← Chapters

မူလဇာတ်မြစ် ပေါ်ထွက်လာတယ်...

Vol. 52 Ch. 719

မူလဇာတ်မြစ် ပေါ်ထွက်လာတယ်...

Vol. 52 Ch. 719

အရှေ့မြေရိုင်းနယ်မြေရှိ နောက်ဆုံးအင်မော်တယ်ဂိုဏ်းရှိကောင်းကင်ထက်တွင် တိမ်များနှင့် မီးခိုးများ ရောယှက်နေပြီး နေရာတစ်ခုလုံးက စိမ်းလန်းသော တောအုပ်အဖြစ် ပြောင်းလဲသွားသည်။ တောထဲတွင် ဧရာမ တွင်းကြီးတစ်ခုရှိပြီး ၎င်းက မြူရွက်ဂိုဏ်းဖျက်ဆီးခံရသည့် တစ်ခုတည်းသောသက်သေဖြစ်နေသည်။

ဤနေရာက အရှေ့မြေရိုင်းနယ်မြေတွင် ဝိညာဉ်စွမ်းအားအပေါများဆုံးနေရာဖြစ်သည်။ ယခုတောအုပ်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေဆဲဖြစ်သည်။၎င်းက သစ်တောကို အုံ့မှိုင်းစွာ ဝန်းရံထားပြီး အိပ်မက်ကဲ့သို့ လေထုကို ပေးစွမ်းသည်။

ထိုအချိန်မှစ၍ ဤနေရာက ကံကြမ္မာမျိုးနွယ်စု၏နေထိုင်ရာနေရာဖြစ်သည်။ ကံကြမ္မာမျိုးနွယ်စုက ဆက်လက်ကြီးထွားပြီး သန်မာလာမည်ဖြစ်သည်။ စုမင် အသက်ရှင်နေသရွေ့ ၎င်းတို့က မာန်မျိုးနွယ်စုများကြားတွင် ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်လာရန် ရည်မှန်းထားသည်။

သူတို့က ရှာမန်မျိုးနွယ်စုများကြားထဲတွင် ရှာမန်နတ်ဘုရားကျောင်းကဲ့သို့

အထွဋ်မြတ်ဖြစ်သည့် တန်ခိုးကြီးအင်အားစုဖြစ်လာသည်။ စုမင်နှင့် တူညီသောမျိုးနွယ်ဝင်များအနေနှင့် ကံကြမ္မာမျိုးနွယ်စုက အခြားမျိုးနွယ်စုများနှင့်မာန်မျိုးနွယ်စုများအပေါ် အချိန်အကြာကြီး ဩဇာလွှမ်းမိုးမှုရှိမည်ဖြစ်သည်။ မည်သူကမျှ ၎င်းတို့၏ စွမ်းအားကို စိန်ခေါ်ဝံ့မည်မဟုတ်ပေ။

‘အခုချိန်ကစပြီး ကြီးမြတ်တဲ့မဟာယွီမျိုးနွယ်စုဆိုတာ မရှိတော့ဘူး.. မာန်နယ်‌မြေတွေက ကံကြမ္မာမျိုးနွယ်တဲ့ဦးဆောင်မဲ့ နယ်မြေဖြစ်လာမယ်...မာန်ပြည်ထောင်ရဲ့စစ်ဆင်ရေးနယ်မြေကို ထိန်းသိမ်းဖို့အတွက် အခြားတိုက်ကြီးတွေမှာလည်း အခြေစိုက်ဂိုဏ်းတွေ တည်ဆောက်လိမ့်မယ်...”

ထိုအတွေးများက လက်‌တ‌လောစုမင်တွေးနေသည့်အရာများဖြစ်သည်။ မဟာယွီ အင်ပါယာကြီးက မြှပ်နှံခြင်းခံရကတည်းက ထာဝရပျောက်ကွယ်သွားသင့်သည်။ မာန်ကျင့်ကြံသူများကြားတွင်ယခင်မဟာယွီမျိုးနွယ်စုမှာ ပျောက်ကွယ်သွားပြီး ကံကြမ္မာမျိုးနွယ်စုက အစားထိုးနေရာယူပြီး ပိုမိုစွမ်းအားကြီးကာ ဘဝအသစ်တစ်ခုကို စတင်လိမ့်မည်။

စုမင်က ထွက်ခွာသွားလေသည်။ကံကြမ္မမျိုးနွယ်စုက တောအုပ်ဖြစ်သွားသော မြူရွက်ဂိုဏ်းနေရာသို့ လိုက်သွားခဲ့သည်။ နန်းကုန်းဟန်၏ ဦးဆောင်မှုအောက်တွင် သူတို့အတွက် အိမ်ဖြစ်ရန် သင့်တော်မည့် ထူးခြားသော နယ်မြေများအဖြစ် စတင်တည်ဆောက်ခဲ့သည်။

သိပ်မကြာခင်မှာပဲ ဤတောအုပ်မှာ တောင်နှစ်လုံးရှိလိမ့်မည်။ ထိုတောင်က ချိုင့်ဝှမ်းတစ်ခုလိုပုံစံဖြစ်ပြီး ယင်မရဏလှိုင်းလုံးများကို စုစည်းနိုင်စေပြုပြင်မွမ်းမံမည်ဖြစ်သည်။ထို့ပြင် ကံကြမ္မာမျိုးနွယ်စုတွင် မူပိုင်ဖြစ်သောမှော်စီးယာဉ်ကြီးများ၊ မြင့်မြတ်သောစွမ်းရည်များနှင့် ရတနာများ ဆက်တိုက်ရှိမည်ဖြစ်သည်။ ထိုအရာများက တစ်နေ့တစ်ခြား တိုးတက်စွမ်းအားကြီးလာလိမ့်မည်။

ထို့နောက် စုမင်၏ ရုပ်တုကိုလည်း ထွင်းထုထားသည်။ ထိုရုပ်တုက ကံကြမ္မာမျိုးနွယ်စု နေ့တိုင်းကိုးကွယ်မည့် နတ်ဘုရားရုပ်တုဖြစ်လာမည်ဖြစ်ပြီး မာန်ပြည်ထောင်ရှိ မာန်နတ်ဘုရားရုပ်တုလည်း ဖြစ်လာမည်ဖြစ်သည်။

စုမင်က သူ၏ဒုတိယအစ်ကို၊ ချမ့်ချန်နှင့် ထိပ်ပြောင်ကြိုးကြာငှက်၊ ခွေးကြီးနှင့် ရက်စက်ကြမ်းကြုတ်သော မိန်းမချောလေးတို့ကို ချန်ရစ်ခဲ့သည်။

ဤသည်မှာ ထူးဆန်းသောလူအုပ်စုဖြစ်သည်။ စုမင်က သူ့ခေါင်းကို လှည့်ကြည့်လိုက်တိုင်း သူ ရှုံ့မဲ့မဲ့သာ ဖြစ်နေသည်။ သူသည် နှစ်များအတွင်း အများအားဖြင့် တစ်ယောက်တည်း နေခဲ့သောကြောင့် ဤကဲ့သို့သောစုစုဝေးဝေးနေရသော အခြေအနေမျိုးမှာ သူ့အတွက် ရှားပါသည်။

ယွီရွှမ် ဟုခေါ်သော အမျိုးသမီးက ခွေးကြီးပေါ်တွင်ထိုင်နေပြီး ထိုခွေးကြီးက လေထဲတွင် လူးလွန့်ကာ ပြေးလွှားခုန်ပေါက်နေသည်။

ခွေးကြီးတစ်‌ကောင်က ထိုကဲ့သို့ ပျော်ရွှင်မြူးတူး‌နေသည်မှာ မဖြစ်သင့်ဟု စုမင် ထင်မြင်နေလေသည်။ ယွီရွှမ်၏လက်များက ၎င်း၏ဦးခေါင်းပေါ်ရှိ သားမွေးမျှင်များကို ဆုပ်ကိုင်ထားသောကြောင့် ထိုသို့ပြုမူနေခြင်းဖြစ်သည်။ သူမက ၎င်း၏သားမွေးမျှင်ကို ဘယ်ဘက်သို့ ဆွဲလိုက်လျှင် ခွေးကြီးက ဘယ်ဘက်သို့ ပြေးသွားကာ ညာဘက်သို့ တွန်းလိုက်လျှင် ညာဘက်သို့ ချက်ချင်း ပြေးသွားမည်ဖြစ်သည်။

ခွေးကြီး၏ အပြုအမူများနများကြောင့် ယွီရွှမ်ထံမှ ခေါင်းလောင်းကဲ့သို့ ရယ်မောသံများ ဝေဝေဆာဆာထွက်ပေါ်လာသည်။ သူမက ပူပင်ကြောင့်ကြမဲ့နေပြီး သူမ၏ရယ်မောခြင်းတွင် ပျော်ရွှင်မှုများ ရှိနေသည်... သို့သော် စုမင် အတွက်တော့ ပူပန်ကြောင့်ကြမဲ့သည့်ရယ်မောခြင်းမဟုတ်ဘဲ အထူးအပါးနားမလည်သော မသိနားမလည်မှု တစ်ခုဖြစ်သည်။

ယခုတစ်ကြိမ်တွင် ထိပ်ပြောင်ကြိုးကြာငှက်သည် အဘိုးအိုပုံစံမဟုတ်သော်လည်း ယောက်ျားလေးအဖြစ်သို့ ပြောင်းလဲသွားကာ ဒုတိယအစ်ကိုထံမှ သင်ခန်းစာများသင်ယူနေပါသည်။ အစ်ကိုကြီးနှင့် ကြိုးကြာငှက်တို့ အတူတူ လမ်းလျှောက်ခဲ့ကြပြီး ရံဖန်ရံခါ နှစ်ယောက်သားမှ ဟက်ဟက်ပက်ပက်ရယ်မောသံများ အပြင် အချင်းချင်း‌နောက်ကျမှတွေ့မိသောကြောင့် နောင်တရကာ နှမြောနေသော အသွင်အပြင်ကို ဖြစ်စေသည်။ .

စုမင်သည် သူ့နဖူးကို ပွတ်သပ်ပြီး သူ့ဘေးမှာ အမြဲရှိနေကာ လက်တွေ့တွင် သူ့ကို ဘယ်တော့မှ မထားခဲ့သော ချမ့်ချန်ဆီသို့ ကြည့်လိုက်သည်။ ချမ့်ချန်က အနိုင်ကျင့်မှုအားလုံးကြောင့် သိသိသာသာ စိတ်ထိခိုက်ဒဏ်ရာရသွားခဲ့သည်။ သူက ထိပ်ပြောင်ကြိုးကြာငှက်၊ ခွေးကြီးနှင့် မိန်းမလှလေးကို လွန်စွာကြောက်လန့် နေလေသည်။

ချမ့်ချန်က ဒုတိယအစ်ကိုနှင့်ယွီရွှမ်ကို ပထမဆုံးတွေ့ဆုံတာဖြစ်သည်။ သို့‌သော် လည်း ငှက်က ယွီရွှမ်ကို စကားပြောပုံဒုတိယအစ်ကိုကြီးကို နောက်ကျမှတွေ့ရသောနောင်တရဟန်ပန်များကို ချမ့်ချန် မြင်လိုက်သော် ချက်ချင်း ထိတ်လန့်သွားသည်။ သူက ဒုတိယအစ်ကိုကြီးကို လေးစားသည့်အမူအရာပြပြီး တတ်နိုင်သမျှ ဝေးဝေးမှာနေရန် ဆုံးဖြတ်လိုက်သည်။ စုမင်သာ လူအုပ်စုကြားတွင် သာမန်ဟုသာ သူ ခံစားရလေသည်။

စုမင်က သူ့မျက်ခုံးအလယ်ကို နီရဲလာသည်အထိ ကြမ်းတမ်းစွာ ပွတ်သပ်လိုက်သည်။ သူသည် သူ့စိတ်ထဲတွင် သက်ပြင်းရှည်ကို ထုတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများကို ဂရုမစိုက်တော့ပေ။ ယင်းအစား၊ သူက ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့ ထွက်ခွာသွားခဲ့သည်။

“ရှောင်ဟွမ်.. သူ့နောက်ကို လိုက်သွား..”

သူမက စုမင်၏ နောက်ကျောကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး မေးငေါ့ပြလိုက်သည်။သူမက စုမင်၏နောက်သို့လိုက်ရန် တိမ်ထဲမှာ ပုန်းနေစရာ မလိုတော့ပေ။ စုမင်အနားမှာ ပွင့်ပွင့်လင်းလင်းနေနိုင်သလို သူမက လက်ထပ်ဖို့ ကတိပေးထားလျှင်တောင် သူ့ကို လုံးဝစိတ်မ၀င်စားပေ။

‘ဟဲ ဟဲ.. ဟိုနှစ်ယောက် မလာခင် ငါ သူ့ကို အကာအကွယ်ပေးရမယ်.. ဒါမှ စျေးကောင်းကောင်း ရနိုင်မယ်.. အဲဒါကြောင့် ငါ နည်းနည်း အရှုံးပေါ်ပေမဲ့ စုမင်က အမြတ် ပြန်ဖန်တီးပေးလိမ့်မယ်.. အဲဒီနှစ် ယောက်ရောက်လာရင် ငါထွက်သွားမယ်..”

‘ဒီလူမိုက်ကောင်လေးက ငါ့ကိုတကယ်ချစ်မိသွားရင် သူ့ကံဆိုးမှုပဲ ဖြစ်လိမ့်မယ်... အာ.. ငါက ထူးခြားလွန်းတယ်.. အဲဒါကြောင့် လူတွေက ငါ့ကို အမြဲချစ်ကြတယ်.. အဲဒါက တော်တော်စိတ်ပျက်စရာကောင်းလှပါ့လား...’

အမျိုးသမီးက ကျေနပ်စွာ သက်ပြင်းချလိုက်ကာ ခွေးကြီးကို ခေါင်းပုတ်လိုက်သည်။ ခွေးကြီးမှာ ဒေါသမထွက်ရဲပေ။

၎င်းက ယွီရွှမ်ကို မကြောက်သော်လည်း သူ့မိသားစုကို ကြောက်သည်။ ထို့ကြောင့် သူ့မိသားစုထဲကလူတိုင်းက ရူးသွပ်ကြတာ ဖြစ်လိမ့်မည်။

ယွီရွှမ်က နောက်ပြောင်ကျီစယ်လိုစိတ်များသည်။ ထို့ကြောင့် သူမ သက်ပြင်းချရင်း ခွေးကြီး၏ ခေါင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်းက နာကျင်စွာ ရှုံ့မဲ့မဲ့ဖြစ်သွားပြီး ငိုတော့မည့်အလားထင်ရသည်။ ၎င်းဧ။်မျက်နှာပေါ်တွင် ရှုပ်ထွေးသောအကြည့်ရှိနေပြီး အမှားလုပ်မိသည့်ခံစားချက်နှင့်မကျေမနပ်ဖြစ်မှုများ ပေါ်လာသည်။ ထို့နောက် ၎င်း၏ကံကြမ္မာကို လက်ခံလိုက်သလိုပင် ခေါင်းငုံ့ကာ စုမင်နောက်သို့ လိုက်သွားခဲ့သည်။

ဒုတိယအစ်ကိုကြီးက ထိပ်ပြောင်ကြိုးကြာငှက်ကလေး၏ပခုံးကို ပုတ်လိုက်ချိန်တွင် သူ့မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခုရှိသည်။ မျိုးဆက်ဟောင်းမှ စီနီယာတစ်ယောက်၏စိတ်ထားဖြင့် ထိပ်ပြောင် ကြိုးကြာငှက်ကို ချီးကျူးခဲ့သည်။

“မဆိုးပါဘူး..ကြိုးကြာငှက်လေး.. မင်းရဲ့နားလည်နိုင်စွမ်းက အရမ်းကောင်းတယ်.. မင်း ငါ့ရဲ့ ဒီအရည်အချင်းတွေကို အမွေဆက်ခံနိုင်ခဲ့တယ်.. အဲဒါကို ကောင်းကောင်းလေ့လာပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုထား..မင်းအတွက် ရည်မှန်းချက်တစ်ခု ချမှတ်ထား.. တစ်နေ့နေ့မှာ မင်းဟာ တခြားသူအတွက် အထောက်အကူဖြစ်လာမှာပါ၊ .

“တစ်ယောက်ယောက်က မင်းကိုရိုက်ရင်.. တစ်စုံတစ်ယောက်က မင်းကိုအရှက်ရစေရင်...ဒါမှမဟုတ်တစ်စုံတစ်ယောက်က မင်းကို နှိမ့်ချတယ်ဆိုရင်တောင် မင်းကိုယ့်လမ်းကို ဇွဲမလျှော့ဘဲ လျှောက်လှမ်းရမယ်..ဒီလမ်းက အခက်အခဲတွေနဲ့ ပြည့်နေပေမဲ့ မင်းဖြတ် ကျော်နိုင်မယ်လို့ ငါယုံကြည်တယ်.. ငါ လျှောက်ခဲ့တဲ့လမ်းထက်တောင် ပိုဝေးချင်ဝေးမှာ...”

ထိပ်ပြောင်ကြိုးကြာငှက်ကလေးသည် သူ၏မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပုံရှိသည်။ သူ့ ရင်ဘတ်ကို ထုလိုက်ပြီး ပြင်းပြင်းထန်ထန် ခေါင်းညိတ်သည်။

“ကျုပ်နားလည်ပါပြီ.. ကျုပ်မှာ ပန်းတိုင်တစ်ခုရှိတယ်၊ အဲဒီပန်းတိုင်က တာအိုချန်ကို ကျုပ်ရဲ့တပည့်ဖြစ်လာရမယ်.. ဒါဆိုရင် ကျုပ်ကဘယ်လောက်တောင် ကြီးကျယ်ခမ်းနားနေမှာလဲ...”

ထိပ်ပြောင်ကြိုးကြာငှက်၏ မျက်လုံးများ တောက်ပလာပြီး သူ့စကားလုံးတိုင်းအတွက် ပိုစိတ်လှုပ်ရှားလာသည်။

“ကောင်းတယ်.. မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်...”

ဒုတိယအစ်ကိုကြီး၏ မျက်လုံးများ တောက်ပလာသည်။ ထိုအပြုံးတွင် အားတက်စရာတစ်ခုရှိကာ အဝေးမှခွေးကြီးဆီသို့ မကြည့်မီ ကြိုးကြာငှက်ကလေး၏ ပခုံးကို ပုတ်လိုက်၏။ သူ့နှုတ်ခမ်းမှာ ပို၍ တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

ရက်အတော်ကြာပြီးနောက် အရှေ့မြေရိုင်းနယ်မြေရှိအင်မော်တယ်များဆင်းသက်ရာ ကောင်းကင်ယံသည် မည်းမှောင်နေလေ၏။မဟာယွီအင်ပါယာနန်းတော်ကြီးသည် ကောင်းကင်တွင် နေရာတစ်ခုယူထားပြီး အကာအကွယ်တစ်ခုလိုမျိုးဖြစ်နေသည်။

မြေပြင်၌ လေပြင်းများ တိုက်ခတ်လာကာ ဖုန်မှုန့်များ တလုံးလုံးထနေပြီ တုန်လှုပ်ခြောက်ခြားဖွယ် အသံများ ထွက်ပေါ်လာသည်။ အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေသော မြေကြီးပေါ်တွင် ဦးခေါင်းမပါသော ရုပ်တုတစ်ခုရှိသည်။ ထိုရုပ်တုသည် ၎င်း၏လက်ထဲတွင် ဧရာမ တိုက်ပွဲပုဆိန်ကို ကိုင်ဆောင်ထားပြီး၊ ၎င်းပတ်ပတ်လည်တွင် ဖော်မပြနိုင်သော ပြင်းထန်သော လေထုတစ်ခု ရှိနေသည်။ သာမန်လူတစ်ယောက်က နီးကပ်စွာကြည့်လျှင် တုန်လှုပ်ချောက်ချားမှုကို ခံရလိမ့်မည်။

စုမင်က ရုပ်တုဘေးတွင် ရပ်ကာ စိုက်ကြည့်နေသည်။ သူ့ဘေးမှာ ဒုတိယ အစ်ကိုကြီး ရှိလေသည်။

ချမ့်ချန်နှင့် ကြိုးကြာငှက်က အဝေးမှာရှိနေခဲ့သည်။ ကြိုးကြာငှက်မှာ ချမ့်ချန်၏လည်ချောင်းကို ညှစ်ထားပြီး ချမ့်ချန်က နီရဲနေသည့် မျက်နှာနှင့်အသနားခံနေလေသည်။ သို့သော် ငှက်က ဒုတိယအစ်ကိုကြီးထံမှ သင်ခဲ့သောစကားပြောဟန်များဖြင့် ချမ့်ချန်ကို ခြိမ်းခြောက်နေလေသည်။

ခွေးကြီးနှင့်ယွီရွှမ် တို့ သည် လေထဲ၌ ပျော်ရွှင်စွာ ဝိုင်းဖွဲ့ ပျံသန်းနေကြသည်... မူးဝေခြင်း ဆိုသည်မှာ ဘာကိုဆိုလိုသည်ကို မသိသလိုပင်။

နောက်ဆုံးတွင် ဟူကျီမှလွဲ၍ နဝမမြောက်တောင်ထွဋ်၏ တပည့်များအားလုံး စုဝေးခဲ့ကြသော်လည်း ဤစုဝေးမှုက ဝမ်းနည်းခြင်းနှင့် တိတ်ဆိတ်ခြင်းတို့ဖြင့် ပြည့်နှက်နေပါသည်။

စုမင်နှငိ့ ဒုတိယအစ်ကိုကြီးက သူ့အကြီးဆုံးအစ်ကို၏ရုပ်ထုကိုကြည့်နေလေသည်။ နှစ်ယောက်လုံး စကားမပြောကြသော်လည်း သူတို့လက်ကို တဖြည်းဖြည်း မြှောက်ကာ ရုပ်ထုပေါ်တွင် တစ်ချိန်တည်း တင်ထားကြသည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် ရုပ်တုကြီးမှ မီးခိုးရောင် အလင်းတန်းများ ထွက်လာသည်။ရုပ်ထုတစ်ခုလုံးမှ ထိုအလင်းတန်းများက နှစ်ခုကွဲသွားပြီး စုမင်နှင့်ဒုတိအစ်ကိုကြီး၏ လက်ဖဝါးဆီ စတင်စီးဆင်းသွားလေသည်။

တခဏအတွင်းမှာပဲ အလင်းတန်းနှစ်ခုက သူတို့၏ ခန္ဓာကိုယ်ထဲကို ရောက်ရှိလာသည်။ စုမင်၏ မျက်လုံးများတွင် ဖျတ်ခနဲ လင်းလက်လာသည်။ ထိုမီးခိုးရောင်အလင်းတန်းတွင် သူ့အသားနှင့်သွေးများထုံကျင်သွားနိုင်သည့် တည်ရှိနေမှုကို သတိပြုမိလိုက်သည်။ ထိုတည်ရှိမှုက သူ့ကို ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားစေသော်လည်း ရုပ်တုပေါ်ထားသော သူ့လက်မှ မဖယ်ရှားခဲ့ပေ။ ယင်းအစား ထိုတည်ရှိမှုကို နှိမ်နှင်းရန် သူ၏ကနဦးကျင့်ကြံစွမ်းအားကို ဖြန့်ကျက်ခဲ့သည်။

ဒုတိယအစ်ကို၏မျက်လုံးများတွင် မှောင်မိုက်သောအလင်းရောင်တစ်ခု လင်းလက်လာပြီး သူ့အသားအရည်က တဖြည်းဖြည်းအစိမ်း ရောင်ပြောင်းလာသည်။ သူက အေးစက်သော နှာမှုတ်သံနှင့်အတူ ထိုတည်ရှိမှုကို စတင်နှိမ်နှင်းလိုက်သည်။

ခဏအကြာတွင် ရုပ်တုမှ ပြင်းထန်သောတွန်းကန်အား ထွက်ပေါ်လာပြီး စုမင်နှင့်ဒုတိယအစ်ကိုကြီး၏လက်ကို ဖယ်ရှားလိုက်သည်။ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။

“အကြီးဆုံးအစ်ကိုကြီးရဲ့တည်ရှိမှုက အနီးအနားမှာ ရှိနေတုန်းပဲ..”

“ရုပ်ထုထဲက မီးခိုးရောင်အလင်းတန်းတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်ပေမဲ့ အချိန်ယူရလိမ့်မယ်..”

ဒုတိယအစ်ကိုဖြစ်သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။သူက စုမင် ဘက်ကို လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးထဲမှာ ချီးကျူးမှုအပြည့် ပေါ်လာသည်။ သူက စုမင်၏ကျင့်ကြံအဆင့်ကို နောက်တစ်ကြိမ် သတိပြုမိပြီး သူ့စိတ်ထဲတွင် အလွန် သဘောကျသွားသည်။ သူ့အငယ်ဆုံးညီလေး အရွယ်ရောက်ပြီး ရင့်ကျက်လာကြောင်း သူ ခံစားမိလေသည်။

“အငယ်ဆုံးညီလေး.. အစ်ကိုကြီး နိုးလာရင် မင်းအတွက် ငါစီစဉ်ထားတဲ့ လက်ထပ်ပွဲကို သဘောတူလိမ့်မယ်..”

ဒုတိယအစ်ကိုက စုမင်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုစကားကို တိုးတိုးလေးပြောလိုက်သည်။ သူ့အသံက တိုးနေသော်လည်း စုမင်က ကြားရလေသည်။ အစ်ကိုကြီးထံ ပြန့်ကျဲနေသောစွမ်းအားလှိုင်းများကလည်း မည်သည့်နတ်ဘုရားအာရုံမှ မကျူးကျော်နိုင်သော ပိတ်ဆို့ထားသည်။

“ဒုတိယအစ်ကို.. သူမ ဘယ်ကလာလဲဆိုတာ မင်းသိလား”

စုမင်က ဒုတိယအစ်ကိုဆီသို့ မကြည့်မီ ခဏမျှ တုံ့ဆိုင်းသွားသည်။

“ကလေးမလေးက မာန်ကျင့်ကြံသူလည်း မဟုတ်သလို အင်မော်တယ်လည်မဟုတိဘူး.. သူ့ကိုယ်ထဲမှာ မရဏအငွေ့အသက်နဲ့တူတဲ့အငွေ့အသက်တွေရှိနေပေမဲ့ သူ့မှာ အသက်စွမ်းအား ပါရှိတယ်..ဒါက မူလက ရုပ်သေးရုပ်တွေ ပိုင်ဆိုင်တဲ့စွမ်းအားမျိုး.. ဒါပေမဲ့ သူမက ရုပ်သေးရုပ်လည်း မဟုတ်ပြန်ဘူး..”

“အစတုန်းကတော့ ကျုပ် သူမရဲ့ အထောက်အထားကို သေချာမသိခဲ့ဘူး ဒါပေမဲ့ အဲဒီခွေးကြီးကို တွေ့လိုက်ရတော့ သူမရဲ့ မူလဇစ်မြစ်ကို ချက်ချင်း သိလိုက်ရတယ်...”

ဒုတိယအစ်ကိုကြီးက မိန်းမလှလေးနှင့်ခွေးကြီးကို ကြည့်ရန်ခေါင်းမမော့ခဲ့ပေ။ ယင်းအစား အစ်ကိုကြီး၏ရုပ်ထုကို ကြည့်ရင်း ညင်သာစွာသာ ပြောလိုက်သည်။

“ငါတို့ဆရာကြီးက ပြောတယ် သူ့ရဲ့ဆရာက.. (ငါတို့နဲ့ဆိုရင်‌တော့ဆရာဘိုးဘိုး တော်တာပေါ့..) အင်မော်တယ်နဲ့မာန်ကျင့်ကြံသူတွေက စစ်မှန်တဲ့တာအိုလောကမှာ ရှိတယ် ...ဒါပေမဲ့..တကယ်က အဆုံးမဲ့စကြာဝဠာကြီးထဲမှာ လောကကြီးလေးခုရှိတယ်....”

ဒုတိယအစ်ကိုက စုမင်ဘက်ကို လှမ်းကြည့်ရင်း ဆက်ပြောလိုက်သည်။

“မဟာလောက လေးခုထဲမှာ အသူရာဖန်ဆင်းရှင်ဧကရာဇ်လို့ခေါ်တဲ့ လောကတစ်ခုရှိတယ်.. အဲဒီလောကမှာရှိတဲ့လူတွေက အသူရာလမ်းစဉ်တွေကို ကျင့်ကြံကြတယ်..သူတို့ရဲ့တည်ရှိမှုက သေသူလည်းမဟုတ် ရှင်သူလည်းမဟုတ်တဲ့ပုံစံမျိုး..ဒါမျိုးပုံစံက အဲဒီမိန်းကလေးမှာရှိတဲ့အငွေ့အသက်နဲ့အတူတူပဲ...”

All Chapters