← Chapters

ကံကြမ္မာက စီစဉ်ပေးတဲ့တွေ့ဆုံမှု

Vol. 52 Ch. 717

ကံကြမ္မာက စီစဉ်ပေးတဲ့တွေ့ဆုံမှု

Vol. 52 Ch. 717

ရိုးရေစတေးနယ်ပယ်မှ စိတ်ဝိညာဉ်ထွက်ပေါ်လာခြင်းကျင့်စဉ်၏ ရိုက်ခတ်မှုက လေပြင်းများကို နှိုးဆော်ပြီး တိမ်များကို လွင့်ပါးသွားစေသည်။ ၎င်းက ခေါင်းနှစ်လုံးပါသည့် ရက်စက်ကြမ်းကြုတ်သောဝိညာဉ်ကြီးကို သွေးဓားကိုင်ဆောင်သည့်အသွင်ဖြစ်စေပြီး လောကကြီးကို ကိုင်လှုပ်တော့မည့်အလားထင်ရသည်။

ထိုဝိညာဉ်ကြီးက ဒုတိယအစ်ကိုကြီးကို ကုန်းပိုးထားသောစုမင်နှင့် ပြင်းထန်စွာ ထိတိုက်မိတော့မည်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးက အချင်းချင်းထိတိုက်မိသလိုမျိုး ထင်ရသည်။ စွမ်းအားကြီးလှိုင်းလှုံးများစွာက ဖြာထွက်နေပြီး အဝေးမှမြင်ရသူတိုင်းက ပန်းချီကားတစ်ချပ်ကိုမြင်နေသည့်ခံစားချက်မျိုးကို ပေးစွမ်းသည်။

ထိုအချိန်တွင် စုမင်ကျောပေါ်ရှိ ဒုတိယအစ်ကိုကြီးက အားရပါးရရယ်မောခဲ့သည်။ သူရယ်လိုက်စဉ် မြက်ပင်ရှည်ကြီးများက အက်ကွဲနေသောမြေကြီးပေါ်တွင် အစီအရီပေါက်လာပြီး မွှေးကြိုင်သောရနံ့သည် လေထဲသို့ ပျံ့နှံ့သွားသည်။နူးညံ့ပြီး အားကောင်းသော တည်ရှိမှုက ဒုတိယအစ်ကိုကြီး၏ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး စုမင်၏ပတ်ဝန်းကျင်ကို ဝန်းရံထားလေသည်။

စုမင်က ဓားအိမ်ထဲမှထွက်လာသောဓားတစ်လက်နှင့်တူလေသည်။ ထို့နောက် ကောင်းကင်ရှိဝိညာဉ်ကြီးနှင့် စုမင်တို့ ညီအစ်ကိုနှစ်ယောက် တည့်တိုး တိုက်ခိုက်ကြတော့သည်။

ထိုတိုက်ပွဲက ကောင်းကင်နှင့် မြေကြီးကြားရှိ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ၎င်းက မာန်ပြည်ထောင်ရှိ ထိပ်သီးအင်အားစုများ အချင်းချင်း တိုက်ခိုက်နေသည်ဟု ဆိုနိုင်သည်။ ကျယ်လောင်သော မြည်ဟည်းသံများ ပျံ့လွင့်လာပြီး လေထဲတွင် ပဲ့တင်ထပ်နေလေသည်။ ကောင်းကင်တွင် အဆုံးမရှိသော အက်ကွဲကြောင်းများစွာ ပေါ်လာပြီး တိုက်ပွဲမြေပြင်ကလည်း ကွဲအက်သွားကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင်တစ်ဝိုက်ရှိ လေပြင်းလေပွေများက ပြင်းထန်သောစွမ်းအားလှိုင်းနှင့်အတူနေရာအရပ်ရပ်သို့ တိုက်ခတ်နေသည်။၎င်းက မြင်ကွင်းကို မထင်မရှား‌ဖြစ်စေပြီး

အဆုံးစမဲ့လေသည်။

စုမင်က သွေးချောင်းဆ်ိုးလိုက်ပြီး ခြေလှမ်းတစ်ရာ နောက်ဆုတ်သွားသည် ။ သို့သော် ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ကို အစိမ်းရောင်စွမ်းအားလှိုင်းများစွာဖြင့် ဝန်းရံထားသည်။ ထိုအရာက သူ့ဒုတိယအစ်ကိုကြီး ပြောင်းလဲထား‌သော စွမ်းအား

လှိုင်းများဖြစ်သည်။

ထိုအချိန်တွင် ခေါင်းနှစ်လုံးဝိညာဥ်ကြီးရှိ ဦးခေါင်းတစ်လုံးက ပြတ်ကျသွားလေသည်။လေထုထဲတွင် ကျယ်လောင်သောဟိန်းသံများ ပဲ့တင်ထပ်နေပြီး ရက်စက်ကြမ်းကြုတ်သောဝိညာဉ်ကြီးက ‌နောက်သို့ တုန်ယင်စွာ ဆုတ်ခွာသွားသည်။ သူ့လက်ထဲက သွေးနီရောင်ဓားကလည်း အနည်းငယ် မှုန်ဝါးလာသည်။

စုမင်က ခေါင်းကို မော့လိုက်သည်။ သူ့ခန္ဓာကိုယ်က ရှေ့သို့တိုးလာပြီး ရပ်တန့်သွားပြန်သည်။ သူ့လက်ထဲက လူသတ်ဓားက ဖျတ်ခနဲ တောက်ပလာပြီး ခေါင်းတစ်ဖက်ပြတ်သွားသောဝိညာဉ်ကြီးဆီသို့ အရှိန်တင်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်သတ်ရန် ကြိုးပမ်းရင်း အချင်းချင်း ထပ်မံလုံး ထွေးသွားပြန်သည်။

စုမင်က မြင့်မြတ်သောစွမ်းရည်နှင့်ရတနာများကို အသုံးပြုခဲ့ခြင်းမရှိပေ။ စုမင်က လူသတ်ဓားကိုသာ အသုံးပြုပြီး ဓားကိုင်တွယ်နည်းလေးခုကို အသက်သွင်းကာ ဓားချက်များစွာ ဖြတ်ပိုင်းခဲ့သည်။ ခဏအကြာတွင် ပို၍ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျန်ဦးခေါင်းသည် လေထဲသို့ ပျံတက်သွားသည်။ ဝိညာဥ်ကြီးမှာ စုမင်၏ဓားဖြင့်ထိုးခံရပြီး ပေါက်ကွဲသွားခဲ့သည်။

မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏ဓားအစီအရင်မှဖွဲ့စည်းထားသော ခန္ဓာကိုယ်သည် ၎င်း၏ဦးခေါင်းအားလုံးကို ဆုံးရှုံးသွားခဲ့သည်။ ထိုအချိန်တွင် ခန္ဓာကိုယ်ကြီးက တုန်လှုပ်သွားပြီး လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်။ လူတိုင်း၏မျက်စိရှေ့တွင် ယခင်က ဦးခေါင်းရှိရာနေရာတွင် အသားစိုင်နှစ်ခုက လျင်မြန်စွာ ပေါက်ဖွားပြီး ဦးခေါင်းက ပြန်ပေါက်တော့သယောင်ထင်ရသည်။

“နဝမမြောက် တောင်ထွဋ်ကိုရန်စတဲ့သူတွေကို သတ်ပစ်မယ်...”

စုမင်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း သူ့မျက်နှာပေါ်ရှိ သတ်ဖြတ်လိုစိတ်အငွေ့အသက်များက အေးစက်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဆုတ်ခွာသွားသော ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်ထဲရှိ လူသတ်ဓားဖြင့် ရှေ့ကို ပိုင်းဖြတ်လိုက်ရာ ဧရာမဘယ်လက်ကြီးက လေထဲကို လွင့်ပျံသွားသည်။

ဒုတိယအစ်ကိုဖြစ်သူ၏ ရွှင်မြူးသံက လေထဲတွင် တဟုန်ထိုး မြည်လာသည်။ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံနေရသော အမှတ်တရဆိုးများကို ခဏဖယ်ထုတ်ပြီး‌နောက် သူ့ရယ်သံများက ဝေဝေဆာဆာပျံ့လွင့်လာသည်။

“အငယ်ဆုံးညီလေး..မင်းပြောတာမှန်တယ်...နဝမမြောက်တောင်ထွဋ်ရဲ့ အပင်တစ်ပင်ကိုထိရဲတဲ့သူတွေကိုတောင် သတ်ပစ်...”

ဒုတိယအစ်ကို၏စကားများ လေထဲသို့ ပျံ့လွင့်လာပြီး စုမင်က ရှေ့သို့တစ်လှမ်းတိုးကာ ဆုတ်ခွာသွားသောမှော်ဝိညာဥ်ကြီးဆီသို့ နီးကပ်သွားသည်။ သူက လူသတ်ဓားကို လွှဲယမ်းလိုက်သော် ဝိညာဉ်ကြီး၏ ညာဘက်ခြေထောက်က ပြတ်ထွက်သွားလေသည်။

“နဝမမြောက်တောင်ထွဋ်ရဲ့တပည့်တစ်ဦးကို အန္တရာယ်ပေးခဲ့တဲ့ဂိုဏ်းကို ချေမှုန်းပစ်...”

စုမင်၏ ခန္ဓာကိုယ်မှ အေးစက်သောလေများ ပျံ့နှံ့သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ထဲမှ လူသတ်ဓားကို လွှဲယမ်းလိုက်ပြန်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက တဟုန်းဟုန်း တောက်ပလာပြီး မှော်အစီအရင်မှ ဖြစ်ပေါ်လာသောခန္ဓာကိုယ်ကို လျင်မြန်စွာ ခုတ်လှဲပစ်လိုက်လေသည်။

သူ၏ဒုတိယအစ်ကိုဖြစ်သူက ရယ်မောလိုက်ပြီး စုမင်၏ခန္ဓာကိုယ်ပေါ်သို့ အစိမ်းရောင်အလင်းတန်းများစွာ စီးဆင်းသွားစေသည်။ ထို့နောက် စုမင်က ဓားကို ထောင့်ဖြတ် ပိုင်းခုတ်လိုက်သည်။

နားကွဲမတတ်ပေါက်ကွဲသံကြီးက လေထုထဲတွင် ပျံ့လွင့်လာသည်။ စုမင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ဒုတိယအစ်ကိုကြီးကတော့ ဟက်ဟက်ပက်ပက်ရယ်မောနေတော့သည်။ ထိုအချိန်တွင် ဝိညာဉ်ကြီးကိုင်ဆောင်ထားသော သွေးနီရောင်ဓားသည် အပိုင်းပိုင်းကွဲသွားသည်။ စုမင်

၏လူသတ်ဓားက ထိုဓားကိုဖြတ်၍ ဝိညာဉ်ကြီး၏ ခန္ဓာကိုယ်အလယ်ကို နှစ်ပိုင်း ပိုင်းလိုက်သည်။

ခန္ဓာကိုယ်မှ ဝိညာဉ်များ၏နာကျင်စွာအော်ဟစ်သံကိုသာ ကြားနေရပြီး ဘုန်းခနဲ ပေါက်ကွဲသွားသည်။ အတွင်းမှ အဆုံးမဲ့ အာဃာတဝိညာဉ်များက ကျယ်လောင်စွာ အော်ဟစ်ပြီး အရပ်ရပ်သို့ ပြန်ကျဲသွားတော့သည်။

တစ်ယောက်ယောက်က မြေပြင်ကနေ အပေါ်ကို မော့ကြည့်လိုက်လျှင် ထိုမြင်ကွင်းက လွင့်မျောနေသော မြူခိုးထု

လိုမျိုး ဖြစ်သည်။ ထိုမြူခိုးထုထဲမှာတော့ အင်မော်တယ်ဂိုဏ်းရှိအဆုံးမဲ့ဝိညာဉ်များ ပါရှိနေလေသည်။

စုမင်၏ မျက်လုံးများတွင် ဖျတ်ခနဲ လင်းလက်လာပြီး ဝိညာဉ်အားလုံးကို သတ်ခါနီးတွင် သူ၏ဒုတိယအစ်ကိုဖြစ်သူက ရုတ်တရက် လှမ်းပြောသည်။

“အငယ်ဆုံးညီလေး သူတို့ကို မသတ်နဲ့...”

သူ့အစ်ကိုက စကားပြောနေစဉ် စုမင်နောက်ကျောမှ ဆင်းလိုက်သည်။ ထို့နောက် သူ့ခေါင်းပေါ်တွင် ချိုနှစ်ချောင်းပါသော ဧရာမတ‌စ္ဆေကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ပေတစ်ရာခန့် မြင့်ပြီး အစိမ်းရင့်ရောင်အငွေ့အသက်များက ဦးခေါင်းမှ ခြေဖျားအထိ လွှမ်းခြုံထားသည်။

ဒုတိယအစ်ကိုကြီးက တစ္ဆေပုံစံဖြင့် အင်မော်တယ်ဂိုဏ်း၏ဝိညာဉ်များဆီသို့ ပါးစပ်ဟထားရင် အသက်ရှူသွင်းလိုက်သည်။ ထို့ကြောင့် စူးရှသောအော်ဟစ်နေသောဝိညာဉ်များက အထိတ်တလန့်ဖြစ်ခဲ့ရပြီး သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့အားလုံးက ဒုတိယအစ်ကိုကြီး၏ဝါးမျိုခြင်းကို ခံခဲ့ရသည်။

မဟာမြူရွက်အင်မော်တယ်ဂိုဏ်းမှ ဝိညာဉ်များအားလုံးကို ဝါးမျိုလိုက်သောအခါ ဒုတိယအစ်ကို၏ ခန္ဓာကိုယ်အရွယ်အစားသည် တစ်ဆတိုးလာသည်။ ပေနှစ်ထောင်နီးပါးရှိသောတစ္ဆေကြီးက

ထူးဆန်းသော လေထုကို ထုတ်လွှတ်ရင်း

စုမင်ကိုကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာလှည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့တွင် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးအငွေ့အသက်များ ထွက်ပေါ်လာသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

ဤသည်မှာ ဒုတိယ အစ်ကိုကြီး၏ အပြုံးပင်ဖြစ်သည်။ သူ့ခေါင်းကိုမော့ပြီး ပြုံးပြသည့်အခါတိုင်း သူ့မျက်နှာတစ်ဖက်ခြမ်းကို နေရောင် ဖြာကျစေသည်။ ထိုအမူအရာက သူ့ကိုယ်သူ တကယ်သက်တောင့်သက်သာ ဖြစ်စေပုံ ထင်ရသည်။

“ဒီနေရာက ငါကို နှစ်အတော်ကြာအောင် ဖိနှိမ်ခဲ့တယ်... ပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ကို သူတို့ရဲ့ တပည့်တွေကျင့်ကြံတဲ့နေရာမှာ

အထောက်အကူပစ္စည်းအဖြစ်တောင် အသုံးပြုခဲ့တယ်.. ငါ့ရဲ့အသက်စွမ်းအားတွေကို မရပ်မနားထုတ်ယူခဲ့ပြီး သေလုနီးပါး ဖြစ်အောင်လုပ်ခဲ့တယ်...အဲဒါက မယုံနိုင်လောက်အောင် နာကျင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပဲ..ဆိုးဝါးလိုက်တာ..”

ဒုတိယအစ်ကိုကြီးက စကားပြောနေရင်း ညာလက်ကိုမြှောက်ကာ ထိုဂိုဏ်းနေရာကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် နူးညံ့သော အပြုံးဖြင့် သူ့လက်ကို ဖြည်းညှင်းစွာ အောက်သို့ ချလိုက်သည် ။

ထိုအချိန်တွင်… ယခင်က ဤနေရာမှာ အစိတ်စိတ်အပိုင်းပိုင်းပြိုကျခဲ့ခြင်း သို့မဟုတ် တွင်းပေါက်ကြီးများနှင့်ပြည့် နေသော်လည်း အစိမ်းရောင်စွမ်းအားလှိုင်းများက မြေပြင်ကို လျင်မြန်စွာ ပြည့်လျှံစေခဲ့သည်။ ထိုစွမ်းအားက မြေပြင်ပေါ်တွင် ရူးသွပ်သောအရှိန်ဖြင့် မြက်ပင်များ၊ ပန်းများနှင့် သစ်ပင်များကို ကြီးထွားစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ချိန်က မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏မြေကြီးက ပန်းပွင့်များ၊ စိမ်းလန်းသော မြက်ပင်များနှင့် စိမ်းလန်းစိုပြေသော သစ်ပင်များပြည့်နှက်နေသည့် သစ်တောကြီး ဖြစ်လာခဲ့သည်။

လီတစ်သောင်း စက်ဝန်းပြတ်‌နယ်‌မြေအတွင်း အရာအားလုံးသည် သစ်တောအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လန်းဆန်းသောလေညှင်းများ ဖြည်းညှင်းစွာ တိုက်ခတ်နေလေသည်။ ဒုတိယအစ်ကိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းကျုံ့သွားကာ နောက်ဆုံးတွင် ပန်းပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့သောလူအဖြစ်သို့ ရောက်ရှိသွားသည်။ သူက အဖြူရောင် ၀တ်စုံ ဝတ်ဆင်ထားပြီး နှစ်လိုဖွယ်ပြုံးရင်း စုမင်ရှေ့မှာ ရပ်နေလေသည်။

စုမင်က သူ၏ဒုတိယအစ်ကိုကို ကြည့်ပြီး သူ့အမှတ်တရများထဲမှ အပြုံးကို ပြန်သတိရသွားသည်။ သူ့အတွက်ကတော့ သူ့အစ်ကိုကြီးက လူဖြစ်ဖြစ် တစ္ဆေကြီးဖြစ်ဖြစ် အရေးမကြီးပေ။

“ဒုတိယ အစ်ကိုကြီး...”

စုမင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤအပြုံးက လွတ်လပ်မှုကိုဖော်ပြသောအပြုံးတစ်ခုဖြစ်ပြီး ဟိုးအရင်ကတည်းက သူ့မျက်နှာမှာ ပေါ်မလာခဲ့သော အပြုံးတစ်ခုဖြစ်သည်။

“အငယ်ဆုံးညီလေး.. မင်းဒီနှစ်တွေအတွင်းမှာ ဒုက္ခများခဲ့ပြီ..ငါ ဒီမှာ ဆရာကြီးကိုရှာမတွေ့ပေမဲ့ သဲလွန်စတချို့ တွေ့ခဲ့တယ်...ဆရာကြီးက အကြောင်းပြချက်တစ်ခုခုကြောင့် ငါတို့မသိတဲ့ နည်းလမ်းကိုသုံးပြီး မာန်ပြည်ထောင်ကနေ ထွက်သွားခဲ့တယ်...”

ဒုတိယအစ်ကိုက အသံတိုးတိုးလေးဖြင့် ရှင်းပြနေလေသည်သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသေးပြီး မြူရွက်ဂိုဏ်းက သူ့ကိုနှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သောကြောင့် လျင်မြန်စွာ မသက်သာနိုင်ကြောင်း ညွှန်ပြနေသည့် လက္ခဏာဖြစ်သည်။

“အခု ငါတို့တွေပဲကျန်တော့တယ်...ငါ ဟူကျီကို နဝမမြောက်တောင်ထွဋ်မှာနေဖို့ မှာခဲ့တယ်.. မင်း ‌အိမ်ကို ပြန်ပြီးပြီလား”

စုမင်က ခေါင်းညိတ်လိုက်သည်။ သူစကားပြောခါနီးတွင် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ထို့နောက် သူ့ မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်သည်။ ဒုတိယအစ်ကို၏မျက်လုံးထဲတွင်လည်း အလင်းရောင်တစ်ခု ပေါ်လာပြီး ခေါင်း မော့လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ကြီးသည် တိမ်များကင်းစင်သွားသလို ထင်ရသော်လည်း အမှန်မှာမူ အရှေ့ဘက်တွင် တိမ်တိုက်တစ်ခု ရှိနေသည်။ လှော်ထားသော သစ်စေ့များကို စားနေသော မိန်းမချောလေးက ရုတ်တရက် မျက်လုံးအပြူးသားကဖြစ်သွားသည် ။ စုမင်က ခေါင်းနှစ်လုံးပါသောဝိညာဉ်ကြီးကို တိုက်ခိုက်သည့် ဖြစ်စဉ်တစ်ခုလုံးကို သူမ မြင်ဖူးသည်။ ခဏအကြာတွင် သူမ၏ ရင်ဘတ်ကို အနည်းငယ် ပွတ်သပ်ကာ သက်ပြင်း ချလိုက်မိသည်။

“ဒီတစ်ခါ ငါတကယ့်ကို ဆုံးရှုံးခဲ့ရတာပဲ..”

အမျိုးသမီးက လက်ကို မြှောက်ကာ ခွေးကြီး၏ခေါင်းကို လှမ်းကိုင်လိုက်သည်။

ခွေးကြီးက နာကျင်စွာ ရှုံ့မဲ့သွားသော်လည်း စကားများစွာ မပြောရဲပေ။ အသူရာဖန်ဆင်းရှင်လောကထဲမှာ ရှိစဉ်က ၎င်းမှာ ဤအမျိုးသမီး၏

ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို ကြားဖူးသည်။ သူမက ထိုလောက၏သက်ရှိများစွာကိုခေါင်းကိုက်စေသောတည်ရှိမှုတစ်ခုဖြစ်ပြီး ကိုင်တွယ်ရခက်ခဲလေသည်။

ယခုခရီးစဉ်၌ ‌၎င်းက အများကြီး နစ်နာခဲ့ရပြီး သူမလက်ထဲမှ ရုန်းမထွက်နိုင်သေးပေ။ ၎င်းက ရှုံမဲ့နေပြီး ချမ့်ချန်နှင့်ထိပ်ပြောင်ကြိုးကြငှက်ကို စိုက်ကြည့်နေလေသည်။ ထို့နောက် ၎င်းက အူသံရှည်ကြီး ဆွဲငင်လိုက်ပြီး ကြိုးကြာငှက်ကို

အထိတ်ထိတ်အလန့်လန့်ဖြစ်စေခဲ့သည်။ ချမ့်ချန်ပင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

သို့သော် ထိပ်ပြောင် ကြိုးကြာငှက်က ခွေးကြီး၏အဖြစ်ကို ဝမ်းသာပီတိဖြစ်နေစဉ် ခွေးကြီးက ငှက်ကို ချက်ကောင်းမိအောင် ကိုက်လိုက်သည်။ ထိုအချိန်မှသာ ခွေးကြီးက စိတ်သက်သာရာရသလို ခံစားခဲ့ရသည်။

ချမ့်ချန့်က ပို၍ပင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှု ပေါ်လာသည်။ ထိုမိန်းမလှလေးက ခွေးကြီးကို နိုင်စားလေသည်၊ ခွေးကြီးက ငှက်ကို နိုင်စားလေသည်၊ သူ့ကိုလည်း ကြိုးကြာငှက်က မည်သို့ အနိုင်ကျင့်မည်နည်း။

ထို့နောက် ထိပ်ပြောင်ကြိုးကြာငှက်က ခေါင်းကိုမော့ကာ ချမ့်ချန်ကို စိုက်ကြည့်သည်။၎င်း၏ တောင်ပံကို မြှောက်ကာ ချမ့်ချန်၏ ခေါင်းကို အကြိမ်ပေါင်းများစွာ ပုတ်ခတ်လိုက်သည်။ ထို့ကြောင့် ချမ့်ချန်မှာ နာကျင်မှုကြောင့် ရှုံမဲ့သွားပြီး ကြိုးကြာငှက်လည်း စိတ်သက်သာရာရသွားတော့သည်။

ချမ့်ချန်က မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် သူ့ပတ်ဝန်းကျင်ကို လှမ်းကြည့်သော်လည်း သူ့ပစ်မှတ်ဖြစ်လာနိုင်သည့် မည်သူကိုမျှ မတွေ့နိုင်သဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ ငိုကြွေးနေပုံရသည်။

ကောင်းကင်ရှိ လူအုပ်ကြီးက အဆင့်ဆင့်ကြောက်ရွံ့နေကြစဉ် စုမင်၏အေးစက်သော အသံက သူတို့ထံ ရောက်လာသည်။

“မင်း ငါ့နောက်မှာ ပုန်းနေတာပဲ..” ဘယ်လောက်ကြာကြာ ပုန်းဖို့ ကြံနေတာလဲ”

စုမင်၏ အသံက ချမ့်ချန်၏ နားထဲသို့ ဝင်ရောက်သွားပြီး သူ့ဆွေမျိုး၏ အသံကို ကြားလိုက်ရသလိုပင် သူ့အား စိတ်လှုပ်ရှားသွားစေသည်။ ထိပ်ပြောင် ကြိုးကြာငှက်က ဟိုဟိုဒီဒီလိုက်ရှာနေပြီး သူဘာကို တွေးနေသည်ဆိုတာကို အတိအကျ မသိနိုင်ပေ။

ခွေးကြီးက မျက်လုံးပြူးသွားသည်။ ၎င်း လှမ်းကြည့်လိုက်သော် ဘေးနားက အမျိုးသမီးက မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို နောက်ကျောမှာ တင်ထားလိုက်တာကြောင့် ချစ်စရာကောင်းသောလေထုကို ပေးစွမ်းနေလေသည်။ သို့သော် စုမင်က သူမ၏တည်ရှိမှုကို အာရုံမခံနိုင်ဟု ထင်ထားသည်။ ထို့ကြောင့် စုမင်၏အသံကို ကြားလိုက်ရသော် သူမ အံ့ဩမင်သက်မိသွားလေသည်။

သူမက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည် ။ထို့နောက် သူမက လှပ၍ ချစ်စဖွယ်နုံအသောအကြည့်ဖြင့် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ဖုံးကွယ်ထားသည့် တိမ်တိုက်ထဲမှ ထွက်လာခဲ့သည်။

All Chapters