← Chapters

အတိတ်က အရိပ်

Vol. 14 Ch. 210

အတိတ်က အရိပ်

Vol. 14 Ch. 210

'နည်းပညာအရဆိုရင် သေတာလား..။သူမက ဘာကိုဆိုလိုတာလဲ..'

ဆန်နီ တစ်ခြားလူတွေကို ကြည့်လိုက်တဲ့ အချိန်မှာတော့ သူတို့လည်း စိတ်ရှုတ်ထွေးနေကြတာကို တွေ့လိုက်ရတယ်..။ကတ်စတာ ကတော့ တစ်ခုခုကို သိထားတဲ့ အတိုင်း ဘာမှမဖြစ်ခဲ့ပါဘူး..။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ပြောင်းလဲနေတဲ့ကြယ်ပွင့် ရဲ့ သက်ပြင်းချသံက ထွက်ပေါ်လာခဲ့တယ်..။သူတို့ကို ..ကြည့်လိုက်ပြီး..

"ငါ့အမေက..ဗလာနယ် တွေထဲက တစ်ယောက်ပဲ..။တကယ်တော့..သူမက ငါ့ကို ကိုယ်ဝန်ဆောင်ထားတုန်း ဗလာနယ် တစ်ယောက်ဖြစ်လာခဲ့တာ..။ဒီတော့ ငါက သူမကို တစ်ခါမှ မမြင်ဖူးဘူး..။ဒီတိုင်း..သူမရဲ့ ခန္တာကိုယ် ကိုပဲ...."

နစ်ဖီ တိတ်ဆိတ်သွားခဲ့တယ်..။အတော်ကြာပြီးနောက်မှာတော့ သူမရဲ့ မျက်နှာမှာ ထူးခြားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

"ဒါက တကယ်ကို ရယ်စရာပဲ..။ငါ့အဖွား အသက်ရှင်လျက် ရှိတုန်းက ငါက အဲဒီခန္တာကိုယ်ကိုပဲ အလောင်းကောင် တစ်ခုလို ပြုစု စောင့်ရှောက်ခဲ့ရတာ..။ဒါပေမဲ့ သူမသေပြီးတဲ့နောက်မှာတော့ ..ငါတို့က တစ်ယောက် စီပဲ ကျန်ခဲ့...ကောင်းပြီ..။ငါကိုယ်တိုင်တောင်မှ နည်းနည်း ရှုတ်ထွေးလာသလိုပဲ.."

နစ်ဖီ ပုခုံးတွန့်လိုက်ပြီး..တစ်ဖက်ကို လှည့်လိုက်တယ်..။

"ဘာပဲဖြစိဖြစ်..ငါ ပထမအိပ်မက်ဆိုးအတွက် မထွက်ခွာခင်မှာ ငါတို့ ကိုယ်ပိုင် ပိုက်ဆံအနည်းငယ်နဲ့ သူမအတွက် ဗလာနယ် စောင့်ရှောက်ရေး မှာ VIP နေရာတစ်ခု ဝယ်ပေးခဲ့တယ်..။သူတို့က သူမကို တကယ် ကောင်းကောင်းမွန်မွန်ပဲ ထားထားကြတာ..။ဒါတောင်မှ..ငါက သူမကို တစ်ယောက်တည်း အထီးကျန်မနေစေချင်ဘူး..။ဒီတော့ ငါ ပြန်ရောက်တဲ့ အချိန်မှာလုပ်မယ့်အရာက အဲတာပဲ..။သူမဆီကို အလည်သွားမယ်.."

သူမရဲ့ စကားလုံးတွေက သက်ရောက်မူ ရှိနေတာကြောင့် ဘယ်သူမှ ဘာမှ မပြောခဲ့ကြပေ..။

ဆန်နီဟာ ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ကြည့်ပြီး..ဝိဥာဥ် မရှိတဲ့ ခန္တာကိုယ်ထဲမှာ သန္ဓေတည်ရတာက ဘယ်လို ခံစားချက်ဖြစ်မလဲ ဆိုတာကို စိတ်ကူးကြည့်နေခဲ့တယ်..။သေးဆုံးမူက နေ့ရက်တိုင်းမှာ သူ့ကို စိုက်ကြည့်နေပြီး..အနက်ရောင် အရိပ်တစ်ခုလို အမြဲတမ်း စိုးမိုးထားခဲ့တာပါ..။ဒါက မင်းရဲ့ အတိတ်ရော အနာဂတ်ကို ရောပါပဲ..။

ဒါကလည်း နစ်ဖီ က..အခိုက်အတန့်ကို အရမ်းမုန်းရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်..။

လေထုထဲမှာ လေးလံမူတွေကို ခံစားမိတာကြောင့် ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူတို့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"ဘာလဲ..။ဗလာနယ်ကနေ မွေးလာတဲ့လူကို တွေ့ဖူးတာ နင်တို့အတွက် ပထမဆုံးအကြိမ်လား..။ငါ နင်တို့ကို အပြစ်မတင်ပါဘူး..။ငါ့လိုမျိုး သားရဲတွေက အတော်ရှားပါးတယ်လေ..။တကယ်တော့..ငါတောင်မှ ငါ့လို တစ်ခြားတစ်ယောက်ကို မတွေ့ဖူးဘူး.."

ယင်းနောက် သူမ သက်ပြင်းချလိုက်ပြီး..သူမရဲ့လက်တွေကို ဆန့်တန်းကာ မီးပုံနားကို ကပ်လိုက်တယ်..။

"ဒီတော့ ဟုတ်တယ်...အဲတစ်ခု နဲ့ ငါ့ရဲ့ ဆံပင်ကို ဆေးဆိုးတာပဲ..။အဲတာက အစစ်မှန်ကမ္ဘာကို ပြန်ရောက်ရင် ငါ လုပ်ချင်တဲ့ အရာပဲ.."

ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..

"...ဆေးဆိုးတာလား.."

နစ်ဖီ ခေါင်းညိမ့်လိုက်တယ်..။

'အဲတာက ဘယ်လိုလုပ် ဦးစားပေးဖြစ်နေတာလဲ.'

သူ တစ်ခုခုလွဲမှားနေတာကို ခံစားရတာကြောင့် ဆန်နီ ခေါင်းကို ကုတ်ပြီး မေးလိုက်တယ်..။

"ဘာလို့လဲ.."

သူမ သူ့ကို အံ့ဩစွာကြည့်လိုက်ပြီး..

"ဘာလို့လဲဆိုတာ ဘာကို ဆိုလိုတာလဲ..။ငါက ဒါနဲ့ အသားမကျတော့ ထူးဆန်းနေသလို ခံစားရတယ်လေ..။ငါက တစ်ခြားအကြောင်းအရင်း လိုအပ်နေသေးလို့လား.."

သူက သူမကို စိုက်ကြည့်ပြီး ရှုတ်ထွေးတဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်..။ဒါကို သတိထားမိတဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်က..မျက်မှောင်ကျုတ်ပြီး..သဘောကျတဲ့ အမူအရာတစ်ချို့ နဲ့ မေးလိုက်ပါတယ်..။

"ဆန်နီ..နင်က..တကယ်ပဲ...နင်က ငါ့ရဲ့ ဆံပင်ကို သဘာဝ အရောင်လို့ထင်နေတာလား.."

သူ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပါးစပ်ကို ဖွင့်ပြီး ပြောလိုက်တယ်..။

"...မဟုတ်ဘူးလား.."

နစ်ဖီ သူ့ကို အတော်ကြာအောင် ထူးဆန်းစွာကြည့်နေပြီးမှ အားရပါးရ ရယ်မောလိုက်ပါတယ်..။

သူမရဲ့ ရယ်မောသံက..နားဝင်ချိုမူ ၊ စစ်မှန်မူ နဲ့ နားထဲကို သာယာမူ တွေ ပေးနေခဲ့တယ်..။နောင်တရစွာပဲ သူအရင်က ဒီလို ရယ်သံမျိုးမကြားဘူးတာကို ဆန်နီ နားလည်လိုက်ပါတယ်..။

သူတို့ရဲ့ ဘဝတွေက မတူညီဖို့တာကြောင့် လူတွေက နစ်ဖီ ရဲ့ ရယ်သံကို မကြာခနကြားနိင်ဖို့တောင် သူ မျှော်လင့်မိတယ်..။သို့ပေမယ့်..သူ အဲလိုမဟုတ်ပဲ..ဘယ်တော့မှ မကြားဖူးတာတောင် ဖြစ်နေနိုင်ပါတယ်..။

အတော်ကြာပြီးတဲ့နောက်မှ သူမက သူ့ကိုကြည့်ကာ ပြုံးလိုက်ပြီး..

"ဆန်နီရေ..ဒါက ငွေရောင်လေ..။အခိုက်အတန့်ကြောင့် ဖြစ်လာတာ..။ဘယ်သူက ငွေရောင်ကို သဘာဝ အရောင် ရှိမှာလဲ.."

ကံကောင်းချင်တော့ အဲ့အချိန်မှာပဲ ကိုင် က ရုတ်တရက် သူ့ကို ဝင်ပြီး ကယ်တင်လိုက်တယ်..။

"တကယ်တော့ ငါလည်း ဒါကို သဘာဝ အရောင်လို့ ထင်နေတာ..။အာ..ဒါက နင်နဲ့အရမ်းလိုက်တယ် မိန်းကလေး နစ်ဖီ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို အံ့ဩသင့်တဲ့ အမူအရာနဲ့ကြည့်လိုက်တယ်..။ယင်းနောက် သူမက အယ်ဖီကို တိတ်တဆိတ်မေးခွန်းထုတ်တဲ့ အကြည့်နဲ့ကြည့်လိုက်တယ်..။

မုဆိုးမိန်းကလေးက ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..ငါရောပဲ..။ငါဆိုလိုတာက..နင်တို့ ဆက်ခံသူ တွေက ဘာတွေနဲ့ပြုလုပ်ထားတယ် ဆ်ိုတာကို ဘယ်သူသိမှာလဲ.."

နစ်ဖီ ဟာ..အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးမှ အံ့ဩတဲ့ အမူအရာနဲ့ ခေါင်းခါယမ်းလိုက်တယ်..။

"ကောင်းပြီ..မဟုတ်ဘူး..ဒါက သဘာဝမဟုတ်ဘူး..။ငါ့ရဲ့ ပထမဆုံး အိပ်မက်ဆိုးပြီးမှ ဒီပုံစံဖြစ်လာတာ.."

:

ကိုင် က ရှေ့ကို တိုးပြီး သိချင်စွာပြောလိုက်တယ်..။

"တကယ်လား..နင့်ရဲ့ ဆံပင်အရောင်က အရင်က ဘယ်လို ပုံစံလဲ.."

သူမ ပုခုံးတွန့်လိုက်ပြီး..

"အနက်လေ..။သာမန်လူသားတစ်ယောက်ရဲ့ အရောင်ပဲ.."

ခန့်ညားတဲ့ လေးသည်တော်က သူမကို စိုက်ကြည့်ကာ ပြုံးလိုက်ပြီး..

"ဒါက လည်း နင်နဲ့ အရမ်းလိုက်မှာပဲ မိန်းကလေး နစ်ဖီ..။အာ..ငါက ဒီတိုင်း မြင်နေရတာ.."

သို့ပေမယ့် ဆန်နီကတော့ မမြင်နိုင်ခဲ့ပေ..။သူမရဲ့ ငွေရောင်ဆံပင် မရှိတဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ခေါင်းထဲကို ဝင်မလာနိုင်ခဲ့ပါဘူး..။သူမက ဆံပင်အနက်ရောင်နဲ့ ညိုချော တစ်ယောက်ဖြစ်လာဖို့ဆိုရင် ပြောစရာတောင် မလိုတော့ပေ..။ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။

'ဒါက တော်တော်ကြီးကို မှားယွင်းနေမှာ..ဟုတ်တယ်မလား...'

ကောင်းပြီ..ဘဝက အံ့ဩစရာတွေနဲ့ပြည့်နေသလိုပဲ..။

ဒီနေ့ သူက တစ်ခုတည်း သင်ယူနိုင်ခဲ့တာ မဟုတ်ပေ..။သူ ကမ္ဘာပေါ်မှာ သေချာသိတယ်လို့ ထင်ထားခဲ့တဲ့လူဆီကပဲ အသစ်နှစ်ခုကို သိခဲ့ရပါတယ်..။

ဒီလို ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။

'

'...ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ အပိုင်း အတွက် တစ်ခြား တစ်ခုခုတော့ ရှိနေဦးမှာပဲ..ဟင်...'

***

ပြီးတာနဲ့ သူတို့ အချိန်အချို့ကို အနားယူပြီး ပျင်းရိစွာ စကားပြောနေခဲ့ကြတယ်..။သို့ပေမယ့် မကြာခင်မှာပဲ လူတွေက စတင်ပြီး ပျင်းရိလာကြပါတယ်..။

ဒီဟာကို တိုက်ဖျက်ဖို့အတွက်..ဆန်နီက အားကစားနည်း တစ်ခု ကစားဖို့ အကြံပေးလိုက်တယ်..။

..သူ့ရဲ့ စေ့စော်မူတွေက..အံ့ဩစရာကောင်းတဲ့လူငယ်တွေ..ပတ်ဝန်းကျင်မှာ ခုန်ပေါက်ပြီး ..ပေါ့ပါးတဲ့ အဝတ်အစားတွေနဲ့ လှုပ်ရှားရုန်းကန်ဖို့ လုံးဝ မရည်ရွယ်ပါဘူး..။မဟုတ်ဘူး..နည်းနည်းလေးတောင် မဟုတ်ပေ..။

သို့ပေမယ့်..အခြေအနေတွေက သူမျှော်မှန်းထားသလို မဖြစ်ခဲ့ပေ..။မကြာခင်မှာပဲ..ဆန်နီဟာ..သူ့ကိုယ်သူ..လွန်ဆွဲပွဲတစ်ခုမှာ ဒေါသတကြီး ကျိန်ဆဲပြီး ရွှေရောင်ကြိုးကို အားရပါးရ ဆွဲနေတာကို တွေ့လိုက်ရပါတယ်..။

..ကောင်းပြီ..ဒါက ဒေါသလည်း ထွက်သင့်ပါတယ်..။သို့ပေမယ့် အမှန်တကယ်တော့..အယ်ဖီက ကြိုးရဲ့တစ်ဖက်မှာ ကိုင်ထားပြီး..တစ်ခြားတစ်ဖက်မှာတော့ ဆန်နီ ၊ ကတ်စီ ၊ ကိုင် နဲ့ ကတ်စတာ တို့က ဆွဲနေခဲ့ကြပါတယ်..။ဒါတောင်မှ သူမရဲ့နေရာကို ရွေ့အောင် မဆွဲနိုင်ကြပေ..။အတော်ကြာပြီးနောက်မှာတော့..မုဆိုးမိန်းကလေးက..ကြိုးကို ဆွဲလိုက်တဲ့အချိန်မှာ..သူတို့တစ်ဖွဲ့လုံး မြေကြီးပေါ် လဲကျသွားခဲ့ပါတယ်..။

'..ဒါက..ဒါက လိမ်ညာတာပဲ...'

.

ကျေနပ်တဲ့ အပြုံးနဲ့ အယ်ဖီဟာ..သူ့ဆီကို လျောက်လာပြီး အပေါ်ကနေ ခါးထောက်ရပ်နေခဲ့တယ်..။သူမက အောက်မှာ ရှိနေတဲ့ ဆန်နီကို တည့်တည့်ကြည့်ပြီး စနောက်လိုက်ပါတယ်..။

"အားနည်းတယ်..။နင်က ဘယ်တုန်းက တက်ကြွမူတွေ လျော့ကျသွားတာလဲ ကောင်လေး.."

ယင်းနောက် သူမက မျက်စိတစ်ဖက်မှိတ်ပြကာ..နောက်ပြောင်တဲ့ လေသံနဲ့..

"ဘုရားကျောင်းမှာတုန်းက နင်က ဒီထက်ပိုပြီး စွမ်းဆောင် နိုင်ပါတယ်..။အကြာကြီး နေနိုင်တာကတော့ ပြောမနေနဲ့တော့..."

ဆန်နီ မျက်နှာနီရဲကာ အဲကိုကြိတ်ထားလိုက်တယ်..။

"ပါးစပ်ပိတ်ထား..။လူတွေ အထင်လွဲလိမ့်မယ်.."

မုဆိုးမိန်းကလေးက သူ့ကို အံ့ဩသင့်စွာကြည့်လိုက်ပြီး..

"နားလည်မူ လွဲမှာလား..။နင် ဘာကို...အိုး.."

ယင်းနောက် သူမက ထိပ်လန့်တဲ့ ပုံစံ ဟန်ဆောင်လိုက်ပြီး ပါးစပ်ကို လက်နဲ့အုပ်ထားခဲ့တယ်..။

"နငိ..နင်က ဘယ်လို အကျင့်ပျက်တဲ့ လူမျိုးလဲ..။လေ့ကျင့်တာ..ငါဆိုလိုတာက နင်လေ့ကျင့်တာကို ပြောနာလေ..!"

ဆန်နီ သူမ ပါးစပ်အဟောင်းသားနဲ့ မယုံကြည်နိုင်ဖြစ်နေတဲ့ ပုံစံကို စိုက်ကြည့်နေတုန်းမှာပဲ အယ်ဖီက နှာခေါင်းရှုတ်လိုက်တယ်..။ပြီးတာနဲ့ သူမက တစ်ဖက်ကို လှည့်သွားပြီး..ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်..။သူမရဲ့ ခေါင်းကိုခါယမ်းရင်း..ပျော်ရွှင်နေတဲ့မုဆိုးမိန်းကလေးက..နောက်ဆုံးတစ်ကြိမ်ရယ်မောကာ လျောက်သွားခဲ့တယ်..။

'..ဘယ်တော့မှ အားကစား ယှဥ်ပြိုင်တာ မလုပ်တော့ဘူး..။ဘာပဲဖြစ်ဖြစ် ဒီ ပြသနာရှာတတ်တဲ့ အယုတ်တမာပဲ အမြဲတမ်း အနိုင်ရ နေမှာပဲ.."

ပိုကောင်းတဲ့ အကြံအစည်တွေကို ဘယ်လိုထုတ်မရလဲ ဆိုတာကို သူ ကိုယ့်ကိုကို သင်ကြားဖို့ လိုအပ်နေပါပြီ..။

All Chapters