← Chapters

တောင်ပိုင်းရွံ့ညွန်ကျွန်းသို့ ထပ်မံရောက်ရှိခြင်း

Vol. 52 Ch. 721

တောင်ပိုင်းရွံ့ညွန်ကျွန်းသို့ ထပ်မံရောက်ရှိခြင်း

Vol. 52 Ch. 721

ယွီရွှမ် အံ့အားသင့်သွားလေသည်။ စုမင်က ခရီးတစ်လျှောက်လုံးတွင် ထိုကဲ့သို့ နူးညံ့သိမ်မွေ့သော အမူအရာမျိုး မမြင်ဖူးသလို နူးညံ့သိမ်မွေ့သော အသံကိုလည်း သူမကြားခဲ့ဖူးပေ။ ဤအရာအားလုံးသည် ရုတ်တရပ်ဖြစ်သွားပြီး ထူးဆန်းမှုတစ်ခုဖြစ်နေလေသည်။ ထို့ကြောင့် ယွီရွှမ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားစေသည်။

သို့သော် ခဏအကြာတွင် စုမင်က သူမအနားသို့ရောက်ရှိလာသော် သူမ အံ့အားသင့်သွားသည်။ထို့နောက် စုမင်က ညာလက်ကိုမြှောက်ကာ သူမ၏နက်မှောင်သောဆံနွယ်များပေါ်တွင် တင်လိုက်သည်။

ဤအရာအားလုံးက အချိန်အကြာကြီး ဖြစ်ပျက်နေပုံရသော်လည်း အမှန်မှာမူ တခဏအတွင်း ဖြစ်ပျက်ခဲ့သည်။ ယွီရွှမ်၏အမူအရာက လျင်မြန်စွာပြောင်းလဲသွားသည်။သို့သော်လည်း သူမ နောက်ဆုတ်လိုက်သောအခါ စုမင်က သူမ၏ခေါင်းမှ ဆံပင်တစ်ချောင်းကို နှုတ်ယူပြီဖြစ်သည်။

သူ့ညာလက်ကိုလှန်လိုက်သည်နှင့် ထိုဆံပင်က သူ့လက်ဖဝါးမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။

“မင်း ငါ့နောက်ကို လိုက်ခဲ့တာဆိုတော့ ငါ တစ်စုံတစ်ယောက်ရဲ့ ဆံပင်ကို ထိန်းချုပ်လိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းသေချာသိမှာပဲ.....”

စုမင်၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အကြည့်များ ပျောက်ကွယ်သွားကာ သူဧ။်နူးညံ့သိမ်မွေ့သော လေသံသည်လည်း အေးစက်သွားခဲ့သည်။ သူ့အမူအရာက ယခင်ကအတိုင်းပြန်ဖြစ်သွားသည်။

နောက်မှာရပ်နေသော ချမ့်ချန်က ဖြစ်စဉ်တစ်ခုလုံးကိုမြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်အနှံ့ ကြက်သီးဖုများထသွားလေသည်။ နတ်ဆိုးဝိညာဥ်တောင်မှာ ရှိနေတုန်းက သူ့ ခေါင်းပေါ်ကျခဲ့သော ကံဆိုးမှုနေ့ရက်များကို သတိရသွားလေသည်။ သူ စုမင်ကိုကြည့်လိုက်ရင်း သူ့မျက်လုံးထဲမှာ ကြောက်စိတ်တဖွားဖွား ပေါ်လာလေသည်။ စုမင်က ပုံမှန်မဟုတ်မှန်း သူ ရုတ်တရက် သိလိုက်သည်။ သူ့ပတ်ဝန်းကျင်ကလူတိုင်းက နည်းအမျိုးမျိုးဖြင့် ထူးဆန်း‌နေလေသည်။

လူတစ်ယောက်၏ဆံခြည်တစ်မျှင်ဖြင့်ထိန်းချုပ်ပြီးကျိန်စာတိုက်နိုင်သောသူမှာ မကောင်းဆိုးဝါးစင်စစ်ဖြစ်ရမည်။ ချမ့်ချန်၏စိတ်ကူးထဲတွင် စုမင်က ထောင့်တစ်နေရာသို့သွားပြီး လူတူအရုပ်လေးကိုကြည့်ကာ ကျိန်စာတိုက်ရန် ညစ်ကျယ်ကျယ် ရယ်မောနေသည့်မြင်ကွင်းပေါ်လာလေသည်။ ထိုသို့ စဉ်းစားမိလိုက်သော် သူ့ခန္ဓာကိုယ်က ပို၍ပင် ပြင်းထန်စွာ တုန်ခါလာသည်။

ထိပ်ပြောင်ကြိုးကြာငှက်က မျက်လုံးပြူးကာ ယွီရွှမ်ကို အံ့ဩသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏အမူအရာပြောင်းလဲသွားသည်ကိုမြင်လိုက်ရသည်။

စုမင်၏ ဒုတိယအစ်ကိုဖြစ်သူမှာလည်း ခဏတာ အံ့အားသင့်သွားသော်လည်း ယွီရွှမ်၏အမူအရာပြောင်းလဲမှုများကို အရိပ်တကြည့်ကြည့် ကြည့်နေလေသည်။ ထိုအချိန်တွင် ယွီရွှမ်က မယုံနိုင်လောက်အောင် ကြောက်စိတ်ဝင်သွားပြီး ပြုံးတောင် မပြုံးနိုင်တော့ပေ။

စုမင်က ယွီရွှမ်၏ ဆံပင်တစ်ချောင်းကို ယူသွားတာက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပင်ဖြစ်သည်။ စုမင်က ဤနည်းလမ်းကို ကျိန်စာတိုက်ရန် အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ဤစွမ်းရည်၏ ဇစ်မြစ်ကို မသိနိုင်သော်လည်း ကြောက်မက်ဖွယ်အမှတ်တရများ စိတ်ထဲမှာစွဲထင်နေခဲ့သည်။

နောက်ဆုံးတော့ စုမင်က မရဏပင်လယ်မှာ တိထျန်းကို တိုက်ခိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ယွီရွှမ်ကစုမင်ကို ထပ်မံတွေ့ရှိသောအခါ သူက နတ်ဆိုးဝိညာဉ်ဂိုဏ်းတွင်ရှိနေပြီဖြစ်ပြီး ရုပ်ဆိုးမ လေး၏မိသားစုနှင့်ပတ်သက်သည့်အကြောင်းအရာများကို မည်သူမျှမသိခဲ့ကြပေ။

ယွီရွှမ်က စုမင်ကို စိုက်ကြည့်နေလေသည်။ သူမက အမြဲတမ်း ထက်မြက်ပြီး အမြဲတမ်း အသာစီးရနေသူဖြစ်သည်။ သူမသည် လှည့်စားခံရပြီး ဆုံးရှုံးမှုများကို ခံစားရမည့်သူ မဟုတ်ပေ။ သူမက ဒုတိယအစ်ကိုနှင့် တွေ့သည့်အခါတွင်ပင် အချင်းချင်း အပြန်အလှန် အသုံးချခဲ့ကြသည်။

ဒုတိယအစ်ကိုက သူမ သို့မဟုတ် ခွေးကြီးထံမှ သဲလွန်စအချို့ကို ရှာတွေ့နိုင်သည်ဟု သူမ ပြောပြနိုင်သည်။ သို့သော်လည်း သူမက စုမင်နောက်ကို မျက်ခြေမပြတ်လိုက်ချင်ခဲ့သည်။ ထို့ကြောင့် ဤအရာအားလုံးက သူမအတွက် ပိုပျော်စရာကောင်းသော ကစားပွဲတစ်ခုဖြစ်ပြီး သူမခေါင်းကို အလွန်အကျွံသုံးရန် လုံးဝမလိုအပ်ပေ။

မေးခွန်းများမေးခြင်းအတွက် ဆေးဖက်ဝင်အမြု တေများကို လဲလှယ်အသုံးပြုခြင်းသည် ဟာသတစ်ခုလိုထင်ရသော်လည်း အမှန်စင်စစ် သူမက ထိုသို့ပြုလုပ်ချင်နေခဲ့သည်။ဒုတိယအစ်ကို ရရှိခဲ့သော ဒဏ်ရာများမှ နောက်ဆက်တွဲဆိုးကျိုးခံစားရပုံမပေါ်သော်လည်း အမှန်စင်စစ်တော့ သူ့ဒန်တျန်မှာ ဒဏ်ရာရသွားခဲ့သည်။ တတ်နိုင်သမျှ မြန်မြန်မကုသလျှင် ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်သည်။

သို့ပေမယ့် ဒုတိယအစ်ကိုက ထိုအကြောင်းကို တစ်ခွန်းမှ မဟခဲ့ပေ။ အရူးလေး စုမင်ကတော့ တကယ့်ကို ငတုံးငအလေးသာဖြစ်သည်ဟု ယွီရွှမ်ထင်နေခဲ့သည်။ ဒုတိယအစ်ကိုက သူ့အစ်ကိုရုပ်တုရှေ့မှာ သူ့၏ကနဦးကျင့်ကြံစွမ်းအားများကို လှုံ့ဆော်လိုက်ကတည်းက သူ့ဒဏ်ရာတွေက ပိုဆိုးလာခဲ့သည်။

ထို့ကြောင့် ယွီရွှမ်က စုမင်ကို နှောင့်ယှက်ပြီး ဒုတိယအစ်ကိုကို ကုသရန် ထိုနည်းလမ်းကို အသုံးပြုခဲ့သည်။ သူမ၏အမြင်တွင် သူမက စုမင်ကို ကူညီပေးသူဖြစ်ပြီး လမ်းတစ်လျှောက်လုံး သူမ အလွန်ပျော်ရွှင်နေခဲ့သည်။ နောက်ဆုံးတော့ ဒုတိယအစ်ကိုက သူမအပေါ် မကောင်းကြံသော ရည်ရွယ်ချက်မရှိကြောင်း သိခဲ့သည်။ ထို့ပြင် အချင်းချင်း အပြန်အလှန် အမြတ်ထုတ်ခြင်းက တစ်ဦးချင်း၏ ကျွမ်းကျင်မှုအပေါ်မူတည်၍ အကျိုးအမြတ်များစွာရမည်ဖြစ်သည်။

ယွီရွှမ်ကတော့ စုမင်မှာ အလားအလာကောင်းရှိကြောင်း၊ စုမင်ကို ရောင်းချလိုက်လျှင် အကျိုးအမြတ်များစွာရနိုင်ကြောင်း ‌တွေးတောနေလေသည်။ သူမက သူ၏ ဉာဏ်ရည်ဉာဏ်သွေးကို သိပ်ဂရုမစိုက်ခဲ့ဘဲ လက်ထပ်ပွဲကိစ္စကိုလည်း ဟာသအဖြစ် ရှုမြင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် သူမက စုမင် ကို စူးစူးစိုက်စိုက်ကြည့်ကာ ပထမဆုံးအကြိမ် လေးနက်စွာ ခံစားလာရသည်။ အကြောင်းရင်းကတော့ စုမင်ကြောင့် အလွန်ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရ၍ ဖြစ်သည်။

ထိုအရာက သူမ မမျှော်လင့်ထားသော အရာပင်ဖြစ်သည်။ အကယ်၍ သူမကို ဒုတိယအစ်ကိုက ထိုကဲ့သို့ပုံစံမျိုးနှင့်ဆန့်ကျင်ခဲ့လျှင် သူမ ဒေါသအရမ်းထွက်နေမှာ မဟုတ်ပေ။ အတိအကျပြောရလျှင် သူမည်ကဲ့သို့ ပြုမူမည်ကို ခန့်မှန်းရခက်သည်။

သို့ပေမဲ့ စုမင်က သူမကို ထိုကဲ့သို့နည်းလမ်းနှင့် လှည့်စားခဲ့ပြီး သူမကို အရမ်းဒေါသထွက်စေခဲ့သည်။

သူမက စုမင်ကို စိုက်ကြည့်နေပြီး စုမင်ကလည်း သူမကို ခပ်ပြတ်ပြတ် ကြည့်လိုက်သည်။ သူတို့အကြည့်ချင်း ဆုံသွားသော် လေထုထဲမှာ မီးပွားများထလာကာ မီးထတောက်မတတ်ဖြစ်သွားလေသည်။ ထိုမီးပွားများက ခံစားချက်တစ်မျိုးမျိုးမှ မွေးဖွားလာတာကြောင့် မဟုတ်ပေ။ ပြိုင်ဘက်နှစ်ယောက်က ဆန့်ကျင်ဘက်အနေအထားဖြင့် ရန်လိုနေသောကြောင့်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ယွီရွှမ်က “ဟွန့်” ဟု နှာမှုတ်ထုတ်လိုက်ပြီး စုမင်ကို လျစ်လျူရှုရန် ခေါင်းလှည့်လိုက်သည်။ သူက ခွေးကြီးပေါ်ထိုင်ရင်း ခေါင်းထိပ်က သားမွေးများကို ဒေါသတကြီး ဆွဲဆောင့်ခဲ့သည်။ ခွေးကြီး၏နာကျည်းမှုများနှင့် ကူကယ်ရာမဲ့မှုများကို လျစ်လျူရှုခဲ့သည်။ သူမ၏လှပသော မျက်လုံးများက တောက်ပနေပြီး စုမင်ကို မည်ကဲ့သို့ပညာပြန်ပေးရမည်ကို ဉာဏ်နီဉာဏ်နက်ထုတ်နေလေသည်။

စုမင်က သူမ၏အစီအစဥ်များကို လုံးဝစိတ်မ၀င်စားပေ။ အနည်းဆုံးတော့ သူ့ဘဝတွင် အချိန်အတော်ကြာအောင် ပျောက်ကွယ်သွားခဲ့သော တိတ်ဆိတ်ငြိမ်သက်မှုကို ပြန်လည်ရရှိခဲ့သည်။သူ့အနေနှင့် စိတ်ပိုင်းဆိုင်ရာပြိုကွဲလုနီးပါးဖြစ်ခဲ့သည့် အသံက ပတ်ဝန်းကျင်တွင်မရှိတော့ ပေ။ ဤတိတ်ဆိတ်ငြိမ်သက်မှုအလယ်တွင်၊ လူအုပ်စုက ကျီယွင်ရှိသည့်ကျွန်းဆီသို့ ဦးတည်သွားသော အလင်းတန်းရှည်များအဖြစ်သို့ ပြောင်းလဲသွားသည်။

လူအုပ်စုထဲတွင် ရှားရှားပါးပါး တိတ်ဆိတ်သောလေထုနှင့် ပြည့်နှက်နေသည်။ဒုတိယအစ်ကို ၏မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးမျိုးရှိနေဆဲဖြစ်ပြီး သူ့အတွေးများကို အခြားသူများမသိအောင် ဖုံးကွယ်ထားဆဲဖြစ်သည်။ ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်းတွင် ခွေးကြီးက ရှုံ့မဲ့နေပြီးနာကျင်နေပုံရသည်။ အကြောင်းမှာ ယွီရွှမ်က ဆူပုတ်နေပြီး စိတ်မကြည်သည့်အတွက် ၎င်း၏သားမွေးများကို ဆောင့်အောင့်ဆွဲယမ်းသောကြောင့်ဖြစ်သည်။

ကြိုးကြာငှက်က မျက်လုံး‌ ပေကလပ်ပေကလပ်လုပ်နေပြီး ကျယ်လောင်စွာ အသက်တောင် မရှုဝံ့ရဲ။သူက ပြင်းထန်သော မုန်တိုင်းတစ်ခု ရောက်ရှိလာတော့မည်ကို ခံစားရပြီး ထိုအချိန်တွင် သူ့ကိုယ်သူ ပေါ်ထင်စွာ မနေရဲပေ။ သို့မဟုတ်ပါက သူပါ အရှုပ်အထွေးထဲသို့ ဆွဲသွင်းခံရမည်ကို မြင်ယောင်နေလေသည်။

ချမ့်ချန် လည်း ထိုနည်းအတူပင်။ သူက ခေါင်းငုံ့ပြီး ထိပ်ပြောင် ကြိုးကြာငှက်၏ဒေါသထွက်ခံ ရမည်ကို ကြောက်သည်။

သူတို့အဖွဲ့က တောင်ပိုင်းအရုဏ်ဦးနယ်မြေနှင့် သိပ်မဝေးသော နေရာသို့ ရောက်ရှိလာသည်။ မကြာခင်မှာပဲ မရဏပင်လယ်မျက်နှာပြင်ပေါ်ရှိ သိပ်မဝေးသော ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်ရှိလာသည်။

ကျွန်းက ဆိတ်ငြိမ်နေပြီး ထူးထူးခြားခြား ဘာမှမတွေ့ရပေ။ သို့သော်လည်း စုမင်က သူ့ညာလက်တွင် ချိပ်တံဆိပ်ဖန်တီးကာ ရိုက်ချလိုက်သော် အသက်ဆယ်ရှိုက်စာလောက်ထိမပြောင်းလဲသောကျွန်းမှ အပြာရောင်အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်း၏မျက်နှာပြင်သည် အစပိုင်းတွင် အပြာရောင်ဖြစ်နေသော်လည်း ချက်ချင်းအပြာရင့်ရောင်ပြောင်းသွားသည်။ ထို့နောက် ရှည်လျားသောဥမင်လိုဏ်ခေါင်းက ကျွန်းပေါ်တွင် ပေါ်လာသည်။

အဖြူရောင်ကို ၀တ်ဆင်ထားပြီး ငယ်ရွယ်နုနယ်ပုံပေါက်သည့် ဖန်းချန်လန်က ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်လာခဲ့သည်။ သူမက စုမင်ကလွဲ၌ တခြားဘယ်သူ့ကိုမှ မကြည့်ပေ။သူမက စုမင်ကိုကြည့်ရင်း နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။

ဖန်းချန်လန်၏ကိုယ်မှ သိမ်‌မွေ့နူးညံသောလေထုသည် သူမပတ်ဝန်းကျင်ရှိ အပြာရင့်ရောင်အလင်းတန်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ပို၍ပေါ်လွင်နေသည်။ ထိုအရာက သူမ၏အင်မတန်နူးညံ့သောအလှကို ပိုတိုးလာစေသည်။

သူမနောက်မှာ လူတစ်ဒါဇင်လောက် ရှိလေသည်။ သူတို့အားလုံးက ကျွန်းမှာနေထိုင်ကြပြီး စုမင်ကို သိကြသည်။ ထိုအချိန်တွင် သူတို့သည် လက်သီးများကို လက်နှစ်ဖက်ဖြင့် ပတ်ကာ ရိုသေသောအမူအရာဖြင့် သူ့ထံ ဦးညွှတ်လိုက်ကြသည်။

ထိုလူများထဲမှာ ကျီယွင်နှင့်ယာမူတို့လည်း ပါရှိလေသည်။ အိမ်ထောင်ရှင်အမျိုးသမီး၏ပုံစံအတိုင်း ၀တ်ဆင်ထားသော ကျီယွင်က လူအုပ်ကြီးနှင့်အတူ စုမင်ကို ဦးညွှတ်တော့မည်ဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်က ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ သူမက စုမင်ဘေးနားရှိ ဖြူဖျော့သောမျက်နှာနှင့် ပြုံးနေသောလူကို ကြည့်မိလိုက်သည်။

သူမ သူ့ကိုမြင်လိုက်သည့်အချိန်မှာပင် သူမဧ။်အမြင်အာရုံထဲက လူအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ပန်းပွင့်လေးလို နူးညံ့သိမ်မွေ့ပြီး သူ့မျက်နှာတစ်ဖက်ခြမ်းမှာ နေရောင်တောက်ပနေသော လူတစ်ယောက်သာ ကျန်တော့သည်။

ထိုအမှတ်တရမြင်ကွင်းက သူမ၏စိတ်ထဲမှာ နက်နက်နဲနဲ မြှုပ်နှံထားသော အမှတ်တရတစ်ခုပင်ဖြစ်သည်။ သူမက နဝမမြောက်တောင်ထွဋ်ဆီသို့ သွားနေချိန် သူမ၏လမ်းကို ပိတ်ဆို့ထားခဲ့သူဖြစ်သည်။ သူ၏မျက်နှာတစ်ခြမ်းကို နေရောင်ဖြာ‌ကျနေသည့်ဟန်ပန်က အလွန်ကြော့ရှင်းကျက်သရေရှိသည်ဟု ယုံကြည်ထားသူဖြစ်သည်။

ထိုမြင်ကွင်းက... အတိတ်မှာရှိခဲ့သည့် လှပ သောအခိုက်အတန့်ပင်ဖြစ်သည်။ လှပသောအခိုက်အတန့်တစ်ခုမျှသာမက ခေတ်သစ်အချစ်ဇာတ်လမ်းတစ်ခုဟု ယူဆနိုင်သော်လည်း ၎င်းက အတိတ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ယာမူ နှုတ်ဆိတ်သွားလေသည်။ ကျီယွင်၏ ထူးဆန်းသောအပြုအမူကို သူသတိပြုမိပြီး သူမ၏အပြုအမူအတွက် အကြောင်းပြချက်မှာ စုမင်၏ဘေးနားရှိလူကြောင့်ဖြစ်သည်။ယာမူ၏နှလုံးသားထဲတွင် နာကျင်မှုများ မြင့်တက်လာခဲ့သည်။ သူက ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ကာ ဖြည်းဖြည်းချင်း နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူက ကျီယွင်ဘေးတွင် ရပ်နေမည့်အစား နောက်သို့နည်းနည်းခွာပေးလိုက်သည်။

‘ကျီယွင်.. မင်းပျော်နေသရွေ့ မင်းအတွက် အရာအားလုံးကို ငါစွန့်လွှတ်နိုင်တယ်.. မင်းငါ့ကိုမကြိုက်ဘူးဆိုတာငါသိတယ်.. ငါသိပါတယ်...’

ယာမူး ခေါင်းညိမ့်ကာ အရှုံးပေးရန် ရွေးချယ်လိုက်သည်။

လူစုလူဝေးများထဲတွင် အသက်ကြီးနေသော ကျုံးကျိက ထွက်လာပြီး သူ့ကိုယ်မှ မှုန်မှိုင်းသောလေထုကို ထုတ်လွှင့်နေလေသည်။ သူက သာမန်အဘိုးကြီးတစ်ယောက်ဖြစ်ပြီး ချောမောလှပသော အမျိုးသမီးတစ်ဦးနှင့်အတူ စုမင်အား ပြုံးလျက်ကြည့်နေသည်။

သူ့ကို တွဲကူပေးနေသောအမျိုးသမီးကို စုမင် သိလေသည် ။ သူမက ဆောင်းဦးပင်လယ်မျိုးနွယ်၏ မြင့်မြတ်သောအမျိုးသမီး ဝမ်ချိုး ဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာ စုမင် ထွက်ခွာသွားခဲ့ကတည်းက သူမက ကျုံးကျိနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။ ထို့နောက် သူမက တောင်ပိုင်းရွံ့ညွန် ကျွန်းသို့ ရောက်ရှိလာသည် ဖြစ်ရမည်။

တောင်ပိုင်းရွံ့ညွန်ကျွန်းက နက်ပြာရောင်အလင်းလွှာ၏နောက်တွင်

တည်ရှိလေသည်။ စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းပင်များ အရွယ်အစားကြီးမားသော မြို့ကျုံး၊ တောင်ပေါ်ရှိ အဆောက်အအုံများနှင့် အခြားအရာအားလုံးသည် ဤနေရာကို ကောင်းကင်ဘုံအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

မြက်ပင်၊ ပန်းပင်များ၏ ရနံ့က နေရာအနှံ့ ဖုံးလွှမ်းသွားပြီး ထိုရနံ့က လူတစ်ယောက်၏ နှလုံးသားကိုဆွဲ‌ဆောင်ကာ နေချင်စိတ်ဖြစ်စေလေသည်။ စုမင်ကချောက်ကမ်းပါးပေါ်တွင် ရပ်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ သူရပ်နေသည့်နေရာမှ အပြာရောင် ကောင်းကင်ပြာနှင့် တိမ်ဖြူများကို မြင်နေရသည်။

တောင်ပိုင်းအရုဏ်ဦးနယ်‌မြေ၏ အထက်ကောင်းကင်မှာ မူလက တိမ်လွှာတိမ်စိုင်များနှင့် ပြည့်နှက်နေလေသည်။ သို့သော် သူတို့ဆင်းသက်ရာအရပ်မှာ စုမင်နှင့်အင်မော်တယ်တို့၏ရန်ပွဲက လောကကြီး၏စွမ်းအားကို နှိုးဆွပေးခဲ့ပြီး တောင်ပိုင်းအရုဏ်ဦးနယ်‌မြေ၏ကောင်းကင်ကိုတောင် မူလအရောင်အတိုင်း ပြန်ဖြစ်သွားစေခဲ့သည်။

ပင်လယ်ရေက အောက်ရှိ သန္တာကျောက်တန်းများကို ရိုက်ခတ်ကာ လှိုင်းလုံးများအပြင် အနက်ရောင်ပူဖောင်းလေးများကို ဖြစ်ပေါ်စေသည်။ ဖန်းချန်လန်က စုမင် အနားတွင် ရပ်နေသည်။ သူမက ယခင်ကထက် ပို၍ တိတ်ဆိတ်လာပြီး သူမ၏ နူးညံ့သိမ်မွေ့သော အမူအရာတွင် နူးညံ့သိမ်မွေ့သော လေထု ပျံ့လွင့်လာသည်။

သူမက စုမင်၏ တွန့် ကြေနေသောအဝတ်အစားကို လက်ပူတိုက်နေလေသည်။ သူမ၏ မျက်နှာက အင်မတန်ကျက်သရေရှိကာ သူမ၏နူးညံ့သိမ်မွေ့မှုကို အခြားသူများ ခံစားနိုင်စေခဲ့သည်။

ဝမ်ချိုးက အဝေးကရပ်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။

မည်သူမဆို ငေးကြည့်မိလျှင် စုမင်၊ ဖန်းချန်လန်တို့နှင့် သိပ်မဝေးသော အခြားတောင်ပေါ်တွင် အခြားလူနှစ်ယောက် ရပ်နေသည်ကို တွေ့နိုင်မည်ဖြစ်သည်။ သူတို့နှစ်ယောက်က… ဒုတိယအစ်ကိုနှင့်ကျီယွင်ပင်ဖြစ်သည်။

အခြားတောင်မှယွီရွှမ်က စုမင်ရှိရာ နေရာကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း သူမ၏ အကြည့်များက ဖန်းချန်လန်ပေါ် ကျရောက်နေလေသည်။

ဘေးနားက ခွေးကြီးက ယွီရွှမ်ကို ကြည့်ပြီး အဝေးက စုမင်ကိုနှင့် ဖန်းချန်လန်ကို

ကြည့်လိုက်သည်။ ၎င်းက ရုတ်တရက် တုန်လှုပ်ချောက်ချားသွားပြီး ၎င်းက ယွီရွှမ်ထံမှ အေးစိမ့်သောလေကို ပျံ့လွင့်လာသည်ကို ခံစားလိုက်မိလိုက်သည်။ ထို့နောက် ၎င်းက ယွီရွှမ်ကိုဘေးတိုက်ကြည့်လိုက်သော် အသူရာနဂါးများမာန်ဖီစဉ် အချင်းချင်းကြည့်ကြသော နဂါးမျက်စောင်းကို မြင်လိုက်ရသည်။

All Chapters