← Chapters

နေရာအနှံ့ကုတ်ခြစ်ခြင်း..

Vol. 52 Ch. 716

နေရာအနှံ့ကုတ်ခြစ်ခြင်း..

Vol. 52 Ch. 716

နူးညံ့သိမ်မွေ့သော အပြုံးက ဒုတိယ အကိုကြီး၏ နှုတ်ခမ်းတွင် နွေးထွေးစွာ

နေရာယူထားဆဲဖြစ်သည်။ ထိုအပြုံးက စုမင်၏အမှတ်တရများထဲကလို တစ်ပုံစံတည်းဖြစ်ပြီး မတွေ့ရတာကြာခဲ့လေပြီ။

သူ၏ဒုတိယအကြီးတန်းအစ်ကို၏နွေးထွေးသောအပြုံး၊ ခေါင်းကိုမော့ပြီး သူ့မျက်နှာပေါ်နေရောင်ကျလာအောင်လုပ်သောအမူအရာ —ဤဟန်ပန်များက စုမင်ကို ပို၍ပင် ငိုကြွေးစေခဲ့သည်။

နဝမမြောက်တောင်ထွဋ်မှ မြင်ကွင်းများ၊နေရောင်အောက်တွင် မြက်ခင်းများနှင့် ပန်းပွင့်များကြားတွင် ရပ်နေပြီး ပန်းတစ်ပွင့်ကဲ့သို့ နူးညံ့သိမ့်မွေ့ကာ ပြုံးပြနေသောဒုတိယအစ်ကိုကြီးက ထိုအလင်းဘောလုံးအတွင်း နှိပ်စက်မှုဒဏ်ကို နာကျင်စွာ ခံစားခဲ့ရသည်။

ကောင်းကင်ထက်တွင် တရွှီရွှီမြည်‌နေသောဓားရောင်ဝါသည် စုမင်ဆီသို့ စိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာသည်။ ထိုဓားရောင်ဝါ၏နောက်တွင် သွေးနီရောင်ဓားငယ် တစ်သောင်းနီးပါးရှိပြီး ဓားမိုးများရွာချသကဲ့သို့ပင်ထင်ရသည်။ ထိုဓားသွားမြောက်မြားစွာက ပြင်းထန်သော လေပြင်းများကို လှုံ့ဆော်ပေးကာ စုမင်ကို တစ်စစီဖြတ်တောက်ချင်နေပုံရသည်။

စုမင်က ငိုနေရင်း ခေါင်းကို မော့လိုက်သည်။ သူက ကောင်းကင်၌ရှိသော မဟာမြူရွက်အင်မော်တယ်ဂိုဏ်းဝင် တစ်သောင်းနီးပါးကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင် စုမင်၏ရူးသွပ်စွာသတ်ဖြတ်မှုကို ရပ်တန့်နိုင်သည့် မည်သည့်အရာမှမရှိတော့ပေ။ သူ့လက်ထဲက လူသတ်ဓားက စိတ်လှုပ်ရှားပြီး သွေးဆာနေသောမြည်ဟည်းသံကို ထုတ်လွှတ်လိုက်သည်။ စုမင်က လူသတ်ဓားကိုမြှောက်လိုက်ပြီး

တိုးဝင်လာသည့် ဓားရောင်ဝါ၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ဖြတ်ပိုင်းလိုက်သည်။

ထို့နောက် လောကကြီးက ငလျင်လှုပ်သကဲ့သို့ ဝုန်းဒိုင်းကြဲ‌သွားတော့သည်။ တိုးဝင်လာသောကြီးမားသောဓားရောင်ဝါက ချက်ချင်း အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ၎င်းနောက်ရှိ ဓားသွားငယ်များမှာ ယူပစ်သလို ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် လွင့်မျောနေသော ဆီးနှင်းပွင့်များက ကျယ်လောင်သောဝီစီသံနှင့်အတူ ကောင်းကင်ရှိဓားမှော်အစီအရင်ဆီသို့ အရူးအမူးတိုးဝင်သွားကြသည်။

စုမင်က ထိုအင်မော်တယ်များကို အသက်ချမ်းသာပေးမည်မဟုတ်ပေ။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ အင်မော်တယ်များကို သတ်ဖြတ်ရန်မဟုတ်ဘဲ ဒုတိယအစ်ကိုကြီးကို အရင်ဆုံးကယ်တင်ရန်

ဖြစ်သည်။

ထိုစဉ် စုမင် ချက်ချင်းလှုပ်ရှားပြီး သူ့လက်ထဲကဓားဖြင့် ဒုတိယသံကြိုးကို ခုတ်ပိုင်းပစ်လိုက်သည်။ သတ္တုချင်းထိခတ်မိသံ” တချွင်ချွင်” မြည်သံ စူးရှစွာ ပဲ့တင်ထပ်လာပြီး စုမင် တွန်းကန်အားကြောင့် နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် ဒုတိယသံကြိုးက ကွဲအက်သွားလေသည်။

စုမင်က မရပ်တန့်ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်မှ အသက်လမ်းကျင့်စဉ်အငွေ့အသက်များက ပေါက်ကွဲသံကြီးနှင့်အတူ ပျံ့နှံ့သွားသည်။ ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမသံကြိုးကြီးများကို ရူးသွပ်စွာ ခုတ်ပိုင်းလိုက်သည်။

သံကြိုးများ ကွဲအက်သွားပြီးနောက် အလင်းဘောလုံးထဲရှိ ဒုတိယအစ်ကိုကြီး၏ပုံရိပ်က မြူခိုးများကြားထဲမှ လျင်မြန်စွာ စုရုံးလာသည်။ ငါးခုမြောက်သံချိန်းကြိုး ပြတ်သွားသည့်အခါ ဒုတိယအစ်ကိုကြီးက သူ့ခန္ဓာကိုယ်အသွင်သဏ္ဍန်ပြန်ရလာသည်။သူ့မျက်နှာသည် ဖြူဖျော့နေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အားနည်းသောခံစားချက်များ ထွက်ပေါ်လာသည်။ နှစ်ကြာလာသည်နှင့်အမျှ မှော်အစီအရင်၏သေလုမြောပါးနှိပ်စက်ဒါဏ်ကို ကြံ့ကြံ့ခံခဲ့ရသည်။

သို့သော် သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ကျန်နေသေးသည်။ ယခုအချိန်တွင် သူက ယိုင်လဲလုမတတ်အားနည်းနေသော်လည်း သူ့အငယ်ဆုံးညီဖြစ်သူစုမင်ကိုကြည့်ရင်း ပြုံးနေသေးသည်။

သူက စုမင်ကိုတွေ့လိုက်ရသောကြောင့် အလွန် ဝမ်းသာသွားသည်။ သူက စုမင်၏စွမ်းအားကို ခံစားမိကာ ဂုဏ်ယူမိသည်။

“အငယ်ဆုံး ညီလေး… မင်းအရွယ်ရောက်လာပြီပဲ...”

ဒုတိယအစ်ကိုကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ အလင်းဘောလုံးထဲမှ သူ့အသံက အားနည်းစွာထွက်ပေါ်လာသည်။

စုမင်က သူ၏ဒုတိယအကြီးတန်းအစ်ကိုကိုကြည့်ရင်း အတိတ်ကအမှတ်တရများက သူ့ခေါင်းထဲသို့ မရပ်မနား တိုးဝင်လာသည်။ အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက သူ့အတွက် အဖိုးတန်ဆုံးအရာများဖြစ်ပြီး ယခုမြင်လိုက်ရသောမြင်ကွင်းများကြောင့် သူ၏သတ်ဖြတ်လိုစိတ်ကို ‌ဒီရေအလားတိုးပွားလာသည်။

သို့သော် သံချိန်းကြိုးများက သာမန် မဟုတ်သည်မှာ သေချာသည်။ စုမင်က သံကြိုးငါးချောင်းကိုဖြတ်လိုက်ပြီးနောက် သူ့ပါးစပ်မှ သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ သို့သော် နောက်ဆုံးသံကြိုးကိုဖြတ်ရန် သူ့မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှုနှင့် ဇွဲလုံ့လတို့ ရှိနေသည်။

ထိုဇွဲလုံ့လသည် သူ့ရှေ့ရှိ ဓါးတောင်များ၊ မီးပင်လယ်များ သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော သားရဲများရှိနေလျှင်ပင် မဆိုင်းမတွ ရှေ့သို့ ခြေတစ်လှမ်းတိုးစေခဲ့သည်။ သူ့မျက်နှာပေါ်မှ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်က သူ့နှလုံးသားအောက်ခြေမှ ထွက်လာသည့် အကာအကွယ်ပေးလိုသည့်အမူအရာမျိုး ဖြစ်သည်။

‘မင်းငါ့ကိုအတိတ်ကကာကွယ်ပေးခဲ့တယ်.. အခု…ငါ မင်းကို ကာကွယ်ပေးမယ် အစ်ကိုကြီး...”

စုမင်က နောက်ဆုံးသံကြိုးကို ခုတ်ပိုင်းလိုက်စဉ် အင်မော်တယ်ဂိုဏ်းမှ တပည့်တစ်သောင်းနီးပါးက အဆုံးမဲ့နှင်းပွင့်များ၏တားဆီဝန်းရံခြင်းကို ခံရလေသည်။ ကောင်းကင်တစ်ခုလုံး ချက်ချင်းပင် အေးခဲသွားကာ ခပ်အုပ်အုပ်အသံကြီးတစ်ခု ဟိန်းထွက်လာသည်။

“ရိုးရေစတေးနယ်ပယ်...”

စုမင်က ထိုအသံပိုင်ရှင်ကို ရင်းနှီးနေလေသည်။ထိုသူမှာ ချန်ရှင်း၏အဖေဖြစ်ပြီး နက်မှောင်‌တောင်၏မျိုးနွယ်စုခေါင်းတောင် ချန်လုံဖြစ်သည်။

ချန်လုံ ဟစ်အော်လိုက်သောကြောင့် အေးခဲရပ်တန့်သွားသောအင်မော်တယ်တစ်သောင်း၏မျက်လုံးများက ‌‌သွေးနီရောင်ရဲတောက်လာသည်။ သူတို့၏မျက်လုံးများတွင် အသိဉာဏ်မရှိတော့ပေ။ သူတို့၏မျက်လုံးများက ဗလာနတ္ထိဖြစ်သွားပြီး မျက်ခုံးအလယ်တွင် အက်ကွဲကြောင်းများပေါ်လာသည်။

အက်ကွဲကြောင်းများပွင့်လာသည်နှင့်

ကွဲအက်နေသော ရေခဲအပိုင်းအစများနှင့်အတူ သွေးများစွာ ပန်းထွက်လာသည်။မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်ဂိုဏ်းတပည့်များက ညှိုးနွမ်းသွားကာ အရိုးစုများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လေထဲတွင်လွင့်မျောနေသော ရေခဲရုပ်တုများဖြစ်သွားလေသည်။

သူတို့၏သေဆုံးရခြင်းအကြောင်းရင်းမှာ စုမင် ကြောင့်မဟုတ်ပေ။ အမှန်မှာ စုမင်၏မြင့်မြတ်သောစွမ်းရည်က သူတို့ကို အေးခဲသွားစေသည့်ခဏတွင် သူတို့ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့ကို တကယ်သတ်ခဲ့တာက မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏ကျင့်စဉ်ပင်ဖြစ်သည်။ မှော်ဓားအစီအရင်ကြီးက သူတို့အားလုံးစုစည်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ သို့သော် ချန်လုံက ထိုအစီအရင်ကို အသက်သွင်းလိုက်သောအခါ သူတို့၏အသက်စွမ်းအားများ ကုန်ခမ်းသွားပြီး သေဆုံးသွားခဲ့သည်။

သွေးများက ကောင်းကင်တစ်ခုလုံးကို အနီရောင်ဆေးခြယ်ထားသလိုဖြစ်စေသည်။ အင်မော်တယ်တစ်သောင်းကိုင်ဆောင်ထားသော ဓားသွားတစ်သောင်းက ဓားရှည်ကြီးအဖြစ်ပြောင်းလဲသွားကာ လေထုကိုဖြိုခွင်းပြီး စုမင်ကို အရူးအမူးပိုင်းဖြတ်လိုက်သည်။

ထိုဓား၏အရှိန်ကို စကားလုံးဖြင့်ဖော်ပြရန် ခက်ခဲသည်။ စုမင်က အပေါ်မော့ကြည့်လိုက်သောအခါ ထိုဓားက သူနှင့်ပေတစ်ရာအောက်သာ ကွာဝေးတော့သည်။ ဓား၏အရှိန်က လေအလျင်ထက် ပိုမိုမြန်ဆန်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ဓားက သူ့လမ်းကြောင်း၌ပိတ်ဆို့‌နေသည့်အရာအားလုံးကို ဖျက်ဆီးပစ်မည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကို ယူဆောင်လာခဲ့သည်။

ထိုအချိန်တွင် စုမင်၏ဓားက ခြောက်ခုမြောက်သံကြိုးကို ဖြတ်တောက်လိုက်သည်။ သူ့နောက်က ဓားရှည်ကြီးက တဝီဝီမြည်သံနှင့်အတူ ချဉ်းကပ်လာသော်လည်း စုမင်က မတုံ့ဆိုင်းဘဲ သံကြိုးကို ရအောင် ပိုင်းဖြတ်နေလေသည်။ ကျယ်လောင်စူးရှသောပေါက်ကွဲသံကြီးတစ်ခုကြားလိုက်ရပြီး သံကြိုးက ကွဲအက်သွားသည်။

သို့သော် အားပြင်းသောတွန်းကန်အားက စုမင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ခြေလှမ်းအနည်းငယ်ပြန်ဆုတ်သွားလေသည်။ ထို့နောက် သူ့နောက်ကဓားရှည်ကြီးနှင့် ထိတိုက်မိပြီး နားကွဲမတတ်ပေါက်ကွဲသံကြီးထွက်ပေါ်လာလေသည်။

စုမင် ဓားနှင့်ထိတိုက်မိသည်နှင့် တပြိုင်နက် စုမင်၏ ခန္ဓာကိုယ်မှ ကိုးရောင်ခြယ် အလင်းတန်း ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက တည်နေရာငါးခုချိပ်တံဆိပ်ထံမှ ထွက်ပေါ်လာပြီး စုမင်နှင့် အလင်းဘောလုံးရှိဒုတိယအစ်ကိုကြီးတို့ မထိခိုက်‌မိအောင် တားဆီးကာကွယ်ပေးလေသည်။

ကျယ်လောင်သော ပေါက်ကွဲသံသည် လေထုထဲသို့ စူးရှစွာ တိုးဝင်လာပြီး ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးကို တုန်ခါသွားသည်။ ဤပြင်းထန်သော ဆူညံသံအောက်တွင် တည်နေရာငါးခုချိပ်တံဆိပ်မှ ဖြစ်ပေါ်လာသော အလင်းမျက်နှာပြင်က အလွှာတစ်ခုစီ ကွဲအက်သွားပြီး အလွှာအသစ်များ ပြန်ပြန်ဖြစ်ပေါ်လာသည်။ စုမင်၏ခြေဖဝါးအောက် မြေပြင်တွင် အက်ကြောင်းများ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီး စုမင်အောက်ရှိလီတစ်ရာစက်ဝန်းမြေကြီးက ပြိုကျ‌သွားလေသည်။

ထိုခဏတွင် ကိုးရောင်ခြယ်ရှိသော အလင်းဖန်သားပြင်သည် ကွဲအက်သွားပြီး ကြီးမားသော ရိုက်ခတ်မှုတစ်ခု တိုးဝင်လာသည်။ စုမင် မဆိုင်းမတွ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ ဒုတိယအစ်ကိုရှေ့တွင် ရပ်လိုက်သည်။ သူက တိုးဝင်လာသော သွေးနီရောင် ဓားရောင်ဝါကို တားဆီးရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုတော့မည်။

တိုးဝင်လာသောဓားကြီးက ကိုးရောင်ခြယ်အလင်းတန်းကို ခုတ်မိရင်း ဓားကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ပေါက်ကွဲသံများက လေထဲတွင် ပဲ့တင်ထပ်လာကာ ဓားအပိုင်းအစများက တစ်စစီ နောက်သို့လွင့်စင်သွားလေသည်။

ကျယ်လောင်သောအသံများသည် တဖြေးဖြေးမှိန်ဖျော့သွားသော အသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ဓား အပိုင်းအစများက နယ်မြေတစ်ခုလုံးကို လွင့်စင်သွားပြီးနောက် ငြိမ်ကျသွားသည်။ တဖန် လောကကြီးက ရှင်းလင်းကြည်လင်လာပြီး စုမင် သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ သူ့နောက်က အလင်းဘောလုံးက ပုံပျက်နေသော်လည်း ဒုတိယအစ်ကိုကြီးကတော့ ထိခိုက်မှုလုံးဝမရှိပေ။

သွေးနီရောင်ဓား၏အရှိန်အဝါကို စုမင်က ခံနိုင်ရည်ရှိသောကြောင့် အလင်းဘောလုံးထဲသို့ မထိုးဖောက်နိုင်ခဲ့ပေ။ ထို့အပြင် အလင်းဘောလုံး၏ကိုယ်ပိုင်ကာကွယ်မှုသည် ဒုတိယအစ်ကိုကြီးကိုအရိပ်အမြွက်မျှပင်မခံစားရစေရန် တားဆီးထားသည်။

သို့သော် စုမင်က သူ့ကိုကာကွယ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုသည့် လုပ်ရပ်ကို ဒုတိယအစ်ကိုကြီးက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ သူ့မျက်နှာမှာ အပြုံးများ ကျန်နေခဲ့ပြီး နွေးထွေးသောခံစားချက်က ညီအစ်ကိုတွေကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးပြသနေလေသည်။

ထိုလုပ်ရပ်အတွက် ကျေးဇူးတင်စကား ပြောစရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ဒုတိယအစ်ကိုကြီးက စုမင်နေရာမှာ ရှိနေလျှင် သူ့ညီကို ကာကွယ်ဖို့ အလားတူလုပ်ရပ်မျိုး သေချာပေါက် အတူတူ လုပ်ခဲ့မိလိမ့်မည်။

သွေးနီရောင်ဓားက အပိုင်းပိုင်းကွဲကြေသွားသော်လည်း ထိုအပိုင်းအစများက ရုတ်တရက် လေထဲ၌ စုရုံးလာပြီး ဓားရှည်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။သို့သော် အရှည်ပေတစ်သောင်းမဟုတ်တော့ဘဲ သာမန်အရွယ်အစားဓားတစ်လက်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နက်နဲသော အသံတစ်ခုက လေထဲတွင် ပျံ့လွင့်လာသည်။

“ရိုးရေစတေးနယ်ပယ်ရဲ့ စိတ်ဝိညာဉ်ထွက်ပေါ်လာခြင်း...”

ထိုနာမည်သည် မဟာမြူရွက်အင်မော်တယ်ဂိုဏ်းရှိ မှော်ဓားအစီအရင်၏နာမည်ဖြစ်သည်။ လူတစ်သောင်း၏သွေးစတေးခြင်းကို အသုံးပြုပြီး လောကကြီးကို ဖျက်စီးပစ်နိုင်လောက်သော စွမ်းအားကိုဆင့်ခေါ်မည်ဖြစ်သည်။ ၎င်းက ရန်သူကိုမသေနိုင်လျှင်တောင် အပြင်းထန်ဆုံးတိုက်ခိုက်မှုဟု ဆိုနိုင်သည်။

ချန်လုံက ထိုစကားသုံးခွန်းကိုပြောပြီး ချက်ချင်းပင် သူ့ခန္ဓာကိုယ်က တုန်လှုပ်ခြောက်ခြားကာ ပြာအတိဖြစ်သွားသည်။ ပျောက်ကွယ်နေသော ခန္ဓာကိုယ်မှ ဝိညာဉ်တစ်ခု ထွက်လာသည်။ တစ်ချိန်တည်းမှာပင် မှော်အစီအရင်မှသတ်ပစ်ခဲ့သော တပည့်တစ်သောင်းနီးပါး၏ ဝိညာဉ်များသည် မြူရွက်ဂိုဏ်းဝန်းကျင်တွင် ပေါ်လာသည်။ စိတ်ရှုပ်ထွေးမှုနှင့် ငေးမောနေသော အမူအရာများဖြင့် ကောင်းကင်၌ ပေါ်လာကြသည်။ ဤဝိညာဉ်များအားလုံးက လျင်မြန်စွာ စုရုံးပြီး အနက်ရောင်ပုံရိပ်တစ်ခုသို့ ပြောင်းလဲသွားကြသည်။

ထိုပုံရိပ်က ပေသုံးဆယ်ရှိပြီး ခေါင်းနှစ်လုံးပါရှိသည်။ ထိုပုံရိပ်၏ လက်တစ်ဖက်က ဓားကို‌ကိုင်မြှောက်ရင်း ခေါင်းတစ်လုံးက ကောင်းကင်းကို မော့ကြည့်နေလေသည်။ ကျန်ခေါင်းတစ်လုံးမှာ မြေပြင်ကို စိုက်ကြည့်နေရင်း နားကွဲလုမတတ် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။

“ဒုတိယအစ်ကိုကြီး...မဟာမြူရွက်အင်မော်တယ်ဂိုဏ်းရဲ့ဝိညာဉ်တွေနဲ့စုစည်းထားတဲ့ရက်စက်ကြမ်းကြုတ်တဲ့ဝိညာဥ်ကြီးကို သတ်ပစ်ချင်လား...”

စုမင်က သူ့ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်ပြီး ကောင်းကင်မှာ ဟိန်းဟောက်နေသော ဦးခေါင်းနှစ်လုံးပါသည့် ပုံရိပ်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့ဒုတိယအစ်ကိုကြီးကို ကြည့်လိုက်သည်။

“အေး...ကောင်းတယ်”

ဒုတိယအစ်ကိုကြီးက ဆက်ပြုံးပြပြီး စုမင်က သူ့ဓားကို အလင်းဘောလုံးဆီသို့ လွှဲယမ်းလိုက်သည်။ အလင်းဘောလုံးက မအက်ကွဲခင် တုန်တုန်ယင်ယင်နှင့် ပြင်းထန်စွာ ပုံပျက်လာသည်။ ထို့နောက် ဒုတိယအစ်ကို၏ ခန္ဓာကိုယ်က ရုပ်လုံးပေါ်လာပြီး ချိနဲ့စွာ ထွက်လာသည်။

သူထွက်လာသည်နှင့် မြက်ပင်စိမ်းများက ချက်ချင်း ရှည်ထွက်လာပြီး ထိုနေရာက မြေရိုင်းမြေကော ဖြစ်သွားသည်။

ဒုတိယအစ်ကိုကြီးဧ။်မျက်နှာသည် ယခင်အတိုင်း ဖြူဖျော့နေပြီး စုမင်ဘက်သို့ လျှောက်သွားလိုက်သည်။ ထို့ကြောင့် စုမင်က သူ့ခါးကိုကုန်းပေးကာ ဒုတိယအစ်ကိုကို့ ကျောကုန်းပေါ်တက်စေသည်။

“ဒုတိယအစ်ကိုကြီး...ကျုပ်တို့အတူတူသွားပြီးတော့ အဲဒီဦးခေါင်းနှစ်လုံးမိစ္ဆာကြီးကို တိုက်ကြရအောင်...”

စုမင်သည် ခေါင်းကို မော့လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ချက်ချင်းပင် ခေါင်းနှစ်လုံးပါသော ပြင်းထန်သော ဝိညာဉ်ကြီးက လက်ထဲတွင် သွေးနီဓားကို ကိုင်ထားရင်း ခေါင်းနှစ်လုံးစလုံးက စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ၎င်းက ဟိန်းဟောက်သံနှင့်အတူ ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး စုမင်ဆီသို့ ဦးတည်သွားလေသည်။

ထိုအချိန်တွင် နှစ်ဖက်စလုံးက ကောင်းကင်နှင့်မြေကြီးကို အသီးသီး ဖြတ်ပြေးသွားသော ကြယ်နှစ်စင်းနှင့်အလားသ‌ဏ္ဍန်တူသည်။ ထို့နောက် သူတို့က အချင်းချင်း ပြင်းထန်စွာ တိုက်မိသွားကြသည်။

တစ်ချက်တည်းဖြင့်၊ မည်သူက အနိုင်ရမည်၊ ရှုံးမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

.................................................

ထိုအချိန် ပြာလွင့်လွင့်ကောင်းကင်တွင် တိမ်တိုက်လေးများကကွက်တိကွက်ကျား နေရာယူထားလေသည်။ ကောင်းကင်ကြီး တုန်လှုပ်နေလျှင်တောင်မှ ထိုတိမ်တိုက်များကို လွင့်ပြယ်မသွားပေ။ အဘယ်ကြောင့်ဆိုသော် တိမ်တိုက်အတွင်းရှိတစ်စုံတစ်ရာကို ဖုံးကွယ်ထားသောကြောင့်ဖြစ်သည်။

လှပသောအမျိုးသမီးတစ်ဦးက သက်ပြင်းချရင်း နာကျင်သောမျက်နှာဖြင့် ထိုနေရာတွင် သစ််စေ့များကို တကျွတ်ကျွတ် ဝါးနေသည်။

“ဒါက ငါ့အတွက်အရမ်းကို ကုန်ကျစရိတ်များတယ်... တကယ့်ကိုများတာ... ဒီစုမင် စွမ်းအားကြီးလာတာ အရမ်းမြန်တယ်.. ငါသာကြို သိခဲ့ရင် အဲဒီအဘိုးကြီးဆီက အများကြီး ထပ်တောင်းလိုက်တယ်...”

ထိုမိန်းကလေးက သူ့လုပ်ရပ်ကို နောင်တရနေချိန်တွင် သူမဘေးရှိအဝါရောင်ခွေးကြီးက ငြိမ့်ညောင်းစွာလဲလျောင်းနေလေသည်။ ခွေးကြီးဘေးတွင် ညှိုးငယ်သောအမူအရာဖြင့်ဝပ်တွားနေသည့် အခြားသက်ရှိနှစ်ယောက်ရှိလေသည်။ ၎င်းတို့ထဲမှ တစ်ယောက်မှာ ထိပ်ပြောင်ကြိုးကြာငှက်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ခွေးကြီး၏ခန္ဓာကိုယ်အနှံ့ကုတ်ပေးနေသောချမ့်ချန်ပင်ဖြစ်သည်။

All Chapters