← Chapters

မဟာမြူရွက်အင်မော်တယ်ဂိုဏ်းရဲ့ မှော်ဓားအစီအရင်

Vol. 52 Ch. 712

မဟာမြူရွက်အင်မော်တယ်ဂိုဏ်းရဲ့ မှော်ဓားအစီအရင်

Vol. 52 Ch. 712

ကောင်းကင်ကြီးက အနီရောင်သမ်းလာလေသည်။ ထိုအနီရောင်သည် ဆောင်းဦး၏အနီအရောင်အသွေးနှင့်တူပြီး ကောင်းကင်ကို ဝန်းရံထားသည့်ထိတ်လန့်စရာကောင်းသောလေထုအငွေ့အသက်ကို ခံစားရလိမ့်မည်။

မြေပြင်ရှိ သွေးအနံ့အသက်များက မွှန် ထူအောင် ပျံ့လွင့်လာလေသည်။ ထိုအနံ့သက်ကို ရှုရှိုက်မိသူများက စိတ်နောက်ကျိခြင်း သို့မဟုတ် ပျို့အန်ခြင်းများ ဖြစ်လာလိမ့်မည်။ ထိုအရာက ငရဲမဟုတ်ဘဲ မရဏလောကနှင့်ပို၍တူလေသည်။

မရဏလောက၏မြစ်များတွင်ဆင်းနေသော စိမ့်စမ်းရေသည် ပူပူနွေးနွေးသွေးများဖြစ်သည်။

ထို့နောက် ဖုံးကွယ်နဂါးဂိုဏ်းတစ်ခုလုံးက မာန်ပြည်ထောင်မှ အပြီးတိုင်ဖယ်ရှားခံခဲ့ရလေသည်။

ထို့ပြင် လူပေါင်းတစ်ထောင်သည် မြေပြင်ပေါ်တွင် တုန်ယင်စွာ ဒူးထောက်နေလေသည်။ ထိုလူများက သူတို့၏သွေးမျိုးဆက်များကို ပြောင်းရန်ရွေးချယ်ခဲ့သည်။

နဂါးဂိုဏ်းသားအများစုသည် စိတ်မချမ်းမြေ့ဖွယ်ရာပုံစံဖြင့် သေဆုံးသွားကြပြီး အလွန်အမင်း မခုခံခဲ့ကြပေ။ နောက်ကြောင်းပြန်လှည့်ရန်ကြိုးစားသူများလည်း မာန်ကျင့်ကြံသူလေးသိန်း၏လက် မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ မန်ယာနှင့် သူ့မျိုးနွယ်စုက ကံဆိုးမိုးမှောင်ကျသော အဖြစ်အပျက်များ မဖြစ်ပွားစေရန် နဂါးဂိုဏ်းပတ်လည်ကို ချိပ်တံဆိပ်ခတ်ထားခဲ့သည်။

စုမင်က ဤတိုက်ပွဲတွင် မပါဝင်ခဲ့ပေ။ သူက လေထဲ၌ တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်ကာ သူ့မျက်စိရှေ့ရှိ သွေးထွက်သံယို ရန်ပွဲများကို ကြည့်နေ လေသည်။ နာကျင်စွာအော်သံများက သူ့နားထဲသို့ရောက်ရှိလာပြီး ၎င်းတို့နှင့်အတူ အဆုံးမဲ့ကျိန်စာများပါလာသည်။

စုမင်က အရာအားလုံးကို မြင်ရကြားရလသောအခါတွင် သူ့မျက်လုံးထဲရှိ ရှုပ်ထွေးမှုများနှင့် နိုးကြားမှုတို့သည် အချင်းချင်း ရောယှက်လာသည်။ သို့တိုင် သူက လေထဲ၌ မတ်တပ်ရပ်ကာ မလှုပ်ရှားပေ။

နန်းကုန်းဟန်က စုမင်ကို တိတ်တဆိတ် ကာကွယ်ပေးသည်။ အခြားကံကြမ္မာမျိုးနွယ်စုဝင်များကလည်း စုမင် ပတ်ဝန်းကျင်မှာ ပြန့်ကျဲနေလေသည်။ ဖုံးကွယ်နဂါးဂိုဏ်းထဲက တစ်ယောက်ယောက်က စုမင်နား ချဉ်းကပ်လာလျှင် ထိုလူက ချက်ချင်း သေခြင်းတရားကို ကိုယ်စားပြုသော ရေခဲနှင်းပွင့်အဖြစ် ပြောင်းလဲသွားသည်။

“နောက်ဆုံးတော့ လူတွေက သေကြလိမ့်မယ်... သူတို့ဟာ ရှင်သန်ရာကနေ သေဆုံးခြင်း.. နွေဦးကနေ ဆောင်းရာသီကို ကူးပြောင်းကြလိမ့်မယ်... ဒါပေမဲ့.. ဆောင်းဦးရဲ့ အရောင်က မှိုင်းလွန်းသေးတယ်”

စုမင်က တိုးတိုးလေးပြောလိုက်သည်။

ညအချိန်၌ ငွေလမင်းကြီးသည် ကောင်းကင်းတွင် ချိတ်ဆွဲကာ ပြည့်ပြည့်ဝဝထွန်းလင်းတောက်ပနေလေသည်။ ထို့ပြင် လမှအလင်းရောင်ကြောင့် မျှော်စင်များကို အပေါ်စီးမှ မြင်နေရသည်။ ဖုံးကွယ်နဂါးဂိုဏ်းမှ မရဏအငွေ့အသက်သည် ကောင်းကင်သို့ လွင့်ပျံလာပြီး လေထုထဲတွင် ပြည့်လျှံသွားသည်။

ယခုအချိန်မှစ၍ ဖုံးကွယ်နဂါးဂိုဏ်းသည် လုံးဝပျောက်ကွယ်သွားပြီး မန်ယာ၏မျိုးနွယ်စု ကြီးပွားတိုးတက်မည့်နေရာ ဖြစ်လာခဲ့သည်။

ထို့နောက် မာန်ကျင့်ကြံသူများက နဂါးဂိုဏ်း၏ အရင်းအမြစ်များစွာကို တူးဖော်ခဲ့သည်။မန်ယာနှင့် အခြားလေးယောက်သည် ထိုနေရာရှိ အဆုံးမဲ့ချိပ်စည်းများကိုချိုးဖြတ်ကာ ဂူတံခါးများအားလုံးကိုဖွင့် ခဲ့ကြသည်။ များပြားလှသော အရင်းအမြစ်များသည် မြင်သူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်‌စေရန် လုံလောက်ခဲ့သည်။

ဝိညာဉ်ကျောက်တုံးများစွာ...အဆုံးမဲ့ဆေးဖက်ဝင်အမြုတေများစွာ.. ရှေးဟောင်းကျင့်စဉ်စာလိပ်များစွာနှင့် မှော်စီးယာဉ်များကို ဖန်တီးရန် လိုအပ်သော ပစ္စည်းအမြောက်အမြား ရှိသည်။ ဤအရာများ အားလုံးသည် ဖုံးကွယ်နဂါးဂိုဏ်း မည်မျှ ကြွယ်ဝပြီး ၎င်းတို့၏ စွမ်းအား မည်မျှကြီးမားခဲ့သည်ကို ကိုယ်စားပြုလေသည်။

ကောင်းကင်တာအိုမြူခိုးဂိုဏ်းသည် အင်မော်တယ်နဂါးငွေ့တန်းရှိဖုံးကွယ်နဂါးဂိုဏ်းကဲ့သို့ ကျော်ကြားမှုရှိသည်။ သို့သော်လည်း မာန်ကျင့်ကြံသူများက ထို ဂိုဏ်းကို ဖျက်ဆီးပြီး ရှာဖွေသောအခါတွင် နဂါးဂိုဏ်းပိုင်သည့် ပစ္စည်းများ၏ သုံးပုံတစ်ပုံမျှသာ ရှာတွေ့ခဲ့သည်။

စုမင်သည် ထိုပစ္စည်းများကို သိပ်မယူခဲ့ပေ။ စုမင်က သိမ်းဆည်းရပစ္စည်းအများစုကို အရှေ့မြေရိုင်းနယ်မြေရှိ မျိုးနွယ်စုကြီးများကို ဆုကြေးအဖြစ် ပေးခဲ့သည်။

ခုနစ်ရက်အကြာတွင် မာန်ပြည်ထောင်စစ်တပ်က နတ်ဆိုးဝိညာဉ်ဂိုဏ်းကို ကျူးကျော်ဝင်ရောက်လာသည့်အခါ ၎င်းတို့ တစ်ရက်ခွဲကြာ ခုခံခဲ့ကြသည်။ ထို့နောက် ဂိုဏ်းတစ်ခုလုံးသည် မာန်ပြည်ထောင်၏လက်အောက်ခံဖြစ်လာခဲ့သည်။

သွေးမျိုးဆက်ပြောင်းလိုသူများနှင့် အညံ့ခံရန်ရွေးချယ်သူများမှ လွှဲ၍ ၊ ဂိုဏ်းအတွင်းရှိ အခြားသူများအားလုံး ... သေဆုံးခဲ့သည်။

နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ တောင်ပေါ်မှ သွေးများက စမ်းရေကဲ့သို့ တသွင်သွင်စီးဆင်းလာသည်။ မာန်ကျင့်ကြံသူများက သူတို့ကို တိုက်ခိုက်နေချိန်တွင် နာကျင်စွာအော်ဟစ်သံများနှင့် ကျယ်လောင်ပေါက်ကွဲသံများနှင့် ဆူညံ့နေလေသည်။

ရှန်းတုန်နှင့် စုမင်ထိန်းချုပ်ခဲ့သည်မိန်းကလေးမှာ မသေဆုံးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စုမင်၏ အမိန့်ကြောင့် သူတို့က နာခံစွာ ထွက်သွားခဲ့လေသည်။

ထိုလူများအပြင် နတ်ဆ်ိုးဝိညာဉ်ဂိုဏ်းမှ လူအားလုံး အသတ်ခံခဲ့ရပြီး ထိုနေရာသည် ထျန်းချီဧ။်မျိုးနွယ်စုအတွက် နေရာသစ် ဖြစ်လာခဲ့သည်။

နောက်ထပ်ငါးရက်အကြာတွင် မာန်ကျင့်ကြံသူများက နတ်ဆိုးရာဂဂိုဏ်းသို့ ရောက်ရှိလာပြီး ၎င်းတို့၏‌ မှော်အစီအရင်များကို ဖျက်ဆီးရန် ရွေးချယ်ခဲ့သည်။ ဤဖျက်ဆီးမှုမျိုးသည် လီပေါင်းတစ်သိန်းနယ်မြေကို ပျံ့နှံ့စေသော ရူးသွပ်မှုတစ်ခု ဖြစ်ပေါ်လာစေသည်။ နတ်ဆိုးရာဂဂိုဏ်းတွင် ခုခံသူ အနည်းစု ရှိသော်လည်း နောက်ဆုံးတွင် ဤသေခြင်းတရားမျိုးကို မတားဆီးနိုင်ခဲ့ကြပေ။ နတ်ဆိုးရာဂဂိုဏ်းတစ်ခုလုံး ဖုန်မှုန့်အတိဖြစ်သွားသောအခါ အရှေ့မြေရိုင်းနယ်မြေတစ်ခုလုံး ပေါက်ကွဲသံကြီးနှင့်အတူ ဆူညံသွားလေသည်။ ထိုကြောင့် မာန်ကျင့်ကြံသူအများအပြားသေဆုံးခဲ့သည်။

မာန်ကျင့်ကြံသူ‌သေဆုံးမှုပမာဏသည် ကောင်းကင်တာအိုမြူခိုးဂိုဏ်းဧ။်တိုက်ပွဲထက် ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း ဤသေဆုံးမှုများသည် မာန်ကျင့်ကြံသူများ၏သွေးအတွင်း ရူးသွပ်မှုကို လှုံ့ဆော်ခဲ့သည်။ ထိုရူးသွပ်မှုနှင့်အတူ မာန်စစ်တပ်က နတ်ဆိုးအင်မော်တယ်ဂိုဏ်းဆီသို့ ပြေးသွားခဲ့သည်။

နတ်ဆိုးအင်‌မော်တယ်ဂိုဏ်း၏မှော်အစီအရင် ကွဲအက်သွားပြီး မာန်စစ်တပ်က ဂိုဏ်းကို ဖျက်စီးခါနီးတွင် မယုံနိုင်လောက်အောင် ထူးဆန်းသောအဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။

ဂိုဏ်းအတွင်းရှိရန်ပွဲများသည် နတ်ဆိုးအင်မော်တယ်ဂိုဏ်းမှလူများကို ပြိုကွဲစေခဲ့သည်။ မှော်အစီအရင်ကွဲအက်သွားချိန်တွင် ဂိုဏ်းအတွင်းရှိ လူတစ်ဝက်သည် ထိုရန်ပွဲကြောင့် သေဆုံးသွားခဲ့သည်။ ကျန်လူထောင်ပေါင်းများစွာသည် ဝင်လာသောမာန်စစ်တပ်ကို ဒူးထောက်ကာ အညံ့ခံကြသည်။ သူတို့သည် သူတို့၏သွေးအမွေများကို ပြောင်းလဲလိုစိတ်ရှိပြီး ကျွန်အဖြစ် နေထိုင်လိုကြသည်။

ထိုအချိန်မှစ၍ အရှေ့မြေရိုင်းနယ်မြေရှိ အင်မော်တယ်ဂိုဏ်းအားလုံးသည် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံခဲ့ရပြီး နောက်ဆုံးဂိုဏ်းတစ်ခုသာကျန်ရှိတော့သည် - ထိုဂိုဏ်းမှာ မဟာမြူရွက်အင်မော််တယ်ဂိုဏ်းဖြစ်သည်။

ဖျက်ဆီးခံခဲ့ရသော ဂိုဏ်းများသည် စုမင်နောက်သို့ လိုက်ခဲ့သောသူတို့၏ မျိုးနွယ်စုကြီးများ တည်ရှိရာနေရာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုနေရာများမှာ ရွှယ်ရှ၊ ထျန်းချီနှင့် အခြားနေရာများဧ။် နေရာဖြစ်သည်။ထိုနေရာတွင် မာန်ကျင့်ကြံသူတစ်ဝက်နှင့်အင်မော်တယ်တစ်ဝက်ဖြစ်နေသော လက်အောက်ငယ်သားများလည်း ရှိခဲ့သည်။ ယခင်က အင်မော်တယ်ဂိုဏ်းများရှိ မာန်ကျင့်ကြံသူများသည် ၎င်းတို့၏သွေးမျိုးဆက်ကို ပြောင်းလဲ နေထိုင်ခဲ့သည်။ ယခုမူ မာန်စစ်တပ် အုပ်စိုးလိုက်သော် သူတို့၏သွေးမျိုးဆက်ကိုထပ်မံပြောင်းလဲရပြန်လိမ့်မည်။

ပထမအကြိမ်တွင် မာန်မျိုးနွယ်စုကြီးများသည် ထိုကဲ့သို့လူများကို မည်သို့ကိုင်တွယ်ဆက်ဆံရမည်ကို မသိခဲ့ကြပေ။ ထို့ကြောင့် မာန်မျိုးနွယ်စုကြီးများကြားထဲတွင် ပထမဦးဆုံးအကြိမ် ပဋိပက္ခဖြစ်ပွားခဲ့သည်။

တချို့က သူတို့မှာ အသက်ရှင်ခွင့်ရှိကြောင်း ယုံကြည်ကြသည်။ထိုလူအများစုသည် တစ်ချိန်က ၎င်းတို့၏ မျိုးနွယ်စုဝင်များဖြစ်ပြီး အချို့မှာ ၎င်းတို့၏ မိသားစုပင် ဖြစ်သည်။

သို့သော်လည်း ထိုလူများကို လက်မခံနိုင်သော မာန်ကျင့်ကြံသူအရေအတွက် ပိုများလာသည်။ ထိုလူများက မျိုးနွယ်စုကို သစ္စာဖောက်ခဲ့သည်ဟု တွေးထားခဲ့ကြသည်။ ထို့ကြောင့် မာန်မျိုးနွယ်စု ကြုံလာခဲ့ရသော အရှက်တရားများကို ပြေပျောက်စေရန် သူတို့၏အသက်များကို နှုတ်ယူလိုသည်။

မာန်မျိုးနွယ်စုများ၏ မတူညီသော အတွေးများနှင့် ထင်မြင်ချက်များကြောင့် ထိုကိစ္စကို မဖြေရှင်းနိုင်ကြပေ။ နောက်ဆုံးတော့ စုမင်ကိုယ်တိုင် ထိုကိစ္စနှင့် ပတ်သက်ပြီး ဝင်စွက်ဖက်ကာ ဆုံးဖြတ်ချက်ချခဲ့ရသည်။

ထိုကိစ္စတွင် ကိုယ့်မျိုးနွယ်စုကို သစ္စာဖောက်ခဲ့သူ တော်တော်များလေသည်။ ၎င်းတို့က ပြစ်ဒဏ်ကို ချမှတ်ခံကြရပြီး ထိုပြစ်ဒဏ်မှာ အနောက်ဘက်နှင့် မြောက်ပိုင်းမဟာမိတ်နယ်‌မြေမှ ပြင်ပလူများကို လိုက်လံဖမ်းဆီးမှုတွင် ရှေ့တန်းတပ်သားများအဖြစ် တာဝန်ယူခဲ့ရသည်။

သူတို့က လုံလောက်သည့်ပြင်ပလူများကို သတ်ပြီးနောက်မှသာ မျိုးနွယ်စုထံ ပြန်လည်ခိုလှုံခွင့်ရရှိမည်ဖြစ်သည်။

ဤဆုံးဖြတ်ချက်ကို သူတို့၏သွေးအမွေကိုပြောင်းလဲခဲ့သော မာန်ကျင့်ကြံသူ များအားလုံးက လုံးဝလက်မခံခဲ့ပေ။ လက်မခံနိုင်သူများသည် လောကဆောင်းဦးရာသီ၏အစိတ်အပိုင်းဖြစ်လာခဲ့သည်။ ( ဆောင်ဦးရဲ့အ‌ရောင်ကသွေး... သတ်ဖြတ်ခံရတာကို ပြောတာ)

ဤရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်မှုအောက်တွင်၊ အရှေ့မြေရိုင်းနယ်မြေရှိ နေရာတစ်ခုမှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံးသည် မာန်ကျင့်ကြံသူများထံ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် မာန်စစ်တပ်က မရဏပင်လယ်ကို ဖြတ်ကျော်ကာ အနောက်ဘက်နှင့် မြောက်ပိုင်းမဟာမိတ်နယ်မြေဆီသို့ ဆက်လက် ခရီးနှင်မည်ဖြစ်သည်။

အထူးသဖြင့် မာန်ပြည်ထောင်က တိုက်ကြီးငါးခုအဖြစ်ကွဲသွားပြီးကတည်း လူသန်းပေါင်းများစွာက မရဏပင်လယ်ကိုဖြတ်သန်းသွားရမည့်ကိစ္စက တစ်ခါမှမဖြစ်ခဲ့ဖူးသည့်အရာဖြစ်သည်။ ထို့ကြောင့် မာန်ကျင့်ကြံသူများအားလုံး၏ အာရုံကို စွဲဆောင်ပြီး စိတ်လှုပ်ရှားစေသည်။

စုမင်နှင့် အခြားသူများမှလွဲ၍ မာန်ကျင့်ကြံသူအများစုသည် တစ်ယောက်တည်း မရဏပင်လယ်ကို ဖြတ်သန်းသွားလာ၍မရပေ။ ထို့ကြောင့် သူတို့က ပင်လယ်ကိုဖြတ်သွားနိုင်သည့် သင်္ဘောများစွာလိုအပ်နေလေသည်။

အရှေ့မြေရိုင်းနယ်မြေတစ်ခုလုံးတွင် ပြင်ဆင်မှုများ စတင်လုပ်ဆောင်ချိန်တွင် စုမင်က သူနှင့်အတူ ကံကြမ္မာမျိုးနွယ်စုကိုမဟာမြူရွက်အင်မော်တယ်ဂိုဏ်းရှိရာ နေရာသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုဂိုဏ်းက အရှေ့မြေရိုင်းနယ်မြေ တွင် ကျန်ရှိသော တစ်ခုတည်းသော အင်မော်တယ်ဂိုဏ်းဖြစ်သည်။ စုမင်က ဤနေရာကို မာန်ကျင့်ကြံသူများနှင့် အတူတိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ သူတစ်ယောက်တည်းသွားကာ မဟာမြူရွက်အင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုဂိုဏ်းက တိထျန်း၏ဂိုဏ်းပင်ဖြစ်သည်။

မဟာမြူရွက်အင်မော်တယ်ဂိုဏ်းသည် မိုးထိထိုးနေသော ကြီးမားသောတောင်ကြီးတစ်လုံးဖြစ်သည်။ တောင်ကြီးသည် မြေပြင်ပေါ်တွင် မတ်မတ်ထောင်နေသော ဧရာမဓားကြီးနှင့်တူသည်။ ထိုဓားကြီးနှင့်ယှဉ်လျှင် လူတွေက ပုရွက်ဆိတ်သာသာ

ဖြစ်သွားသည့်အတွက် အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

ယခင်က မြူရွက်အင်မော်တယ်ဂိုဏ်းမှာ ထိုသို့ မဟုတ်ခဲ့ပေ။ ယခုမူ စုမင်၏မျက်စိရှေ့မှောက်တွင် ထိုဂိုဏ်းက ဓားနှင့်တူသောထိုတောင်ကြီးဖြစ်ခဲ့သည်။

ထို့ပြင် ဓားရောင်ဝါစွမ်းအားလှိုင်းများက လီတစ်သောင်းဧရိယာကို ဖြန့်ကျက်နေရာယူထားလေသည်။ ဤနယ်မြေသို့ဝင်ရောက်လာသူအားလုံးသည် ထိုဓားရောင်ဝါ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။

“လေးစားရ‌သောအကြီးအကဲမို.. ကျုပ်တို့ လိုက်ပါရ‌စေ...”

နန်းကုန်းဟန်သည် စုမင်ဘေးတွင် ရပ်နေ လေသည်။ သူ့နောက်မှာ သူနဲ့အတူ ပါလာသော ကံကြမ္မာမျိုးနွယ်စုဝင်ရာနှင့်ချီ ရှိလေသည်။ ဤလူများအားလုံး၏မျက်နှာပေါ်တွင် စိတ်အားထက်သန်သောအမူအရာရှိနေပြီး စုမင်၏အမိန့်ကို စောင့်နေလေသည်။

စုမင်က ခေါင်းယမ်းလိုက်လေသည်။သူက ရာနှင့်ချီသော မျိုးနွယ်စုဝင်များကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ထို့နောက် သူလှည့်ပြီး ထို နယ်မြေဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ ဆင်းသက်လာချိန်တွင် ဓားရောင်ဝါသည် ကောင်းကင်သို့ ပျံ့လွင့်လာသည်။ စူးရှသော လေချွန်သံများက လေထဲတွင် ပဲ့တင်ထပ်ကာ ရာနှင့်ချီသော ဓားရောင်ဝါများ ထွက်ပေါ်လာသည် ထို့နောက် စုမင်ဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာသည်။

သူ တတိယခြေလှမ်းကို လှမ်းလိုက်စဉ် လေထဲတွင် ပေါက်ကွဲသံများ တဘုန်းဘုန်း ထွက်ပေါ်လာသည်။ ဓားသွားများအားလုံးက စုမင်ထံ တိုးဝှေ့ ရောက်ရှိလာသော်လည်း စုမင်ကို အနည်းငယ်မျှ မတားဆီးနိုင်ခဲ့ပေ။ စုမင်နှင့်ပေတစ်ရာဝေး‌သောဓားသွားများသည် ရှေ့မဆက်နိုင်တော့ဘဲ ရှေ့ရှိအတားအဆီးတစ်ခုကိုတိုက်မိသကဲ့သို့

ကွဲကြေသွားလေသည်။

စုမင်နှင့်ပေတစ်ရာအကွာမှ ကိုးရောင်ခြယ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ဤသည်မှာ စုမင်၏ခေါင်းထက်မှာ ရှိသောချိပ်တံဆိပ်မှ အလင်းတန်းများဖြာထွက်လာခြင်းဖြစ်သည်။ စုမင်၏တည်နေရာငါးခုမှော်ရတနာပင်ဖြစ်သည်။

သူက ‌အရှေ့မြေရိုင်းမျှော်စင်မှာ တစ်နှစ်ကြာနေထိုင်ခဲ့ရသောကြောင့် သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်နိုင်ရုံသာမက သူ့ကိုယ်တွင်းရှိ တည်နေရာငါးခုမှော်ရတနာကို ပြုပြင်ရန် အချိန်ရခဲ့သည်။ ယခုအခိုက်အတန့်တွင် သူက ထိုချိပ်တံဆိပ်ကို ထိန်းချုပ်နိုင်ပြီး ကိုးရောင်ခြယ်အလင်းဖန်သားပြင်ကို ဖန်တီးနိုင်ခဲ့သည်။

ရာနှင့်ချီသောကံကြမ္မာမျိုးနွယ်စုဝင်တို့သည် သူတို့၏ လေးစားထိုက်သော အကြီးအကဲမို အဝေးသို့ လျှောက်သွားသည်ကို ကြည့်နေကြသည်။ စုမင်က ပို၍ဝေးရာသို့ လျှောက်သွားရင်း မဟာမြူရွက်အင်မေယ်တယ်ဂိုဏ်းရှိရာ ဓားတောင်နှင့်နီးကပ်လာသည်။ ထိုစဉ် ရာနှင့်ချီသော တောက်ပသည့် ဓားသွားများက သူ့ဆီသို့ ဦးတည်ဝင်ရောက်လာသည်။

ထောင်ပေါင်းများစွာသော ဓားသွားအရှိန်အဝါများက လောကကြီးကို ဖုံးလွှမ်းနေပြီး စုမင်ကို မလိုတမာဖြစ်နေသောအငွေ့အသက်များဖြင့် ဝန်းရံထားလေသည်။ သို့သော် မည့်သည့်အရာမှ စုမင်၏ ကိုးရောင်ခြယ်ဖန်သားပြင်ကို ဖြတ်မသွားနိုင်ပေ။ စုမင်က သူ့ကိုယ်သူ မြားတစ်စင်းအသွင်သို့ ပြောင်းကာ မဟာမြူရွက်အင်မော်တယ်ဂိုဏ်းအတွင်းသို့ ပျံသန်းသွားလေသည်။ ထိုစဉ် သူက ဓားသွားများကို ဖြတ်ကျော်ကာ ချောမွေ့စွာ ခရီးနှင်ခဲ့သည်။ ဓားသွားများက တအုန်းအုန်းပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီး နောက်ထပ်ထောင်ချီသောဓားသွားများက စုမင်ထံသို့ ရောက်ရှိလာပြန်သည်။ ထိုဓားသွားများက အကန့်သတ်မဲ့တည်ရှိနေပုံရပြီး စုမင်၏လမ်းကြောင်းကို ဆက်လက်ပိတ်ဆို့နေလေသည်။ ကောင်းကင်တွင် တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်နေပြီး မကြာမီပင် စုမင်၏ခန္ဓာကိုယ်ကို မမြင်နိုင်တော့ပေ။

ထိုအချိန်တွင် သူက အင်မော်တယ်ဂိုဏ်းဧ။်တောင်နှင့်ပေတစ်ထောင်အောက်သာကွာဝေးပြီး ဂိုဏ်းတစ်ခုလုံး ပေါက်ကွဲသံများဖြင့် အုတ်အော်သောင်းနင်းဖြစ်နေလေသည်။ အက်ကွဲကြောင်းကြီးကိုးခုက မြေပြင်မှ ရုတ်တရက်ပေါ်လာပြီး အထဲမှာ ပြင်းထန်သောဓားရောင်ဝါကိုးခုထွက်ပေါ်လာလေသည်။ ထိုဓားလှိုင်းကိုးခု၏ ရောင်ဝါသည် မယုံနိုင်လောက်အောင် ပြင်းထန်ခဲ့ပြီး ၎င်းတို့ပေါ်လာသည်နှင့် ဓားပုံစံကိုပင် ရရှိခဲ့သည်။ ထို့နောက် ထိုဓားကြီးကိုးစင်းက စုမင်ကို သဲကြီးမဲကြီး လိုက်ဖမ်းတော့လေသည်။

တစ်ချိန်တည်းမှာပင် မည်သည့်နေရာမှထွက်ပေါ်လာမှန်မသိသောဓားရောင်ဝါတစ်သိန်းနီးပါးက ထိုဓားကြီးကိုးစင်းကို တောက်ပစွာဝန်းရံထားလေသည်။

စုမင်က မထီမဲ့မြင်အမူအရာဖြင့် သူ့ညာလက်ကို မြှောက်လိုက်သည်။ ထို့နောက်

သူ့လက်ထဲတွင် ရွှေရောင်အလင်းတန်းဖြင့် လင်းလက်နေသော လူသတ်ဓားတစ်လက် ပေါ်လာသည်။

သူ့လက်ထဲတွင် ဓားကိုကိုင်လိုက်သည်နှင့် စုမင်၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။

“လက်ထဲမှာ မကိုင်ထားတဲ့ ဓားကို ဓားလို့သတ်မှတ်လို့ရပါ့မလား...”

သူက ပြတ်ပြတ်သားသား မေးလိုက်ပြီး လူသတ်ဓားဖြင့် ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

All Chapters