နဂါးဘုရင်အဆင့်
Vol. 8 Ch. 99
‘ကြွက်ရဲ့ ယုံကြည်မှုကို ရဖို့အတွက် ရှင်က နေလနတ်ဓားသိုင်း၊ခေါင်းဆောင်တွေရဲ့သီးသန့်ကျင့်စဉ်ကိုတောင် ပေးခဲ့တယ်။ ကြယ်ပွင့်အဆင့် ဓားဝိညာဉ်ကို သေချာပေါက် ရလိမ့်မယ်’
ရှောင်ယုက မျက်လုံးလှန်ကြည့်၍ ပြောလိုက်သည်။ အမှန်တကယ်၌ ဤရက်များအတွင်း လင်းချင်းဖန်၏ လုပ်ရပ်များကြောင့် သူမပင် အရူးလုပ်ခံရလုနီးပါးပင်။ သို့သော် နှစ်ပေါင်းများစွာ ပေါင်းသင်းလာသောကြောင့် သူမက မူမမှန်ကြောင်းရိပ်မိခဲ့သည်။ လူငယ်ဘဝတွင် တက်ကြွ၍ ကောင်းကင်ကိုပင် စိန်ခေါ်ဝံ့သော လင်းချင်းဖန်က ရှေးဟောင်းမျှော်စင်ကို စိန်ခေါ်လျှင် အဓိပ္ပါယ်ရှိသော်လည်း လက်ရှိ၌ သူက ဓားရိုးအဆိပ်ကို ခံစားနေရသည့်အတွက် သီးသန့်ပုန်းအောင်းနေရသည်ဖြစ်ရာ မည်ကဲ့သို့ ရန်စရဲမည်နည်း။
‘နေလနတ်ဓားသိုင်းလား ငါက သူ့ကို အပေါ်ယံ တစ်ပိုင်းတစတည်း ပေးခဲ့တာလေ။ အမြင်အားဖြင့် အစွမ်းထက်ပေမယ့် ဟန်ပြသက်သက်ပါပဲ’
သူက လှောင်ရယ်လိုက်သောကြောင့် သူမကိုပင် အံ့ဩသွားစေခဲ့သည်။
‘ရှင်က တော်တော်ဉာဏ်များတာပဲ၊ အသက်ငယ်တော့တာလည်း မဟုတ်ဘူး။ ခေါင်းထဲမှာ အကြံပေါင်းစုံ ပြည့်နှက်နေတာပေါ့။ သူများရဲ့ ဓားဝိညာဉ်ကိုတော့ လိုချင်ပြီး သိုင်းကျမ်းလေးတစ်ခုတောင် အပြည့်အစုံ မပေးလိုက်ဘူး။ သုံးရက်အတွင်း သူတတ်ကျွမ်းသွားမှာကို ကြောက်နေတာလား’
‘မကြောက်ဘူး။ ဒါပေမယ့် ငါအလုပ်လုပ်ရင် ဟာကွက် မရှိစေရဘူး’
ခေါင်းဆောင်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
‘ရှင် သရုပ်ဆောင်ကောင်းလွန်းတော့ ဓားပင်လယ်တစ်ခုလုံးမှာ ပါရမီရှင်ကို ချစ်မြတ်နိုးတဲ့ ခေါင်းဆောင်လို့ ကျော်ကြားနေပြီ’
‘စောက်ရူးတွေ ငါက ငါ့မိသားစုနဲ့ ကိုယ့်ကိုကိုယ်ပဲ ချစ်တယ်။ ဘဝမှာ လုပ်စရာဒီလောက်များနေတာကို သူစိမ်းတစ်ယောက်အတွက် ငါက ဘာကြောင့် အားကုန်ခံရမှာလဲ။ တကယ်လို့ ဒီကောင်က ရှေးဟောင်းမျှော်စင်နဲ့ တိုက်ခိုက်ဖို့ ကူညီပေးရင်တောင် ဓားကောင်းကင်ရဲ့ မျိုးနွယ်အမည်က လင်းမဟုတ်ဘဲ ယွမ်ဖြစ်သွားလိမ့်မယ်’
သူက နှာခေါင်းရှုံ့၍ ရေရွတ်လိုက်ပြီး အပြင်လူများက အပြင်လူများသာဖြစ်၏။ သွေးဖြင့်ဆက်နွယ်သူများက သူ၏အပေါင်းအပါများဖြစ်ကာ ယွမ်ရှောင်သည် ဓားဝိညာဥ်စမ်းသပ်ပွဲမှာ အလိမ်အညာဖြစ်ကြောင်း ထင်ထားမည်မဟုတ်ချေ။ ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်မှာ သူခိုးနှင့်ဓားပြပမာ တွဲဖက်ညီလှပြီး အားလုံးက ဆွေမျိုးမကင်းကြပေ။
"မင်းပြောတာ မှန်တယ်"
အိမ်အပြင်ဘက်မှ ခပ်အုပ်အုပ်စကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ညအမှောင်အောက်တွင် ပုံရိပ်တစ်ခု ပေါင်းစပ်ရောက်ရှိနေ၏။ သူ၏မျက်လုံးများက နက်မှောင်၍ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ထင်မှတ်ရပြီး ချီစွမ်းအင်များသည် တစ်ကိုယ်လုံးကို နဂါးနက်ကြီးပမာ လွှမ်းခြုံနေ၏။
"အစ်ကိုလား"
ရှောင်ယု၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပကုန်သည်။
"ငါက ညီလေးဖန်နဲ့အတူ သောက်ဖို့ ရောက်လာတာ"
"ညီမလေးက သေရည် သွားယူပေးမယ်"
အခန်းအတွင်း၌ အနက်ရောင်ဆံပင်လူနှင့် ဆံဖြူလူက မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
"ဆယ်နှစ်ကြာပြီးတဲ့နောက် လွတ်မြောက်တော့မှာဖြစ်လို့ ဂုဏ်ပြုပါတယ်"
ရှောင်တန်းက သေရည်ခွက်ကို မြှောက်ပြလိုက်သည်။
"အစ်ကိုတန်း ကျုပ်တို့ညီအစ်ကိုတွေအတွက် သေရည်ခွက်တစ်ထောင်သောက်လည်း မတင်းတိမ်သင့်ဘူး။ သောက်ပါ"
ဓားပင်လယ်၏ ခေါင်းဆောင်နှစ်ယောက်က ခွက်ချင်းတိုက်၍ မော့သောက်လိုက်ကြ၏။
လေနားဆင်အိမ်တော်အတွင်း ယွမ်ရှောင်သည် ရှေးဟောင်းခေါင်းတလားအတွင်း ရောက်ရှိနေပြီး မူလအမြုတေနောက်ပိုင်းအဆင့်အထိ ကျင့်ကြံခဲ့သည်။ သူက ဓားပင်လယ်၏မျိုးနွယ်သုံးခုကို ဓားပြတိုက်ခဲ့ပြီး စိတ်ကျောက်တုံးနှစ်သန်းခန့် ပွပေါက်တိုးခဲ့သဖြင့် နှစ်နာရီကြာကျင့်ကြံလိုက်ရုံဖြင့် မူလအမြုတေကို သုံးဆ ကြီးမားလာစေခဲ့သည်။ သို့သော်လည်း သူအဆင့်တက်လာသည်နှင့်အမျှ အရင်းအမြစ်လိုအပ်ချက်က ကြီးမားလားခဲ့ကာ တွင်းနက်ကြီးအလား အဆုံးမရှိပေ။
"ကျင့်ကြံရေးလမ်းကြောင်းမှာ လူသတ်ဓားပြတိုက်တာက ဒီလောက်အကျိုးရှိပြီး ထိရောက်တာလား"
"အစ်ကိုကြီး မင်း ဘာတွေ အတွေးပေါက်နေပြန်ပြီလဲ"
"ငါ နည်းနည်း စိတ်လေးနေတယ်"
"ကျင့်ကြံခြင်းအစောပိုင်းမှာ ချီစွမ်းအင်စုဆောင်းဖို့က အရေးကြီးတယ်။ နဂါးဘုရင်အဆင့်အထိ အတူတူပဲ။ မင်းက ဒီထက်အဆင့်တက်လာမှသာ ကောင်းကင်နိယာမတွေကို နားလည်ဖို့ လိုအပ်ပြီး ခက်ခဲလိမ့်မယ်။ အခုကတော့ အဆင့်တက်ဖို့သာ အာရုံစိုက်ထား "
ကြယ်ပြာက ရှင်းပြလိုက်ခြင်းဖြစ်သည်။ အဆင့်တက်မြန်လွန်းခြင်းက ပြဿနာတစ်ခုခု ရှိမည်ကို ယွမ်ရှောင်က စိုးရိမ်နေသောကြောင့်ပင်။
"တကယ်လို့ မင်း အဆင့်တက်ပြီး တစ်ခုခုဖြစ်သွားရင်လည်း ငါတို့ လွတ်မြောက်သွားတာပေါ့"
ကြယ်ပြာက ဤသို့စနောက်လိုက်သောကြောင့် သူ့ကို ဆွံ့အသွားစေခဲ့သည်။ ဓားပင်လယ်သို့ရောက်ပြီး နှစ်ရက်အကြာတွင် သူက အဆင့်နှစ်ဆင့်တက်နိုင်ခဲ့ပြီး ငွေညှစ်နိုင်ခဲ့သည့်အပြင် ကျောက်ရန်ရန်အတွက် လက်ဆောင်ဝယ်နိုင်ခဲ့၏။
"ဘဝက ကြောက်စရာမရှိရင် ပျင်းစရာကောင်းမှာပဲ။ နေ့တိုင်းရုန်းကန်နေရမှ အဓိပ္ပါယ်ရှိတယ်။ ဖန်ဆင်းရှင် အင်မော်တယ်ခန္ဓာကိုယ်ကို ရထားပြီးမှတော့ ဘာကြောက်နေရမှာလဲ။ ငါ တစ်ခါ သေဖူးပြီးပြီ။ ငါ့လမ်းမှာ လာရှုပ်ရင် အင်မော်တယ်ဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် သတ်ပစ်မယ်"
ဤအတွေးကြောင့် ယွမ်ရှောင်က စိတ်ဓာတ်တက်ကြွလာစဥ် ကြယ်ပြာက တစ်ချက်ပြုံး၍ နှလုံးစားဂူကောင်အကြောင်း စကားစလိုက်သည်။ သူက လှောင်ရယ်လိုက်ပြီး သိုင်းကျမ်းကို ကောက်ယူကာ ကျိန်ဆဲလိုက်သည်။
"စောက်အဘိုးကြီး ငါ့ကို မကောင်းကြံချင်နေတာတောင် သိုင်းကျမ်းအပြည့်အစုံ မပေးလိုက်ဘူး"
သူက ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် တစ်ခုခုမှားယွင်းနေကြောင်း နားလည်နိုင်ခဲ့ပြီး ကျင့်ကြံမိလျှင် ကိစ္စတုံးသွားနိုင်သည်။ ရဲတန်းစီနှင့် လင်းချင်းဖန်ကဲ့သို့ လူများက ဟန်ဆောင်ကောင်းသကဲ့သို့ ကောက်ကျစ်ယုတ်မာကြ၏။
"ဒါပေမယ့် ငါက ဒါကို သိုင်းကျမ်းအပြည့်အစုံဖြစ်အောင် ဖြည့်တွေးနိုင်တယ်။ ပိုပြီးတောင် အစွမ်းထက်လာစေရမယ်"
"မင်းက တကယ့်ပါရမီရှင်ပဲ"
ယွမ်ရှောင်၏စကားက ကြယ်ပြာကိုပင် အံ့သြသွားစေကာ အစစ်အမှန်ပါရမီရှင်၏ အစွမ်းမျိုးအား မြင်လိုက်ရ၏။ အသက်တစ်ရှိုက်အတွင်း သူက သိုင်းကျမ်းကို ဖတ်ကြည့်လိုက်ပြီး နားလည်သွားကာ ကြယ်ပွင့်အဆင့် ဓားသိုင်းဖြစ်သော်လည်း သင်ယူရန် ခက်ခဲမနေခဲ့ပေ။ ကြယ်ပြာနှင့် လနီသည် ဤလူငယ်က သူတို့ထင်ထားသည်ထက် ပို၍ကြောက်စရာကောင်းလောက်အောင် ထူးချွန်သောကြောင့် မင်သက်နေစဥ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။ သူက အခေါင်းကို ပြန်လည်သိမ်းဆည်း၍ အခန်းတံခါးဖွင့်လိုက်သောအခါ လရောင်အောက်တွင် လင်းလင်အား မြင်လိုက်ရသည်။
"ဘာပြောစရာရှိလို့လဲ"
"နေကျောက်စိမ်းနန်းဆောင်မှာ လူတိုင်းက နင့်အကြောင်း ပြောနေတယ်။ သူတို့က နင့်ကို ကြောက်လန့်ပေမယ့် ရှေးဟောင်းမျှော်စင်နဲ့ သူသေကိုယ်သေ မတိုက်ခိုက်ချင်ကြဘူး။ အဘိုးနင်က နင့်ကို ကာကွယ်ပေးဖို့အတွက် ညှိုနှိုင်းဖို့ တောင်းဆိုပေးခဲ့တယ်"
လင်းလင်၏စကားမှာ ယွမ်ရှောင်ကို အံ့သြသွားစေကာ ဓားကောင်းကင်၏ ဟန်ဆောင်မျက်နှာဖုံးများအကြားတွင် သူ့ကို ကာကွယ်ရန်အတွက် နင်မျိုးနွယ် ကြိုးစားနေသောကြောင့်ပင်။
"နင်က ဘာကြောင့် ငါ့ကို ဒီအကြောင်းလာပြောတာလဲ"
"ငါ နင့်ကို တောင်းပန်ချင်လို့ပါ။ ချူရန်ရဲ့ အလိမ်အညာကြောင့် ဖြစ်သွားတာပါ။ အခု ပြန်စဥ်းစားကြည့်တော့ အဖေ့လုပ်ရပ်ကလည်း မမှားပါဘူး"
လင်းလင်က ခေါင်းငုံ့၍ တောင်းပန်လိုက်သည်။
"မင်းအဖေက တကယ့်ကို အကျဥ်းအကြပ်ထဲ ရောက်နေတာလေ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ သူ့အဓိပ္ပါယ်နှင့်သူ ရေရွတ်လိုက်သည်။
"ငါတောင်းပန်တာကို လက်ခံလား"
"လက်ခံတယ်။ ငါ့အတွက် နင့်လိုမိန်းမတစ်ယောက် ဘာပြောပြော အရေးစိုက်စရာ မလိုဘူး"
"ဝုန်း ဗွမ်း"
ထို့နောက် သူက ဤမိန်းမကို အရေးမစိုက်လိုသောကြောင့် ရေကန်အတွင်း ဆောင့်ကန်ထုတ်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။
"ပေအာ ချန်အာ လုံအာ"
ဘိုးဘေးခန်းမသို့ နောက်တစ်ရက်တွင် ရောက်လာခဲ့သော လင်းချန်သည် ခေါင်းပြတ်သုံးလုံးကို မြင်လိုက်ရသဖြင့် တုန်ရီသွားခဲ့သည်။ သူက တရားခံကို သတ်ဖြတ်ရန် လိုက်ရှာနေစဥ် နင်ကျင်းသည် မြေပြင်ရှိ နာမည်တစ်ခုကို ကြောက်ကြောက်လန့်လန့် ညွှန်ပြခဲ့သည်။ ယွမ်ရှောင်ဆိုသော အမည်ကြောင့် သူ၏မျက်နှာက မည်းနက်သွားကာ ဓားကို ချက်ချင်းဆွဲထုတ်၍ လေနားဆင်အိမ်တော်ထံ ချီတက်သွားခဲ့၏။ ထိုအချိန်၌ နေကျောက်စိမ်းနန်းဆောင်တွင် ဓားကောင်းကင်၏ ထိပ်တန်းအကြီးအကဲများ ခေါင်းချင်းရိုက်၍ ဆွေးနွေးနေကြသည်။
"ဓားပင်လယ်တစ်ခုလုံးရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် ယွမ်ရှောင်ကို သတ်မယ်။ မဟုတ်ရင် အသူရာပင်လယ်ကိစ္စအတွက် ဓားကောင်းကင်က ခေါင်းခံရလိမ့်မယ်"
လင်းချင်းဖန်၏ ဦးလေးနှစ်ဖြစ်သော အဘိုးကြီးလင်းက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
"ဓားအော်ရာတစ်ရာ မူလအမြုတေ အခြေတည်အဆင့် တိုက်ခိုက်နိုင်စွမ်း နဂါးဘုရင်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းအလို ဒီလိုပါရမီရှင်မျိုးကို ကောင်းကင်နယ်မြေကတောင် တန်ဖိုးထားတယ်။ သူရှိနေသရွေ့ ငါတို့က ရှေးဟောင်းမျှော်စင်နဲ့ ပခုံးချင်းယှဥ်နိုင်လာမှာ၊ ဒါကြောင့် သတ်လို့မဖြစ်ဘူး"
အဘိုးနင်က ယုံကြည်မှုမရှိသော်လည်း ကာကွယ်ပြောဆိုလိုက်သည်။
"အဘိုးကြီး မနေ့က မင်းပြောတာ ဒီလိုမဟုတ်ပါဘူး"
ဦးလေးလင်းက ဒေါသဖြင့် အော်ဟစ်လိုက်သည်။
"ဦးလေးနှစ် ရတနာလမ်းကိစ္စကြောင့် သူ့ကို အခွင့်အရေးတစ်ခုလောက် ပေးသင့်တယ်။ ယွမ်ရှောင်က ရှေးဟောင်းမျှော်စင်နဲ့ ပြဿနာရှိတယ်ဆိုရင်တောင် ကိုယ်ရေးကိုယ်တာ ရန်ကြွေးကြောင့် သတ်လို့ မသင့်တော်ဘူးလေ။ ငါပြောချင်တာက ရက်နည်းနည်းလောက် စောင့်ကြည့်လိုက်ပါ။ ရဲကုရင်နဲ့ ယွမ်ရှောင်က ရန်ကြွေးရှိတယ်ဆိုရင် အချင်းချင်း တိုက်ခိုက်ကြပါစေ၊ ငါတို့ ဝင်မပါဘူး"
အဘိုးနင်က နင်ခေးနှင့် အကြည့်ချင်းဖလှယ်ကာ အချက်ပြလိုက်သည်။
"ရက်နည်းနည်းလောက် စောင့်တာက ဓားကောင်းကင်အတွက် ဘာမှမဖြစ်နိုင်ပါဘူး။ ယွမ်ရှောင် ဘယ်လောက်ဝေးဝေး သွားနိုင်မယ်ဆိုတာ ကျုပ်တို့ စဥ်းစားသင့်တယ်"
နင်ခေးက ဝင်ပြောလိုက်ခြင်းဖြစ်ပြီး ချူရန်၏ အဖြစ်ဆိုးကြောင့် ကြားနေသဘောမျိုး ရပ်တည်ရန် ဆုံးဖြတ်ထား၏။
"ဒီရက်အနည်းငယ်အတွင်းမှာ လင်းချင်းဖန် ဘာတွေလုပ်မယ်ဆိုတာ ငါတို့ မသိနိုင်ဘူး"
ဦးလေးလင်းက သက်ပြင်းချလိုက်၏။
"ဘယ်လိုဖြစ်ဖြစ် သူက ရှေးဟောင်းမျှော်စင်နဲ့ သူသေကိုယ်သေ တိုက်ခိုက်မှာ မဟုတ်ဘူး။ လူငယ်တွေရဲ့ ပြဿနာကို သူတို့ဘာသာ ဖြေရှင်းပါစေ။ နင်မျိုးနွယ်က ယွမ်ရှောင်ကို ကာကွယ်ပေးနေတာ မဟုတ်ဘူး။ ရှေးဟောင်းမျှော်စင်ရဲ့ ဖိအားကြောင့် အဖိုးတန်တပည့်တစ်ယောက်ကို မသေစေချင်ရုံသက်သက်ပဲ"
နင်ခေးက သုံးသပ်ပြလိုက်၏။
"မင်းက သူ့ကို ပါရမီရှင်လို့ တတွတ်တွတ်ပြောနေပြီး သူ့ဘက်က မဟုတ်ဘူးတဲ့လား"
မုရုံအဘိုးကြီး မုရုံလီက အေးစက်စက် ထောက်ပြလိုက်သည်။
"လင်းချန် ၊ရဲကုရင်နဲ့ ချန်ရီကလွဲရင် ဘယ်ပါရမီရှင်က ရှောင်ဟီနဲ့ ခေါင်းဆောင်ဖန်ကို သတ်နိုင်လို့လဲ"
နင်ခေး၏စိတ်အတွင်း ထိုမြင်ကွင်းကို စွဲစွဲမြဲမြဲ မှတ်မိနေသည်။ ထိုအချိန်၌ နင်ကျင်းသည် ဓားပျံကိုစီးနင်း၍ တရကြမ်း ဝင်ရောက်လာသောကြောင့် ပရိဘောဂများ ဖရိုဖရဲ ဖြစ်ကုန်သည်။
"နင်ကျင်း ဘာတွေဖြစ်နေတာလဲ"
အဘိုးနင်က မြေးဖြစ်သူကို အော်ငေါက်လိုက်၏။
"နင်ပေ မုရုံချန်နဲ့ လင်းရှောင်လုံက ဘိုးဘေးခန်းမထဲမှာ အသတ်ခံထားရတယ်"
သူမက တုန်တုန်ရီရီနှင့် အကြောင်းစုံ ရှင်းပြလိုက်လေသည်။