← Chapters

တစ်ယောက်မှ အသက်ချမ်းသာမပေးနဲ့

Vol. 52 Ch. 711

တစ်ယောက်မှ အသက်ချမ်းသာမပေးနဲ့

Vol. 52 Ch. 711

ဖုံးကွယ်နဂါးဂိုဏ်းသည် အင်မော်တယ်ပြည်ထောင်ရှိ ဂိုဏ်းကြီးသုံးခုထဲမှ တစ်ခုဖြစ်သည်။ ထိုဂိုဏ်းက အင်မော်တယ်ပြည်ရှိအဆုံးမဲ့နဂါးငွေ့တန်းတွင် ကြီးမားသော နယ်မြေတစ်ခုကို အုပ်စိုးထားသည်။ ဂိုဏ်းတွင် နက်နဲသော သမိုင်းကြောင်းရှိပြီး ကျင့်ကြံခြင်းဂြိုလ်များစွာ ပိုင်ဆိုင်ထားသည်။ ထို့ပြင် အင်မော်တယ်ဂိုဏ်းများကြားတွင် ကျော်ကြားလေသည်။

မာန်ပြည်ထောင်ရှိဖုံးကွယ်နဂါးဂိုဏ်းသည် ဂိုဏ်းခွဲတစ်ခုမျှသာဖြစ်သည်။ ဂိုဏ်းခွဲတစ်ခုမျှသာဖြစ်သော်လည်း ကောင်းကင်တာအိုမြူခိုးဂိုဏ်းနှင့်ပေါင်း၍ နှစ်ပေါင်းများစွာ ခြေကုတ်ယူထားလေသည်။ ထို့ပြင် ဖုံးကွယ်နဂါးဂိုဏ်းက အရှေ့မြေရိုင်းနယ်မြေရှိ ဝိညာဉ်စွမ်းအားအထူထပ်ဆုံးနေရာများကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုနယ်မြေမှာ လီတစ်သိန်းနီးပါးအကျယ်အဝန်းရှိသည်။ သာမန်ကာလျှံကာကြည့်လိုက်လျှင် ‌ရိုးရိုးမြေတစ်ကွက်သာဖြစ်ပြီး လူတို့၏အာရုံကို ဖမ်းစားနိုင်စွမ်း မရှိပေ။ထိုမြေနေရာကို လူသူကင်းမဲ့သောနေရာတစ်ခုကို ဖြတ်သန်းသွားသကဲ့သို့ လွတ်လပ်စွာ ဖြတ်သန်းသွားနိုင်သည်။

ဤနေရာသည် ဖုံးကွယ်နဂါးဂိုဏ်း၏တည်နေရာဖြစ်ကြောင်း သိသော်လည်း သူတို့ကို မမြင်နိုင်၊ မထိနိုင်ပေ။ နဂါးဂိုဏ်း၏ တပည့်တစ်ဦး၏ ခြေရာတစ်ချက်ကိုပင်ရှာမတွေ့နိုင်ပေ။

ဘယ်လိုပဲကြည့်ကြည့် သာမာန်မြေနေရာတစ်ခုကိုသာ မြင်ရမည်။

ထိုစဥ် မာန်ကျင့်ကြံသူလေးသိန်းတို့က နဂါးဂိုဏ်း၏နယ်‌မြေ၏အထက်ကောင်းကင်ယံကို သိမ်းပိုက်လိုက်သည်။

သူတို့ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာသော လူသတ်အငွေ့အသက်များက ကောင်းကင်ကို မှောင်မိုက်သွားစေပြီး မနှစ်မြို့စရာကောင်းသော လေထုကိုထုတ်လွှတ်နေလေသည်။

စုမင်၏ အကြည့်များသည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ သူ့အမူအရာက ငြိမ်သက်နေပြီး သူ့မျက်နှာရှိ ခံစားချက်များကို မည်သူမှ မမြင်နိုင်ပေ။

“မာန်နတ်ဘုရားသခင်..ဒါက ဖုံးကွယ်နဂါးဂိုဏ်းရှိတဲ့နေရာပါ..”

စုမင်၏အနားမှာ ရပ်နေသူက ကောင်းကင်မြူခိုးဂိုဏ်းမှဖြစ်ပြီး သွေးမျိုးဆက်ကို လိုလားစွာ ပြောင်းလဲခဲ့သူဖြစ်သည်။ ထိုသူက ဖြူဖျော့ဖျော့မျက်နှာနှင့်လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူ့အသံက တုန်ခါနေရုံမက သူ့နှလုံးသားက ကြောက်လန့်နေခဲ့သည်။ မြူခိုးဂိုဏ်း၏ပျက်စီးခြင်းကို မျက်မြင်တွေ့ခဲ့ရပြီး သူ၏ဂိုဏ်းဝင်အားလုံး သေဆုံးသွားသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် သူက ဒေါသထွက်နေသောမာန်ကျင့်ကြံသူများရှေ့တွင်ရပ်နေရသောကြောင့် သေးထွက်မတတ်ထိတ်လန့်နေလေသည်။ ထိုသူ၏ဘေးနားတွင်ရပ်နေသူမှာ ဖန်းမျိုးနွယ်စု၏အဘိုးအိုမန်ယာဖြစ်သည်။

“အရင်တုန်းက ဒီနိမ့်ကျတဲ့လူဟာ ဂိုဏ်းထဲက အကြီးအကဲတစ်ချို့နဲ့ ဒီနေရာကို လာဖူးပါတယ်..ဒီနေရာက အရင်ကလိုမဟုတ်တော့ဘူး..အရင်က မျောလွင့်နန်းတော်ကြီးတွေအများကြီးရှိတယ်ဆိုတာ ကျုပ် မှတ်မိတယ်..ဒီနေရာမှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ တည်ရှိမှုကို တစ်ခါမြင်ဖူးတာနဲ့ ဘယ်တော့မှမေ့မှာမဟုတ်တော့ဘူး...”

မြူခိုးဂိုဏ်းတပည့်က ထိုစကားများပြောပြီးနောက် အဘိုးအိုမန်ယာက တစ်ခုခုကိုသိနေသလိုမျိုး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ သူ့ရယ်မောခြင်းက မြူခိုးဂိုဏ်းတပည့်ကို ကြက်သီးတဖြန်းဖြန်းထစေလေသည်။ ထို့နောက် အဘိုးအိုမန်ယာက စုမင်အား ဖုံးကွယ်နဂါးဂိုဏ်းနှင့်ပတ်သတ်၍သူ့အတွေ့အကြုံများကို ပြန်ပြောပြနေလေသည်။

“မာန်နတ်ဘုရားသခင်..ကျုပ်ကတခြားသူတွေထက် ဖုံးကွယ်နဂါးဂိုဏ်းနဲ့ ပိုပြီးဆက်ဆံဖူးတယ်..ဒီဂိုဏ်းက ပုန်းလျှိုးတဲ့နေရာမှာ ကျွမ်းကျင်တယ်..သူတို့ဂိုဏ်းနာမည်မှာပါတဲ့ “ဖုံးကွယ်”...နဲ့ “နဂါး” ဆိုတဲ့စကားလုံးတွေက ဘယ်လိုအရည်အချင်းတွေပိုင်ဆိုင်မလဲ‌ဆိုတာ ပြောပြထားပြီးသားပါ...”

“ဒါ့အပြင် ဖုံးကွယ်နဂါးမှာ အရင်းအမြစ်တွေ အများကြီးရှိတယ်.. သူတို့က မာန်ပြည်ထောင်မှာရှိတဲ့ အင်မော်တယ်ဂိုဏ်းတွေထဲမှာ အချမ်းသာဆုံးဂိုဏ်းပြောလို့ရတယ်...”

မန်ယာက စုမင်နှင့်စကားပြောနေရင်း သူ့အောက်က လွင်ပြင်များကို ငုံ့ကြည့်နေလေသည်။

စုမင်လည်း လွင်ပြင်ကို ငေးကြည့်ရင်း

စကားပြန်ပြောလိုက်သည်။

“ကျုပ်တို့ ဒီဂိုဏ်းကို ဖျက်ဆီးပြီးရင် ခင်ဗျားကိုပေးမယ်...ခင်ဗျားရဲ့မျိုးနွယ်စုတွေ ဒီနေရာမှာအခြေချပြီး တိုးတက်ချမ်းသာအောင်လုပ်ပါ...”

အဘိုးအိုက ထိုစကားကိုကြားလိုက်သော် သူ့မျက်လုံးများက ဖျတ်ခနဲ လင်းလက်လာသည်။ သူက သူ့မျိုးနွယ်စုတွင် စွမ်းအားအကြီးဆုံးကျင့်ကြံသူဖြစ်ပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်အောင်မြင်ခဲ့သူဖြစ်သည်။ ထို့ပြင် သူက သူ့မျိုးနွယ်စုဝင်များကို ပို၍ပင် သန်မာလာစေရန် အမြဲဆန္ဒရှိခဲ့သည်။ ဖုံးကွယ်နဂါးဂိုဏ်းက ဤနေရာကို ရွေးချယ်ရခြင်းမှာ မျိုးနွယ်စုတစ်ခုအတွက် ‌ရှင်သန်နေထိုင်ရန် အသင့်တော်ဆုံးဖြစ်သောနေရာတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။

‌

ချီလေ့ထျန်းက ‌စောစောက သိမ်းပိုက်ခဲ့‌သည့်တိမ်လွှာမြူခိုးဂိုဏ်းနေရာကို ရရှိခဲ့သည်။ ထိုအချိန်တွင် အဘိုးအိုမန်ယာက သူ့ကို မနာလိုခဲ့ရသည်။ သို့သော် ယခု စုမင်၏စကားကိုကြားသော် သူ့နှုတ်ခမ်းကို သပ်ကာ ချက်ချင်းရယ်မိသွားသည်။ သူ့မျက်နှာမှာ သူဧ။်ညစ်‌နေသော အဝါရောင်သွားများကြောင့် ရက်စက်ကြမ်းကြုတ်သည့်အသွင်ပေါ်လာသည်။

မန်ယာ၏နောက်တွင် ထျန်းချီ၊ ဝူရွှမ်းနှင့်ရွှယ်ရှတို့ရှိသည်။ သူတို့က ခါတိုင်းလို ငြိမ်သက်နေသော်လည်း သူတို့၏ နှလုံးသားများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။သူတို့ စုမင်တွေးနေသောအရာများကိုပင် ခန့်မှန်းနိုင်လေသည်။အရှေ့မြေရိုင်းနယ်မြေရှိအင်မော်တယ်ဂိုဏ်းအားလုံးကို ဖျက်ဆီးလိုက်လျှင် ထိုဂိုဏ်းများတည်ရှိရာနေရာများက မာန်မျိုးနွယ်စုကြီးများ၏ နယ်မြေဖြစ်လာမည်ဖြစ်သည်။

“နတ်ဆိုးဝိညာဉ်ဂိုဏ်းကို ထျန်းချီကိုပေးမယ်.. နတ်ဆိုးရာဂဂိုဏ်းကို ဝူရွှမ်းယူလိုက်.. နတ်ဆိုးအင်မော်တယ်ဂိုဏ်းကိုကျတော့ ရွှယ်ရှ ယူလိုက်..ခင်ဗျားတို့ရဲ့မျိုးနွယ်စုတွေကို တိုးတက်အောင်လုပ်ပါ...”

စုမင်က ခေါင်းကို လှည့်ကာ မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်ပြီးသောကျင့်ကြံသူများနှင့်အသက်လမ်းကျင့်စဉ်သို့တက်လှမ်းမည့်သူများကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်မှအသက်လမ်းကျင့်စဉ်အငွေ့အသက်များက မထင်မရှားသာ ထွက်ပေါ်လာသေးသည်။

စုမင်က သူ့ကို ရှိခိုးရန် အရပ်ရပ်ကနေ အပြေးအလွှား ပြေးလာကြသောဤလူများ၏နာမည်ကို သိပြီးသားဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယခင်က သူသိလာခဲ့သည့် ဗဟုသုတကို အခြေခံ၍ ဤလူများသည် အရှေ့မြေရိုင်းနယ်မြေရှိ မာန်ကျင့်ကြံသူများကြားတွင် စွမ်းအားအကြီးဆုံးငါး ယောက်ဖြစ်ကြောင်းကိုလည်း သိရှိခဲ့သည်။

“ကျေးဇူးတင်ပါတယ်..မာန်နတ်ဘုရားသခင်...”

ထျန်းချီ၏စိတ်များ တက်ကြွလာပြီး စုမင်ဘက်သို့ ဦးညွတ်လိုက်သည်။

ရွှယ်ရှနှင့်ဝူရွှမ်း၏မျက်နှာများတွင် ထင်ရှားသောအပြုံးများ ဆင်မြန်းထားသည်။ သူတို့က မာန်ကျင့်ကြံသူများ၏အုံကြွမှုကို အဆက်မပြတ်လုပ်ဆောင်နိုင်သော်လည်း မျိုးနွယ်စုအင်အားတောင့်လာရန်လည်းလိုအပ်သည်။ ထိုမှသာ ဩဇာအာဏာရှိလာခြင်းဟုအမှန်တကယ် သက်သေပြနိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့အတွက် ထိုကဲ့သို့ဆုလာဘ်မျိုးက တခြားအရာများထက် လက်တွေ့ပိုကျလေသည်။

“မဟာမြူရွက်အင်‌မော်တယ် ဂိုဏ်းကိုတော့..”

စုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။

“နန်းကုန်းဟန်...”

စုမင်က ထိုနာမည်ကို ခေါ်လိုက်သောအခါတွင် ပုံရိပ်တစ်ခုက စုမင်နားသို့ ချက်ချင်းနီးကပ်လာပြီး ရုပ်လုံးပေါ်လာသည်။ ထိုသူမှ ကံကြမ္မာမျိုးနွယ်စုမှနန်းကုန်းဟန် ဖြစ်သည်။

သူ့မျက်နှာမှာ လေးစားမှုရှိနေပြီး စုမင်ကို နှုတ်ဆက်ရန် အရိုအသေပြုဟန်မလုပ်ပေ။ ယင်းအစား သူက ဒူးတစ်ဖက်ထောက်ကာ ဦးညွတ်လိုက်သည်။ သူက မာန်နတ်ဘုရားကို ရိုသေလေးစားခြင်းမဟုတ်ဘဲ လေးစားရသောအကြီးအကဲမိုကို အရိုအသေပေးလေသည်။

အကယ်၍ စုမင်မှာ မာန်နတ်ဘုရားသခင်ခဲ့လျှင်တောင်မှ ကံကြမ္မာမျိုးနွယ်စုက သူ့နောက်သို့ စိတ်အားထက်သန်စွာလိုက်နေမည်ဖြစ်သည်။

“ကံကြမ္မာမျိုးနွယ်စုက ငါ့ဆီက ပေါက်ဖွားလာတဲ့ မျိုးနွယ်စုပဲ..အခုက စပြီးမာန်ပြည်ထောင်မှာ သူတို့ဟာ ငါ့ရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်လာလိမ့်မယ်...မဟာမြူရွက်အင်မော်တယ်ဂိုဏ်းက ကံကြမ္မာမျိုးနွယ်စုရဲ့ဂိုဏ်းခွဲတစ်ခုရှိရာ‌နေရာဖြစ်လာလိမ့်မယ်..”

စုမင်က တည်ငြိမ်စွာ ပြောဆိုခဲ့ပြီး နန်းကုန်းဟန်ကို တစ်ချက်ကြည့်လိုက်သည်။

စုမင်က အရှေ့မြေရိုင်းမျှော်စင်ရှိနေသည့်ကာလအတွင်း အခြားနတ်ဆိုးဂိုဏ်းက နတ်ဆိုးမြူမှုန်ဂိုဏ်းကို သိမ်းပိုက်လိုက်ခဲ့သည်။ ထို့ကြောင့် စုမင်က ထိုဂိုဏ်းနေရာကို လျစ်လျူရှူခဲ့သည်။

နန်းကုန်းဟန်၏မျက်နှာတွင် စိတ်လှုပ်ရှားမှုမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူက ခေါင်းကို ညိတ်လိုက်ပြီး ညကျေးဇူးတင်စကား မပြောသော်လည်း သူ့မျက်နှာပေါ်ရှိ လေးစားမှုနှင့်စိတ်အားထက်သန်မှုက အခြားသူများထက် သာလွန်နေသောကြောင့်ဖြစ်သည်။

ပြောရလျှင် ကံကြမ္မာမျိုးနွယ်စုက စုမင်မဟုတ်သောမာန်နတ်ဘုရားသခင်နောက်သို့ လိုက်ပါမည်မဟုတ်ပေ။ သူတို့က စုမင် ဘယ်‌အနေအထားရောက်ရောက် စုမင်ကိုသာ ကိုးကွယ်မည်ဖြစ်သည်။

စုမင်၏ စကားများသည် ထျန်းချီနှင့် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ သူတို့ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး နန်းကုန်းဟန်ဆီသို့ အကြည့်ရောက်သွားသည်။

“ မာန်ဘုရားသခင်ကမွေးဖွားလာတဲ့လူမျိုးက အရှေ့မြေရိုင်းနယ်မြေကို ကာကွယ်ဖို့ တာဝန်ရှ်တယ်..ဒါပေမဲ့..မာန်နတ်ဘုရားသခင်ဆိုလိုတာက...”

ရွှယ်ရှက တခဏတာတုံ့ဆိုင်းသွားပြီးနောက် တိုးတိုးလေးမေးလိုက်သည်။

“တောင်ပိုင်းအရုဏ်ဦးနယ်မြေက ကျွန်းတွေအများကြီးအဖြစ် ပိုင်းခြားခံလိုက်ရတယ်..တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာရှိတဲ့ကျွန်းအများစုက ကံကြမ္မာမျိုးနွယ်စုပိုင်တာ...ပြီးတော့ အနောက်ဘက်မဟာမိတ်နယ်မြေနဲ့ မြောက်ပိုင်းတွေမှာ အင်မော်တယ်တွေအပြင် အခြားမျိုးနွယ်စုတွေက သူတို့ရဲ့ရုပ်သေးရုပ်တွေကို ထားပြီး အုပ်စိုးလာကြတယ်... အခု ငါတို့အရှေ့မြေရိုင်းနယ်မြေမှာရှိတဲ့ အင်မော်တယ်တွေကို ရှင်းပစ်ကြမယ်..ပြီးတော့ အခြားတိုက်ကြီးတွေဆီသွားပြီး ဂိုဏ်းခွဲတွေထူထောင်ကြမယ်..မင်းတို့‌ ရောဆန္ဒရှိကြလား...”

စုမင်က ရွှယ်ရှနှင့် အခြားနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးနီညိုရောင်ရှိသောမန်ယာကို တစ်ချက်ကြည့်လိုက်သည်။

ထိုလူလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။ သူတို့ အသက်ရှူသံ ချက်ချင်း မြန်လာပြီး စုမင်ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြသည်။ ယခုတစ်ကြိမ်တော့ သူတို့ဧ။်လက်သီးနှင့်လက်ဝါးများကို ထုတ်မထားဘဲ နန်းကုန်းဟန် လုပ်ခဲ့သည့်အတိုင်း ဒူးထောက်ထိုင်ကြသည်။

“ကျွန်ုပ်တို့အားလုံး အနောက်ဘက်မဟာမိတ်နယ်မြေကို စည်းရုံးပြီး မြောက်ပိုင်းပြည်နယ်ကို သိမ်းယူဖို့ ဆန္ဒရှိပါတယ်အရှင်...အင်မော်တယ်တွေအားလုံးကို ဖျက်ဆီးပြီး သူတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ခိုင်းမယ်..ကျုပ်တို့မျိုးနွယ်စု

ဂုဏ်ကျက်သရေတိုးတက်အောင်လို့ အကုန်လုံးလုပ်မယ်...”

စုမင်က နားထောင်ပြီး စကားပြန်မပြောတော့ပေ။ ယင်းအစား အဝေးက မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်သည်။ သူကြည့်နေသော ဦးတည်ရာသည် အနောက်ဘက်ဖြစ်ပြီး အနောက်ဘက်မဟာမိတ်နယ်မြေရှိသောနေရာဖြစ်သည်။

“ငါ့ရဲ့ဝိညာဉ်က မာန်ပြည်ထောင်မှာရှိနေတာ.. အခု ငါလုပ်နိုင်တဲ့တစ်ခု‌တည်းသောအရာက မာန်ကျင့်ကြံသူတွေအားလုံးကို စည်းရုံးပြီး ငါ့မျိုးနွယ်စု သန်မာ‌လာအောင်လုပ်ဖို့ပဲ.. မာန်ကျင့်ကြံသူတွေကို ယင်မရဏနယ်မြေကနေထွက်ခိုင်းပြီး အင်မော်တယ်ပြည်ကို ခေါ်သွားရမယ်...ပြီးတော့ အင်မော်တယ်ပြည်မှာရှိတဲ့ ဆောင်းဦးရဲ့အရောင်ကို ကြည့်မယ်..”

စုမင်က သူသာကြားနိုင်သည့်စကားများကို တီးတိုးစွာရေရွတ်နေမိတော့သည်။

သူသာ တစ်ယောက်တည်းအထီးကျန်ပြီး လေလွင့်နေရသည်။ သူ့ဘဝမှာ မပြည့်စုံသောအစိတ်အပိုင်းများစွာရှိလေသည်။

သူ့အကြည့်များက စိတ်ရှုပ်ထွေးနေပုံရပြီး တစ်ခါတစ်ရံ သူ့မျက်လုံးများက လင်းလက်လာပြန်သည်။ သူလာခဲ့သောနေရာကို သူ မသိပေ။ သူက ဆောင်းဦးမှနွေဦးအထိရွေ့လျားနိုင်ရန် ဆောင်းဦး၏အနီရောင်ကို လိုအပ်နေလေသည်။

“ငါက ငါမဟုတ်တော့ဘူး..ဒါပေမဲ့ ငါ ဘယ်သူလဲဆိုတာကို မသိပြန်ဘူး..”

စူမင်က အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက် သူ့မျက်လုံးထဲမှာ အေးစက်စက်အငွေ့အသက်များနှင့် အစားထိုးသွားလေသည်။ သူကမြေပြင်ကို အေးစက်စွာ တစ်ချက် ငုံ့ကြည့်ပြီး အောက်ကို ခြေတစ်လှမ်း လှမ်းချလိုက်သည်။

သူလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အသက်လမ်းကံကြမ္မာကျင့်စဉ်ကနဦးအဆင့်၏ အထွတ်အထိပ်ရှိ စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသံတစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။ယခုအချိန်တွင် ထိုစွမ်းအားသည် မာန်ပြည်ထောင်အတွင်း

အပြင်းထန်ဆုံးသော စွမ်းအားဖြစ်သည်။

ထိုစွမ်းအားအဆင့်ကို ကျော်လွန်နိုင်သည့်လူတစ်ယောက်မျှမရှိပေ။ ရှိခဲ့လျှင်တောင် ထိုလူက စုမင်၏ဖိနှိမ်ခြင်းကို ပြင်းထန်စွာခံရလိမ့်မည်။ လူသားမဟုတ်သူတစ်ဦးသာ စုမင်၏ကျင့်ကြံအဆင့်ကို ကျော်လွန်နိုင်မည်ဖြစ်သည်။

သို့သော် လူသားများကြားတွင် စုမင်က အတုမရှိ ပြိုင်ဘက်ကင်းလေးသည်။

ထိုစဉ် စုမင်က သူ့ညာလက်ကို ကောင်းကင်သို့ လွှဲယမ်းလိုက်သည်။ ထို့နောက် အေးခဲနေသောလေထုက လောကကြီးကို ပြည့်လျှံသွားလေသည်။ ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်းတွင် အအေးဓာတ်က ပို၍လွန်ကဲလာပြီး နှင်းများ တဖွဲဖွဲကျလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လီတစ်သိန်းလောက်ရှိသောနယ်မြေက ခိုက်ခိုက်တုန်အောင်အေးသောဆောင်းရာသီအဖြစ် ပြောင်းလဲသွားသည်။

အဆုံးမရှိသော နှင်းပမာဏသည် အရာခပ်သိမ်းကို အေးခဲသွားစေနိုင်သည့် အအေးဓာတ်ကို ထုတ်လွှတ်သည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ဖြစ်ပေါ်စေသည်။နှင်းတစ်ပွင့်စီတိုင်းက မာန်စိတ်ဝိညာဉ်နယ်ပယ်နှင့်ညီသောစွမ်းအားရှိပြီး ဆိုးယုတ်သည့် သတ်ဖြတ်လိုစိတ်စွမ်းအားလှိုင်းများနှင့်အတူ ဆင်းသက်လာသည်။

ဤသည်မှာ အသက်ကံကြမ္မာကျင့်စဉ်ကနဦးအဆင့်၏အထွဋ်ထိပ်စွမ်းအားကိုပိုင်ဆိုင်‌သော စုမင်၏စွမ်းအားဖြစ်သည်။

မာန်စိတ်ဝိညာဉ်နယ်ပယ်ကြီးစွာသော ပြီးမြောက်အောင်မြင်သူများသည်ပင်

စုမင်ထုတ်လွှတ်လိုက်‌ သောစွမ်းအားနှင့် မနှိုင်းယှဉ်ရဲကြပေ။

အဖြူရောင်အမှုန်အမွှားများသည် နှင်းပွင့်များနှင့်တူသော်လည်း အမှန်မှာ နှင်းများမဟုတ်ပေ။ ၎င်းတို့မှာ စုမင်၏ဘဝများဖြစ်သည်။ထို့ပြင် သူ၏ခန္ဓာကိုယ်ရှိမရဏအငွေ့အသက်များက အသက်ကံကြမ္မာစွမ်းအားများနှင့်ပေါင်းစပ်ပြီးနောက် ထွက်ပေါ်လာသည့် ထူးခြားသောမြင့်မြတ်သောစွမ်းရည်တစ်ခုဖြစ်သည်။

ထိုစွမ်းရည်က လူတိုင်းအတွက် ကွဲပြားခြားနားလေသည်။ အသက်လမ်းကျင့်စဉ်သို့တက်လှမ်းသူများက တစ်ယောက်နှင့်တစ်ယောက်မတူညီသောစွမ်းရည်များကို ဖန်တီးကြမည်ဖြစ်သည်။

စုမင်က စွမ်းအားအားလုံးကို အထိန်းအကွပ်မရှိ ထုတ်လွှတ်ပြီး အရှေ့မြေရိုင်းနယ်မြေတွင် နှင်းပွင့်တစ်ပွင့်ကို ပထမဆုံး အကြိမ်ဖန်တီးခဲ့သည်။

ရွှယ်ရှနှင့် အခြားသူများသည် အသက်ရှုရှိုက်လိုက်ပြီး စုမင်ကို လျင်မြန်စွာ ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့ စုမင်၏စွမ်းအားနှင့်မာန်နတ်ဘုရား၏ဘုန်းတန်ခိုးအာနုဘော်ကို အမှန်တကယ်သိရှိလာကြသည်။ ထိုအချိန်တွင် စုမင်က တိုက်ပွဲတွင် အင်မော်တယ်များကိုတိုက်ခိုက်သည့် မြင်ကွင်းသည် သူတို့၏ နှလုံးသားထဲတွင် မျိုးစေ့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုမျိုးစေ့ကို လေးစားခြင်းဟု ခေါ်သည်။

ထိုလေးစားခြင်းသည် သူတို့၏ဘဝတစ်လျှောက်လုံး သူတို့နောက်သို့ လိုက်သွားလိမ့်မည်။

စုမင်က သူ့ပတ်ဝန်းကျင်က နှင်းများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ့ညာလက်ကိုအောက်သို့ ဖြည်းညှင်းစွာ တွန်းလိုက်သည်။

ထိုအချိန်တွင် လီတစ်သိန်းနယ်မြေရှိ နှင်းများအားလုံးသည် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့်ကျဆင်းလာလေသည်။

အသက်တစ်ရှိုက်စာအတွင်း ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေကာ မြေပြင်ကို ရူးသွပ်စွာ ဆုတ်ဖြဲပစ်လိုက်သည်။ အဆုံးမဲ့နှင်းထုကျဆင်းမှုသည် ပန်းချီကားချပ်တစ်ခုကဲ့သို့ မြေပြင်ကို အပိုင်းပိုင်း ကွဲသွား‌စေသလို ထင်ရစေသည်။ မြေပြင်ရှိပုံရိပ်ယောင်တစ်ခုက ဆုတ်ဖြဲခြင်းခံလိုက်ရပြီး ဖုံးကွယ်နဂါးဂိုဏ်း ရုပ်လုံးပေါ်လာလေသည်။

ကြီးကျယ်ခမ်းနားသောခန်းမကြီးများစွာသည် ကောင်းကင်နှင့် မြေကြီးကြားတွင် လွင့်မျောနေလေသည်။နဂါးဂိုဏ်းတပည့်များမှာ မျက်နှာဖြူဖျော့ဖျော့နှင့် ခန်းမများအတွင်း ရပ်နေကြသည် ။

“သူတို့ကို သတ်ကြ..တစ်ယောက်မှအသက်ချမ်းသာမပေးနဲ့..”

All Chapters