← Chapters

အခန်း (၉၂)

Vol. 8 Ch. 92-က

အခန်း (၉၂)

Vol. 8 Ch. 92-က

ယွမ်ရှောင်၏ ဓားအော်ရာ အရေအတွက်သည် လင်းချင်းဖန်နီးပါး ဖြစ်လာသောကြောင့် လင်းချန်နှင့် လင်းလင်က မနာလိုဖြစ်​နေကြသည်။ ဓားပင်လယ်၏ ထိပ်တန်းပါရမီရှင်များသည်ပင် ဓားအော်ရာငါးဆယ်အထိ မစုစည်းနိုင်ကြပေ။ ဓားပင်လယ်နှင့် မဟာဖုန်းဆိုးမြေ၏ သဘောတူညီချက်ကြောင့် နတ်ဆိုးများကို မတိုက်ခိုက်ရသောအခါ နတ်ဆိုးအရိုးများ ရှားပါးလာခဲ့သည်။ ဆယ်ကျော်သက် လူငယ်လေးတစ်​ယောက်သည် အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို ဝါးမျိုနိုင်ခဲ့သောကြောင့် လူတိုင်း အားကျနေကြ၏။

"အဆင့်တစ်ဆယ် အသူရာဝိညာဥ်က ဒီလောက်အကျိုးရှိတာလား။ တော်တော်ကောင်းတဲ့ အရင်းအမြစ်ပဲ"

ယွမ်ရှောင်သည် အစွမ်းထက်လာသော ဓားဝိညာဥ်ကို ကျေနပ်စွာ စစ်ဆေးလိုက်သည်။

"ဒါဆိုရင်"

ကြယ်ပြာ၏ မျက်ဝန်းများ တောက်ပလာကာ မေးခွန်းထုတ်လိုက်သည်။

"အပြင်ဘက်က ခွေးကောင်တွေ သူတို့က ဓားကောင်းကင်အတွက်လို့ အသံကောင်းဟစ်ပြီး ငါ့လည်ပင်းကို ဖြတ်ချင်နေကြတယ်"

"အစ်ကိုကြီး မင်းက နောက်ထပ်စွန်ငှက်သုံးကောင်ကိုလည်း ပစ်မှတ်ထားနေပြီလား"

ကြယ်ပြာက စနောက်လိုက်သောအခါ သူက ရုပ်တည်တည်ဖြင့် ခေါင်းယမ်းပြလိုက်သည်။

"ဒီလိုလုပ်ရင် ဓားပင်လယ်ရဲ့ မျိုးဆက်သစ်တွေအတွက် ဘာအရင်းအမြစ်မှ ကျန်မှာ မဟုတ်ဘူး။ မင်းက ငါ့ကို ဒီလိုလူမျိုးလို့ ထင်နေတာလား"

"တော်စမ်းပါကွာ။ နောက်ထပ် အဆင့်တစ်ဆယ် အသူရာဝိညာဥ်သုံးခုကို အဆုံးသတ်ပြီး ဓားအော်ရာအရေအတွက် မြှင့်တင်လိုက်။ မင်းက ဒီလိုလူမျိုးပါပဲ"

"မင်း လူကဲခတ်တော်လာပြီ ဟား ဟား"

ယွမ်ရှောင်နှင့် ကြယ်ပြာသည် တဟားဟားရယ်မောရင်း လှုပ်ရှားလိုက်သောအခါ အသူရာလမ်း၌ အော်သံများ ဆူညံကုန်သည်။

"ဒီကောင် အပြင်ထွက်လာတော့မယ်"

သို့သော် ယွမ်ရှောင်က အပြင်ဘက်သို့ ဦးတည်နေခြင်း မဟုတ်သောကြောင့် သူတို့ကို အံ့သြသွားစေပြီး မျက်တောင်မခတ်ဘဲ စောင့်ကြည့်ခဲ့ကြသည်။ ထို့နောက် နောက်ထပ်ငှက်ကြီးတစ်ကောင်က မြင်ကွင်းအတွင်း ရောက်ရှိလာပြီး သူ့ကို မြင်သောအခါ အလန့်တကြားဖြင့် အစွမ်းကုန် ထွက်ပြေးလိုက်သည်။

"ဘယ်ပြေးမလို့လဲ"

ယွမ်ရှောင်သည် အလွန်လျင်မြန်စွာဖြင့် ရောက်ရှိလာပြီး ၎င်း၏ကျောပြင်ကို ဓားဖြင့် ထိုးစိုက်လိုက်သောအခါ နာနာကျင်ကျင် အော်သံတစ်ခု ပဲ့တင်ထပ်သွားသည်။ နောက်ထပ် အဆင့်တစ်ဆယ် အသူရာဝိညာဥ်တစ်ခု ဝါးမျိုခံလိုက်ရသောအခါ လူတိုင်းမှာ တုန်လှုပ်သွားကြပြီး နှမြောတဿစိတ်ကြောင့် ရင်ထဲတွင် သွေးများ ယိုစီးနေသကဲ့သို့ ခံစားလိုက်ရ၏။

"သူက နောက်ထပ်အဆင့်တစ်ဆယ် အသူရာဝိညာဥ်တစ်ခုကို ဝါးမျိုလိုက်ပြန်ပြီ။ အနာဂတ်မှာ ထိပ်တန်းပါရမီရှင်နှစ်ယောက် ထွက်ပေါ်မလာနိုင်တော့ဘူး"

မယုံကြည်ဟန်ဖြင့် ရေရွတ်လိုက်သံများက ဓားပင်လယ်၌ စိတ်ဓာတ်ကျစွာ ထွက်ပေါ်လာသည်။ အသူရာလမ်းတွင် ရှိနေသူများမှာ ဒေါသူပုန်ထနေကြပြီး ဖောက်ခွဲချင်နေသော်လည်း ယွမ်ရှောင်သည် သူတို့ကို တစ်ချက်ဝေ့ကြည့်၍ လှောင်ပြုံးပြုံးနေခဲ့သည်။ ဤလူများ၏အော်သံများက လေထုကို ဖြတ်သန်း၍ အသူရာပင်လယ်ဗဟိုသို့ ရောက်နေသော သူ့ထံ ရောက်ရှိလာသောကြောင့် ကြည်လင်စွာ ကြားနေရသည်။

"နှစ်ခုတည်းလို့ မင်းတို့က ထင်ထားတာလား"

သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး တတိယမြောက် အသူရာဝိညာဥ်ထံ ဓားဖြင့် ထိုးသွင်းခဲ့ပြန်သည်။ ၎င်းက နာကျင်မှုကြောင့် တဂီးဂီးအော်မြည်ရင်း ရုန်းကန်နေသဖြင့် ကောင်းကင်မှ တိမ်များပင် လွင့်ပြယ်သွားခဲ့သည်။ ၎င်းသည်လည်း ယွမ်ရှောင်၏ ဓားဝိညာဥ်အတွင်း စုပ်ယူခံလိုက်ရသောကြောင့် ဓားပင်လယ်၏ ကျင့်ကြံသူများ စိတ်ဓာတ်ကျကုန်သည်။

"အဆင့်တစ်ဆယ် အသူရာဝိညာဥ်တစ်ခုတည်း ကျန်တော့တယ်။ ဓားပင်လယ်ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးကုန်ပြီ"

"စိတ်မကောင်းပါဘူး စောက်ရူးတွေ။ မင်းတို့အတွက် ဘာမှမကျန်ဘူး"

သို့သော် ယွမ်ရှောင်သည် ရပ်တန့်မနေခဲ့ဘဲ နောက်ဆုံး အသူရာဝိညာဥ်ကိုပါ ဝါးမျိုပစ်လိုက်ပြီး အထက်စီးမှ လှောင်ရယ်လိုက်သည်။ ၎င်းသည်လည်း ဝါးမျိုခံလိုက်ရပြီး သူက ဓားပင်လယ်၏ ကျင့်ကြံသူများကို မကျေနပ်သောကြောင့် လက်စားချေခဲ့ခြင်းဖြစ်သည်။ ရဲကုရင်နှင့် ချူရန် နှစ်ယောက်သာ သူနှင့် ပြဿနာရှိသော်လည်း သူတို့က ဆန့်ကျင်နေခဲ့ကြပြီး လမ်းတလျှောက် လုပ်ကြံရန် ကြိုးစားခဲ့ကြ၏။ ရှေးဟောင်းမျှော်စင်က သူ့ကို သတ်ချင်နေသည်မှာ အကြောင်းအရင်းရှိသော်လည်း ကျန်ကျင့်ကြံသူများသည် ဖားယားချင်ရုံသက်သက်ဖြင့် ရန်ပြုခဲ့ကြသည်။

"မင်းတို့က ရှေးဟောင်းမျှော်စင်ကို မတိုက်ခိုက်ရဲတာနဲ့ ငါ့ကို ပစ်မှတ်ထားကြတယ်ပေါ့"

ယွမ်ရှောင်သည် ဓားကောင်းကင်၏ ကျင့်ကြံသူများကို စိုက်ကြည့်လိုက်ပြီး သူတို့က ကိုယ်ကျိုးကိုသာ ရှေးရှူကြောင်း နားလည်ခဲ့သည်။ အဆင့်တစ်ဆယ် အသူရာဝိညာဥ်လေးခုလုံးကို ဝါးမျိုပြီးနောက် သူက အလွန်ကျေနပ်နေပြီး စိတ်ဓာတ်ကျနေသည့် ရန်သူမျက်နှာများကြောင့် ပို၍အားရစရာကောင်းနေသည်။

"ရှေးဟောင်းမျှော်စင်ကို မျက်နှာလုပ်ချင်တယ်ပေါ့။ မင်းတို့မျိုးဆက်တွေအတွက် ဘာအရင်းအမြစ်မှ မကျန်စေရဘူး"

ဓားအော်ရာအရေအတွက်သည် ရှစ်ဆယ်အထိ တိုးတက်လာသောကြောင့် ဓားပင်လယ်၌ ထိပ်တန်းဖြစ်ပြီး ယွမ်ရှောင်က လှောင်ပြုံးတစ်ချက်ဖြင့် ရေရွတ်လိုက်သည်။ ကောင်းကင်သင်္ချိုင်းဓားက ကြောက်စရာကောင်းသည့်အပြင် ဓားအော်ရာများကြောင့် ပို၍ထက်ရှလာကာ ကြမ်းတမ်းလာခဲ့သည်။

"အခုချိန်ကစလို့ ငါ့လမ်းမှာ ပိတ်သမျှ အကုန်သတ်လို့ရပြီ"

သူက အေးစက်စက်ပြုံး၍ ကြုံးဝါးလိုက်ပြီး သူ၏ဓားဝိညာဥ်ဖြင့် ဓားပင်လယ်ကို မွှေနှောက်နိုင်ပြီဖြစ်သည်။ လူတိုင်းက မင်သက်နေကြပြီး နင်ခေး၊ ခေါင်းဆောင်ဖန်နှင့် လင်းမောင်နှမသည်လည်း မျက်နှာများ မည်းနက်နေကာ ဒေါသကြောင့် လက်တုန်နေခဲ့သည်။

"အစွမ်းထက်လိုက်တာ"

နင်ရန်၏ ချီးကျူးသံတစ်ခုတည်းသာ တိတ်ဆိတ်မှုကို ဖြိုခွဲ၍ ထွက်ပေါ်လာခဲ့သည်။ အသူရာလမ်းတွင် ယွမ်ရှောင်သည် အဆင့်တစ်ဆယ် အသူရာဝိညာဥ်အားလုံးကို အချိန်ခဏအတွင်း ဝါးမျိုလိုက်သောကြောင့် တုန်လှုပ်နေကြသည်။ ရဲကုရင်သည် ဤဆန်းကျယ်သက်ရှိများအနက် တစ်ကောင်ကို ဝါးမျိုနိုင်ခဲ့သောအခါ ဓားပင်လယ်၌ အောင်ပွဲခံခဲ့ကြသည်။ သို့သော် ယွမ်ရှောင်အလှည့်တွင် အရင်းအမြစ်အားလုံးကို သိမ်းပိုက်သွားသောကြောင့် လူငယ်မျိုးဆက်များအတွက် အိပ်မက်တစ်ခု ပျောက်ကွယ်သွားရာ မချိတင်ကဲဖြစ်ကုန်သည်။

"အသူရာပင်လယ်က ယွမ်ရှောင်ထွက်လာလို့ သူ့ကို သတ်နိုင်ရင်တောင် အသူရာဝိညာဥ်တွေကို ပြန်ယူဖို့ မဖြစ်နိုင်တော့ဘူး"

"ဓားအော်ရာအရေအတွက်ကလည်း ရှေးဟောင်းမျှော်စင် ခေါင်းဆောင်ထက်တောင် နှစ်ဆယ် သာလွန်နေပြီ"

စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်သံများက နေရာတိုင်းမှ ထွက်ပေါ်လာနေသည်။ တိတ်ဆိတ်ငြိမ်သက်သော အကြောက်တရားက သူတို့၏စိတ်ထဲတွင် ဖြစ်ပေါ်လာနေပြီး ယွမ်ရှောင်ကို အန္တရာယ်တစ်ခုအဖြစ် ရှုမြင်နေကြ၏။

"ယွမ်ရှောင်ဆီကနေ အသူရာဝိညာဥ်တွေကို ထုတ်ယူဖို့ နည်းလမ်း မရှိတော့ဘူးလား"

"မဖြစ်နိုင်ဘူး"

လင်းလင်က အံကြိတ်၍ မေးခွန်းထုတ်လိုက်သောအခါ မျက်လုံးများ မီးဝင်းဝင်းတောက်နေသည့် လင်းချန်မှာ ခေါင်းယမ်းပြခဲ့၏။ အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သော သူ၏အိပ်မက်မှာ အဆုံးတိုင် ပျက်စီးသွားခဲ့သည်။

"လုပ်ကြံသူတွေက ဒီကောင့်ကို သတ်လိုက်တာထက်စာရင် ကျုပ်ကိုယ်တိုင် သတ်တာ ပိုပြီးသင့်တော်လိမ့်မယ်။ ဓားကောင်းကင်ရဲ့ ဂုဏ်သိက္ခာအတွက်ပေါ့"

သူက ခပ်တိုးတိုးရေရွတ်၍ အံကြိတ်ကာ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်၏။

"မလုပ်နဲ့။ မင်းအဖေရဲ့ ဒေါသက ရပ်တန့်မှာ မဟုတ်ဘူး။ မင်းက သူ့ကို လူပုံအလယ်မှာ မျက်နှာပျက်စေလို့ မဖြစ်ဘူး"

နင်ခေးက သူ၏လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်၍ တားဆီးလိုက်သည်။

"ဦးလေးနင် ကျုပ်ကို လွှတ်ပါ။ ဒီကောင်က မကြာခင် ထွက်လာတော့မယ်"

"မဟုတ်ဘူး လင်းချန်။ သူက ထွက်လာမှာ မဟုတ်ဘူး"

ထိုအချိန်တွင် နင်ရန်က အေးစက်စက်လှောင်ရယ်ပြီး အသူရာပင်လယ်ထံ ညွှန်ပြလိုက်၏။ လင်းချန်အပါအဝင် လူတိုင်း အေးခဲသွားကြပြီး မျက်နှာထားများ မင်သက်သွားကာ အသူရာပင်လယ်အတွင်းမှ ယွမ်ရှောင် ထွက်မလာခဲ့သော အကြောင်းအရင်းကို စဥ်းစားမရ ဖြစ်နေခဲ့လေသည်။

All Chapters