နောက်ဆုံး စစ်ဆေးမူ
Vol. 14 Ch. 197
ဆန်နီ ကျိန်ဆဲလိုက်ပြီး အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားလိုက်တယ်..။အချိန်ခနလောက် ကြာပြီးနောက်မှာတော့..သူတို့ အနားရတဲ့ ခနတာက ပြီးဆုံးသွားခဲ့ပါပြီ..။
ဒီရေတွေ တက်လာတဲ့ ရေလှိုင်းသံလိုမျိုး..မသေဆုံးနိုင်တဲ့ သားရဲအုပ်ကြီးက..အသံတွေမြည်ပြီး..ခြိမ်းခြောက်လာခဲ့တယ်..။အယ်ဖီရဲ့ ပြင်းထန်တဲ့ ဆီးကြို တိုက်ခိုက်မူတွေကြောင့်..ဒီလှိုင်းလုံးကြီးက နှစ်ပိုင်းကွဲထွက်သွားခဲ့ပါတယ်..။
တစ်ဖက်မှာတော့ ..ပြောင်းလဲနေတဲ့ကြယ်ပွင့်က ပြေးဝင်သွားခဲ့ပြီး..သူမရဲ့ ဓားနဲ့ အမှောင်ထုကို ပိုင်းဖြတ်တဲ့ အလင်းရောင်တစ်ခုလို တိုက်ခိုက်နေခဲ့တယ်..။တစ်ဖက်မှာလည်း..ကတ်စတာရဲ့ ဓားက ထိုနည်းတူစွာပါပဲ..။ဟန်လု ကလန်ရဲ့ မျိုးဆက်က..ထိပ်လန့်စရာ အမြန်နှုန်းနဲ့ တိုကိခိုက်နေခဲ့တာပါ..။
သူ့ရဲ့ ဓားနဲ့ ထိတွေ့တဲ့ အရာတိုင်းက ဖုန်မှုန့်ဖြစ်သွားခဲ့တယ်..။
ဆန်နီ ကိုင်ကို ကြည့်လိုက်ပြီး..အက်ကွဲတဲ့လေသံနဲ့ပြောလိုက်တယ်..။
"ကိုယ့်ကိုကို ပြင်ဆင်ထားတော့.."
ခနအကြာမှာတော့ မွန်းစတား လှိုင်းကြီးက သူတို့ အပေါ်ကို ရောက်လာခဲ့ပါပြီ..။
အရိပ်ရဲ့ ကာကွယ်ပေးမူ မရှိတာကြောင့်..ဆန်နီက ကိုယ့်ရဲ့ တွက်ချက်မူနဲ့ နည်းစနစ်တွေကိုသာ အားကိုးနေခဲ့ရတယ်..။ရှေ့ကို တက်သွားပြီး ပထမဆုံး အရိုးစုနဲ့ သူစတင် တိုက်ခိုက်လိုက်ပါတယ်..။သူ့ရဲ့ ဓားက လေကို လျင်မြန်နဲ့ အရှိန်နဲ့ ထိုးဖြတ်သွားပြီး..ဦးခေါင်းမရှိတဲ့ အလောင်းကောင်က..မြေပြင်ပေါ်ချက်ချင်း လဲကျသွားခဲ့တယ်..။
ဆန်နီ ဘယ်တုန်းကမှ ဒီီလိုမျိုးမတိုက်ခိုက်ခဲ့ ဖူးပါဘူး..။သူ မေ့ပျောက်ကုန်းမြေကို ပထမဆုံးစရောက်ကတည်းက..သူ့ကို ကူညီပေးတဲ့အရာ တစ်ခုခုက အမြဲတမ်းရှိခဲ့ပါတယ်..။ဒါက သူ့ရဲ့ အရိပ် ၊ အမှောင်ထု ၊ ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ ကျောက်တုံးသူတော်စင်တို့ပါ..။အခုတော့..အိပ်မက်ဆိုးသားရဲတွေကို အကူအညီမပါပဲ သူ့ရဲ့ ခန္တာကိုယ်နဲ့သာ ရင်ဆိုင်ဖြေရှင်းနေခဲ့ရတယ်..။
ဒီဟာက..စစ်မှန်တဲ့ကျွမ်းကျင်မူအတွက်..ပြီးပြည့်စုံတဲ့ စစ်ဆေးမူ ပါပဲ..။
ဆန်နီ အံကိုကြိတ်ထားရင်း..ကြေးခွံသားရဲခေါင်းဆောင်က သူ့ရဲ့ နံရိုးကို အရိုးဓားနဲ့ ထိုးဖောက်ခဲ့တဲ့ ခံစားချက်ကို ပြန်သတိရဖို့ကြိုးစားလိုက်တယ်..။မလိုအပ်တဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ရင်း သူ့စိတ်ထဲမှာ အရာနှစ်ခုသာ ထားထားခဲ့ပါတယ်..။
မင်းရဲ့ ရန်သူကို သတ်..။
ရန်သူ မင်းကို သတ်တာကနေ ..တားဆီးထား..။
ဒီ ပြတ်သားမူကို အသုံးပြုရင်း..သူက သိမ်မွေ့တဲ့ အဆင့်အထိ ရောက်လာခဲ့တယ်..။သူ့ ရဲ့ ရူ့ထောင့်က ကျယ်ပြန့်လာပြီး ဥမင်ထဲမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းကို..မြင်နိုင်နေခဲ့ပါတယ်..။သူ့ရဲ့ အတွေးတွေကလည်း ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ပတ်ဝန်းကျင်ကို အရှိအတိုင်း မြင်လာနိုင်ကာ..အကြောင်းအကျိုးကို ဆက်စပ်နိုင်ခဲ့တယ်..။
ဒီ ပုန်းကွယ်နေတဲ့ ဥပဒေသကို ..ဆက်စပ်မိသွားတဲ့ အချိန်မှာတော့..ဆန်နီက..သူ့ရန်သူရဲ့ လှုပ်ရှားမူ တွေကို တုန့်ပြန်နိုင်ပြီး ပိုကောင်းအောင် ခန့်မှန်းနိုငိခဲ့ပါတယ်..။
....ရွှစ်....
ကျယ်လောင်တဲ့ အသံနဲ့အတူပဲ သန်းခေါင်းယံအမြုတေက လေကို ဖြတ်တောက်ကာ..နောက်ထပ် မွန်းစတားရဲ့ ရင်ဘတ်ကို ပိုင်းဖြတ်သွားခဲ့တယ်..။ဒီဓားချက်ကြောင့် အရိုးစုက နှစ်ပိုင်းဖြစ်သွားခဲ့ပါတယ်..။ရှုံးနိမ့်သွားတဲ့ သားရဲကို ထပ်ပြီးဂရုမစိုက်တောပဲ ဆန်နီ ချက်ချင်း နောက်ထပ်တစ်ကောင် ဆီကို သွားလိုက်တယ်..။
သူ့ လှုပ်ရှားမူတွေက..သေသပ်ပြီး ..ခန့်မှန်းလို့မရေနိုင်ပေ..။သို့ပေမယ့်..လေးနက်မူတွေလည်း ရှိနေခဲ့ပြန်ပါတယ်..။ဓားချက် တစ်ချက် ၊ ခြေလှမ်းတစ်လှမ်းတိုင်းက ကျွမ်းကျင်စွာ တွက်ချက်ထားပြီး..သူထုတ်နိုင်တဲ့ အမြင့်ဆုံး ခွန်အားကို ထုတ်ကာ တိုက်ခိုက်နေခဲ့တာပါ..။ဒီဟာက သူသင်ယူထားတဲ့ တိုကိပွဲနည်းစနစ် နှစ်ခုကို..ပြီးပြည့်စုံစွာ..ပေါင်းစပ်ထားတာ ပါပဲ..။
ဒီလိုနဲ့ပဲ..ဆန်နီဟာ..မရေမတွက်နိုင်တဲ့ မွန်းစတားတွေကြားထဲမှာ တိုက်ခိုက်နေခဲ့ရတယ်..။သူ့ဓားက တစ်ကောင်ပြီး တစ်ကောင် ပိုင်းဖြတ်နေခဲ့ပါတယ်..။သန်းခေါင်းယံ အမြုတေက ကတ်စတာရဲ့ ဓားလောက် မထက်ရှ သလို နစ်ဖီရဲ့ ဓားရှည်လိုပဲ အလင်းတွေ ထုတ်မပေးနိုင်ပေ..။သို့ပေမယ့် ဒီဓားက ဘယ်တော့မှ မကျိုး နိုင်ပါဘူး..။ဘယ်လောက်ပဲ မာကျောတဲ့ အရိုးတွေ နဲ့ ထိတွေ့နေပါစေ..ခြစ်ရာတစ်ခုမှ မဖြစ်ပေါ်ခဲ့ပေ..။
သူ့ ခန္တာကိုယ်ကနေ ..သွေးတွေ..ဆက်တိုက်ကျဆင်းနေပြီး..ချွေးတွေကလည်း မျက်လုံးထဲကို ဝင်ရောက်နေခဲ့တယ်..။သူ့ ခန္တာကိုယ်က..စုတ်ပြဲလု နီးပါးဖြစ်နေကာ..သူ့ရဲ့ အဆုတ်တွေကလည်း..လေကို အပြင်းအထန် လိုအပ်နေခဲ့ပါပြီ..။ဆန်နီဟာ ဒီရူးသွပ်နေတဲ့ အခြေအနေကို တစ်နည်းအားဖြင့် ထိန်းထားနိုင်ပြီး...ဆက်တိုက်...ဆက်တိုက် ..ဆက်တိုက် တိုက်ခိုက်နေခဲ့တယိ..။
အဲ့အချိန်မှာပဲ..ဒေါသတကြီး အော်သံ တစ်ခုကို ကြားလိုက်ရတယ်..။သူ လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ အယ်ဖီက သူမရဲ့ ဒိုင်းကာကို ပြန်သိမ်းလိုက်ပြီး လှပတဲ့ ကြေး လှံရှည်ကို ထုတ်ယူလိုက်ပါပြီ..။သူမရဲ့ လက်တွေနဲ့ဆိုရင် မုဆိုးမိန်းကလေးက ပိုပြီး ကြောက်လန့်ဖို့ ကောင်းနေခဲ့တယ်..။ဒီ ရှေးဟောင်းလက်နက်ကြောင့်..အရိုးစုတွေ အများကြီးဟာ..တစ်စစီ ဖြစ်ကုန်ခဲ့ကြပါပြီ..။
သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..အယ်ဖီရဲ့ ခန္တာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ပိုပိုပြီး များလာခဲ့တယ်..။
...သူတို့အဖွဲ့ ရဲ့ အခြေအနေက သိပ်တော့ ကောင်းမနေခဲ့ပါဘူး..။
ဒါပေမဲ့ အနည်းဆုံးတော့ ဒီတိုင်း ရှေ့ဆက်နေဦးမှာပါ..။
အဲ့အချိတ်မှာတော့..သူတိုအဖွဲ့ရှေ့ကနေ တိုကိခိုက်နေတဲ့ အရိုးစု အရေအတွက်က တဖြည်းဖြည်း နည်းပါးလာတာကို ဆန်နီ သတိထားမိလိုက်ပါတယ်..။မကြာခင်မှာပဲ အယ်ဖီ ၊ နစ်ဖီ နဲ့ ကတ်စတာ တို့က..အသက်ရူချိန်အနည်းငယ် ရလာခဲ့ကြတယ်..။သူတို့ အပေါ်မှာ ရောက်နေတဲ့ ဖိအားကလည်း နည်းပါးလာခဲ့ပါပြီ..။
တစ်ဖက်မှာတော့ ကျောက်တုံးသူတော်စင်က..ဘေးဘက်ကနေ တိုကိခိုက်လာနေတဲ့..အရိုးစု တွေကို အပြင်းအထန် တိုက်ခိုက်နေရတုန်းပါပဲ..။ဒီ ရွေ့လျားနေတဲ့ တိုကိပွဲက သိသိသာသာ ပြောင်းလဲသွားတဲ့အချိန်မှာတော့..ပြောင်းလဲနေတဲ့ကြယ်ပွင့်က ပုံစံပြောင်းကြဖို့ အမိန့်ပေးလာခဲ့တယ်..။
သူမက စကားမပြောတဲ့ အရိပ်ရဲ့ နောက်ကိုနေရာဝင်ယူလိုက်ပြီး..ဆန်နီကတော့ ကတ်စတာ နဲ့ အယ်ဖီ တို့ကို ကူညီဖို့ ရှေ့ကို တက်သွားလိုက်ပါတယ်..။
သူ အဲဒီကို ရောက်တာနဲ့ မုဆိုးမိန်းကလေးက ပင်ပန်းနေတဲ့ အပြုံးတစ်ခုနဲ့ ဆီးကြိုလိုက်တယ်..။
"ဟေး..ငတုံးလေး..။နင်...နင့်ပုံစံက အီးတုန်းလို ဖြစ်နေပြီ..."
ဆန်နီ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပြီး သူမပြောတာကို သဘောတူလိုက်တယ်..။သူ့ အကာအကွယ်က အတော်လေးကို တွန့်ကြေနေပြီး..သွေးတွေ မြောက်များစွာကို စုပ်ယူထားခဲ့ရပါတယ်..။သူ့ပုံစံက သူတို့အခုတိုကိခိုက်နေတဲ့ အိပ်မက်ဆိုးသားရဲတွေ ပုံစံ အတိုင်းပါပဲ..။
သို့ပေမယ့် အယ်ဖီရဲ့ အခြေအနေက သိပ်မကောင်းလှပေ..။
သူ တွန့်ကွေးစွာ ပြုံးလိုက်ပြီး...
"ကျေးဇူးပါ..။နင်က အတော် ကြည့်ရူတတ်တဲ့သူပဲ..သိတယ်မလား.."
မုဆိုးမိန်းကလေးက.. နှာခေါင်းရှုတ်လိုက်ပြီး အကြည့်ကိုလွှဲကာ နောက်ထပ် မသေနိုင်တဲ့ သတ္တဝါ တစ်ကောင်နဲ့ ရင်ဆိုင်ဖို့ လုပ်လိုက်တယ်..။
'မြန်မြန် ဆက်ထိန်းထား..။ငါတို့ ရောက်ကာနီးနေပြီ.."
သူမ အမှန်ကို ပြောနေတာပါ..။
ဥမင်ထဲမှာ မိနစ်အနည်းငယ် ကြာအောင် ဒေါသတကြီး တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့..သူတို့က ရုတ်တရက် တစ်ဖက်ပွင့်နေတဲ့ လှိုဏ်ဂူအကြီးကြီး တစ်ခု ဆီကို ရောက်လာခဲ့ကြတယ်..။သူတို့ရှေ့က မီတာ အနည်းငယ် အကွာမှာတော့..ဥမင်ရဲ့ ကြမ်းပြင်ဟာ ပျက်ဆီးနေပြီး အဆုံးမရှိတဲ့ ချောက်နက်ကြီးလို ဖြစ်နေခဲ့ပါတယ်..။ကြောက်စရာ ချောက်နက်ကြီးက..အမှောင်ထုနဲ့သာ ပြည့်နှက်နေပြီး ဆန်နီရဲ့ အမြင်အာရုံတောင် မထိုးဖောက်နိုင်ခဲ့ပေ..။
.
ချောက်နက်ကြီးကို ဖြတ်ကူးဖို့က အနည်းဆုံး မီတာ လေးဆယ် လောက် ရှိပါတယ်..။ဒီအရာကြီးက..ရှင်သန်နိုင်တဲ့ ကမ္ဘာနဲ့ သေဆုံးနိုင်တဲ့ ကမ္ဘာကို ပိုင်းခြားထားတဲ့ နယ်စပ် စည်းမျဥ်းတစ်ခုလိုဖြစ်နေခဲ့တယ်..။ခနော်ခနဲ့ ဖြစ်နေတဲ့ ကြိုးတံတား တစ်ခုက..ချောက်နက် ပေါ်မှာ ရှိနေခဲ့ပြီး..တစ်ဖက်ခြမ်းမှာရှိနေတဲ့ နောက်ထပ် အလားတူ ဥမင် တစ်ခုကို ဆက်သွယ်ပေးထားခဲ့ပါတယ်..။
ကြိုးတံတား က အရင်တကည်းက စွန့်ပစ်ထားခဲ့တဲ့ အရာတစ်ခုလိုပါပဲ..။ဒီ တံတားက..ကျိုးပြတ်လွယ်ပုံ ရပြီး အတော်လေးကို ..ဆွေးမြည့်နေခဲ့ပါပြီ..။
'သူမက ငါတို့ကို ဒီဟာကို အသုံးပြုစေချင်နေတာတော့ မဟုတ်ဘူးမလား..။ငါတို့ အပေါ်ကို တက်လိုက်တာနဲ့ ဒီဟာက ပြတ်ကျသွားမယ်ဆိုတာ သိသာနေတာပဲကို..။တစ်ခြားလူတွေ ရှင်သန်နိုင်မယ်ဆိုရင်တောင်...ငါ့ရဲ့ သောက်ကျိုးနဲ [ ကံစီမံရာ ] စွမ်းရည်နဲ့ တစ်ခြားတစ်ဖက်ကို ရောက်ဖို့ အခွင့်အရေး မရှိနိုင်လောက်ဘူး..'
ဆန်နီ အယ်ဖီ ဘက်ကိုလှည့်လိုက်ပြီး..အံ့ဩစရာအဖြေကို မျှော်လင့်ကာ..မေးလိုက်တယ်..။
"ဒီတော့ အခု ဘာဆက်လုပ်ကြမလဲ.."
မုဆိုး မိန်းကလေးက သူ့ကို ရှုပ်ထွေးစွာကြည့်လိုက်ပါတယ်..။
"ဘာရှိရဦးမှာလဲ...။ငါတို့ တံတားကနေ ကူးကြမယ်လေ..."