ဒါ ဘယ်သူ့ဟာလဲ...”
Vol. 52 Ch. 723
နဝမမြောက်တောင်ထွဋ်သည် ပင်လယ် ရေမျက်နှာပြင်မှ ရောင်ပြန်ဟပ်နေသော အလင်းရောင်ဖြင့် ဝန်းရံထားခံရပြီး ရင်သပ်ရှုမောဖွယ် ခံစားချက်ကို ပေးစွမ်းသည်။ စုမင်နှင့်ဒုတိယအစ်ကိုက တောင်ပေါ်ရှိ အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက မတ်တပ် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အရှိန်လျော့လိုက်ပြီး လေထဲ၌ ရပ်တန့်သွားသည်။ ၎င်းတို့နှင့် နဝမမြောက်တောင်ထွဋ်ကြားတွင် ပေထောင်ပေါင်းများစွာ အကွာအဝေးရှိခဲ့သည်။
ထိုအဝေးကပုံရိပ်မှာ သူတို့နှင့် လွန်စွာ ရင်းနှီးလေသည်။ ထိုပုံရိပ်မှာ ဟူကျီပင်ဖြစ်သည်။
ဟူကျီက အားကောင်းပြီးတောင့်တင်းခိုင်မာသော နောက်ကျောနှင့် ပခုံးများအပြင် သန်မာသော ခန္ဓာကိုယ်ဖြင့် စုမင်တို့ကို လှမ်းကြည့်နေသည်။ ဟိုးအရင်ကတည်းက ဟူကျီက ထိုတောင်ပေါ်မှာ တစ်ယောက်ယောက်ကို စောင့်နေပုံရသည်။ သူ့စိတ်ထဲတွင် တစ်နေ့မှာ စုမင် ပြန်လာမည်၊ ဒုတိယအစ်ကိုကြီး ပြန်လာမည်၊ အကြီးဆုံးအစ်ကိုကြီး ရောက်လာမည်၊ ထို့ပြင် အဝတ်အစားလဲရတာကြိုက်သော သူ၏ဆရာကြီးပြန်လာမည်ဟု ယုံကြည်နေလေသည်။
“ဒုတိယအစ်ကို...”
ဟူကျီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အသံက လေထဲတွင် တဟုန်ထိုး ပဲ့တင်ထပ်နေပြီး ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ ထို့နောက် စုမင်တို့ရှိရာကို ကျားတစ်ကောင်လို အရှိန်တင်လိုက်သည်။
သူ၏ကြီးမားသော ခြေလှမ်းများဖြင့် ရှေ့သို့ လှမ်းလိုက်ရာ စုမင်တို့နှင့် ချက်ချင်းပင် နီးကပ်လာသည်။ လေပြင်းတစ်ချက်တိုက်ခတ်သွားသောအခါတွင် ဒုတိယအစ်ကို၏မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောအပြုံးတစ်ခုပေါ်လာပြီး ဟူကျီကိုပွေ့ဖက်ရန်သွားလေသည်။
ဟူကျီ၏ အမူအရာမှာ စိတ်လှုပ်ရှားမှု အပြည့်ရှိသည်။ သူက နီရဲရဲ မျက်လုံးများနှင့် ဒုတိယအစ်ကိုကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ နှစ်ပေါင်းများစွာကွဲကွာ နေသော မိသားစုဝင်များကို ပြန် တွေ့လိုက်ရသောကြောင့် ဟူကျီမှာ မျက်ရည်များ ရွှဲနစ်နေခဲ့သည်။
“ဒုတိယ အစ်ကို၊ အခု တကယ်ပဲ ပြန်လာတာလား...”
ဟူကျီက စုမင်နှင့်ပထမဆုံး ပြန်တွေ့တုန်းကလိုပဲ သူ ကုန်းအော်ပြီး ငို ကြွေးပါတော့သည်။ သူ၏ အော်ဟစ်သံက တောင်တစ်ခုလုံးကို ပျံ့နှံ့သွားကာ တောင်ပေါ်ရှိ အခြားလူများအားလုံးက အမြန်ထွက်ကြည့်ကြသည်။ ထို့နောက်သူတို့ စုမင်နှင့် အဖွဲ့ကို တွေ့လိုက်ရသည်။
ထိုလူအုပ်ထဲမှာ ပိုင်စုလည်း ပါလေသည်။ သူမက စုမင်ကိုကြည့်ရင်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူမက ခရမ်းရောင်ငါဝန်ကို ၀တ်ဆင်ထားပြီး အနက်ရောင်ဆံပင်များကို သပ်ကာ တောင်ပေါ်တွင် ရပ်နေခဲ့သည်။
သို့သော်လည်း မကြာမီတွင် သူမက စုမင်၏ နောက်မှ ခွေးကြီးကို စီးလာသော အမျိုးသမီးထံ အကြည့်များ ရောက်သွားခဲ့သည်။ ထိုအချိန်တွင် နှစ်ယောက်သား မျက်လုံးချင်းဆုံသွားသည်။
ယွီရွှမ်က သူမ၏ နှုတ်ခမ်းများကို ပွတ်သပ်ကာ ပြုံးရင်း ပိုင်စုကိုမြင်ကြောင်း ခေါင်းညိတ်ပြလေသည်။ ပိုင်စုက စုမင်နှင့်ထိုအမျိုးသမီး၏ ဆက်ဆံရေးက ဘာလဲဆိုတာ မပြောနိုင်တာကြောင့် ခေါင်းညိတ်ပြရုံပြခဲ့သည်။
ယွီရွှမ်က ပိုင်စုကိုမြင်လိုက်ရသော် သူ့မစိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ယွီရွှမ်က စုမင်ကိုဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။ အရူးလေးစုမင်နှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေသည့် အမျိုးသမီးများ အမြဲရှိနေပုံရသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။ တောင်ပိုင်းရွံ့ညွန်ကျွန်းတုန်းကလို နဝမမြောက်တောင်ထွဋ်တွင်လည်း နောက်တစ်ဦးရှိပြန်သည်။
တောင်ပေါ်ရှိ ခရမ်းရောင်ဝတ်စုံဝတ်ထားသောအမျိုးသမီး၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်၍ စုမင်နှင့် ရှုပ်ထွေးသော ဆက်ဆံရေးရှိကြောင်း ယွီရွှမ် ပြောနိုင်နေပြီဖြစ်သည်။
ထိုသို့မြင်ရတိုင်း သူမ ဘာဖြစ်သွားမှန်း မသိတော့ပေ။ စုမင်၏ဒုတိယအစ်ကိုက သူတို့၏ ရယ်စရာကောင်းသောစေ့စပ်ပွဲကို သတ်မှတ်လိုက်ကတည်းက စုမင်အနားတွင် အခြားအမျိုးသမီးတစ်ဦး ပေါ်လာသည်ကို မြင်လိုက်တိုင်း သူမ၏နှလုံးသားက အနည်းငယ် မသက်မသာဖြစ်နေလေသည်။
သို့သော်၊ သူမက တောင်ပိုင်းရွံ့ညွန် ကျွန်းတွင်ပြုလုပ်သကဲ့သို့ မဆင်မခြင်မပြုမူတော့ပေ။ ယင်းအစား သူမက ပိုင်စုနှင့် အကြည့်ချင်းဆုံချိန်တွင် သူမ ပြုံးလိုက်ရင်း ဆံပင်များကို သပ်လိုက်သည် ။ ထိုအပြုအမူက မိန်းမဆန်သော အလှတရားများနှင့် ပြည့်နှက်နေပြီး သူမ၏ လှပသောမျက်နှာကို ပေါ်လွင်လာစေကာ ပို၍ဆွဲဆောင်မှုရှိလာစေသည်။
အနီးနားရှိ ဟူကျီက အံ့ဩတုန်လှုပ်နေပြီး သူ့မျက်ရည်များက ဒုတိယအစ်ကို၏ ၀တ်ရုံကို ရွှဲလုနီးပါး ဖြစ်နေသည်။ ဒုတိယအစ်ကိုက သေးသွယ်ပြီး ဟူကျီဧ။်
ထောင်းထောင်းမောင်းမောင်း ခန္ဓာကိုယ်ကို မယှဉ်နိုင်ပေ။ ဟူကျီက သူ့ကိုပွေ့ဖက်လိုက်သည့်အခါ သူက ဟူကျီ၏ရင်ခွင်ထဲကို ဆွဲသွင်းခံလိုက်ရသည်။ သူက ဟူကျီကို နှစ်သိမ့်ရင်း နောက်ကျောကို ပုတ် ပေးလေသည်။ ဟူကျီက သူ့အပြုံးကို မြင်လိုက်သောအခါ ပို၍ပင် ငိုခဲ့သည်။
“ဒုတိယအကိုကြီး တောင်းပန်ပါတယ် မင်းထွက်သွားတုန်းက တောင်ပေါ်မှာ အပင်တွေနဲ့ ပြည့်နေပေမဲ့ အခု မင်းပြန်လာတော့ ဘာမှ မကျန်တော့ဘူး... အပင်တွေ ပန်းတွေ အကုန် သေကုန်ပြီ...”
စုမင်က ထိုမြင်ကွင်းကို ဘေးကနေ ကြည့်ပြီး သူ့နှလုံးသားထဲတွင် နွေးထွေးမှု အပြည့် ခံစားလိုက်ရသည်။ ဟူကျီ၏ ရိုးသားပြီး ချစ်စရာကောင်းသော သဘောထားအပြင် နွေဦးလေနှင့်တူသော ဒုတိယအစ်ကို၏ နူးညံ့သိမ်မွေ့သော အမူအရာသည် တောင်ပေါ်ရှိ ၎င်းတို့၏မှိန်ပျသော အတိတ်ကို ပြန်လည်သတိရစေခဲ့သည်။
“ကောင်းပြီ..ဟူကျီ.. မငိုနဲ့တော့ အပင်တွေမရှိတော့ပေမဲ့ ငါပြန်စိုက်လို့ရသေးတယ်” ဟု ဒုတိယအစ်ကိုဖြစ်သူ ဟူကျီ၏ကျောကို ပုတ်ကာ ပြုံးလျက်ပြောသည်။
“ဒုတိယအစ်ကို..ဒီအပင်တွေကြောင့် မင်းငါ့ကို အငြိုးမထားဘူးလို့ ကတိပေးရမယ်”
ဟူကျီက မျက်တောင်ခတ်ပြီး မျက်ရည်များကို ညှစ်ထုတ်နေလေသည်။
“ကောင်းပြီ.. ငါ မင်းကို ဘာအငြိုးမှ ထားမှာ မဟုတ်ဘူး”
ဒုတိယအစ်ကိုက ပြုံးပြီး ခေါင်းခါပြသော်လည်း တဖြည်းဖြည်း သံသယဝင်လာသည်။
“တကယ်လား”
ဟူကျီက ချက်ချင်း ငိုတာ ရပ်သွားသည်။ သူ့မျက်ရည်များလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
“တကယ်ပဲ ဟူကျီ..မင်းတစ်ခုခုလုပ်ခဲ့ သေးလား”
ဒုတိယအစ်ကို၏ သံသယစိတ်က ပို၍ပြင်းထန်လာသည်။
“ကောင်းပြီ၊ မင်းပြောသလိုပဲ... မင်းထွက်သွားတော့ အပင်တွေက နေရာအများကြီးယူနေတာကို ငါမြင်တော့ နည်းနည်းရှင်းချင်သွားတယ်...”
“ဒါမျိုး ဖြစ်ခဲ့တာလား..အဆင်ပြေပါတယ်.. ဒီကိစ္စအတွက် ငါ မင်းကို အာဃာတ မထားပါဘူး” ဟု ဒုတိယ အစ်ကိုက ပြုံးပြီး ပြောလိုက်သည်။
“အဲဒါက မင်းရဲ့ဂူအပြင်ဘက်က အပင်တွေပါ ပါတယ်.. အပင်တွေက တော်တော်လှတယ်လို့ ငါထင်ခဲ့တာ.. ဒါနဲ့ ငါ အရက်သောက်ပြီး အိပ်ပျော်သွားတယ်.. ဒါပေမဲ့ ငါ နိုးလာတာနဲ့ အပင်တွေအားလုံး သေသွားပြီဆိုတာ သိလိုက်ရတယ်...”
ဟူကျီက သူ့အစ်ကို၏ လက်ကို လွှတ်လိုက်ပြီး စုမင် ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
“တစ်ခြားဘာများရှိသေးလို့လဲ..”
ဒုတိယအစ်ကိုကြီးက ဆက်၍ ပြုံးနေ လေသည်။
“တစ်နေ့မှာ မင်းရဲ့အခန်းအပြင်ဘက်မှာရှိတဲ့ အပြာရောင်ဆေးဖက်ဝင်အပင်သုံးပင်က ပွင့်နေပြီး အနံ့ကလည်းမွှေးတယ်..အဲဒီနေ့က ငါလည်းဗိုက်ဆာလို့ အဲ့အပင်တွေကို စားဖို့ နှုတ်လိုက်တယ်”
ဟူကျီ နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး စုမင်အနားတွင် ရပ်လိုက်သည်။
“မင်း အိပ်ရာအောက်မှာ ဝှက်ထားတဲ့ သေတ္တာလေးလုံးထဲမှာ သိမ်းထားတဲ့ အစေ့တွေအားလုံးကို ငါစားခဲ့တယ်…
“မင်းရဲ့ဂူနောက်မှာ အပြင်လူမဝင်နိုင်အောင်မှော်အစီအရင်၊ ချိပ်တံဆိပ်တွေခတ်ထားတဲ့ ဥယျာဉ်တစ်ခုရှိတယ်.. ဟုတ်တယ်မလား.. ငါ အဲဒီအစီအရင်တွေကို ချိုးဖျက်ပြီး ပန်းတွေအကုန်လုံးကို ဝိုင်လုပ်ဖို့ သုံးခဲ့တယ်... ငါသောက်ပြီးသွားပြီ..”
“တောင်ခြေက ကျောက်ဆောင်ကြီးအောက်မှာ မင်းဝှက်ထားတဲ့ သစ်သီးခြောက်တွေလည်း ရှိတယ်.. အဲဒါတွေ တွေ့တာနဲ့ ငါစားလိုက်တယ်... အဲဒါတွေက အရမ်းလည်းမကောင်းပါဘူး.. မင်းဘာလို့ ဝှက်ထားတယ်ဆိုတာ ငါ နားမလည်ဘူး..ပြီးတော့ မင်း ငါ ရှာမတွေ့အောင် ဘာလို့နေရာပြောင်းပြီး ဖွက်ထားလဲဆိုတာကို နားမလည်နိုင်တော့ဘူး..”
“အင်း… တစ်နေ့မှာ မင်း သန်စင်ထားတဲ့ရေတွေနဲ့ ဆရာကြီးရဲ့ ဂူထဲမှာ သိမ်းထားတဲ့ ပုလင်းတချို့ကို သောက်ခဲ့သေးတယ်.. ဘာလို့ဆို ငါ့မှာ သောက်စရာဝိုင်မရှိတော့လို့ အဲဒါကြောင့် ရက်အနည်းငယ်ကြာတဲ့အထိ ဝမ်းပျက်သွားသေးတယ်..”
“ဒါ့အပြင် ကပ်ဆိုးကြီးမတိုင်ခင် မင်းထွက်သွားခဲ့တယ်ဆိုတာကို ငါသိတယ်.. ငါတင်မကဘူး...အခြားလူနည်းနည်းပါသိတယ်လို့ထင်တယ်.. ဒါကြောင့် လူတွေ မင်းထွက်သွားတာမသိအောင် မင်းရဲ့ပုံစံကို ပြောင်းလဲပေးနိုင်တဲ့ မှော်အစီအရင် တစ်ခုကို တီထွင်ခဲ့တယ်..ပြီးတော့ မင်းရဲ့အဝတ်အစားတွေကိုရှာဝတ်ခဲ့တယ်..မင်းရဲ့အဝတ်အစားတွေဝတ်ပြီး လူအတော်များများရဲ့နေရာပေးတာကို ခံရတယ်..”
ဒုတိယအစ်ကို၏အမူအရာက တဖြည်းဖြည်းပြောင်းလဲသွားသော်လည်းဟူကျီကိုကြည့်ရင်း အပြုံးတစ်ခုရှိနေသေးသည်။
“တစ်ခြားဘာများရှိသေးလို့လဲ...”
“ဘာကျန်သေးလဲဟင်... ဒုတိယအစ်ကို.. တောင်ပေါ်မှာ မင်း ဖွက်ထားတဲ့နေရာတိုင်းကို ငါရှာပြီးပြီ..ရိုးရိုးသားသားပြောရရင် မင်းရဲ့ချိပ်တံဆိပ်တွေက တခြားလူတွေကို လှည့်စားနိုင်ပေမဲ့ ငါက ဘယ်သူလဲ.. တစ်ချက်ကြည့်လိုက်ရုံနဲ့ အကုန်ဖောက်ထွင်းမြင်နိုင်တယ်...”
“ပြီးတော့ နည်းနည်းပိုခက်ပြီး အချိန်အတော်ကြာအောင် ချိုးဖျက်ရတဲ့ တစ်ခုတည်းသော အရာကတော့ ဆရာကြီးရဲ့ ဂူအိမ်နဲ့ ခုနစ်လှမ်းဝေးတဲ့ နေရာပဲ... ဟဲဟဲ..ဒုတိယအစ်ကိုကြီူ.. မင်းမှာ ဒီလိုဝါသနာမျိုးရှိမယ်လို့ မမျှော်လင့်ထားဘူး.. အဲဒါက ယောက်ျားနဲ့ မိန်းမ ရန်ဖြစ်နေတဲ့ ဇာတ်လမ်းတွေပါတဲ့ သားရဲနဲ့လုပ်ထားတဲ့စာလိပ်တွေပဲ..”
“ဟင့်အင်း အဲဒါ ငါမဟုတ်ဘူး.. ဆရာကြီးက အဲလိုစာအုပ်တွေကိုဝှက်ထားတဲ့သူပဲ..”
ဒုတိယအစ်ကိုက သူ့ကို စိုက်ကြည့်ပြီး ပါးပြင်တွေ နည်းနည်းနီမြန်းလာလေသည်။ ထို့နောက် သူက တောင်ပေါ်ရှိလူစုလူဝေးကို အလိုလိုကြည့်လိုက်သည်။ သူ တစ်ချက်လှုပ်ရုံဖြင့် ဟူကျီ၏ဘေးတွင် ပေါ်လာပြီး သူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
“မင်း ငါ့ကို အငြိုးမထားဘူးလို့လည်း ပြောသးတယ် အငယ်ဆုံးညီလေး..ငါ့ကို ကယ်ပါဦး...”
ဟူကျီက ကြောက်ရွံ့ပြီး ချက်ချင်းအော်လိုက်သော်လည်း ဒုတိယအစ်ကိုက သူ့ကို လည်ပင်းကိုဆွဲကိုင်လိုက်ကာ ဆရာကြီး၏ဂူထဲသို့ ဆွဲခေါ်သွားလေသည်။
ထို့နောက် ဂူထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ စုမင်၏ မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာပြီး ချောင်းဆိုးအတုဆိုးလိုက်သည်။ စုမင် နဝမြောက်တောင်ထွဋ်ကို ပြန်ရောက်ခါစက ဟူကျီမှာ ထိုကဲ့သို့ပုံစံမဟုတ်ပေ။ ယခုအခါတွင် သူတကယ်ပင် တက်ကြွနေပုံရသည်။
“အရူးလေးစုမင်..ယောကျာ်းနဲ့မိန်းမ ရန်ဖြစ်တာပါတဲ့ သားရဲစာလိပ်ကဘာလဲ.. မြင့်မြတ်သောစွမ်းရည်တစ်မျိုးမျိုးလား... ယောက်ျားနဲ့မိန်းမ ရန်ဖြစ်နေတာက ဘယ်လိုစွမ်းရည်မျိုးလဲ...”
ယွီရွှမ်က မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးနောက် စုမင်ကို ပဟေဠိဆန်စွာ မေးလိုက်သည်။
စုမင်လည်း ခေတ္တ ထိတ်လန့်သွားသည်။ သူ ခဏလောက် သေသေချာချာ စဉ်းစားပြီးမှ ခေါင်းကို ခါယမ်းလိုက်သည်။
ဟူကျီက ထိုစကားများပြောပြီးတာနဲ့ ဒုတိယအစ်ကိုဧ။်အမူအရာပြောင်းသွားတာကို မြင်လိုက်ရသည်။သူ အောက်ကလူများကို မကြည့်ခင် သူ့ကိုယ်သူ ကာကွယ်ရန် အလျင်လိုနေပုံရသည်။ ထို့နောက် အစ်ကိုကြီးက ဟူကျီကို သင်ခန်းစာတစ်ခုပေးရန် ဆရာကြီး၏ဂူသို့ ခေါ်သွားခဲ့သည်။
“ဒါက နတ်ဘုရားစွမ်းရည်တစ်မျိုးနေမှာပေါ့.. ပြင်ပလူ တစ်ယောက်က အဲဒါကို သိဖို့ မသင့်တော်ဘူး...”
စုမင်က သူ့ဆရာကြီး၏ ဂူကို တစ်ချက်ကြည့်လိုက်သည်။ ဟူကျီ၏ နာကျင်စွာအော်ဟစ်သံများကို အတွင်းမှ ထွက်ပေါ်လာသည်ကို သူကြားနိုင်ခဲ့သည်။ ထို့ပြင်စုမင်လည်း ထိုကိစ္စကို
အခွင့်အခါသင့်မှ မေးရန်ဆုံးဖြတ်ခဲ့သည်။
ချမ့်ချန်၊ ထိပ်ပြောင်ကြိုးကြာငှက် နှင့်ခွေးကြီးတို့က သူ့ဘေးတွင် ရှိနေသည်။ ခွေးကြီးက မင်သက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ချမ့်ချန်၏ မျက်နှာမှာ မရေရာသောအကြည့်မျိုး ရှိသည်။ ထိပ်ပြောင်ကြိုးကြာတစ်ကောင်သာ အံ့အားသင့်သွားပြီး စုမင်နှင့်ယွီရွှမ်ကဲ့သို့ တူညီသောအမူအရာရှိသည်။ သူ့ခေါင်းကို ကုတ်လိုက်ပြီး သူ့ဘာသာသူ တိုးတိုးတိတ်တိတ် ရေရွတ်နေတော့သည်။
“ယောက်ျားနဲ့ မိန်းမ ရန်ဖြစ်နေတာလား.. အဲဒါက ထူးဆန်းတဲ့ ဘုရားရဲ့ စွမ်းရည်ပဲ ဖြစ်ရမယ်...အခွင့်အရေးရရင် ငါ သင်ယူရမယ်...”
သူတို့သာ ထိုကဲ့သို့ တုံ့ပြန်မှုမျိုး လုပ်သူများ မဟုတ်ပေ။ ထိုအချိန်တွင် နဝမမြောက်တောင်ထွဋ်တွင် လူအများအပြားရှိခဲ့ပြီး ထိုနေရာရှိ အမျိုးသားနှင့် အမျိုးသမီး အများစုမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားသည်။ ရံဖန်ရံခါ အော်သံများထွက်နေသည့် ဂူရှိရာသို့ မျှော်ကြည့်ကြပြီး သူတို့လေးစားရသော စုမင်ဆီသို့ မျှော်ကြည့်ကာ ခက်ခက်ခဲခဲ တွေးနေမိသည်။
ပိုင်စု၏ သေးသွယ်သော မျက်နှာက အနီရောင်သမ်းနေလေသည်။လွန်ခဲ့သော နှစ်အတော်ကြာက စုမင်မှာ သူ့ဆရာကို ရှာဖွေရန် ထွက်ခွာသွားသောအခါ ဟူကျီက သူ၏ကျင့်ကြံမှုကို ပြန်လည်ကျင့်ကြံခဲ့သည်။ ထို့နောက် သူက ယောက်ျားနှင့် မိန်းမ ရန်ဖြစ်နေပုံရသော သားရဲစာလိပ်ပါရှိသော ချိပ်တံဆိပ်ကို ချိုးဖျက်ရန် အချိန်အတော်ကြာ အသုံးပြုခဲ့သည်။
ထိုအချိန်တွင် ထို မှော်အစီအရင်ကို ချိုးဖျက်ရန် အကြိမ်ပေါင်းများစွာ မအောင်မြင်ခဲ့သောကြောင့် ဟူကျီက သူ့ကိုယ်သူ အပြစ်တင်သံကို ကြားလိုက်ရသည်။ လွန်ခဲ့သောတစ်နှစ်ခန့်ကပင် ဟူကျီ ဖွင့်နိုင်ခဲ့ပြီး သူမ၏ စူးစမ်းလိုစိတ်ကြောင့် ရန်ဖြစ်နေသော ယောက်ျားနှင့် မိန်းမတစ်ဦးအကြောင်း ဖတ်ခဲ့ဖူးသည်။
နဝမမြောက်တောင်ထွဋ်ရှိ လူအများစု၏ အပြောအဆိုများက ထူးဆန်းနေပြီး နောက်ဆုံးတွင် တဟားဟား ရယ်ချလိုက်ကြသည်။ စုမင်၊ ယွီရွှမ် နှင့် ထိပ်ပြောင်ကြိုးကြာငှက်တို့သာ ဘာမှန်းမသိကြသူများဖြစ်သည်။ ဟူကျီ၏ နာကျင်သော အသံက ဂူအပြင်ရှိစကားသံများကြားတွင် ပဲ့တင်ထပ်သွားသည်။
“ဒုတိယအစ်ကို၊ မင်းရဲ့ကတိကိုဖျက်လိုက်တာပဲ..ငါ. မင်းတန်ဖိုးထားရတဲ့ သားရဲစာလိပ်တွေကို ကြည့်လိုက်တော့ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်...ယောက်ျားတစ်ယောက်နဲ့ မိန်းမနှစ်ယောက်..ယောက်ျားတစ်ယောက်နဲ့ မိန်းမသုံးယောက်..မိန်းမ လေးယောက်နဲ့ ယောကျာ်းတစ်ယောက်အကြောင်း အစုံပဲ..တစ်ယောက်နဲ့တစ်ယောက် ကိုယ်လုံးတီး ရန်ဖြစ်နေကြတာ..”
“အဲဒါ ငါ့ဟာ မဟုတ်ဘူးလို့ ပြောပြီးပြီလေကွာ...”
ဒုတိယအစ်ကိုကြီး၏ အသံတွင် ဒေါသ အနည်းငယ်ပါလာသည်။
“မမှားပါဘူး..မှော်အစီအရင်ပေါ်မှာ မင်းရဲ့အမှတ်အသားရှိနေခဲ့တာ.. တခြားဟာတွေပေါ်မှာ မင်းထားခဲ့တာနဲ့ အတူတူပဲ.. ငါ့ကို လိမ်ဖို့တောင် မစဉ်းစားနဲ့..အိုး ယောကျာ်းတစ်ယောက်နဲ့..မိန်းမလေးယောက် ကိုယ်လုံးတီးရန်ဖြစ်နေတာတောင် ရှိသေးတယ်...”
“ဆရာကြီးက ငါ့တံဆိပ်တွေကို အတုခိုးထားတာ..အားလုံးနီးပါး ဆိုပါတော့.. ဟူကျီ...ငါ ဒီနေ့ မင်းကို သင်ခန်းစာတစ်ခု သေချာပေးကို ပေးရမယ်...”