← Chapters

စွန့်စားမူနဲ့ ဆုလာဒ်

Vol. 14 Ch. 202

စွန့်စားမူနဲ့ ဆုလာဒ်

Vol. 14 Ch. 202

နစ်ဖီ နဲ့ ကိုင် တို့ဟာ ဒိုင်ဗင်ထိုးပြီး ရှောင်လိုက်ကြတယ်..။ကြီးမားတဲ့ အရိုး ချောင်းတွေက..သူတို့ဘေးနားက ဖြတ်သန်းသွားခဲ့ပါတယ်..။ဒီအရိုးတွေ နဲ့ နံရံ ထိရိုက်တဲ့ အသံတွေကို မကြားရသေးခင်မှာပဲ..အရိုးပုံကြီးက..ဘေးဘက်ကို ပြင်းထန်တဲ့ အရှိန်နဲ့ လှုပ်လာခဲ့တယ်..။

ကံကောင်းချင်တော့ ကတ်စီ နဲ့ သူက ဒီဟာကြီးရဲ့ နောက်ဘက်မှာပါ..။သို့ပေမယ့် အယ်ဖီ နဲ့ ကတ်စတာကတော့ မဟုတ်ပေ..။သူတို့ နှစ်ယောက်စလုံးက လျင်မြန်တဲ့ အရှိန်နဲ့ တုန့်ပြန်ပြီး..မြေကြီးပေါ် လှိမ့်လိုက်ကြတယ်..။ကြီးမားတဲ့ သားရဲကြီးရဲ့ ကြောက်လန့်ဖွယ်ရာ လက်တွေကတော့.သူတို့ရဲ့ ခေါင်းပေါ်ကနေ ဖြတ်ပျံသန်းသွားခဲ့ပါတယ်..။

ကျောက်တုံး မျက်နှာပြင်ပေါ်မှာ ရပ်လိုက်ရင်း မုဆိုး မိန်းကလေးက..အော်ဟစ်လိုက်တယ်..။

"ဒါက အိပ်နေတုန်း အကြောဆန့်တာ သက်သက်ပဲ..။လှုပ်ရှားတော့..ဒီခွေးသား မနိုးခင် ငါတို့ အပြင်ကို ထွက်ဖို့ လိုအပ်တယ်.."

ဆန်နီ ကျိန်ဆဲလိုက်ရင်း..သန်းခေါင်းယံ အမြုတေကိုသိမ်းဆည်းကာ..အရိုး တောင်ကုန်း ကြီးကို မျကိနှာချင်း ဆိုင်လိုက်ပါတယ်..။သူ့ရဲ့ နောက်ထပ် လှုပ်ရှားမယ့် နေရာကိုလည်း ခန့်မှန်းနေရပါသေးတယ်..။သ်ို့ပေမယ့် ..အယ်ဖီရဲ့ မုဆိုးအဖွဲ့က..ဝင်္ကပါထဲမှာ ဘယ်လို သေခဲ့ကြတာလဲ ဆိုတာကို သူ နားလည်စပြုလာပါပြီ..။

ဒီအခြေအနေမှာ ဓားတစ်ချောင်းက အသုံးဝင်မှာမဟုတ်ပေ..။

သေဆုံးမူ အရှင်သခင်က..ဖြည်းဖြည်းချင်း အသိစိတ်ဝင်လာနေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့ အရိုးတွေကတော့..ရွေ့လျားပြီး ..တုန်လှုပ်နေခဲ့ပါပြီ..။ဒီဟာကြီးက ပံ့သဏ္ဍာန် မရှိတဲ့ တောင်ကုန်းကနေ သားရဲကြီး တစ်ကောင်အသွင်အဖြစ် ပြောင်းလဲနေတဲ့ ပုံပါပဲ..။

ဒီ သားရဲကြီးသာ အပြည့်အဝ နိုးထလာမယ် ဆိုရင် ဘယ်လိုပုံစံများရှိနေမလဲ..။ဆန်နီ သိတောင် မသိချင်ခဲ့ပေ..။

နောက်ထပ် ..လှုပ်ရှားလာပြန်ပြီလား..။ဆန်နီ အံကိုကြိတ်ထားခဲ့ပြီး..အရိုးတွေနဲ့ နံရံတွေ ထိခိုက်တဲ့ အသံကို နားစည်ကွဲမတတ် ခံနေခဲ့ရပါတယ်..။

ကြီးမားတဲ့ အရိုးတိုင်ကြီးတွေက..ဘယ်ညာရွေ့လျားနေပြီးမှ မြေကြီးပေါ်ကျသွားပြီး..ဖြည်းဖြည်းချင်း ခန္တာကိုယ် ထဲကို ပြန်ဝင်သွားခဲ့တယ်..။

အဲ့အချိန်မှာတော့ နစ်ဖီက မတ်တတ်ထရပ်နေခဲ့ပါပြီ..။ကိုင် ဆီကို သွားလိုက်ရင်း သူမက ရွှေရောင်ကြိုးရဲ့ အစ တစ်စကို ပေးကာ..မြေအောက်ခန်းရဲ့ ခေါင်မိုး

ဆီကို လက်ညိုးထိုးပြလိုက်တယ်..။ခနအကြာမှာပဲ..လေးသည်တော်က..ပန်းတိုင်ဆီကို မယုံနိုင်စရာ အ ရှိန်နဲ့ ပျံသန်းသွားခဲ့ပါတယ်..။

ကြောက်စရာ အသံတွေနဲ့ အတူပဲ အရိုးတောင်ကြီး တစ်ခုလုံးက..နောက်တစ်ကြိမ်လှုပ်ခါလာခဲ့ပြန်ပါတယ်..။အရိုးတွေတိုင်တွေက..သူ့ကို ကြားဖြတ်လာခဲ့တယ်..။

သို့ပေမယ့် ဆန်နီဟာ..ကိုင်ကို ကြည့်ပေးနေဖို့ အချိန်မရှိပေ..။

ဘာလို့လဲဆိုတော့ သေဆုံးမူ အရှင်သခင် ရဲ့ နောက်ထပ် ခြေထောက်နှစိချောင်းက သူရှိနေတဲ့ နေရာဆီကို ဆန့်တန်းလာလို့ပါ..။

ပထမတစ်ခုကို ရှောင်ရှားရင်း..ဆန်နီဟာ သူ့ဆီကို လေအေးတွေ ဖြတ်သန်းသွားတာ ခံစားလိုက်ရတယ်..။သူ့မှာ စက္ကန့်အနည်းငယ် သာ ရှိနေတာကို သိတာကြောငိ့..သူ ခန္တာကိုယ်က အားတွေကို စုစည်းပြီး..ရနိုင်သလောက် အပေါ်ကို ခုန်လိုက်ပါတယ်..။ဆန်နီ ရဲ့ ခန္တာကိုယ်က လေထဲကို မီတာ အနည်းငယ်လောက် တက်သွားပြီး..နောက်ထပ် အရိုး ခြေထောက်ကြီးကို..စင်တီမီတာ အနည်းငယ် အကွာကနေ ရှောင်နိုင်ခဲ့တယ်..။

ဘေးနားကို လှိမ့်သွားလိုက်ပြီး..ဆန်နီ ကျိန်ဆဲကာ မတ်တတ်ထရပ်လိုက်ပါတယ်..။

' ဒါက ..ဘယ်လို ကြိုးခုန် ကစားပွဲ မျိုး လဲ...'

သေဆုံးမူ အရှင်သခင်က ဖြည်းဖြည်းချင်းနဲ့ အသိစိတ်ဝင်လာနေခဲ့ပါပြီ..။အလောင်းတွေ အများကြီးကြားထဲကနေ အရိုးလက်တွေက ဖြည်းဖြည်းချင်း ပေါ်လာကာ..ရွေ့လျားနေခဲ့တယ်..။

သို့ပေမယ့် ကိုင် ကလည်း..ကျောက်တုံးလက်ကြီးရဲ့ လက်ဝါးကို ရောက်နေပြီး ရွှေရောင်ကြိုးကို သူ့ရဲ့ လက်ချောင်းတစ်ခုမှာ ချည်နှောင်ထားလိုက်တယ်..။

ကတ်စီက ပထမဆုံး အပေါ်ကို တက်တဲ့လူပါပဲ..။ဓားပျံက သူမရဲ့ ပုခုံးနားကနေ ကူညီပေးထားတာကြောင့် မျက်မမြင်မိန်းကလေးက..မျက်နှာကျက်ဆီကို ဆယ်စက္ကန့် အတွင်းမှာပဲ..ရောက်သွားခဲ့တယ်..။သူမက တစ်ခြားလူတွေထက် ဝိဥာဥ် အဆီအနှစ် ပိုပြီး စုပ်ယူထားတယ် ဆိုတာက မေ့ဖို့ လွယ်ကူပါတယ်..။သို့ပေမယ့် သူမရဲ့ နူးညံ့တဲ့ လက်တွေက..ထင်ထားတာထက် ပိုပြီး သန်မာနေခဲ့ပါပြီ..။

...သို့ပေမယ့်..မြေပြင်ပေါ်မှာတော့ တစ်စက္ကန့်ချင်းဆီတိုင်းက ငရဲလိုပါပဲ..။တောင်ကုန်းသားရဲက နိုးထလာနေပြီးဖြစ်ပြီး..သူ့ရဲ့ ခြေထောက်တွေကို ဝေ့ယမ်းကာ ကျန်တဲ့လူတွေကို ခက်ခဲအောင် လုပ်နေခဲ့တယ်..။

They needed to get out of here fast.

သူတို့ ဒီနေရာကနေ မြန်မြန်ထွက်ခွာဖို့ လိုအပ်ပါတယ်..။

အယ်ဖီက..ကြိုးကို ယူလိုက်တဲ့ နောက်တစ်ယောက်ပါပဲ..။မုဆိုးမိန်းကလေးဟာ..အမြန် တက်သွားပြီး..သူမရဲ့ ဖြတ်လတ်မူ နဲ့ ခွန်အားတွေကို သူရဲကောင်း တစ်ယောက်လို ပြသသွားခဲ့တယ်..။

ယင်းနောက် ကတ်စတာ ရဲ့ အလှည့်ပါ..။အရိုး​တိုင်ကြီးတွေကို အယုံနိုင်စရာ အရှိန်နဲ့ရှောင်ရှားပြီး..ဆက်ခံသူဟာ..ကြိုးကို ဆုပ်ကိုင်လိုက်တယ်..။ယင်းနောက် သူ့ခန္တာကိုယ်က ဝေဝါးသွားခဲ့ပါတယ်..။တစ်စက္ကန့်လောက် အကြာမှာတော့..သူက ကျောက်တုံး လက်ပေါ်မှာ ရောက်နေခဲ့ပါပြီ..။

နစ်ဖီ နဲ့ ဆန်နီတို့ နှစ်ယောက်တည်းသာ ကျရှုံးမူအဆင့် နတ်ဘီလူးနဲ့ ကျန်နေခဲ့တော့တယ်..။ဆန်နီကို စိုက်ကြည့်လိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်က အော်လိုက်တယ်..။

" နင့်အလှည့်ပဲ..."

...သို့ပေမယ့် ဆန်နီက ပြန်မဖြေခဲ့ပေ..။

သူ့မျက်လုံးတွေက..ကြီးမားတဲ့ သတ္တဝါကြီးရဲ့ အောက်ဘက်..ရှေးဟောင်းအရိုးတွေရဲ့ ကြားထဲကိုသာ ရောက်နေခဲ့ပါတယ်..။

အားနည်းတဲ့ ရွှေရောင်အလင်းလေးက..ဖုံးကွယ်နေတဲ့ အရာလေး ဆီကနေ ထွက်ပေါ်နေခဲ့တာပါ..။

ဆန်နီ ခနလောက်တွေးတောလိုက်ပြီး..သူ့အတွေးတွေအယုံနိင်စရာ အမြန်နှုန်းနဲ့ ရွေးလျားနေခဲ့ပါတယ်..။သူက လောဘကြီးတဲ့ လူတစ်ယောက်ဖြစ်ပြီး..သိချင်စိတ်ပြင်းပြတဲ့ လူတစ်ယောက်ဆိုတာကို သိထားပြီးသားပါ..။သို့ပေမယ့်..ပထမဆုံးအနေနဲ့ကတော့ သူက အသက်ရှင်သန်ရေးကို တန်ဖိုးထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်..။

ဒါကြောင့်..အခုချိန်မှာ သူ့ရဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေက တည်ငြိမ်နေခဲ့တယ်..။

ဒီဟာကတော့..စွန့်စားမူ နဲ့ ဆုလာဒ်ကို မေးခွန်းထုတ်နေခဲ့တာပါ..။အလားတူစွာပဲ..သူ့ရဲ့ စွမ်းရည်ကိုလည်း အတူတူပါပဲ..။

သူက ဒီ နတ်ဘုရားအလင်းရောင် တောက်ပနေတဲ့ အရာကို ယူပြီး အသက်ရှင်လျက် ပြန်ထွက်နိုင်မှာလား မထွက်နိုင်ဘူးလား..။

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ သူ နစ်ဖီကို ကြည့်ပြီး ပြန်ဖြေလိုက်တယ်..။

"နင်အရင်သွား..ငါ နင့်နောက်က လိုက်ခဲ့မယ်.."

ဒီလောက်ဆိုးဝါးတာတွေ ဖြတ်ကျော်ပြီးတာတောင်မှ လက်ဗလာနဲ့ ပြန်သွားရတာက..တကယ်ကို ရှက်စရာပါပဲ..။သူ ကြိုးစားရပါလိမ့်မယ်..။

ဒီလိုနဲ့ ဆန်နီ တစ်ဖက်ကို လှည့်လိုက်ပြီး..သေဆုံးမူ အရှင်သခင်ဆီကို ပြေးဝင်သွားခဲ့တယ်..။

ဆုံးဖြတ်ချက်က ချပြီးသွားပြီဖြစ်တာကြောင့်..အခုက အဲဒီအတိုင်း လုပ်ဖို့ပဲ ကျန်တော့တာပါ..။

သုံးမြောင့် ဆူးချွန်ကို ထုတ်ယူလိုက်ပြီး..သူ အရိုးတွေ ကြားထဲကို ပစ်ထည့်လိုက်ပါတယ်..။ဒါပေါ့..ဆန်နီက နတ်ဘီလူးကို ဒဏ်ရာရအောင် လုပ်ဖို့ မရည်ရွယ်ပါဘူး..။သူက ကူနယ်ကိုပဲ သူ့ရဲ့ ခန္တာကိုယ်မှာ စိုက်ဝင်သွားစေချင်တာပါ..။

ဆူးချွန်က ခန္တာကိုယ်ထဲ ဝင်သွားတဲ့ အချိန်မှာဲ..အကဖူရောင် ခြေထောက်ကြီး တစ်ဖက်က သူ့ရဲ့ နေရာကို ရောက်လာကာ..ဆန့်တန်းလိုက်ပြီး..အရာရာတိုင်းကို ဖျက်ဆီးဖို့ကြိုးစားလာခဲ့တယ်..။မမြင်ရတဲ့ ကြိုးကိုအမိန့်ပေးရင်း ဆန်နီ လေပေါ်ကို ခုန်ကာ ရှေ့ကို ပျံသန်းပြီး ဝင်သွားခဲ့ပါတယ်..။

အရိုးခြေထောက်ကြီးရဲ့ တစ်ဖက်ကို ရောက်သွားပြီး အရိုးပုံကြီးနဲ့ ခြေလှမ်းအနည်းငယ် အကွာအရောက်မှာတော့..သူ အံကို ကြိတ်ထားလိုက်တယ်..။

ပြီးတာနဲ့..သူ့ရဲ့လက်က ..ကျရှုံးမူအဆင့် နတ်ဘီလူးရဲ့ ခန္တာကိုယ်ထဲကို နှိုက်လိုက်ပါတယ်..။

ခနအကြာမှာတော့ သူ့ရဲ့လက်က ဖုံးကွယ်နေတဲ့ အရာဆီကို ရောက်သွားခဲ့တယ်..။ဆန်နီ အားစိုက်ထုတ်လိုက်ပြီး..အရိုးတွေကြားထဲကနေ ဆွဲထုတ်လိုက်တယ်..။စူးရှတဲ့ နာကျင်မူက သူ့ရဲ့ လက်ဖျံကို ထိုးဖောက်ဝင်လာခဲ့တယ်..။

သူ လက်ကို ဖြန့်ကြည့်လိုက်တဲ့ အချိန်မတော့ သေးငယ်တဲ့ သော့လေးကို တွေ့လိုက်ရတယ်..။ဒီကနေ ရွှေရောင် အလင်းရောင်တွေ ထွက်ပေါ်နေတာ မဟုတ်ဘူးဆိုရင် ဒါက ပုံမှန် အရာတစ်ခု ပါပဲ..။

နောက်စက္ကန့်အနည်းငယ် မှာတော့ ဆန်နီဟာ ရုတ်တရက် ခန္တာကိုယ်တစ်ခုလုံး အားနည်းတဲ့ ခံစားချက်တွေ လွှမ်းခြုံလာခဲ့တယ်..။

သူ့ရဲ့ လက်ကို လှည့်လိုက်ရင်း..ဒီအရာကို စက္ကန့်ဝက်လောက်ကြည့်ကာ..သူ မြင်နေရတဲ့ အရာကို နားလည်ဖို့ကြိုးစားနေခဲ့ပါတယ်..။

ပြီးတော့ ..သူ နားလည် လိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေက..​ထိပ်လန့်မူကြောင့် ပြူးကျယ်သွားခဲ့ပါတယ်..။

All Chapters