← Chapters

ဆင်ခြေလျှော

Vol. 14 Ch. 200

ဆင်ခြေလျှော

Vol. 14 Ch. 200

အတော်ကြာပြီးနောက်မှာတော့..ဆန်နီ လုံလောက်တဲ့ အသိစိတ်ပြန်ဝင်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။

သူတို့ လက်ရှိရောက်နေတဲ့ ဥမင်က ..အစောတုန်းက မသေနိုင်တဲ့ မွန်းစတားတွေ ရှိနေတဲ့ ဥမင် နဲ့ မတူညီပါဘူး..။ဒီတစ်ခုက ရာသီဥတု ဒဏ်ကို ပိုခံထားရပြီး ပိုဟောင်းနွမ်းနေခဲ့တယ်..။နံရံတွေ ၊ ကြမ်းပြင်တွေက ချောမွတ်ပြီး မညီမညာ ဖြစ်ကာ..တစ်စုံတစ်ခုရဲ့ နှစ်ပေါင်းများစွာ တိုက်စားခြင်းကို ခံထားရပုံရပါတယ်..။

ပိုဆိုးတာက..ဒီအရာက..စိုစွတ်နေခဲ့တာပါ..။ကျောချမ်းသွားခဲ့ပြီး..ဆန်နီဟာ..သူတို့ကို အနက်ရောင် ရေအိုင်တွေက ဝန်းရံထားတယ် ဆိုတာကို နားလည်သွားခဲ့ပါတယ်..။

ပင်လယ်ရဲ့ ဆားရနံ့က လေထဲမှာ လွင့်ပျံနေခဲ့တယ်..။

အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..သူက မုဆိုးမိန်းကလေးကို မြင်ပြီး ..လည်ချောင်းသံနဲ့မေးလိုက်တယ်..။

"ငါတို့ ဘယ်ရောက်နေတာလဲ.."

ဆန်နီ သူ့ကိုကြည့်ပြီး လက်ဟန်ပြလိုက်တယ်..။

"မြေမျက်နှာပြင်ရဲ့ မီတာ တစ်ရာ ဝန်းကျင်လောက် ၊ အတိအကျဆိုရင်တော့..မြို့ရိုးတွေရဲ့ အောက်​ဘက်မှာ.."

သူ သူမကို မျက်တောင်ခတ်ကာ ကြည့်လိုက်ပြီး ဒီစကားလုံးတွေကို ဖြည်းဖြည်းချင်း နားလည်လာခဲ့ပါတယ်..။မုဆိုးမိန်းကလေးက..သူ့ကို ခေါင်းညိမ့်ပြလိုက်ပြီး..

"ဟုတ်တယ် ..နင်ခန့်မှန်းတာ မှန်တယ်..။ညဘက်ဆိုရင် ဒီနေရာတစ်ခုလုံးကို ..ပင်လယ်ရေတွေနဲ့ပြည့်နှက်သွားမှာ..။ငါတို့ရဲ့ နောက်က ဒီချောက်နက်ကြီးက..ဥမင်တွေကို ရေမြုပ်သွားမှာကနေ တားဆီးထားတဲ့ အရာပဲ.."

ဆန်နီ ပင်ပန်စွာသက်ပြင်းချလိုက်ပြီး..

"ရေနစ်ပြီး သေတာဖြစ်ဖြစ် ၊ ပင်လယ်သားရဲတွေရဲ့ စားသုံးတာကိုပဲ ဖြစ်ဖြစ် မခံချင်ဘူးဆိုရင် ငါတို့ ဒီကနေ အမြန်ထွက်သွားဖို့ လိုအပ်တယ်.."

ဆန်နီ မျက်လုံးတွေကို မှိတ်လိုက်ပြီး ပင်လယ်ရေတွေ ဥမင် တွေထဲကနေ ထွက်လာကာ..ချောက်နက်ထဲကို ရေတံခွန်ပုံစံ စီးကျနေတာကို မြင်ယောင်လိုက်ပါတယ်..။

ဟုတ်တယ်..တကယ်လို့ သူတို့သာ အဲ့ချိန်အထိ ဒီမှာရှိနေဦးမယ် ဆိုရင်..သားရဲတွေ မပြောနဲ့ ပင်လယ်ရေတွေကတင် သူတိူ့ကို သတ်သွားပါလိမ့်မယ်..။

ကံကောင်းချင်တော့ အချိန်က ရှိနေတုန်းပါပဲ..။

အယ်ဖီရဲ့ စကားလုံးတွေက အချက်ပြလိုက်သလို ဖြစ်သွားခဲ့တယ်..။ခနအကြာမှာတော့..နစ်ဖီ ဟာ မတ်တတ်ထရပ်လာခဲ့ပြီး..မုဆိုးအဖွဲ့ကို ကြည့်လိုက်ပါတယ်..။သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာက တည်ငြိမ်နေခဲ့တယ်..။

"သွားဖို့ အချိန်ရောက်ပြီ..။ခွန်အားတွေကို စုစည်းထားကြ.."

သက်ပြင်းချမူ ၊နာကျင်မူ ၊ညဥ်းညူမူ တွေနဲ့ လူတိုင်းက မတ်တတ်ထရပ်လိုက်ပါတယ်..။ဆန်နီကတော့ နောက်ဆုံးမှ လုပ်တဲ့တစ်ယောက်ပါပဲ..။

'အိုး..ဒါကအတော်နာတာပဲ..။ဟာရု နဲ့ တိုက်ခိုက်တာက ပိုပြီး ကောင်းနေမလား ဆိုတာကို ငါ စပြီး သိချင်လာပြီ..'

ဒါပေမဲ့ မဟုတ်ဘူး..။ဒါကမဖြစ်နိုင်ပေ..။ဒါက ဆိုးဝါးနိုင်ပေမယ့်..အရိုးစုတွေနဲ့ တိုကိပွဲက အနည်းဆုံးတော့ ခန့်မှန်းလို့ ရပါတယ်..။တစ်ဖက်မှာတော့ သောက်ကျိုးနဲ ခါးကုန်းကြီးက ဘာမှန်းကို မသိပါဘူး..။

မင်းဘာမှ မသိထားတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတာထက် ပိုပြီး ဆိုးဝါးတဲ့ အရာ မရှိတော့ပေ..။

သူတို့အဖွဲ့...ဥမင်ထဲ ဝင်လာတဲ့ အချိန်မှာတော့ ဆန်မီက အယ်ဖီကို မှီအောင် လိုက်ပြီး သိချင်တဲ့ လေသံနဲ့ မေးလိုက်တယ်..။

"စကားမစပ် ..ဥမင် တွေထဲမှာ လမ်းကြောင်းကို နင်ဘယ်လို သိခဲ့တာလဲ.."

ဒီ ဥမင်တွေကို ..တစ်ယောက်တည်း စူးစမ်းရှာဖွေဖို့ဆိုတာက သူမ အတွက်တော့ မဖြစ်နိုင်ပါဘူး..။

မုဆိုးမိန်းကလေးဟာ သူ့ကိုကြည့်ပြီးမှ ပုခုံးတွန့် လိုက်တယ်..။

"ဒီ အသိပညာတွေက..ငါတို့ အပြင်ဘက်က မုဆိုးတွေ လက်ဆင့်ကမ်းလာကြတဲ့ အရာပဲ..။ဆိုးဝါးတဲ့ အိပ်မက်ဆိုးသားရဲတွေ ဆီကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း..ငါ ဒီကို အကြိမ်အနည်းငယ်ရောက်ဖူးတယ်.။အရိုးသားဆုံးပြောရရင် တော့ ဥမင်ရဲ့ ဒီလောက် အနက်ထဲကို တစ်ကြိမ်တည်းရောက်ခဲ့ဖူးတာ.."

အယ်ဖီ ကျော်ချမ်းသွားခဲ့ပြီး..

"အဲ့အချိန်တုန်းက ငါက အနက်ရောင်မြို့တော်ထဲမှာ လူသစ်ပဲ ရှိနေသေးတယိ..။အပြင်ဘက်မှာရှိတဲ့

အသန်မာဆုံး မုဆိုးက ငါ့ကို သူမရဲ့ ကာကွယ်မူအောက်မှာ ထားပေးခဲ့တယိလေ..။ငါတို့က မုဆိုးအဖွဲ့ တစ်ခုလုံးနဲ့ ဒီနေရာကို ရောက်လာတာ.."

ဆန်နီ ခေါင်းကို ကုတ်ကာ ရုတ်တရက် ပြောလိုက်တယ်..။

"ကောင်းပြီ..အဲ့အဖွဲ့က ဒီနေရာနဲ့ ရှင်သန်ပြီး ပြန်ရလောက်မောင်

မုဆိုး မိနိးကလေးက သူ့ကိုကြည့်ပြီး ခါးသက်စွာပြုံးလိုက်တယ်..။

"..ဘယ်သူက ရှင်သန်ပြီး ပြန်နိုင်တယ် ပြောလို့လဲ..။တကယ်တော့ သူတို့ အကုန်သေကြတယ်..။ငါက တစ်ယောက်တည်းသော ရှင်သန်သူပဲ.."

ဆန်နီ သူမကို အချိန်အကြာကြီးကြည့်ပြီးမှ မေးလိုက်တယ်..။

"တကယ်လို့ သူတို့ အကုန်သေတယ်ဆိုရင် နင်က ဘာလို့ ငါတို့ကို ဒီသောက်ကျိုးနဲ နေရာကို ခေါ်လာတာလဲ.."

အယ်ဖီ ပုခုံးတွန့်လိုက်ပြီး..

"ဘာလို့လဲ ဆိုတော့ သူတိုအဖွဲ့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ..ဒီအဖွဲ့ရဲ့ ခြေဖျားကိုတောင် မမှီလို့ပဲ..။ငါတို့ ခြောက်ယောက်ပေါင်းလိုက်ရင် ဘယ်လောက်တောင် သန်မာလိုက်မလဲ ဆိုတာကို နင်စဥ်းစားမိရဲ့လား..။ချီးပဲ..ငါကိုယ်တိုင်တောင် ငါတို့အဖွဲ့ရဲ့ ရန်သူ မဖြစ်ချင်ဘူး.."

ယင်းနောက် သူမ ခနလောက်တွေဝေပြီး ပြောလိုက်တယ်..။

"ထပ်ပြောရရင် ဒီတစ်ကြိမ်က ငါတို့ ဘာနဲ့တွေ့မှာလဲဆိုတာကို ကြိုသိထားတယ်လေ..။ငါတို့ အကုန်ဒီကနေ ထွက်သွားနိုင်လိမ့်မယ်..ယုံကြည်ထားလိုက်.."

ဆန်နီဟာ ပုံမှန်အားဖြင့် ဘယ်သူကိုမှ မယုံကြည်ပေမယ့်..အခုတော့ ရွေးချယ်စရာ မရှိခဲ့ပါဘူး..။မုဆိုးမိန်းကလေးကို စကားမပြောတော့ပဲ သူ အတော်ကြာအောင် တိတ်ဆိတ်ကာ လမ်းလျောက်လိုက်တယ်..။

ဥမင်တွေရဲ့ တည်ရှိမူက ပြောင်းလဲလာပြီး သူတို့က မြေအောက်ကို တဖြည်းဖြည်း နက်လာကြတဲ့ပုံပါပဲ..။

ဖြည်းညှင်းစွာပဲ သူ သိချင်စိတ်ဖြစ်လာခဲ့တယ်..။အရိုးစုတွေ နဲ့ တိုက်ပွဲပြီးဆုံးသွားတဲ့ အချိန်မှာ ဆန်နီဟာ တစ်ချို့အကြောင်းအရာတွေကို စတင်သိချင်ခာခဲ့ပါတယ်..။

ဒီ လူသား အရိုးစုတွေက ..ဘယ်ကနေ လာကြတာလဲ..။

.

အဲဒီမှာ ရာချီ ထောင်ချီ တဲ့ အရ်ိုးချောက်တွေက ဝင်္ကပါ ထဲမှာ ရှိနေခဲ့တာပါ..။အပြင်ဘက် လူနေအိမ်မှာနေကြတဲ့..မုဆိုးတိုင်း ဒီမှာသေဆုံးမယ် ဆိုရင်တောင် အရေအတွက်က မျှချေမရှိပါဘူး..။

အနက်ရောင်မြို့တော်ထဲမှာ ဆွေးမြေ့နေတဲ့ လူတွေကို သားရဲတွေက စားသောက်ထားတယ် ဆိုတာကတော့ ပြောစရာတောင်မလိုတော့ပေ..။

သူ့ရဲ့ အတွေးတွေက..အယ်ဖီရဲ့ ရပ်တန့်ဖို့ လက်ဟန်ပြလိုက်တဲ့ အချိန်မှာပဲ..ကြားဖြတ်ခံလိုက်ရပါတယ်..။

နစ်ဖီ နဲ့ တစ်ခုခု ဆွေးနွေးပြီးနောက်မှာတော့ သူမက ခေါင်းညိမ့်လိုက်ပြီး ကျန်တဲ့လူတွေဘက်ကိုလှည့်လိုက်တယ်..။

"နားထောင်ကြ...။ငါတို့က..ဒီ ဝင်္ကပါ ရဲ့ အလယ်ဗဟိုကို ရောက်ဖို့ နီးကပ်နေပြီ..။အပြင်ဘက်ကို ပြန်ထွက်မယ့် အပေါ်က ရှေ့နားမှာပဲ..။ဒါပေမဲ့ အဲတာက လွယ်ကူမှာ မဟုတ်ဘူး.."

အရပ်ရှည်တဲ့ မုဆိုးမိန်းကလေးက တွေဝေနေပြီးကာမှ...

"တကယ်လို့ အပြင်ကို ထွက်ချင်တယ် ဆိုရင် ငါတို့ မြန်မြန် လှုပ်ရှားမှ ဖြစ်မယ်..။အဲဲဒီ အခန်းမှာ အရမ်းဝပြီး ကြီးမားတဲ့ ခွေးသား..တစ်ကောင်နေနေတယ်..။ဒါပေမဲ့ သူ အပြည့်အဝ နိုးထလာဖို့က အတော်လေးကို ကြာဦးမှာ..။ဒီတော့ အဲတာကို မကြည့်နဲ့ ၊ မထိပ်လန့်နဲ့..အသိစိတ်မလွတ်စေနဲ့..။ဒါက ကြောက်ဖို့ကောင်းတယ် ဆိုပေမယ့် နင်တို့ နစ် နောက်ကနေ လိုက်ပြီး သူ ပြောတာကို လုပ်သ၍ အဆင်ပြေလိမ့်မယ်.."

သူမက လူတိုင်း သူမပြောတဲ့ စကားကို နားလည်တာသေချာအောင် စောင့်နေပြီးကာမှ ပြုံးလိုက်တယ်..။

"ကောင်းပြီ..။တကယ်လို့ လူတိုင်း အဆင်သင့်ဖြစ်ပြီဆိုရင်..သေဆုံးခြင်း နတ်ဘုရားကို သွားတွေ့လိုက်ကြရအောင်.."

'ဝါး..သေဆုံးခြင်း နတ်ဘုရား လား..'

ဒီ နာမည်ကို အတော်လေး သဘောမကျစွာပဲ ၊ ဆန်နီက သန်းခေါင်ယံ အမြုတေကို ထုတ်ပြီး အယ်ဖီနောက်ကို လိုက်လိုက်ပါတယ်..။

..မကြာခင်မှာပဲ..သူတို့က ကြီးမားတဲ့ မြေအောက်ခန်းကြီး တစ်ခုထဲကို ဝင်ရောက်လာခဲ့တယ်..။

ဆန်နီ အထဲကို မြင်တဲ့ အချိန်မှာတော့ သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။

သူက နောက်ဆုံးတော့ အဲဒီ အရိုးတစ္ဆေတွေ ဘယ်က ရောက်လာတာလဲ ဆိုတာကို နားလည်သွားခဲ့တယ်..။

ရှေးဟောင်း မြို့တော်ထဲက နေထိုင်သူတွေ ဘယ်ကို ပျောက်ကွယ်သွားတာလဲ ဆိုတာကိုလည်း သူ နားလည်သွားခဲ့ပါတယ်..။

..သူတို့ အားလုံးက ဒီမှာ ရောက်နေကြတာပါ..။

All Chapters