← Chapters

အသူရာပင်လယ်ကို ရိတ်သိမ်းခြင်း

Vol. 8 Ch. 92-ခ

အသူရာပင်လယ်ကို ရိတ်သိမ်းခြင်း

Vol. 8 Ch. 92-ခ

"အောင်မြင်ကာနီးနေပြီ။ ဒီအဆင့်ခြောက် အသူရာဝိညာဥ်ကိုသာ ရရင် ငါ့ဓားဝိညာဥ်က ကြယ်တာရာအလယ်အဆင့်ကို ရောက်သွားနိုင်တယ်။ ဒါဆိုရင် နင်ခေးက ငါ့ကို နင်ကျင်းနဲ့ သေချာပေါက် သဘောတူလိမ့်မယ်"

အပြင်ဘက်၌ အုတ်အော်သောင်းတင်းဖြစ်နေစဥ် အသူရာပင်လယ်တစ်​နေရာတွင် ဖန်ကျန်းသည် စုပ်ယူခြင်း အောင်မြင်ရန် ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်နေခဲ့သည်။ စွန်ငှက်၏အမြီးပိုင်းသာ ကျန်ရစ်သောကြောင့် သူက စိတ်လှုပ်ရှားနေပြီး ဤနေ့ရက်ကို ကြာမြင့်စွာ စောင့်ဆိုင်းနေရသောကြောင့်ဖြစ်သည်။ ဓားဝိညာဥ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၍ မျက်လုံးများမှိတ်ပြီး အာရုံစိုက်ကာ အောင်မြင်မှုကို စိတ်ကူးယဥ်နေစဥ် တစ်ခုခု ဖြစ်ပျက်သွားခဲ့သည်။

"ဘာဖြစ်သွားတာလဲ။ အသူရာဝိညာဥ်က ဘာကြောင့် လွတ်ထွက်နေရတာလဲ"

သူက အလွန်ထိတ်လန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တုန်လှုပ်သွားခဲ့သည်။ ရှေ့တည့်တည့်တွင် ယွမ်ရှောင်သည် လှောင်ပြုံးပြုံး၍ မတ်တပ်ရပ်နေကာ သူ၏ဓားဝိညာဥ်ဖြင့် စွန်၏အမြှီးပိုင်းအား ထိုးစိုက်ထားသည်။

"ဘာတွေဖြစ်နေတာလဲ။ ဒီကောင်က မဟုတ်တာ လုပ်နေတာလား။ ငါ့အောင်မြင်မှုကရော ဘယ်ရောက်သွားတာလဲ"

ဖန်ကျန်းသည် မယုံနိုင်ဟန်ဖြင့် ထပ်ကာထပ်ကာကြည့်နေစဥ် တစ်ဖက်လူက လှောင်ပြောင်နေခဲ့သည်။

"စောက်ရူးဖန်မျိုးနွယ် ကျေးဇူးပဲ"

သူက အာရုံစိုက်၍ ဆွဲယူလိုက်သော်လည်း ယွမ်ရှောင်၏ဓားအတွင်း အသူရာဝိညာဥ်သည် ရာနှုန်းပြည့် စုပ်ယူခံလိုက်ရသည်။ ၎င်းက အသံကုန်အော်မြည်ကာ ရုန်းကန်ခဲ့သော်လည်း အကျိုးမရှိပေ။ ထူးဆန်းလှသော အဖြစ်ကြောင့် ဖန်ကျန်းမှာ အသက်ရှူမှားသွားခဲ့ပြီး အရှိတရားကို နားမလည်နိုင်ခဲ့ပေ။

"ငါ့ရတနာ ဘယ်ရောက်သွားပြီလဲ"

သူက အသံတုန်တုန်ရီရီဖြင့် ရေရွတ်လိုက်သော်လည်း ဓားဝိညာဥ် စုပ်ယူထားသော စွမ်းအင်များ ပျောက်ကွယ်ကုန်သည်။

"စိတ်မကောင်းပါဘူး။ ငါ ယူလိုက်ပြီ"

ယွမ်ရှောင်၏စကားကြောင့် သူက ဒေါသူပုန်ထသွားကာ သွေးကြောများ ဖောင်းကားလာသည်။ သို့သော် ယွမ်ရှောင်က ဓားတစ်ချက် ယမ်းလိုက်သောအခါ သူ၏ဓားဝိညာဥ်မှာ ထန်ခနဲမြည်၍ အက်ကွဲသွားခဲ့သည်။

"အား နာလိုက်တာ"

ဖန်ကျန်း၏ဓားဝိညာဥ်က အပိုင်းပိုင်းအစစ ဖြစ်သွားသောကြောင့် သူ၏စိတ်က အသူတရာချောက်အတွင်း ကျရောက်သွားပုံပေါ်သည်။ တစ်ဖက်လူ၏ ကြောက်မက်ဖွယ်စွမ်းအားက သူ၏ဓားကို ပျက်စီးသွားစေကာ လေထဲတွင် မတ်တပ်မရပ်နိုင်တော့ဘဲ အသူရာပင်လယ်၏ရေပြင်အတွင်း ပြုတ်ကျသွားသည်။ အသူရာဝိညာဥ်ကို မရလိုက်ရုံသာမက ဓားဝိညာဥ်လည်း ပြိုကွဲသွားသောကြောင့် ဖန်ကျန်း၏မျက်လုံးများ မှိန်ဖျော့ကုန်သည်။

"ရှေးဟောင်းမျှော်စင်မှာ ဓားအခြေတည်ဆေးလုံးတွေ ရှိဖို့ မျှော်လင့်ပါတယ်"

ယွမ်ရှောင်က ရှေးဟောင်းမျှော်စင်၏ နောက်ထပ်ရွေးချယ်ခံတစ်ယောက်ဖြစ်သော ရှောင်ရှင်းထံ ထွက်ခွာသွားသောကြောင့် လှောင်ရယ်သံမှာ ဖြည်းဖြည်းချင်း ဝေးကွာသွားခဲ့၏။ သူမသည်လည်း ဖန်ကျန်းနှင့် တူညီပြီး အဆင့်ခြောက် အသူရာဝိညာဥ်ကို ကိုးဆယ်ရာခိုင်နှုန်းအထိ စုပ်ယူထားနိုင်ခဲ့သည်။

"နားထောင်စမ်း။ လူတစ်ယောက်က အသူရာဝိညာဥ် စုပ်ယူနေတာကို နှောင့်ယှက်ရင် ရှေးဟောင်းမျှော်စင်ရဲ့ ပြစ်ဒဏ်က သေခြင်းပဲ"

ရုပ်ရည်လှပသော်လည်း ရှောင်ယုကဲ့သို့ မောက်မာသော သူမက ယွမ်ရှောင်ကို အေးစက်စက် ခြိမ်း​ခြောက်လိုက်သည်။

"ခေါင်းထိထားပုံပဲ။ ငါ့ကို ရှေးဟောင်းမျှော်စင်က သတ်ချင်နေတာ လူတိုင်း သိပြီးသားမလား"

ယွမ်ရှောင်က ရယ်မောလိုက်ပြီး ရှေးဟောင်းမျှော်စင်ကို ဓားပင်လယ်၌ လူတိုင်း ကြောက်ရွံ့သော်လည်း ထိုအထဲတွင် မပါဝင်ခဲ့ပေ။

"နင်...."

ရှောင်ရှင်း၏စကား မဆုံးခင်မှာပင် သူက ဓားဖြင့် အသူရာဝိညာဥ်၏ လက်ကျန်အပိုင်းကို ထိုးသွင်းကာ စုပ်ယူပစ်လိုက်သည်။ သူမ၏အသူရာဝိညာဥ်က တစ်ဖက်လူ၏ ဓားအတွင်း ချက်ချင်းဝါးမျိုခံလိုက်ရသောကြောင့် မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးထွက်လာခဲ့သည်။ ထို့နောက် သူက ဓားဖြင့် လက်ပြန်တစ်ချက်ခုတ်လိုက်သောအခါ သူမ၏ဓားဝိညာဥ် ပျက်စီးသွားသဖြင့် ရေပြင်သို့ ဗွမ်းခနဲ ပြုတ်ကျသွားခဲ့၏။

"ရှင်းအာ"

ရတနာလမ်းတွင် ရှိနေသော လင်းချန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးအတွင်း အနီရောင် တောက်ပနေသည်။

"အစ်မရှင်းအာ"

လင်းလင်မှာ ကြောက်စိတ်ကြောင့် ထိုင်နေရာမှပင် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"လူတိုင်း အသူရာပင်လယ်ဝင်ပေါက်ကို လိုက်လာကြစမ်း"

ခေါင်းဆောင်ဖန်မှာ သားဖြစ်သူ ဒဏ်ရာရသွားသောကြောင့် သေရည်ခွက်ကို ပစ်ပေါက်ကာ ထိုင်ရာမှထရပ်၍ ချက်ချင်း အမိန့်ပေးလိုက်သည်။

"ဒီအမှိုက်ကောင်က ဓားဝိညာဥ်အဆင့်ကို အားကိုးပြီး သူများတွေကို အလစ်တိုက်ခိုက်တယ်။ ကောက်ကျစ်လိုက်တာ"

လင်းလင်က ဒေါသတကြီးဖြင့် ကဲ့ရဲ့လိုက်သကဲ့သို့ အသူရာလမ်းတလျှောက်မှ အော်သံများ ပြိုင်တူထွက်ပေါ်လာခဲ့သည်။

"သူက ဘာလုပ်နေတာလဲ"

"အဆင့်ခြောက် အသူရာဝိညာဥ် အားလုံးကို ဝါးမျိုမလို့လား"

သူမက တုန်လှုပ်နေပြီး အနာဂတ်အိပ်မက် ပျက်စီးသွားခြင်းအတွက် တရားခံဖြစ်သော ယွမ်ရှောင်ကို စိုက်ကြည့်နေခဲ့သည်။ ဖန်ဆင်းရှင်အင်မော်တယ်၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော သေမျိုးဘုရင်သည် သူတော်စင်တစ်ယောက် မဟုတ်သောကြောင့် အသူရာဝိညာဥ်များကို လောဘတကြီး ဝါးမျိုနေသည်။

"ယွမ်ရှောင် မလုပ်ပါနဲ့"

နင်ရန်ကိုယ်တိုင်ပင် ပါးစပ်အဟောင်းသားဖြစ်သွားကာ အသံကုန်အော်ဟစ်၍ တားမြစ်လိုက်သော်လည်း ယွမ်ရှောင် ကြားနိုင်မည် မဟုတ်ချေ။ သူမက ယွမ်ရှောင်၏လုံခြုံရေးအတွက် စိုးရိမ်နေခြင်းမဟုတ်ဘဲ မျိုးဆက်များအတွက် အရင်းအမြစ်များ မကျန်မည်ကို ပူပန်နေခြင်းဖြစ်၏။ သို့သော် သူမ၏ တစ်ဦးတည်းသော မျိုးဆက်က အသူရာဓားဂိုဏ်း၌ ရှိနေခြင်းကို မေ့လျော့နေခဲ့သည်။ ယွမ်ရှောင်က ဆက်လက်ဝါးမျိုနေပြီး ဓားတစ်ချက်ချင်းစီတွင် ထူးခြားသော စွန်ငှက်များမှာ ဝါးမျိုခံလိုက်ရသည်။ အဆင့်တစ်ဆယ်နှင့် မတူညီသည်မှာ အဆင့်ခြောက်ကို မျှော်မှန်းနိုင်သော ပါရမီရှင်များစွာ ရှိသောကြောင့် သူတို့အားလုံး၏ အိပ်မက်ကို နင်းချေလိုက်ခြင်းဖြစ်၏။

"ယွမ်ရှောင် ကောင်းကင်က မင်းကို အပြစ်ပေးလိမ့်မယ်"

"ကျေးဇူးပြုပြီး တစ်ခုလောက် ချန်ထားပေးပါ"

ခြိမ်းခြောက်သည်ဖြစ်စေ၊ တောင်းပန်သည်ဖြစ်စေ သူက အားလုံးကို လျစ်လျူရှုထားပြီး နင်ကျင်း၏ အခွင့်အရေးကိုသာ လက်လွှတ်ပေးခဲ့သည်။

"မင်းက စိတ်ကောင်းရှိတယ်"

အဆင့်ခြောက် အသူရာဝိညာဥ်ကို ဝါးမျိုရာတွင် ကိုးဆယ်ရာခိုင်နှုန်းကျော်သို့ ရောက်နေသည့် နင်ကျင်းက စိတ်ပူနေသော်လည်း သူသည် ကျော်ဖြတ်သွားကာ အဆင့်သုံးများထံ ပစ်မှတ်ပြောင်းလဲလိုက်သည်။ သူမက စိတ်အေးသွားစဥ် ယွမ်ရှောင်၏ ဓားအော်ရာအရေအတွက်က ကိုးဆယ်အထိ ရောက်နေပြီဖြစ်၏။

"ငါ့ဓားက အခု ဓားပင်လယ်မှာ ပြိုင်ဘက်ကင်းလောက်အောင် သန်မာနေပြီ။ ရပ်လိုက်သင့်ပြီလား"

"အကုန်ဝါးမျိုလိုက်ရင် အရေအတွက်တစ်ရာအထိတောင် ရောက်နိုင်တယ်။ ဘာကြောင့် ရပ်မှာလဲ ဟား ဟား"

သူနှင့် သားရဲလေးက တဟားဟားရယ်မောနေစဥ် ဒေါသတကြီးရောက်လာသော ကျင့်ကြံသူများသည် အသူရာပင်လယ်ဝင်ပေါက်တွင် ကောင်းကင်နယ်မြေ၏ တားမြစ်အစီအရင်ကြောင့် ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။ သို့မဟုတ်လျှင် ဓားဝိညာဥ်​ထောင်သောင်းချီဖြင့် တရစပ် ပစ်ခတ်ခံရပေလိမ့်မည်။

"ယွမ်ရှောင် ထွက်လာပြီး အသေခံစမ်း"

"မင်းတို့က ဒီလောက်ဖြစ်ပျက်နေရင်လည်း ငါ့ကို အပြစ်မတင်နဲ့ပေါ့ကွာ"

ဓားပင်လယ်၏ ကျင့်ကြံသူများက အော်ဟစ်ဆဲဆိုနေသောအခါ ယွမ်ရှောင်သည် ရက်စက်စွာ ပြုံးလိုက်ပြီး အရေအတွက်တစ်ရာခန့်ရှိသော အဆင့်သုံး စွန်များကို တစ်ကောင်ပြီးတစ်ကောင် ဝါးမျိုခဲ့သည်။

"ယွမ်ရှောင် နောက်ထပ်ဝါးမျိုရဲရင် မြုပ်စရာ သင်္ချိုင်းမရှိအောင် လုပ်ပစ်မယ်"

ခေါင်းဆောင်ဖန်သည် သတိပေးလိုက်ပြီး အပြင်ဘက်၌ အုတ်အော်သောင်းတင်းဖြစ်နေသော်လည်း သူက လှောင်ရယ်ရင်း မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် လူအုပ်က ဒေါသထွက်လာပြီး ဓားကိုယ်စီဖြင့် အစီအရင်ကို ထိုးဖောက်ရန် ကြိုးစားခဲ့သော်လည်း လွင့်ထွက်သွားကာ သွေးအန်ကုန်သည်။

"ယွမ်ရှောင် အသူရာဝိညာဥ်တွေက ဓားပင်လယ်အတွက် ကောင်းကင်နယ်မြေရဲ့ လက်ဆောင်ပဲ။ ဓားပင်လယ်ရဲ့ မျိုးဆက်တွေကို အရင်းအမြစ်မရှိအောင် လုပ်ရဲရင် ခေါင်းဆောင်တောင် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

ဓားကောင်းကင်၏ ကျင့်ကြံသူများက ခြိမ်းခြောက်လိုက်သော်လည်း သူတို့၏ဒေါသကို ယွမ်ရှောင်က ပြက်ရယ်ပြုလိုက်သည်။

"မှားတယ်။ ကောင်းကင်နယ်မြေက လူတစ်ယောက်တည်းဟာ အသူရာဝိညာဥ်တွေကို ဝါးမျိုခွင့်မရှိဘူးလို့ ပြောမထားဘူး။ ငါတစ်ယောက်တည်းက မင်းတို့ထက် ပါရမီရှိနေတာကတော့ မတတ်နိုင်ဘူး"

သူက ကျင့်ကြံသူပေါင်းများစွာနှင့် ရင်ဆိုင်နေရသော်လည်း အဆင့်သုံး အသူရာဝိညာဥ်အားလုံးကို ရဲရင့်စွာ စုပ်ယူသန့်စင်ခဲ့သည်။

"ဓားပင်လယ်မှာ အဆင့်မြင့် အသူရာဝိညာဥ်တွေ မရှိတော့ဘူး။ အနာဂတ်အတွက် စိုးရိမ်စရာပဲ"

စိတ်ပျက်လက်ပျက် အော်ဟစ်သံများ ပဲ့တင်ထပ်နေပြီး အဆင့်သုံးနှင့်အထက်ကို ပါရမီရှင်များသာ စုပ်ယူနိုင်သောကြောင့် အဆင့်မြင့်ဟု သတ်မှတ်ထားသည်။ အဆင့်တစ် အသူရာဝိညာဥ်များကမူ အရေအတွက်တစ်သောင်းကျော် ရှိသော်လည်း သာမန်ထူးချွန်သူများပင် ဝါးမျိုနိုင်သည်။ အဆင့်တစ် အသူရာဝိညာဥ်တစ်ခုကိုသာ ဝါးမျိုဖူးသော လင်းလင်အတွက် အဆင့်မြင့်ဝိညာဥ်များ မရှိတော့ပေ။ သူမက ယွမ်ရှောင်ကို ထပ်ကာထပ်ကာ လှောင်ပြောင်နေသော်လည်း တစ်ကွက်တည်းဖြင့် ရူးသွပ်မတတ် ခံစားလိုက်ရသည်။

"ယွမ်ရှောင် မင်း သေရမယ်"

"ဒီလောက်လေးနဲ့ မင်းတို့က ဒေါသထွက်နေပြီလား။ မလောပါနဲ့၊ နောက်ထပ်လာဦးမယ်"

သတ်ဖြတ်လိုစိတ်ဖြင့် အော်ဟစ်လိုက်သော အသံပေါင်း ထောင်ချီနေသော်လည်း ယွမ်ရှောင်က အေးစက်စက်ပြုံးလိုက်သည်။ သူ၏စကားကြောင့် ထိုလူများမှာ ကျောရိုးတလျှောက် ကြောက်စိတ်များ ဆောင့်တက်သွားကာ အသံကုန် တားမြစ်လိုက်ကြသည်။

"မလုပ်ပါနဲ့"

ယွမ်ရှောင်၏ဓားပျံက အဆင့်တစ် အသူရာဝိညာဥ်များထံ ပျံသန်းသွားကာ ၎င်းတို့သည် တဂီးဂီးအော်မြည်၍ ဘက်ပေါင်းစုံသို့ ထွက်ပြေးလိုက်ကြသည်။

"မင်းတို့က အစ်ကိုကြီးကို ရန်စရဲမှတော့ ဓားပင်လယ်မှာ ဘာမှမကျန်လောက်ဘူး"

"ဖန်ဆင်းရှင် ဒေါသထွက်သွားရင် မြက်တစ်ပင်တောင် မကျန်အောင် ဝါးမျိုခံရလိမ့်မယ်"

ကြယ်ပြာနှင့် လနီက ပြိုင်တူ ရယ်မောနေခဲ့ကြလေသည်။

All Chapters