ နိုက်..။ဒါက နင့်ရဲ့ အကောင်းဆုံး အစိတ်အပိုင်းပဲလေ.."

ကိုင် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်တယ်..။

"ငါက..ငါက..ငါ့ရဲ့ ကျွမ်းကျင်မူနဲ့ ပါရမီကိုပဲ အခြေခံပြီး အကဲဖြတ်စေချင်တာ..။တစ်ခြားဟာတွေ မလိုချင်ဘူး..။ပြီးတော့..ဒါကလည်း ငါပြန်လာတာကို ပရိတ်သတ်တွေကို ကြေညာဖို့ အကောငိးဆုံးနည်းလမ်းပဲ..။စိတ်ကူးကြည့်စမ်း..သူတို့တွေ အတော်စိတ်လှုပ်ရှားကြမှာ..။ဒါက တကယ်ကို ပြီးပြည့်စုံတဲ့ မီဒီယာ မုန်တိုင်းပဲ.."

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။ကြည့်ရတာတော့ ကိုင်က တကယ်ကို ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပုံပါပဲ..။ပရိတ်သတ် တုန့်ပြန်မူတွေ ၊ မီဒီယာ ရိုက်ခတ်မူတွေကို ပြောနေရအောင် သူက ဒီလိုမျိုးရော ကြားဖူးရဲ့လား..။

သိူ့ပေမယ့် အနည်းဆုံးတော့ ဒါက တကယ်ကို ကောင်းမွန်တဲ့ အိပ်မက်ပါ..။သူ့ရဲ့ ရူးသွပ်တဲ့ လိုအင်ဆန္ဒတွေထက်တော့ ပိုသာပါတယ်..။

အယ်ဖီ ဘက်ကို လှည့်ပြီး သူ မေးလိုက်တယ်..။

"နင်ကရော..။အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ရင် ဘာလုပ်ချင်လဲ.."

မုဆိုးမိန်းကလေးက ပြုံးလိုက်ပြီး..

"ငါ ဒါကို တွေးတောင် မတွေးမိဘူး..။ငါက ကြက်တောင်ပံ တွေကို စားမယ်..တကယ် အစစ်တွေပေါ့..။ပြီးတော့ ငါ့ရဲ့ ဒုတိယ အိပ်မက်ဆိုးအတွက် ပြင်ဆင်မယ်..။ဒါက ရိုးရှင်းပါတယ်.."

လူတိုင်းတိတ်ဆိတ်သွားခဲ့တယ်..။အတော်ကြာပြီးမှ ကတ်စီ ပြောလိုက်ပါတယ်..။

"နောက်ထပ် အိပ်မက်ဆိုးကို စိန်ခေါ်ချင်တယ် ဆိုတာ သေချာရဲ့လား.."

အယ်ဖီ ပုခုံးတွန့်လိုက်ပြီး..

"ငါ့မှာလည်း အကြောင်းပြချက်တွေ ရှ်ိတယ်လေ..။ဒီတော့ ဟုတ်တယ်..။ငါ့အတွက်တော့ ဒါက တစ်ခုတည်းသော ရွေးချယ်မူပဲ.."

မျက်မမြင် မိန်းကလေးက အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြောလိုက်တယ်..။

"ငါက ငါ့အမေ အဖေနဲ့ အချိန်ကုန်ဆုံးမယ်..။ဒါက အစစ်အမှန် ကမ္ဘာမှာ ငါ အလုပ်ချင်ဆုံး အရာပဲ.."

ကတ်စတာ သူမကို ကြည့်ပြီး ယဥ်ကျေးစွာ ခေါင်းညိမ့်လိုက်တယ်..။

"ငါတော့ ကတ်စီ နဲ့ သဘောတူတယ်..။မိသားစု ဆိုတာက အရေးကြီးဆုံးပဲ..။ငါ ပြန်တဲ့ အချိန်ကျရင် ငါ့ အဖေကို နှုတ်ဆက်ရင်း..သူ့မျက်လုံးတည့်တည့်ကို ဂုဏ်ယူမူအပြည့် နဲ့ကြည့်ပြီး..ငါ့ကြောင့် ကလန်သိက္ခာမကျစေရဘူးဆိုတာ ​သိစေရမယ်..။ပြီးတာနဲ့ ငါ့ရဲ့ ခွန်အားကို မြန်နိုင်သမျှ မြန်မြန် မြှင့်တင်မယ်..။ဒါမှ သူ့ရဲ့ စိုးရိမ်မူတွေက စိတ်သက်သာရာရပြီး..ငါတို့ရဲ့ မျိုးဆက်ကို အမြင့်ဆီ တွန်းပို့နိုင်မှာ.."

' ဘယ်လောက်တောင်...ဆက်ခံသူ နဲ့ တူလိုက်လဲ..'

နောက်ဆုံးတော့ နစ်ဖီဘက်ကို လှည့်ကာ နက်မှောင်တဲ့အမူအရာနဲ့မေးလိုက်တယ်..။

"နင်ကျတော့ရော နစ်..။နင် အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ရင် ဘာလုပ်မှာလဲ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က အဝေးကို တည်ငြိမ်တဲ့ အမူအရာနဲ့ကြည့်ကာ တိတ်ဆိတ်နေခဲ့တယ်..။

ယင်းနောက် သူမက သက်ပြင်းချလိုက်ပြီး တီးတိုးအသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။

"ငါလည်း အမေ့ဆီကို သွားပြီးလည်ပတ်ရမယ်.."

လူတိုင်းတိတ်ဆိတ်သွားခဲ့တယ်..။ဆန်နီ အနည်းငယ်စိတ်ရှုတ်စွာ မျက်တောင်ခတ်လိုက်ပါတယ်..။

"ခနလေး..နင့် အမေလား...။ငါက သူမကို သေပြီထင်နေတာ..."

နစ်ဖီ ခနလောက် တွေဝေနေပြီးမှ အဝေးကို လှည့်သွားခဲ့တယ်..။

"သူမက သေပြီလေ..။နည်းပညာ အရဆိုရင်ပေါ့.."

All Chapters