ဒုတိယအစ်ကိုနဲ့ကျီယွင်
Vol. 52 Ch. 722
ပင်လယ်၏ရနံ့က လေထုထဲတွင် ပျံ့လွင့်နေပြီး လှိုင်းလုံးများက သန္တာကျောက်တန်းများကို တဝုန်းဝုန်းရိုက်ခတ်နေလေသည်။ ထိုရနံ့က စိမ်းသက်သက်ဖြစ်သည့်မြက်မွှေးရနံ့နှင့် ရောနှောပြီး ပင်လယ်နှင့်နီးသော နေရာများအတွက် ထူးထူးခြားခြား ရနံ့အဖြစ် ပြောင်းလဲသွားသည်။ အနံ့ယဉ်ပါးသူများ နှစ်သက်ကြသော်လည်း မသိသေးသော သူများက အနံ့ခံရန် အနည်းငယ် ခက်ခဲသည် ။
ဖန်းချန်လန်က ထိုအနံ့ကို သိသာထင်ရှားစွာ အသုံးပြုနေပြီဖြစ်သည်။ သူမက စုမင်အနားတွင် ရပ်လိုက်ပြီး သူ့အဝတ်အစားများကို လက်ပူတိုက်ပေးနေလေသည်။ သူမက မိုးကုပ်စက်ဝိုင်းကို ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ သူ့ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
စုမင်က တိတ်ဆိတ်ခြင်းကို နှစ်သက်ကြောင်း သူမသိသည်။
အချိန်အတော်ကြာပြီးနောက် စုမင်က စကားဝိုင်းကို စတင်လိုက်သည်။
“ဒါပြီးရင် ငါ အနောက်မဟာမိတ်နယ်မြေကို သွားတော့မယ်”ဟု ဖြည်းညှင်းစွာပြောသည်။
“အမ်..”
ဖန်းကန်လန်က တိုးတိုးလေး ညည်းညူရင်း ခေါင်းညိတ်သည်။
စုမင်က သူ့ခေါင်းကို လှည့်ပြီး သူမကို ကြည့်နေသည် ။ ထိုအမျိုးသမီးက ယွီရွှမ် လောက်မလှပေသော်လည်း သူမ၏ တိတ်ဆိတ်သောအမူအရာက တခြားသူများကို စိတ်တည်ငြိမ်အေးချမ်းစေလေသည်။ ထိုအရာက ယွီရွှမ်ဆီမှာ မရှိသောအရာဖြစ်သည်။
“ရှင် ပြန်လာအုံးမှာလား”
ဖန်းချန်လန်၏ မျက်တောင်များက တဖျပ်ဖျပ်ခတ်နေပြီး စုမင်ကိုပင် ကြည့်မြဲကြည့်နေသည်။
“ငါပြန်လာဖြစ်ရင်လည်း ဖြစ်မယ် မသေချာဘူး..”
“ရှင် ပြန်လာတာပဲဖြစ်ဖြစ်..မလာတာပဲဖြစ်ဖြစ် ကျွန်မ ဒီမှာအမြဲရှိနေမယ်..ရှင်တအားပင်ပန်းလာခဲ့ရင် ဒီကို ပြန်လာပြီး အနားယူလို့ရတယ်.. ရှင့်ကို အဖော်ပြုပေးဖို့ ရှိနေမှာပါ..”
ဖန်းချန်လန်က တိုးတိုးလေးပြောသည်။ သူမ၏အသံတွင် ဆုံးဖြတ်ချက်ခိုင်မာနေပြီး ပူပင်ကြောင့်ကြမဲ့နေလေသည်။
သူမ၏ စိတ်ပိုင်းဖြတ်မှုက ဤနေရာမှ ထွက်ပေါ်လာသည်။ သူမက စုမင်ငြင်းပယ်လိုက်ခြင်းကြောင့် စိတ်ထဲပေါ့ပါးသွားသလို ခံစားရသည်။
စုမင်က စကားမပြောဘဲ အဝေးက လောကကြီးကို ကြည့်နေလေသည်။
သို့သော် သူနှင့် ဖန်းချန်းလန်အကြားရှိ ဤတိတ်ဆိတ်မှုက ခဏအကြာတွင် နဂါးဟောက်သံကဲ့သို့ အသံကြောင့် ပျက်စီးသွားခဲ့သည်။
ခွေးကြီးက ကြိတ်မှိတ်ခံစားနေပုံရပြီး ဝမ်းနည်းပူဆွေးသောမျက်နှာထားဖြင့် ကောင်းကင်သို့ အော်ဟစ်ပြေးလွှားလာခဲ့သည်။ သူ့နောက်ရှိ ယွီရွှမ်က သားမွေးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရံဖန်ရံခါ ခွေးကို ကန်ကျောက်ကာ အသံပိုကျယ်လာအောင် ငိုခိုင်း လေသည်။
စုမင်နှင့်ဖန်းချန်လန်က ခေါင်းလှည့်ကြည့်လိုက်သောအခါ ယွီရွှမ်က လျှာတစ်လစ် ထုတ်ပြီး ရှက်ရွံ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။
“အာ... ဒီ ခွေးက ဘာဖြစ်နေတာလဲ...ဟောင်ပဲဟောင်ပဲနေတာ..ငါ့စကားကို နားမထောင်ဘူး..ဒါနဲ့ နင်တို့နှစ်ယောက်ကို မနှောက်ယှက်မိပါဘူးနော်..”
ယွီရွှမ်က မျက်တောင်ခတ်ပြီး စုမင် နှင့် ဖန်းချန်လန်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူစကားပြောရင်း ခွေးကို ထပ်ကန်လိုက်သည်။
စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ ဖန်းချန်းလန်က သူ့ဘေးနားကအမျိုးသမီးကို ကြည့်ပြီး ညင်သာစွာ ပြုံးပြပြီး “နင်က ဘယ်သူလဲ” ဟု တိုးတိုးလေး မေးလိုက်သည်။
“နှုတ်ဆက်ပါတယ် စီနီယာမမ...ငါ..ငါက စုမင်နဲ့စေ့စပ်ထားတဲ့သူပါ..”
ယွီရှမ်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အကြည့်တစ်ခု ပေါ်လာသည်။
ဖန်းချန်လန်က ခေတ္တတုန်လှုပ်သွားလေသည်။ ထို့နောက် သူမ၏အပြုံးက အနည်းငယ်မျှ မပြောင်းလဲဘဲ စုမင် ဆီသို့ လှမ်းကြည့်လိုက်သည်။
“ဒုတိယအစ်ကိုက ငါတို့ စေ့စပ်ပွဲကို စီစဉ်ပေးတာ.. ဒီရက်ပိုင်းအတွင်း ငါ စုမင်နဲ့လက်ထပ်ရတော့မှာ.. အဲဒီခါကျရင် မင်္ဂလာဆောင်ကို လာခဲ့အုံးနော်..ငါ့ခင်ပွန်းလောင်းက မမအကြောင်းပြောတာ ကြားဖူးပါတယ်..အခု ငါ မမကို တွေ့ဖူးသွားပြီ...”
ယွီရှမ်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သောအကြည့်နှင့် သူမ တိုးတိုးလေးပြောနေစဉ် အပြစ်ကင်းစင်သောလေထုဖြင့် ပြည့်နှက်နေလေသည်။ သို့သော်လည်း သူမစကားမဆုံးခင် စုမင်က သူမ၏ဆံပင် တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမ၏လည်ချောင်းထဲတွင်စကားလုံးများ ပျောက်ဆုံးသွားသည်။
ဖန်းချန်လန်က ညင်သာစွာ ပြုံးပြီး စုမင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ထို့နောက် သူမသည် စုမင်၏လက်ကို ကိုင်ထားရန် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူမက ယွီရွှမ်ကိုလှည့်ကြည့်လိုက်ကာ ပန်းပွင့်တစ်ပွင့်လို လှပစွာပြုံးလိုက်လေသည်။
“ဒါဆို ဂုဏ်ပြုပါတယ် ညီမငယ်ယွီရွှမ်.. ငါ နောက်မှ မင်္ဂလာပွဲကို လာတက်တော့မယ်.. ဒါပေမဲ့ မင်းရဲ့ စေ့စပ်ပွဲနဲ့ပတ်သတ်ပြီး လျှို့ဝှက်ကိစ္စတချို့ကို အခုပဲ ပြောပြချင်ပါတယ်..မင်း စေ့စပ်ပွဲကို ရုတ်သိမ်းပေးနိုင်မလား...”
စုမင်က ရှုံ့မဲ့မဲ့ဖြစ်နေပြီး မိန်းမလှ လေးနှစ်ယောက်ကြားညှပ် နေလေသည်။ ဖန်းချန်လန်၏ မျက်နှာမှာ ထိုကဲ့သို့အမူအရာမျိုးကို သူပထမဆုံးမြင်ဖူးခြင်းပင်ဖြစ်သည်။ သူမ ပြုံးနေသာ်လည်း သူ့အပြုံးထဲမှာ စစ်မှန်သောခံစားချက်များကို ဖုံးကွယ်ထားလေသည်။
ယွီရွှမ်နှင့်ဖန်းချန်လန်က စကားပြောနေသော်လည်း မျက်နှာချင်းမဆိုင်ကြပေ။ စုမင်သာ ခနဲ့တဲ့တဲ့ပြုံးရင် ကျန်ရစ်ခဲ့လေသည်။ ကျီယွင်က ပြုံးပြီး အခြားတောင်ပေါ်ရှိ ဒုတိယအစ်ကိုကို ကြည့်ရင်း မျက်ရည်များကို ထိန်းလိုက်သည်။
သူ့မျက်နှာတစ်ခြမ်းကို မော့ထားသောကြောင့် နေရောင်က ဖြာကျနေလေသည်။ သူက ကျီယွင်ကို ကြည့်ပြီး တဖြည်းဖြည်း ပြုံးပြသည်။
သို့သော် သူတို့၏ အပြုံးများက လွမ်းဆွေးခြင်းနှင့် အတိတ်ကို အောက် မေ့တမ်းတမှုတို့ဖြင့် လွှမ်းခြုံထားသည်။ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ မဆုံတွေ့ခဲ့ကြတဲ့ သူငယ်ချင်းကောင်းနှစ်ယောက်ဖြစ်ပြီး အတိတ်၏ လှပ
သောအခိုက်အတန့်များကို မြှုပ်နှံထားခဲ့ကြသည်။ သူတို့ပြန်တွေ့ကြသောအခါ သူတို့က သူစိမ်းမဟုတ်သော သူစိမ်းများပင် ဖြစ်ခဲ့ကြသည်။ အတိတ်ကဖြစ်ပျက်ခဲ့သောအရာများသည် သူတို့နှစ်ယောက်ကို ရက်စက်စွာ ခွဲပစ်လိုက်သည်။
ကျီယွင်က ပြုံးပြီး တိုးတိုးလေးမေးလိုက်သည်။
“ရှင် နဝမမြောက်တောင်ထွဋ်မှာ ရှိနေတုန်းက ငါ့ကို တကယ်ကြိုက်ခဲ့တာလား”
“ငါတကယ်မင်းကိုကြိုက်ခဲ့တာ...ဒါပေမဲ့ မင်းက ငါ့ကိုကပ်ဆိုးကြီးလိုရှောင်ခဲ့တယ်. မင်းကိုဝန်ခံဖို့အခွင့်အရေးတောင်မရှိခဲ့ဘူး”
ဒုတိယအစ်ကိုဖြစ်သူက ချောင်းအတုဆိုးတာကို ရပ်လိုက်ပြီး သူ့မျက်နှာတစ်ဖက်ကို နေရောင်တောက်ပလာအောင် အနေအထားပြောင်းလိုက်သည်။
ကျီယွင်က ထိုကဲ့သို့ ပြုမူနေသည့် ဒုတိယညီဖြစ်သူကို မြင်သောအခါ ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။ သူမက အတိတ်ကို ပြန်ရောက်သွားသလိုမျိုး တကယ်ကို ပျော်ရွှင်နေပုံရသည်။
“ရိုးရိုးသားသားပြောရရင် ရှင့်ကိုအမြဲတမ်းပြောချင်နေတာ... ရှင့်မျက်နှာကို ဒီလိုနေရောင်ခြည်ခံလိုက်ရင် တကယ်ကြောက်စရာကောင်းတယ်”
ကျီယွင်က ပါးစပ်အုပ်ရင်း ရယ်မောစွာ ပြောခဲ့သည်။
ဒုတိယအစ်ကိုဖြစ်သူက သူ့မျက်နှာကိုထိကာ အနေအထားပြောင်းကာ သူမကိုကြည့်ရန် ဘေးတိုက်လှည့်လိုက်သည်။
“အခုရော.. ဘယ်လိုလဲ..”
“အရင်ကလို ကြောက်စရာကောင်းနေတုန်းပဲ...”
“အခုရော ဘယ်လိုလဲ..”
“ကြောက်နေတုန်းပဲ..”
“ဒါပေမဲ့ အငယ်ဆုံး ညီလေးကတော့ ဒီလိုအပြုအမူမျိုး မြင်ဖူးတယ်”
ဒုတိယအစ်ကိုဖြစ်သူက သက်ပြင်းမချမီ နောက်ထပ်မျက်နှာပုံစံအနည်းငယ်ကို ပြောင်းလိုက်သည်။
“ရိုးရိုးသားသားပြောရရင် ရှင်ပြုံးတဲ့အခါ ရှင့်ရဲ့နူးညံ့သိမ်မွေ့တဲ့အမူအရာနဲ့ နူးညံ့တဲ့အကြည့်တွေ အခုလုပ်တဲ့အရာတွေထက် ပိုပြီးကြည့်ကောင်းစေတယ်”
ကျီယွင်က ဒုတိယအစ်ကိုကိုကြည့်ရင်း တ ခစ်ခစ် ရယ်မောလိုက်သည်။
သူမ ပြောင်းလဲသွားခဲ့လေသည်။ သူမက လွန်ခဲ့သော နှစ်ပေါင်းများစွာက မိန်းကလေးမဟုတ်တော့ဘဲ ရင့်ကျက်လာခဲ့သည်။ သူမ၏အလှက ကျက်သရေရှိပြီး သူမ၏စကားများပင် ယခင်ကထက် များစွာပို၍ ကြီးကျယ်လာခဲ့သည်။
ဒုတိယအစ်ကိုက ပျော်ရွှင်နေသော ကျီယွင်ကို ကြည့်ရင်း ခဏတာ မင်သက်နေခဲ့သည်။ နဝမမြောက်တောင်ထွဋ်ရှိ ကောင်မလေးနှင့် လက်ရှိကျီယွင်၏ ပုံရိပ်သည် အချင်းချင်း ထပ်တူကျပြီးနောက် ကွဲပြားသွားလေသည်။ ထိုပုံရိပ်တို့ကြားတွင် တူညီမှုများရှိခဲ့သော်လည်း အချို့သော အသွင်အပြင်များမှာလည်း အလွန်ကွဲပြားပါသည်။
သူ့အကြည့်အောက်တွင် ကျီယွင်က ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်သည်။ သူမ၏ အပြုံးက မည်မျှပင် တောက်ပနေပါစေ၊ ၎င်းက သူမ၏ နှလုံးသားထဲတွင် ခံစားချက်များကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခု ဖြစ်နေဆဲပင် ဖြစ်စည်။ အထူးသဖြင့် သူမ၏နှလုံးသားထိလွယ်ရှလွယ်ဖြစ်ပုံကို ဒုတိယအစ်ကိုအား မမြင်စေလိုပေ။
ဒုတိယအစ်ကိုက တိတ်တိတ်ဆိတ်ဆိတ်နေပြီး ထိုအရာက သူမအတွက် ရှားပါးသည့် အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။ သူ၏ ပင်ကိုယ်စရိုက်ကြောင့် ထိုကဲ့သို့ တိတ်ဆိတ်ခြင်းက ရှားရှားပါးပါးဖြစ်သည်။ သို့သော်လည်း သူက ကျီယွင်ကို ကြည့်လိုက်ရင်း သူ့နှလုံးသားထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး တိတ်ဆိတ်သွားပြန်သည်။
ကျီယွင်က သူမတစ်ဘဝလုံးဖြတ်သန်းခဲ့သောဆင်းရဲဒုက္ခများကို ဖုံးကွယ်ရန်ကြိုးစားနေတာကို သူ ဘာကြောင့် မသိရမှာလဲ။ သူမ၏ နှလုံးသား အောက်ခြေမှ ထွက်လာသော ပင်ပန်းနွမ်းနယ်မှုကို သူ ဘယ်လို မျက်ကွယ်ပြုနိုင်မည်နည်း။ သူက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
ကျီယွင်က သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမဆီသို့ လျှောက်သွားနေသော ပန်းတစ်ပွင့်လို ယောက်ျားကို ကြည့်လိုက်သည်။ သူက သူမနှင့် နီးကပ်စွာရပ်နေပြီး သူမက သူ့ကိုယ်ပေါ်က စိမ်းရွှင်ရွှင်မြက်ရနံ့များကို ရှုရှိုက်မိလေသည်။ ထို့နောက် သူမ ခေါင်းငုံ့ထားလိုက်မိသည်။
သူတို့နှင့်ဝေးရာအရပ်ရှိကျောက်တုံးပေါ်တွင်ထိုင်နေသော ယာမူကို သူမ မမြင်လိုက်ပေ။ ယာမူက သူမကို ဗြောင်ကျကျကြည့်ရင်း သူ့မျက်နှာမှာ ပြင်းပြင်းထန်ထန် ဒေါသများထွက်နေလေသည်။
“ကိုယ်နှင့်အတူလိုက်ခဲ့ပါ...”
ဒုတိယအစ်ကိုက သူ့လက်ကိုဆန့်ကာ ကျီယွင် ၏မေးစေ့ကို ကိုင်လိုက်ပြီး သူမ၏နဖူးကို ညင်သာစွာနမ်းလိုက်သည်။
ကျီယွင်၏ မျက်နှာပေါ်တွင် အံ့ဩမင်သက် နေသော အကြည့်တစ်ခု ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူမလက်ကို မြှောက်လိုက်ပြီး သူ့မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ ခေါင်းကိုယမ်းကာ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားလေသည်။
ဒုတိယအစ်ကိုက တိတ်ဆိတ်သွားပြီး နောက်ပြန်ဆုတ်သွားသောကျီယွင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံး ပေါ်လာပြန်သည်။
“ဒါဆို ငါ မင်းကိုပျော်စေချင်တယ်”
သူ ခေါင်းကိုမော့ပြီး အဝေးက ကျောက်တုံးပေါ်မှာ ထိုင်နေသော ယာမူကို စိုက်ကြည့်နေလေသည်။ ထို့နောက် သူက ယာမူကို လေးလေးနက်နက် အကဲခတ်ကြည့်ပြီးမှ တောင်ပေါ်မှ ထွက်သွားခဲ့သည်။
ဒုတိယအစ်ကို ထွက်သွားပြီးသည်နှင့် ကျီယွင်က သူမ၏ ခွန်အားများ ဆုံးရှုံးသွားသလို ဖြစ်ကာ နောက်သို့ တုန်လှုပ်ချောက်ချားသော ခြေလှမ်းအနည်းငယ် လှမ်းခဲ့သည်။ သူမ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။ ထိုခဏလေးအတွင်းမှာပင် သူမက သူ့နောက်ကို လိုက်ချင်နေသော်လည်း သူမ မတတ်နိုင်ပေ။
သူတို့ကြားမှာ ဖြစ်ပျက်ခဲ့သောအရာအကုန်လုံးက အတိတ်သာဖြစ်ကြောင်း ကျီယွင် သိခဲ့သည်။ အရာအားလုံးက ကံကြမ္မာ၏စေစားရာအတိုင်း ဖြစ်ခဲ့ရသည်။
သူတို့နှစ်ဦးကြားတွင် မေတ္တာသက်ဝင်မှု ရှိခဲ့ပြီး ထိုချစ်ခင်မှုအားလုံးက ဒုတိယအစ်ကိုထံမှ ဖြစ်သည်။ သူမအတွက်ကတော့… တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာဖြတ်သန်းခဲ့ရသောအခက်အခဲကြောင့် သူနှင့်ဒုတိယအစ်ကိုကြားမှာရှိသော အရာများက အတိတ်အနေဖြင့်သာ ချန်ရစ်ခဲ့သည်။
တကယ်တော့ သူမဧ။်ခိုးကိုးရာမဲ့မှုများ
ကြောင့် ယာမူကို ရွေးချယ်ခဲ့ရပြီး အတိတ်ကို နောင်တရမိခဲ့သည်။ သူနှင့်ယာမူကြားက ဆက်ဆံရေးက အချစ်မဟုတ်ခဲ့ပေ။
သူမက ကိုယ့်ကိုယ်ကို လိမ်ညာ၍မရသည့်အပြင် ဒုတိယအစ်ကိုကိုလည်း မလိမ်ညာ နိုင်ခဲ့ပေ။
သူမ ငိုနေစဉ် သူမနှင့်ရင်းနှီးသောလူတစ်ယောက် သူ့ဘေးတွင် ပေါ်လာသည်။ ယခုနှစ်များအတွင်း ထိုလူက သူမအား သည်းခံပြုစုစောင့်ရှောက်ခဲ့ပြီး အစစအရာရာ အလိုလိုက်ခဲ့သည်။ ထိုသူကတော့ ယာမူဖြစ်ပြီး ကျီယွင်ထံမှ မည်သည့်အရာကိုမှ ပြန်မတောင်းဆိုခဲ့ပေ။
“ယာမူ...အိမ်ပြန်ရအောင်”
ကျီယွင်က မျက်ရည်များကို သုတ်လိုက်ပြီး ယာမူဆီသို့ လှမ်းကြည့်လိုက်သည်။ သူက ဒုတိယအစ်ကိုလို နူးညံ့သိမ်မွေ့သောအကြည့်ကဖြင့် သူမကို ကြည့်လိုက်သည်။
ဤလူအုပ်စုသည် တောင်ပိုင်း ရွှံ့ညွန်ကျွန်းတွင် ကြာရှည်စွာ မနေခဲ့ပေ။ နောက်တစ်နေ့မနက်တွင် စုမင်နှင့်လူအုပ်စုက အတူတကွ ထွက်ခွာခဲ့သည်။ ထိုစဉ် ဖန်းချန်းလန်က ကျွန်းပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီး စုမင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်ကို ယခင်ကလိုမျိုး စောင့်ကြည့်နေခဲ့သည်။ စုမင်နှင့်ပြန်တွေ့မည့်အချိန်က ဘယ်အချိန်ဖြစ်မလဲဆိုတာ မသိခဲ့သလို ထိုအခါကျရင် သူမ အသက်ရှင်နေသေးသလားမသိနိုင်ပေ။
သူမက စုမင်၏ နှလုံးသားထဲတွင် ရှိနေသည်ကို သူမသိသော်လည်း ထိုအရာက အချစ်မဟုတ်ပေ။ သူတို့နှစ်ဦးကြားတွင် မဖော်ပြနိုင်သော အတားအဆီးအချို့ရှိနေပုံရသည်။ သူတို့ကြားထဲတွင် ချောက်ကြီးတစ်ခု အမြဲရှိနေပုံရပြီး မမြင်နိုင်ပေ။ ထိုအရာက အသက်ရှင်ခြင်းနှင့် သေခြင်းတရားပင်ဖြစ်သည်။
“သူက နှလုံးသားမဲ့တဲ့လူပဲ..”
ဖန်းချန်လန်အနားမှ ငြိမ်သက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ချိုးက ဖန်းချန်လန်အနားသို့ ရွှေ့လာပြီး အဝေးမှစုမင်ကို လှမ်းကြည့်လိုက်သည်။
“သူ့ကိုယ်သူ နှလုံးသားမဲ့နေတာတောင် သိပုံမပေါ်ဘူး...အဲမိန်းကလေးက လူသေမဟုတ်ရင် သူ့နှလုံးသားထဲကို အမှန်တကယ်ရောက်နိုင်တဲ့ မိန်းကလေးဆိုတာ မရှိဘူး… “
ဝမ်ချိုးက ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။
“တစ်နေ့ သူနားလည်လာမှာပါ.. သူနားလည်မှသာ သူ့နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာကို ဖြည့်ဆည်းပေးနိုင်မှာ..”
ဝမ်ချိုးက စကားလုံးတိုင်းကို အသံကျယ်ကျယ်ဖြင့် ပေါ့ပါးစွာ ပြောနေလေသည်။
“နင်မှားတယ်..” ဖန်းချန်လန်က ခေါင်းခါလိုက်သည်။ “သူက နှလုံးသားမဲ့တဲ့လူတော့ မဟုတ်ဘူး.. သူ့မှာ ဝန်ထုပ်ဝန်ပိုးတွေ အရမ်းများနေတယ်.. ဒီအရာတွေက သူ့ကို အရမ်းနှောင့်ယှက်နေတော့ သူ့နှလုံးသားထဲမှာ တခြားအရာတွေကိုမထည့်ထားနိုင်တော့ဘူး.. ဘာလို့လဲဆိုတော့ သူ့နှလုံးသားက အမြဲတမ်း ရှုပ်ထွေးနေလို့ပဲ...”
ကျီယွင်နှင့် ယာမူက အတူတူရပ်ပြီး စုမင်နှင့်သူ့အဖွဲကောင်းကင်ယံတွင် ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ သူတို့နောက်မှာ တိတ်ဆိတ်စွာရပ်နေသောလူက ကျီချဲပင်ဖြစ်သည်။ဖယောင်းနဂါး၏ ခန္ဓာကိုယ်တွင် ရှိနေသော နှစ်များအတွင်း သူမက သတိဝင်ကာ ပြန်လည် နိုးထလာခဲ့သည်။စုမင်က ကျီယွင်ကို ကတိတစ်ခုပေးခဲ့သည်။ ဤသည်မှာ ကျီချဲကို ပြန်ရှာပေးရန် ကတိပေးခဲ့ခြင်းဖြစ်သည်။ ယခုစုမင် ကျွန်းကိုပြန်ရောက်သည့်အခါ သူ့ကတိကို တည်သွားခဲ့ပြီဖြစ်သည်။
ကျီချဲက စုမင်၏နောက်သို့ ဆက်လက်လိုက်ချင်သော်လည်း သူ့ညီမကိုတွေ့သောအခါတွင် သူနေရန်ရွေးချယ်ခဲ့သည်။
ယွီရွှမ်က ခွေးကြီးပေါ်ထိုင်ကာ စုမင်၏ဘေးတွင် ရှိနေခဲ့သည်။ သူမက ရံဖန်ရံခါ သူ့ကိုကြည့်ကာ သူမစိတ်ထဲတွင် အနည်းငယ် ကျေနပ်နေလိမ့်မည်။ သူမ ဝင်ရောက်စွက်ဖက်မှုကြောင့် စုမင်နှင့် ဖန်းချန်လန်တို့ နှစ်ယောက်တည်း အချိန်မကုန်တော့ပေ။ ယွီရွှမ်က သူမလုပ်နိုင်သမျှကို တွေးပြီး စုမင်နောက်သို့ လိမ္မာပါးနပ်စွာလိုက်ရန် အရင်နည်းလမ်းများကို ပြောင်းလဲခဲ့သည်။
ဒုတိယအစ်ကိုက သူ့ပုံစံအတိုင်း နူးညံ့သိမ်မွေ့နေလေသည်။ သူ့အတွက် လွမ်းဆွေးခြင်း သို့မဟုတ် မပျော်မရွှင်ဖြစ်ရသည့်အငွေ့အသက်မရှိပေ။ ဤခရီးစဉ်တွင် သူ၏တတိယမြောက် စိတ်နှလုံးသားပြောင်းလဲသွားခြင်း ရှိလာသည် ။ ဤနှလုံးသားပြောင်းလဲမှုက အမျိုးသမီးတစ်ဦးနှင့် အတိတ်က သူမအား ချစ်မြတ်နိုးခဲ့သောကြောင့်ဖြစ်သည်။
‘သူမက ငါ့ကို မကြိုက်သလို အခု သူ့ဘေးနားက ယောက်ျားကိုလည်း မကြိုက်ဘူး.. သူမက.. နူးညံ့တဲ့အကြည့်ကိုနှစ်သက်တယ်..အဲဒါက သူ့ကို နွေးထွေးမှုပေးနိုင်လို့ သဘောကျတယ်..”
ဒုတိယအစ်ကိုက သက်ပြင်းချလိုက်သည်။
သူတို့အဖွဲ့လိုက်ပျံသန်းရင်း မရဏပင်လယ်ကိုဖြတ်ပြီး အေးခဲကောင်းကင်ကလန် တည်ရှိရာကျွန်းကို ရောက်သွားသည်။ စုမင်နှင့်ဒုတိယအစ်ကိုတို့ဧ။်အမြင်အာရုံထဲတွင် ပင်လယ်ပြင်ရှိ တောင်တစ်လုံးကို မြင်လိုက်ရသည်။ သူတို့က တောင်ပေါ်တွင် အရပ်မြင့်မြင့်ပုံရိပ်ဖြစ်သော ဟူကျီကို တွေ့လိုက်ရသည်။