← Chapters

အောင်ပွဲခံခြင်း

Vol. 14 Ch. 206

အောင်ပွဲခံခြင်း

Vol. 14 Ch. 206

ပင့်ကူတွေက လူသားအရွယ်အစားလောက် ရှိပြီး အတော်လေးကို လျင်မြန်ကြပါတယ်..။ပြီးတော့ သူတို့ ရဲ့ခန္တာကိူယ် အစိတ်အပိုင်းတွေကို ကာကွယ်ဖို့အတွက် သံအပြားတွေ ရှိနေခဲ့တယ်..။သူတို့က ..သက်ရှိတွေကို သတ်ဖြတ်ဖို့ ဖန်တီးထားတဲ့ အကာအကွယ် စက်တွေလိုပါပဲ..။

သူတို့ ကြည့်ရတာက ထူးဆန်းစွာပဲ ရင်းနှီးနေခဲ့တယ်..။အနည်းငယ်အားစိုက်ထုတ်လိုက်တဲ့ အချိန်မှာတော့..ဒီအရာတွေက.သူဖျက်ဆီးလိုက်တဲ့ မူလကျောက်တုံးသူတော်စင်ရဲ့ ကျရှုံးမူအဆင့်သားရဲ အသေးစားနဲ့ ဆင်တူနေခဲ့ပါတယ်..။

သူတို့ရဲ့ အရွယ်အစားနဲ့ အကာအကွယ်က ကျောက်တုံးသူတော်စင်ကို မမှီနိုင်တာပဲ ရှိနေတာပါ..။

…

ဒီလိုဆိုရင်တောင်မှ..

'ငါ မင်းတို့အတွက် သတငိးဆိုးရှိတယ် အရူးတွေ '

ပင့်ကူတွေ တိုက်ခိုက်လာတာနဲ့..အဖွဲ့ဝင်တွေဟာ..အတွေ့အကြုံများတဲ့ မုဆိုးတွေလို တည်တည်ငြိမ်ငြိမ်ပဲ တုန့်ပြန်လိုက်ကြပါတယ်..။လက်နက်တွေက လေထဲမှာမြောက်တက်နေပြီး..သံအကာအကွယ်တွေကို စက္ကူတစ်ခုလို ထိုးဖောကိနေခဲ့ကြတယ်..။အယ်ဖီကတော့..သားရဲတွေထဲက တစ်ကောင်ကို သူမရဲ့ ဒိုင်းကာနဲ့ ရိုက်ချနေခဲ့ပါတယ်..။သနားစရာ မွန်းစတားကတော့ သူ့ဘဝမှာ ကြီးမားတဲ့အမှားတစ်ခုကို လုပ်မိခဲ့တယ် ဆ်ိုတာကိုတောင် မသိနိင်ခဲ့ပေ..။

တစ်ခြားသူတွေကတော့ သိပ်ပြီး အားစိုက်မထုတ်ရပါဘူး..။ဆန်နီကတော့ သုံးမြှောင့်ဆူးချွန်နဲ့ သားရဲတွေ လဲကျသွားတဲ့ အထိ တိုက်ခိုက်ပြီးတာနဲ့..မမြင်ရတဲ့ ကြိုးကို ပြန်ဆွဲကာ နောက်ပြန်ယူနေခဲ့တယ်..။သားရဲ ပြန်မထနိုင်ခင်မှာ..ပဲ ဓားပျံက သူ့ရဲ့ ခေါင်းကို ထွင်းဖောက်ကာ အဆုံးသတ်ပေးနိုင်ခဲပါတယ်..။

ပင့်ကူတွေက လူသားတွေကို..တိုကိခိုက်ဖို့ စတင်ကြိုးစားပြီး စက္ကန့်အနည်းငယ် အကြာမှာပဲ..တိုက်ပွဲက ပြီးဆုံးသွားခဲ့တယ်..။အိပ်မက်ဆ်ိုးသားရဲ သုံးကောင်က ..ရွံ့ထဲမှာ လဲကျနေခဲ့ပြီး..စတုတ္ထ မြောက်အကောင်က..သန္တာကျောက်နံရံမှာ..မြားအနည်းငယ်နဲ့ စိုက်ဝင်နေခဲ့ပါတယ်..။

တကယ်လို့ ..သူတို့က ပင့်ကူအိမ်တွေကို ဂရုစိူက်စရာ မလိုဘူးဆိုရင်..တစ်စက္ကန့် နှစ်စက္ကန့် လောက် မုတ်ဆိတ်ရိတ် နေလို့တောင် ရပါတယ်..။

ဆန်နီ..ခေါင်းခါယမ်းလိုက်တယ်..။

' စိတ်ပျက်စရာပဲ '

ခနလေး..သူက ဘာလို့ စိတ်ပျက်ရမှာလဲ..။ကောင်းတယ်...ဒါက တကယ်ကောင်းတယ်..။အနိုင်ရတဲ့ ရလာဒ်တိုင်းက..သူ့ရဲ့ ဘဝကို ရင်းနှီးစွန့်စားရဖို့ မလိုအပ်ပါဘူး..။

တကယ်လို့ သူသာ စိတ်ပျက်ချင်တယ်ဆိုရင်..ဒီတစ်ကြိမ်မှာ သူ ရန်သူတစ်ယောက်ကိုမှ မသတ်လိုက်ရတာကိုပဲ..စိတ်ပျက်ရမှာပါ..။ဒါကြောင့် သူက အခိုက်အတန့်ဆီက ဘာဆုလာဒ်မှ မရတော့ပေ..။သို့ပေမယ့် ဒီလိုဆိုရငိတောင် အနာဂတ်မှာ ဒီလို လွယ်ကူတဲ့ တိုက်ပွဲတွေအတွက် ပျော်ရွှင်သင့်ပါတယ်..။

နစ်ဖီဟာ သူမရဲ့ ဓားကို အဝတ်စနဲ့ သုတ်နေရင်း..နောက်ထပ် ရန်သူတွေ ရှိနေသေးလားဆိုတာ သေချာ နားထောင်နေခဲ့တယ်..။ပြီးတာနဲ့ သူတို့အဖွဲ့ကိုသားရဲတွေကို အမဲဖြတ်ဖို့ အချက်ပြလိုက်ပါတယ်..။

မကြာခင်မှာပဲ ဝိဥာဥ်အမြုတေ၊ အသားတွေနဲ့ တစ်ခြား အသုံဝင်တဲ့ အစိတ်အပိုင်းတွေဟာ..ဖြတ်တောက်ပြီး..အယ်ဖီရဲ့ အိတ်ထဲ ထည့်ထားလိုက်ကြတယ်..။အရာရာတိုင်းက များပြားလှတဲ့ အတွေ့အကြုံတွေကနေ ဆင်းသက်လာတာကြောင့် အတော်လေး..မြန်ဆန်နေခဲ့ပါတယ်..။

ဆန်နီ ခေါင်းကိုသာ ခါယမ်းနိုင်ခဲ့တယ်..။

သူတို့ ..ပင့်ကူတွေကို ဒီလောက်အလွယ်တကူ အနိုင်ယူနိုင်ခဲ့တာက အကြောင်းပြချက် နှစ်ခုကြောင့်ပါ..။ပထမဆုံးအနေနဲ့ ဒီသားရဲတွေရဲ့ အဆင့်အတန်းက ကြေးခွံသားရဲ တွေလောက်တောင် မရှိကြပါဘူး..။သူတို့ရဲ့ လျင်မြန်မူက အရမ်းကိုမြင့်မားပေမဲ့ ..သန်မာမူ ၊ ဖြတ်လတ်မူ ၊ မာကျောမူတွေက..တစ်ခြားသားရဲတွေရဲ့ အနီးနားကိုတောင် မမှီခဲ့ပေ..။

တကယ်လို့ ဆန်နီသာ ခန့်မှန်းရမယ်ဆိုရင် ဒီ ပင့်ကူတွေက..သူတို့ရဲ့ ပိုးချည်အိမ်တွေကို အရမ်းမှီခိုနေကြပြီး..သားကောင်ကို အနိုင်ယူဖို့ တိုက်ပွဲမြေပြင်ကို အားက်ိုးနေကြတာပါ..။အဖွဲ့ဝင်တွေက..ပင့်ကူအိမ်တွေကို အစောကြီးကတည်းက ဖျက်ဆီးထားတာကြောင့်..သူတို့ရဲ့ အားသာချက်က ပြီးဆုံးသွားခဲ့ပါပြီ..။

ဒုတိယ အကြောင်းပြချက်ကတော့ သူတို့ရဲ့ အဖွဲ့ကိုယ်တိုင်ပါပဲ..။သူတို့က မေ့ပျောက်ကုန်းမြေပေါ်မှာ အတော်လေးကို..ကြမ်းတမ်းတဲ့ လူသားတွေပါ..။အနည်းဆုံးတော့ သူတို့လေးယောက်က..လမ်းပြတစ်ယောက်ကို..အေးဆေးတိုကိခိုက်ပြီး အနိုင်ယူနိုင်ပါတယ်..။ဒါပေါ့..အရာရှိတွေဆိုရင်တော့..သူလည်း မသိပါဘူး..။

ဘာပဲဖြစ်ဖြစ် သူတို့က ရဲတိုက်အပြင်ဘက်မှာ အသန်မာဆုံး လူတွေပါ..။ရဲတိုက်ရဲ့ အပြင်ဘက်နံရံမှာဒီလောက်အထိ သန်မာတဲ့ အဖွဲ့မျိုး အရင်တုန်းက မရှိဖူးဘူးလို့ ပြောခဲ့တဲ့ အယ်ဖီ ရဲ့ စကားက မှန်ကန်ပါတယ်..။

သူတို့ ခြောက်ယောက်အတွက်ကတော့ နိုးထမူ သားရဲ သုံးကောင်လောကို ကိုင်တွယ်ရတာက အတော် သက်သာ လှပါတယ်..။တကယ်လို့ ဝင်္ကပါက သူတို့ကို သေစေချင်တယ် ဆိုရင် ဒီထက်ပိုပြီး ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်..။

ဆန်နီ ရယ်မောလိုက်တယ်..။

'နိုးထမူအဆင့် သားရဲ သုံးကောင်လောက်တဲ့လား..။ဟုတ်တယ်..ဒီအသံက ဘာလို့ ဒီလောက်အထိ ရူးသွပ်နေပုံ ရတာလဲ..'

ဒါတောင်မှ..ဒီအရာက အမှန်တရား ဖြစ်နေပါသေးတယ်..။

သေဆုံးတဲ့ ပင့်ကူတွေကို အမဲဖြတ်ပြီးတာနဲ့ အဖွဲ့သားတွေဟာ..အလောင်းတွေကို ချန်ထားရစ်ပြီး..ရှေ့ဆက်သွားလိုက်ကြပါတယ်..။

***

ပင့်ကူ သားရဲအနည်းငယ်နဲ့ တိုက်ပွဲအချို့ ဖြစ်ပွားပြီးနောက်မှာတော့..သူတို့က နောက်ဆုံးမှာ ပန်းတိုင် ကို ရောက်လာခဲ့ကြတယ်..။

ဒါက တောက်ပတဲ့ ရဲတိုက်ကြီး..ကို ဆောက်လုပ်ခဲ့တဲ့ လူတွေကပဲ ဆောက်လုပ်ထားပုံရတဲ့ ကြီးမားတဲ့ အဆောက်အဦးကြီး တစ်ခုပါ..။ဒီအရာက..အပြင်ဘက်ရပ်ကွက်ကို လာတဲ့ အဖြူရောင် လမ်း ရဲ့ဝင်ပေါက်ကို ဆက်သွယ်ပေးထားတဲ့ ပေါင်းကူးတံတား အကြီးစားနဲ့တောင် တူနေခဲ့တယ်..။

ဒီတစ်ခုကတော့..မိုးဒဏ်လေဒဏ်ကို ပိုခံရပုံပေါ်ပြီး ပို ပျက်ဆီးနေခဲ့ပါတယ်..။မျက်နှာပြင်မှာတော့ တိုက်စားခံရမူတွေ..ရှိနေခဲ့တယ်..။သူ့ရဲ့ ​ဘေးတစ်ဖက်ကတော့ ပျက်ဆီးနေခဲ့ပါပြီ..။

ဆန်နီ ပေါင်းကူးတံတားကို လေ့လာပြီး နစ်ဖီကိုကြည့်လိုက်တယ်..။

"ဒီည ငါတို့ ဒီမှာ နားကြမှာလား.."

သူမ သူ့ကို ရိုးရှင်းစွာ ခေါင်းညိမ့်ပြလိုက်ပြီးမှ..

"ငါ့တို့ရဲ့ နေရာကို ရွေးရတော့မယ်..။ညက နီးကပ်လာပြီ ဆိုတော့..ငါတို့က အပေါ်က သားရဲတွေကို တိုကိခိုက်ပြီး နေရာကို ယူရနိုင်တယ်.."

ဆန်နီ သက်ပြင်းချလိုက်တယိ..။ထပ်ပြီး တိုက်ခိုက်ရပြန်ဦးမှာလား..။သူတို့ ဘယ်တော့မှ..အနားယူခွင့် ရမှာလဲ..။ဒီနေ့ တစ်နေ့လုံးက အတော်တောင်ကြာနေခဲ့ပါပြီ..။

သို့ပေမယ့် သူ ပါးစပ်ကို ပိတ်ထားခဲ့တယ်..။​သူတို့ထဲမှာ ပြောင်းလဲနေတဲ့ကြယ်ပွင့်က အပင်ပန်းဆုံးပါ..။သူမက တစ်ခြားလူတွေရဲ့ ဒဏ်ရာတွေကိုပါ ကုသပေးထားရတာကြောငိ့..သူမကို ကွန်ပလိန်း သွားမတက်ချင်ခဲ့ပေ..။

ဒီတော့..ဒါက သူ့ရဲ့ နေရာမဟုတ်ပါဘူး..။

သူ့ရဲ့ ဘယ်ဘက်အခြမ်းမှာတော့ အယ်ဖီက ရုတ်တရက် ထ ကျိန်ဆဲပြီး ညဥ်းတွားလိုက်တယ်..။

"ထပ်ပြီး တိုကိခိုက်ရဦးမှာလား..။လုပ်စမ်းပါ..ငါတို့ ဘယ်တော့မှ စားသောက်ခွင့်ရတော့မှာလဲ.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

'ကောင်းပြီ..ဒါကလည်း အလုပ်ဖြစ်တာပဲ လို့ ငါထင်တယ်..'

မုဆိုးမိန်းကလေးကို စောင့်ကြည့်ကာ နစ်ဖီ ခေါင်းခါယမ်းလိုက်ပြီး..တိတ်တဆိတ် ရှေ့ကိုတက်သွားလိုက်တယ်..။

မကြာခင်မှာပဲ သူတို့က ကြီးမားတဲ့ ပေါင်းကူးတံတားကို ရောက်လာခဲ့ပါတယ်..။ကိုင်က သူ့ရဲ့လေးကိုထုတ်ယူလိုက်ပြီး..အပေါ်ကို ပျံသန်းကာ..အချိန်အတော်ကြာမှ ပြန်ရောက်လာခဲ့တယ်..။သူက ရှေးဟောင်းအဆောက်အဦးရဲ့ ထိပ်မှာ ဘာ မွန်းစတား မှ ရှိမနေကြောင်း တင်ပြလာခဲ့ပါတယ်..။

စိတ်သက်သာရစွာပဲ..အဖွဲ့ဝင်တွေဟာ..ရွှေရောင်ကြိုးကို အသုံးပြုကာ ဝင်္ကပါရဲ့ အထက်ကို တက်သွားခဲ့ကြတယ်..။ပြီးတာနဲ့ အလင်းရောင်ကင်းမဲ့တဲ့ ဝင်္ကပါအစိတ်အပိုင်းတွေထဲကို..အနက်ရောင် ရေ တွေဝင်လာတာကို ကြည့်နေခဲ့ကြပါတယ်..။

နေ က မိုးကုတ်စက်ဝိုင်းထဲကို တိုးဝင်ပျောက်ကွယ်သွားပြီ ဆိုတာနဲ့..သူတို့က အဖြူရောင် မာဗယ်ကျောက် နဲ့ ပြုလုပ်ထားတဲ့ ကျွန်းလေးပေါ်မှာသာ တင်ကျန်နေခဲ့တော့တယ်..။သူတို့ရဲ့ ပတ်ဝန်းကျင်မှာတော့..

All Chapters