ဆန်းကျယ်တဲ့ သော့
Vol. 14 Ch. 204
အတော်ကြာပြိး နောက်မှာ တော့ သူတို့က ကြီးမားတဲ့ ရုပ်ထုကြီး ရဲ့ အရိပ် အောက်မှာ အနားယူ နေခဲ့ကြတယ်။သူတို့ အဖွဲ့ရဲ့ ဖွဲ့ ဝင်တိုင်း က အတော်ထိပ်လန့် နေခဲ့ပါတယ်။သို့ပေမယ့် သူတို့ ရဲ့ သွေးစွန်း နေတဲ့ အဝတ်အစား တွေ ၊ အကာအကွယ် အကျီတွေ အောက်မှာ တော့...
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူတို့ အကုန်လုံးကို ကုသပေး ခဲ့ပြီး သူမကတော့ အတော်လေး အာနည်း ပြီး မောပန်း နေခဲ့ပါတယ်။အဖြူရောင် မီး တောက်ကို အသုံး ပြုရတာက သူမအတွက် ပေးဆပ်ရတာ အတော်လေး ကို ကြီးမားပါတယ် ။
ရွံ့တွေထဲမှာ ထိူင်နေ ရင်း ဆန်နီဟာ ဦး ခေါင်ပြတ်နေတဲ့ အမျိူးသမီး ရုပ်ထု ကြီး ကို ကြည့်လိုက်တယ် ။သူမက သူ အရင်တစ်ခေါက်က တွေ့ခဲ့တဲ့ အတိုင်း လှပပြီး ကျတ်သရေ ရှိနေတုန်း ပါပဲ။သူမရဲ့ ဝတ်ရုံက လေထဲမှာ လွင့်နေသလို ဖြစ်နေ ပြီး ကျောက်တုံး အစား အစစ်အမှန် ပိုးသား နဲ့ ပြုလုပ်ထား တယ်လို့ တောင် ခံစား ရပါတယ်။
ရုပ်ထုရဲ့ ဦး ခေါင်း က ဘေးဘက်ကို အနည်းငယ် တိမ်းစောင်း နေပြီး
ကျန်ရှိနေတဲ့ လက်တစ်ဖက်က ကောာင်းကင်ကို ဦးတည် နေခဲ့ပါတယ်။အရင်တုန်းက သူတို့ အဖြူရောင် ကုန်းမြင့်ကနေ ထွက်ခွာတော့ ဆန်နီ ၊ ကတ်စီ နဲ့ နစ်ဖီ တို့ က သူမရဲ့ လက်ပေါ်မှာ ခိုလုံခဲ့ပါသေး တယ်။
သူ့ရဲံအမြင့်က အတော်လေးကို မြင့်မားတာ ကြောင့် ဆန်နီ ပထမ ဆုံး အကြိမ် အနက်ရောင် မြို့တော် ရဲ့ နံရံတွေကို မြင်ခဲ့ ရပါတယ်။
အောက်ဘက် မှာ ရှိနေတဲ့ ကြီးမားတဲ့ ရုပ်ထုကြီးရဲ့ လက်ကို သူကြည့်လိုက်တယ်။ဒီအရာက အချိန်အတော်ကြာကတည်းက ပြုတ်ကျ ပျက်စီ' နေပြီး မြေအောက်ခန်း ရဲ့ ခေါင်မိုးကို အပေါက် ဖြစ်နေစေခဲ့တာပါ။
သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမျက်လုံး မှိတ်ကာ တွေး လိုက်တယ်။
ငါတို့ကို နောက်တစ်ကြိမ် ကယ်တယ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ယင်းနောက် သူ့မျက်နှာက နက်မှောင်သွားခဲ့တယ်။
ဥမင်ထဲက အခြေအနေ တွေကို ပြန်တွေးမိရင်း ဆန်နီ ရဲ့ကောင်မွန်တဲ့ စိတ် အခြေအနေ လေး က ပျောက်ကွယ်သွားခဲ့ပါတယ်။သူအချိန်အတော်ကြာအောင် ပဟေဌိ ဖြစ်နေခဲ့ရတဲ့ အရာ ကို သိခဲံရ ပေမဲံလည်း သူ မပျော်နိုင် ခဲ့ ပါဘူး။
ရှေးဟောင်း မြို့တော်ထဲမှာ နေထိုင်ကြတဲ့ သက်ရှိတွေ အကြောင်းကို ဆန်နီ အမြဲတမ်း သိချငိခဲ့တာပါ။အားလပ်ချိန်တိုင်း ကို စူးစမ်း ရှာဖွေလေ့ ရှိတဲ့ လူသစ်တစ်ယောက် အနေနဲ့ သူက ဒီလူတွေရဲ့ ယဥ်ကျေး မူ အတော် များများ ကို ရင်းနှီးပါတယ်။သူတို့ ရဲ့ သာမန်နေထိုင် တဲ့ ဘဝတွေကို လေ့လာ ရတာက သူ့ ရဲ့ စိတ်အားထက်သန်ရာ တစ်ခု ပါပဲ။
ဒါပေါ့ ရှေးတုန်းက နေထိုင် ခဲ့ကြတဲ့ လူတွေက ကပ်ဆိုးနဲ့ ကြုံတွေ့ ခဲ့ကြ ရတယ် ဆို တာကို တော့ သူသိထား ပြီး သားပါ။ဘာမှန်း မသိတဲ့ ကပ်ဆိုးး က သူတို့ အပေါ် မှာ, ကျရောက်လာခဲ့ ပြီး တစ်ချိန်က ချမ်းသာ ကြွယ်ဝ ခဲ့ တဲ့ ကုန်းမြေကြီး ကို ငရဲ လို ဖြစ်သွား စေခဲ့ပါတယ်။သို့ ပေမယ့် ဆန်နီက လောဂျစ် တွေအားလုံးကို ဆန့်ကျင်ပြီး ဒီလူတွေ တစ်နည်းနည်း နဲ့ ရှင်သန်နေဖို့ ကို မျှော်လင့်နေခဲ့မိတုန်း ပါပဲ။
ဖြစ်နိိုင်တာက သူတို့က ဒီမြို့ကို ထားခဲ့ပြီး တစ်နေရာရာ ကို ရွှေ့ပြောင်းသွား ကြတယ် လို့ ပါ။
သို့ပေမယ့် အခုတော့ ဒီီလိုမဟုတ်ဘူးဆိုတာကို သူ သိလိုက်ရပါပြီ..။သူတို့အကုန်လုံးက..သူ့ရဲ့ခြေထောက်အောက်မှာ ရှိနေတဲ့ မြေအောက် အကျဥ်းခန်းထဲမှာ ထာဝရ မြုပ်နှံခြင်း ခံထားရကြတာပါ..။သူတို့ရဲ့ အရိုးစု တွေကတင် တောင်ကြီး တစ်တောင်စာလောက် ရှိပါတယ်..။ထပ်ပြောရရင် သူတို့ရဲ့ ကျန်ရစ်နေခဲ့တဲ့ အရာတွေကို အနက်ရောက် ပင်လယ်က စုပ်ယူသွားပြီး အိပ်မက်ဆိုးသားရဲအတွက်..အရေးပါတဲ့ သွေးကြောတွေ ဖြစ်လာစေခဲ့ပါသေးတယ်..။
သူ့စိတ်ထဲမှာတော့ ဒီလူတွေရဲ့ ကံတရားနဲ့ပတ်သက်ပြီးတော့..တွေဝေမူတွေ အများကြီး ရှိနေတုန်းပါပဲ..။သူတို့က ဘယ်လိုလုပ် အနက်ရောင်..မြေအောက်အခန်းထဲကို ရောက်နေကြတာလဲ..။သူတို့က အဲဒီမှာသေတာလား..ဒါမှမဟုတ် တစ်ခုခုက သူတို့ကို အဲ့နေရာဆီ ခေါ်ဆောင်သွားခဲ့တာလား..။သေဆုံးမူ အရှင်သခင် ကရော ဘယ်လိုလုပ် မွေးဖွားလာတာလဲ..။သူ့ရဲ့ ကနဦး အစ ပထမ ကရော..ဝိဥာဥ် စားသုံးခြင်း သစ်ပင်နဲ့ အတူတူပဲလား..။
သို့ပေမယ့် အဖြေကို သူ တကယ် မသိချင်တော့ပေ..။သူတို့ အကြောင်းကို လေ့လာရတာက သူ့ရဲ့ စိတ်နှလုံးတွေကို ကွဲကြေစေသလို ခံစားရပါတယ်..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီဟာ ဒီအတွေးတွေကို တစ်ခြားတစ်ခုခု နဲ့ အစားထိုးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်..။ယင်းနောက် သူ အချက်အလက်ဇယားကို ထုတ်ကြည့်လိုက်ပါတယ်..။
အထူးသဖြင့် ဒီအရာက သူစိတ်ဝင်စားခံရဆုံး အရာပါပဲ..။
အရိပ် အပိုင်းအစ : [ 332 / 1000 ]
သူက အလောင်းစားသုံးသူ ကို သတ်ဖြတ်ပြီး အပိုင်းအစ လေးခု ရရှိခဲ့ပါတယ်..။သူ့ရဲ့ သေဆုံးမူက အနည်းငယ် ထူးဆန်းတယ် ဆိုပေမယ့်လည်း ဒါက အတူတူပါပဲ..။အခုတော့..နိုးထမူအဆင့် ၊ ကျရှုံးမူအဆင့် ၊ ကြီးမြတ်မူအဆင့် သားရဲတွေကို သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး ဆန်နီရဲ့ ပထမဆုံး..တွေးတောထားတဲ့ သီအိုရီက မှန်နေခဲ့ပါပြီ..။
ပိုပြီးအဆင့်မြင့်တဲ့ သားရဲတွေကို သတ်တဲ့အခါတိုင်းမှာ..အခိုက်အတန့်က သူ့ကို အပိုင်းအစ နှစ်ဆ စီတိုးပေးပါတယ်..။ဒါက သူတို့ပိုင်ဆိုင်ထားတဲ့ ဝိဥာဥ် အမြုတေ ရဲ့ နှစ်ဆ ပမာဏပါ..။နိုးထမူအဆင့် သားရဲတွေက..အမြုတေ တစ်ခုစီ ရှိကြတာကြောင့်
သူ့ကို အပိုင်းအဆ နှစ်ဆု ပေးပါတယ်..။ကျရှုံးအဆင့် သားရဲက အပိုင်းအစ ၄ ခု ဖြစ်ပြီး ၊ ကြီးမြတ်မူအဆင့်က ၁၆ ခုပါ..။
သူနဲ့ အဆင့်တူတဲ့ ..အသွင်ပြောင်းသားရဲ..တစ်ကောင်ကို သတ်မယ်ဆိုရင်..အပိုင်းအစ တစ်ခုစီပဲ ရမယ်ဆိုတာက ခန့်မှန်းကြည့်လိူ့ရပါတယ်..။
ဒါက အဓိပ္ပါယ်ရှိတယ်..။ဒီဟာက..ဝိဥာဥ်အမြုတေကိုစုပ်ယူသလိုပဲဖြစိပြီး..အရိပ်အပိုင်းအစ တွေက သူရန်သူကို သတ်ပြီးတာနဲ့ အမြုတေထဲကို တန်းပြီးဝင်သွားကြတာပါ..။ဒါက အိပ်မက်ဆိုးသားရဲလား လူသားလား ဆိုတာ ကွာခြားမူမဖြစ်ပေ..။
ပြီးတာနဲ့..သူက မှတ်သားမူ တွေကို ကြည့်လိုက်တယ်..။
မှတ်သားမူ : [ ငွေရောင် ခေါင်းလောင်း ] , [ ရုပ်သေးဆရာ ရဲ့ ဝတ်ရုံတော် ] , [ သန်းခေါင်းယံ အမြုတေ ] , [ သာမန် ကျောက်တုံး ] , [ သုံးမြှောင့် ဆူးချွန် ] , [ အဆုံးမရှိသည့် စမ်းချောင်း ] , [ သွေးမြှား ]
နောက်ဆုံးတစ်ခုကတော့ အသစ်ပါ..။ဖြည်းဖြည်းချင်းပဲ ဆန်နီက သူ့ရဲ့ ဖော်ပြချက်ကို ဖတ်လိုက်တယ်..။
မှတ်သားမူ : [ သွေးမြှား ]
မှတ်သားမူ အဆင့် : တက်ရောက်မူ
မှတ်သားမူ သတ်မှတ်ချက် : l
မှတ်သားမူ အမျိုးအစား : လက်နက်
ဖော်ပြချက် : [ သွေးကြွေးကို သွေးဖြင့် ပြန်ဆပ်ရမည် ]
မှတ်သားမူ တိုးမြင့်ချက် : [ သွေးမိုး ] , [ ပြန်လည်အပ်နှင်းခြင်း ]
တိုးမြှင့်မူ ဖော်ပြချက် : [ မြားများကို ကိုင်ဆောင်သူ၏ သွေးဖြင့် ဖန်တီးထားသည်..။မြားပစ်ခွင်းသူ၏ သွေးကြေားထဲတွင် သွေးရှိနေသ၍ ရန်သူအပေါ် မိုးရွာချ နိုင်ပေလိမ့်မည် ]
တိုးမြှင့်မူ ဖော်ပြချက် : [ အကယ်၍ မြားက သူ၏ ပစ်မှတ်ကို ထိမှန်လျင် ..သားကောင်၏ သွေးကို သောက်သုံးမည်ဖြစ်ပြီး..လေးသည်တော်၏ သွေးကို ပြန်လည် ဖြည့်တင်းပေးလိမ့်မည်..။အကယ်၍ ပစ်မှန်ကို လွဲချော်သွားလျင် , လေးသည်တော်၏ သွေးက ထာဝရ ဆုံးရှုံးသွားလိမ့်မည်..]
'ဟင်း..ထိပ်လန့်စရာပဲ '
ဆန်နီက လေးကို ဘယ်လ်ို အသုံးပြုရမလဲ ဆိုတာ မသိတာကြောင့်..ဒီ မှတ်သားမူက သူ့အတွက် အသုံးမဝင်ပါဘူး..။သူ ရရှိတဲ့ အထဲမှာ ပထမဆုံး တက်ရောက်မူ အဆင့်တောင်ဖြစ်နေခဲ့တာပါ..။ဒီအဆင့်ရှိတဲ့ မှတ်သားမူတွေက..မေ့ပျောက်ကုန်းမြေပေါ်မှာတောင် အတော်လေးရှားပါးပါတယ်..။
သူက..အရိပ်အပိုင်းအစ အနည်းငယ်အတွက် ကျောက်တုံးသူတော်စင်ကို ကျွေးသင့်လား ဒါမှမဟုတ်...
ဆန်နီ ကိုင်ကို ကြည့်လိုက်ကာ မျကိမှောင်ကျုတ်ပြီး အတွေးနက်နေခဲ့တယ်..။သွေးမြား တွေက သူ့အတွက်အသုံးမဝင်ဘူးဆိုပေမယ့်..ခန့်ညားတဲ့ လေးသည်တော် အတွက်ဆိုရင်တော့ ထီပေါက်သလို ဖြစ်နေမှာပါ..။အပြန်အလှန်အနေနဲ့ သူက ..မြားကျည်ထောက်ကိုလည်း သယ်စရာ လိုမှာမဟုတ်တော့ပေ..။သူ့ရဲ့ ပစ်ခတ်မူတိုင်းက ကြီးကျယ်တဲ့ ပျက်ဆီးမူတွေ ဖြစ်လာမှာကိုတော့ ပြောစရာ တောင်မလိုတော့ပါဘူး..။
...ဒါပေါ့..ကိုင်က..ပစ်မှတ်ကို မလွဲသ၍ ပါ..။တကယ်ကို သူ သာ လွဲသွားမယ်ဆိုရင် သူ့ရဲ့သွေးကို အလကားနေရင်း..ပေးဆပ်ရပါလိမ့်မယ်..။
သွေးမြားကို ..ကိုင် ဆီကို ပေးလိုက်တာက သူတို့ရဲ့ အဖွဲ့ကို ပိုပြီး သန်မာလာစေမှာပါ..။သို့ပေမယ့် ဆန်နီကတော့..သူ ဒီမှတ်သားမူကို စွန့်လွတ်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို သိပ်မသေချာသေးပါဘူး..။အနည်းဆုံးတော့..အလကားမဟုတ်ပေ..။
သူ အချက်အလက်ဇယားကို ပြန်သိမ်းလိုက်ပြီး..နောက်မှ တွေးတော ဖို့ ဆုံးဖြတ်လိုက်တယ်...။
တစ်ခြားတစ်ခုကို စဥ်းစားရရင်..ဝီဗာသွေးက..သူ့ရဲ့ စွမ်းရည် အသစ်ကို ဖော်ထုတ်ခဲ့ပါတယ်..။ဆန်နီ ရဲ့ သွေးက..အဆိပ်ပါဝင်ပြီး..သောက်သုံးမိတဲ့ လူတိုင်းကို ထိခိုက်မူ ဖြစ်စေပါတယ်..။အနည်းဆုံးတော့ ဒီနည်းလမ်းနဲ့ အလောင်းစားသုံးသူက သေဆုံးသွားတာပါပဲ..။သူ ဒီအရာကိုလည်း..နောက်မှ သေချာ လေ့လာ ရပါဦးမယ်...။
ဒါမှ မဟုတ် မလေ့လာတော့ပါဘူး..။အရိုးသားဆုံးပြောရရင်..ဒီလိုအရာကို ဘယ်လို စူးစမ်းလေ့လာရမယ်ဆိုတာကိုတောင် မသိတော့ပေ..။ပြီးတော့ စူးစမ်းချင်စိတ်လည်း သိပ်မရှိပါဘူး..။
အချက်အလက်ဇယားကို ပြန်သိမ်းပြီးတဲ့နောက်မှာတော့..ဆန်နီဟာ..ဆန်းကျယ်တဲ့ သော့ ကို တစ်ချက်ကြည့်ဖို့ ဆုံးဖြတိလိုက်တယ်..။ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး..သူ အစောက ဝှက်ထားခဲ့တဲ့ ရုပ်သေးဆရာ ရဲ့ ဝတ်ရုံတော် ထဲကနေ ထုတ်လိုက်ပါတယ်..။
ကွေးကောက်နေတဲ့ သံ သော့လေးက သူ့ရဲ့လက်ထဲမှာ ဖြူဖျော့တဲ့ ရွှေရောင်အလင်းလေး တောက်ပနေခဲ့တယ်..။
နတ်ဘုရားရဲ့ အလင်းရောင်။
ဒီ သော့နဲ့ ဘယ်ဟာကို ဖွင့်ရမှာလဲ ဆိုတာကိုတော့ ဆန်နီ မသိပါဘူး..။
သူက ရူးသွပ်တဲ့ စွန့်စားမူတွေ လုပ်ခဲ့ပြီး..ဒီဟာကို ရရှိဖို့ သေမလိုတောင် ဖြစ်ခဲ့ပါသေးတယ်..။ဒါက ထိုက်တန် ရဲ့လား..။
အရိုးသားဆုံးပြောရရင် သူ သေချာမသိပေ..။
သို့ပေမယ့် အတွင်းစိတ်ထဲမှာတော့ ဒီဟာက ထိုက်တန်မူရှိတယ်လို့ ဆန်နီ ခံစားနေခဲ့ရတယ်..။အကြောင်းပြချက် တစ်ချို့ကြောင့်..ဒီသေးငယ်တဲ့ သော့ လေးက..သူ့အတွက် အတော်လေး အရေးကြီးလာမယ်လို့ ခံစားနေမိခဲ့တာပါ။