← Chapters

အငယ်ဆုံးညီလေး..မင်း အဲဒါကို တကယ်ကြည့်ချင်လား...”

Vol. 52 Ch. 724

အငယ်ဆုံးညီလေး..မင်း အဲဒါကို တကယ်ကြည့်ချင်လား...”

Vol. 52 Ch. 724

ငွေလမင်းမှ ဖြာကျလာသော အလင်းရောင်က မြေပြင်ပေါ်သို့ ကျလာပြီး ပင်လယ်ရေမျက်နှာပြင်ရှိ လှိုင်းလုံးများပေါ်တွင် ငွေရောင်အကြေးခွံများ ပြန့်ကျဲနေသကဲ့သို့ ပြောင်လက်တောက်ပနေလေသည်။ ပင်လယ်လေညှင်းက ညင်သာစွာ သူတို့၏မျက်နှာဆီတိုက်ခတ်သွားလေသည်။ ထိုလေညှင်းက လ၏အလင်းရောင်နှင့်ပေါင်းစပ်ကာ အလင်းလိုက်ကာတစ်ခုအလား ထင်ရသည်။

လဧ။်အလင်း‌ရောင်ဖြာကျမှုနှင့်ပင်လယ်လေတိုး ဝှေ့မှုအောက်တွင် ပိုင်စုက ပြုံးလိုက်သည်။ သူမက တည်ငြိမ်နေပုံရသော်လည်း သူမအတွင်းမှ ပေါ်ထွက်လာသော အလှတရားများက ရှိနေသေးသည်။ သူမလက်ထဲတွင် ဝိုင်အိုးကိုကိုင်ကာ သူ့ရှေ့တွင်ချထားသော စုမင်၏ခွက်ကို အပြည့်ထည့်လိုက်ပြီး စုမင်နံဘေးမှာ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

ဒုတိယအစ်ကိုက စုမင်ကို ထိုင်ကြည့်နေ လေသည်။သူက ကောင်းကင်နှင့် ပင်လယ်ကို မော့ကြည့်ရင်း သူ့အမူအရာက လွမ်းဆွေးနေပုံရ၏။ သူက သူ့အောက်ရှိ ကျောက်‌ ဆောင်ကို ထိပြီး သူ့ခွက်ထဲရှိ စပျစ်ဝိုင်ကို တစ်မော့တည်း သောက်လိုက်သည်။

“အိမ်ပြန်ရတာ ကောင်းတယ်”

ဟု တိုးတိုးလေးပြောသည်။

ဟူကျီလည်း သူတို့ဘေးမှာ ရှိနေပြီး သူ့မျက်နှာက နီရဲပြီး ပွန်းပဲ့နေလေသည်။ ထိုစကားကိုကြားသောအခါ သူ တုန်လှုပ်ချောက်ချားသွား၏။ သူက ဝိုင်ခွက်ကို မသုံးဘဲ သူ့ရှေ့ရှိ ဝိုင်အိုးကို ကောက်ကိုင်လိုက်ရင်း တစ်ကျိုက်မော့ချလိုက်သည်။

“မင်းက ကတိဖျက်သူပဲ..အဲဒါက အပင်အနည်းငယ်ပဲဟာကို..ပြီးတော့ အဲဒီ ယောက်ျားနဲ့မိန်းမ ရန်ဖြစ်နေတာကို ငါစိတ်မ၀င်စားဘူး”

ဟူကျီက တိုးတိုးလေးပြောသော်လည်း ဒုတိယအစ်ကိုက သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်သောကြောင့် သူ့ပါးစပ်အမြန်ပိတ်လိုက်သည်။ သူက ဒုတိယကို ကြောက်သည်။ ထိုအရာက စုမင်လည်း သိပြီးသားပင်။

ဟူကျီက သူတို့၏အကြီးဆုံးအစ်ကိုကို မကြောက်သလို ဆရာကြီးကိုလည်း မေကြာက်ပေ။ စုမင်ဆို ဝေးလာဝေးပင်။ မူလက သူတို့ထဲတွင် ဟူကျီက အငယ်ဆုံးဖြစ်သော်လည်း စုမင်ရောက်ရှိလာသောအခါတွင် အစ်ကိုတစ်ယောက်၏ ခံစားချက်သည် သူ့နှလုံးသားထဲတွင် ချက်ချင်းကြီးထွားလာခဲ့သည်။ သူသေသွားရင်တောင် သူ့အငယ်ဆုံးညီလေးကို ဘယ်သူကိုမှ အနိုင်ကျင့်ရန် လုံးဝခွင့်မပြုနိုင်ပေ။

သို့သော် ဟူကျီက ဒုတိယအစ်ကို ကြောက်နေခဲ့သည်။

အစ်ကိုကြီးက အမြဲတစေ ဂူပိတ်ကျင့်ကြံနေပြီး သူ့ကိုမရိုက်နိုင်ပေ။စုမင် က သူ့အငယ်ဆုံးညီလေးဖြစ်ပြီး သူ့ကိုမရိုက်နိုင်ပေ။... ဆရာကြီးက အလုပ်များလွန်းသည်။ ထို့ကြောင့် ဆရာကြီးကခိုးကြောင်ခိုးဝှက်နိုင်သောမျက်လုံးများဖြင့် ဟူကျီဆီကို မှော်အစီအရင် ချိုးဖျက်နည်းများ ရံဖန်ရံခါ လာမေးလေ့ရှိသည်။ ထို့ကြောင့် ဟူကျီက ဆရာကြီးကို မကြောက်တော့ပေ။

သို့သော်... ဒုတိယအစ်ကို ဟူကျီကိုရိုက်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ အတိတ်က အဖြစ်အပျက်အားလုံးကြောင့် ဟူကျီ ဒုတိယအစ်ကိုကို မယုံနိုင်လောက်အောင် ကြောက်လန့်သွားစေခဲ့သည်။ သို့ပေမဲ့ ဟူကျီမှာ အလွန်ထူးဆန်းသော ပင်ကိုယ်စရိုက်ရှိလေသည်။ သူက တစ်ခုခုကို ကြောက်လေလေ၊ စိန်ခေါ်ချင်လေလေ...ပင်ဖြစ်သည်။

ဒုတိယအစ်ကိုနဲ့တွေ့တဲ့အခိုက်မှာ သူ့အကြောက်တရားကြောင့် လူအများရှေ့အထုတ်ဖြည်လိုက်သလို ဖြစ်သွားသည်။ ဤငိုသံများနှင့် မျက်ရည်များသည် ပြန်လည်ဆုံစည်းခြင်း၏ စိတ်လှုပ်ရှားမှုများပါ၀င်ပြီး ကြောက်ရွံ့ထိတ်လန့်မှုများလည်း ပါဝင်သည်။

ထို့ကြောင့် သူ၏ဒုတိယအစ်ကိုအား သူ့စကားနှင့်သူချုပ်မိနှောင်မိဖြစ်စေရန် ကတိအခါခါပေးခိုင်းခဲ့သည်။ ထို့နောက် သူ လုပ်ခဲ့သမျှကို ဝန်ခံရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ ထိုသို့ လုပ်လိုက်လိုက်တာနဲ့ သူအရိုက်ခံရမယ်ဟု မမျှော်လင့်ထားခဲ့ပေ။

“မင်းဟာ ငါ့ရဲ့ဒုတိယအစ်ကိုပဲ.. ငါတို့ မတွေ့တာ နှစ်အတော်ကြာပြီ၊ ဒါပေမဲ့ ငါတို့ တွေ့တဲ့အခါ မင်းငါ့ကို ရိုက်တယ်...”

ဟူကျီက မယုံနိုင်လောက်အောင်ကို မှားသွားသလို ခံစားလိုက်ရပြီး သူ့ဝိုင်အိုးထဲကို နောက်ထပ်တစ်ခွက် ခပ်လိုက်သည်။

“အစ်ကိုဟူကျီ..မင်းပြောခဲ့တဲ့ ယောက်ျားနဲ့ မိန်းမ ရန်ဖြစ်နေတာဲ့ စာအုပ်က ဘာစာအုပ်လဲ...ငါ့ကို ဖတ်ခွင့်ပေးမလား..”

ဤအသံသည် အလွန်ရှင်းလင်းပြီး မသိနားမလည်သော အငွေ့အသက်များပါရှိသည်။ ထိုအသံပိုင်ရှင်မှာ ယွီရွှမ်ဖြစ်သည်။ သူမက စုမင်နံဘေးတွင်ထိုင်ကာ ပဟေဠိဆန်သောအကြည့်ဖြင့် ဟူကျီကိုမေးလိုက်သည်။

ဒုတိယအစ်ကို၏အမူအရာမှာ တုန်လှုပ်သွားပြီး ဟူကျီကို စိုက်ကြည့်လိုက်လေသည်။ ဟူကျီ၏မျက်နှာက အသက်ဝင်တောက်ပလာသည်။ သို့သော် ဒုတိယအစ်ကို၏အကြည့်ကြောင့် သူ၏ စကားပြောလိုသောဆန္ဒကို ချက်ချင်းချေဖျက်လိုက်သည်။

“ညီမငယ် ယွီရွှမ်..ဒီစာအုပ်က ဘာမှမကောင်းပါဘူး..မြင့်မြတ်တဲ့စွမ်းရည်လည်း မဟုတ်ဘူး.. မင်းမဖတ်တာ အကောင်းဆုံးပဲ..နားလည်ရခက်တယ်”

စုမင် ဘေးနားက နေရာနှစ်ခုကို ယွီရွှမ်နှင့် ပိုင်စုက ဝင်ထိုင်လိုက်သည်။ပိုင်စုက ပါးစပ်က လေးအုပ်ကာ တခစ်ခစ်

ရယ် မောလိုက်သည်။

ယွီရွှမ်က တခဏတာ အံ့အားသင့်သွားပြီး မေးစေ့ကို ပွတ်သပ်လိုက်သည်။

“ဒီစာအုပ်က ဘယ်လောက်ပဲ ခက်နေပါစေ နားလည်နိုင်မှာပါ..ငါ့အိမ်မှာ စာအုပ်တွေ အများကြီးရှိတယ်.. ငါ့အသက် ဆယ်နှစ်မှာ အကုန်လုံးကို ပြီးအောင် ဖတ်နိုင်ခဲ့တယ်..အစ်ကိုကြီးဟူကျီ..ငါ ဒီစာအုပ်ကို နားမလည်နိုင်ဘူးဆိုတာ မယုံဘူး...”

ယွီရွှမ်က နှုတ်ခမ်းလေးဆူကာ “ဟွန့်”ဟု လုပ်လိုက်သည်။

ယွီရွှမ်၏ဘေးတွင်လဲလျောင်းနေသော ခွေးကြီးက သူမစကားကြားသောအခါ ၎င်း၏ မျက်လုံးများကို ‌အပေါ်အောက် ဆုံလှည့်ရင်း အံ့ကြိတ်လိုက်သည်။ ထိုအမူအရာက မယုံနိုင်လောက်အောင်ကို ထူးဆန်းနေသော်လည်း ခွေးကြီးထံမှ အသံတစ်သံမှ ထွက်မလာပေ။

ချမ့်ချန်က အိုးတစ်လုံးကို ကိုင်ထားပြီးသူ့မျက်နှာပေါ်တွင် စိတ်အားထက်သန်သောအကြည့်ဖြင့် ဒုတိယအစ်ကိုဧ။်ဝိုင်ခွက်ကို

ဖြည့်ပေးလိုက်သည်။ ယွီရွှမ်၏၏စကားကိုကြားသောအခါ ဝိုင်အချို့ မတော်တဆ ဖိတ်ကျသွားသည်။ ယွီရွှမ်လိုမျိုး စုန်းမကြီးတောင် ဉာဏ်မမှီနိုင်‌သည့်ကိစ္စများ ရှိပါသေးသလား။ ထိုကဲ့သို့ အတွေးဖြင့် ချမ့်ချန်က သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်ရင်း ဟန်မပျက်အောင် နေလိုက်သည်။ ယောက်ျားနှင့်မိန်းမ ရန်ဖြစ်ကြသည့် စာအုပ်ကို ဖတ်လိုက်သည့်အခါ သူမ၏အမူအရာ ပြောင်းသွားမည့်အချိန်ကို သူ စောင့်မျှော်နေခဲ့သည်။

“ဟုတ်ပြီ ဟူကျီ ဒီစာအုပ်ကို လာယူခဲ့...”

ထိပ်ပြောင်ကြိုးကြာငှက်ကလေးက စပ်စုသောအကြည့်ဖြင့် သူ့လက်ကို ပွတ်သပ်လိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးခင် ဟူကျီက သူ့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ဟူကျီက ကြိုးကြာငှက်၏လည်ပင်းကို ဖမ်းဆုပ်ရန်ပြင်လိုက်သည်။

“ ဟေ့ကောင်... မင်းဘယ်သူလဲဆိုတာ ငါမသိဘူးလို့ တကယ်ထင်နေတာလား... မင်းဟာ မိုက်မဲတဲ့ ကြိုးကြာငှက်တစ်ကောင်ပဲ”

ထိပ်ပြောင်ကြိုးကြာငှက်က နာကျင်စွာအော်ဟစ်နေပြီး ဟူကျီက သူ့ကိုကိုင်ကာ တစ်ပတ်ယမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ထပ်ခါထပ်ခါ ပစ်ချလိုက်သည်။

“မိန်းမပုံစံပြောင်းလိုက်...‌ဒါဆိုဒီစာအုပ်မှာ ရေးဆွဲထားတာကို ကိုယ်တိုင်ပြောပြမယ်”

ဟူကျီက မတ်တပ်ထရပ်ပြီး ကြိုးကြာကို မြေပြင်ပေါ်ပြန်ချလိုက်သည်။

ထိုအချိန်တွင် ဒုတိယအစ်ကိုသည် ဝိုင်ခွက်ထဲမှ တစ်ခွက်ကိုယူပြီး သောက်နေသည်။ဟူကျီ၏စကားကိုကြားသောအခါတွင် သူ့အရက်ကို ထွေးထုတ်လုနီးပါးဖြစ်ခဲ့သည်။ သူက ရှက်ရွံ့စွာ ရယ်မောရင်း ဟူကျီနှင့် ထိပ်ပြောင်သော ကြိုးကြာငှက်ကို ကြည့်လိုက်သည်၊ ထို့နောက် ဘာဖြစ်သွားသည်ကို သိသော ယွီရွှမ် နှင့် ပိုင်စုတို့ကို စကားမပြောရန် ဆုံးဖြတ်ကာ ပြုံးပြရုံသာ ရွေးချယ်ခဲ့သည်။

နောက်ဆုံးတွင် သူ စုမင်ကို ကြည့်လိုက်သည်။ စုမင်၏ မျက်လုံးများတွင် စာအုပ်ဆီသို့ စူးစမ်းလိုစိတ် အနည်းငယ်ရှိနေသည်ကို မြင်လိုက်ရသော် သူ သက်ပြင်းရှည်ကြီးထုတ်ကာ သူတို့အုပ်စုအနီးရှိ ရုပ်တုကိုလှည့်ကြည့်လိုက်သည်။ ထိုရုပ်တုက သူတို့၏ အကြီးဆုံးအစ်ကိုဖြစ်ပြီး သူ့ရှေ့တွင် ဝိုင်အိုးတစ်ခု ထားရှိထားသည်။

ဤသည်မှာ နဝမမြောက်တောင်ထွဋ်၏တပည့်များစုဝေးပွဲဖြစ်သည်။ သူတို့၏အကြီးဆုံးအစ်ကိုက ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သော်လည်း ဤသည်မှာ သူ့အိမ်ဖြစ်သည်။ နဝမမြောက်တောင်ထွဋ်တပည့်များ စုဝေးသည့်အခါတွင် သူရှိနေရမည်။

ထိပ်ပြောင်ကြိုးကြာငှက်၏ နာကျင်ခြင်း၏ အော်သံသည် အပြင်သို့ ပဲ့တင်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်က အမွေးမပါသောငှက်မူလပုံစံသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ဟူကျီက သူ့လည်ပင်းကို ကိုင်ထားပြီး၊ မြေပြင်နဲ့ အကြိမ်ကြိမ် ရိုက်လိုက်ချိန်တွင် ယပ်တောင်ပုံစံပုံရိပ်ယောင်များ ဆက်တိုက်တွေ့ရလေသည်။

“ဟူး..ကောင်စုတ်လေး.. မင်းအဘိုးကြိုးကြာက သစ္စာစောင့်သိတယ်.. ငါမပြောင်းနိုင်ဘူး..”

“ကောင်စုတ်လေး.. လွန်ခဲ့တဲ့ နှစ်တွေ က ငါ မင်းကို မကယ်ခဲ့ ရင် မင်းက မျိုးစေ့ လေး ဖြစ်သွားမှာ.. ငါ မပြောင်းနိုင်ဘူး ငါ ငြင်းတယ် ...”

ဟူကျီက ကြိုးကြာငှက်ကို စိုက်ကြည့်ကာ ငှက်ကို သူ့မျက်နှာသို့ ယူခဲ့သည်။

“အတိတ်က အဖြစ်အပျက်တွေကို မင်းဘယ်လိုပြောရဲတာလဲ..ငါဒီအကြောင်းကို မသိဘူးထင်လား...မင်း ငါ့ကို ပိုလွယ်တဲ့နည်းလမ်းနဲ့ ကယ်တင်ခဲ့တာ.. ဒါပေမဲ့ မင်းငါ့ကိုဒုက္ခပေးခဲ့တယ်... မင်းမပြောင်းချင်ဘူးပေါ့.. ကောင်းပြီ..ငါ မင်းကို အိပ်မက်တွေထဲက ဆွဲထုတ်ပြီး ဆက်ရိုက်မယ်...”

“မင်းကိုပြောပြမယ်.. မင်းအဘိုးက အရမ်းတော်တယ်..လွန်ခဲ့တဲ့တစ်နှစ်လောက်က ငါ အိပ်မက်တစ်ခု မက်ခဲ့တယ်...ဘာအိပ်မက်လို့ထင်လဲ.. ငါနိုးလာတဲ့အခါ မာန်စိတ်ဝိညာဉ်နယ်ပယ်ကို တကယ်ရောက်ခဲ့တယ်”

စုမင်က ပြုံးပြီး ဝိုင်ခွက်ကို သူ့နှုတ်ခမ်းဆီသို့ တေ့ကာ တစ်ငုံသောက်လိုက်သည်။ ဟူကျီက ယခင်ကထက် ပိုမိုသန်မာလာသည်ကို သူပြောနိုင်ခဲ့သည်။ သူတို့၏ဆရာကြီးက ဟူကျီ၏အိပ်မက်ထဲသို့ဝင်ရောက်ခြင်းစွမ်းရည်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် သူ့အပေါ်ထားရှိသော မျှော်လင့်ချက်များအကြောင်း ပြောဖူးသည်ကို သတိရသွားလေသည်။

ဒုတိယအစ်ကိုကလည်း ဟူကျီကို ပြုံးပြီးကြည့်နေလေသည်။ သူကအမြဲတမ်းအရိုက်ခံရသော်လည်း ဟူကျီ၏ကျင့်ကြံအဆင့် တိုးလာတာကို မြင်လိုက်ရသော် ဟူကျီထက်တောင် သူပျော်သွားသည်။

“မင်း ငါ့အိပ်မက်တွေထဲ ဝင်လာရင်တောင် ငါ ပြောင်းလဲမှာ မဟုတ်ဘူး.. မင်းရဲ့ အဘိုးကြိုးကြာငှက်က သစ္စာစောင့်သိတဲ့ ကြိုးကြာငှက် ဖြစ်ပြီး မင်းရဲ့ ဆန္ဒကို ငါ လိုက်လျောမှာ မဟုတ်ဘူး”

ထိပ်ပြောင်ကြိုးကြာငှက်က ထိုသို့ငြင်းဆန်နေသည့်အမူအရာမှာ ရှားပါးသည်။ ၎င်း အော်ဟစ်ပြောဆိုနေချိန်တွင် ၎င်း၏အမူအရာနှင့် လေသံက ဟူကျီထံ လုံးဝလက်အောက်ခံမည်မဟုတ်ကြောင်း ရှင်းလင်းစွာ သိသာစေသည်။

ထိုအချိန်တွင် စုမင်အနားရှိ ယွီရွှမ်က မျက်လုံးပေကလပ် ပေကလပ်လုပ်ရင်း ပြောလိုက်သည်။

“အစ်ကိုဟူကျီ.. စိတ်မဆိုးပါနဲ့..ဒါက ဘယ်လိုမျိုးလဲ... ငါ အဲ့ဒီငှက်ကို အစ်ကို မင်းလိုချင်တဲ့ပုံစံကို ပြောင်း ပေးလို့ရတယ်.. ‌ဒါပေမဲ့.. စာအုပ်ထဲက သင်ယူခဲ့ရတဲ့ မြင့်မြတ်တဲ့စွမ်းရည်တွေကို အစ်ကို ငါ့ကိုပြရလိမ့်မယ်..”

ဒုတိယအစ်ကိုဖြစ်သူက ချောင်းဟန့်လိုက်သည်။ သူ ဘာမှပြန်မပြောခင် စုမင်က ထိပ်ပြောင်ကြိုးကြာငှက်ဆီကို အကြည့်ရောက်သွားလေသည်။

“အစ်ကိုကိုယ်တိုင် ခဏလောက် အသွင်ပြောင်းသွားရင်တောင် မဆိုးဘူးနော်...

အစ်ကိုဟူကျီ.. အစ်ကို မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ရောက်သွားပြီမလား.. အစ်ကို့ရဲ့ချီလည်ပတ်မှုကို ငါ ကြည့်ပါရစေ..အစ်ကိုရဲ့ချီစွမ်းအားတွေက ရပ်တန့်နေသလိုပဲ... ဘာကြောင့် ဖြစ်တာလဲဆိုတာတော့ မသိဘူး...”

ဒုတိယအစ်ကိုက သူ့နဖူးကို ပြန်ရိုက်‌လိုက်လေသည်။ ယခု သူဘာပြောရမှန်း မသိတော့ပေ။

ဟူကျီ၏အမူအရာမှာ အနည်းငယ်ထူးဆန်းလာသည်။ သူက ရိုးသားနုံအသော်လည်း စာအုပ်၏အကြောင်းကို သူနားလည်နိုင်သေးသည်။ သူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်တွင် သူ့မျက်နှာက နီရဲလာလေသည်။ ထိုလူအုပ်အတွက် ဟူကျီဧ။်အမူအရာမှာ ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။

“အငယ်ဆုံးညီလေး... မင်း ရောတကယ်ကြည့်ချင်လား”

ဟူကျီက စုမင်ကို အားကိုးတကြီး ကြည့်လိုက်သည်။

စုမင်က ခဏတာ အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။

“မင်း...တကယ်ကြည့်ချင်တာသေချာလား”

ဟူကျီက ငိုတော့မည်ပုံပေါ်ပြီး သူ့ဒုတိယအစ်ကိုကို ဘာလုပ်ရမယ်ဆိုတာ မေးရန်ကြိုးစားနေသလိုမျိုး သူ့ဘက်လှည့်သွားလေသည်။

ဒုတိယအစ်ကိုဖြစ်သူက ခေါင်းကိုလှည့်ကာ လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ..အငယ်ဆုံးညီလေး.. မင်းဒါကိုကြည့်ချင်တယ်ဆို ငါပေးပါ့မယ်”

ဟူကျီအံကြိတ်လိုက်သောအခါ ယွီရွှမ် ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတစ်ခုပေါ်လာသည်။ သူမက ငှက်ကို လက်ညိုးထိုးပြီး ပြတ်သားသောအသံဖြင့် အမိန့်ပေးလိုက်သည်။

“ပြောင်ပြောင်လေး..မြန်မြန်ပြောင်းလိုက်..”

“မဟုတ်ဘူး.. မင်းငါ့ကိုသေအောင်ရိုက်ရင်တောင် ငါမပြောင်းနိုင်ဘူး..ဘယ်သူ ဘာပြောပြော.. ငါမပြောင်းနိုင်ဘူး.. ဒီအဘိုးကြီးကြိုးကြာက ဘယ်သူ့ကိုမှ လက်အောက်ခံမှာ မဟုတ်ဘူး..ငါလုံးဝဦးညွှတ်မှာမဟုတ်ဘူး.. ဒီတစ်ခါတော့ တာအိုချန်က ငါ့ရဲ့မြင်းဖြစ်လာမယ်ဆိုရင်တောင် ငါမပြောင်းနိုင်ဘူး..”

ထိပ်ပြောင်ကြိုးကြာငှက်က ၎င်း၏မျက်နှာပေါ်တွင် စိတ်ဆုံးဖြတ်ထားသော အကြည့်ဖြင့် ကျယ်လောင်စွာ အော်ဟစ်နေ၏။ ယခုတစ်ခါတော့ သူ့က စည်းမျဥ်းများကို သေချာလိုက်နာရမှာဖြစ်ပြီး မိန်းကလေးအဖြစ် လုံးဝမပြောင်းလဲနိုင်ကြောင်း ဆက်ပြောလေသည်။ ၎င်းက အဘိုးကြိုးကြာငှက်အနေဖြင့် လုံးဝမချိုးဖြတ်သင့်သောစည်းတစ်ခုဖြစ်သည်။

“ဟေး... အငယ်ဆုံးညီလေး သူမပြောင်းရင် ငါ ဘာမှလုပ်လို့မရဘူး”

ဟူကျီက သက်ပြင်းတစ်ချက်ချကာ အမြန်ထိုင်လိုက်သည်။ သူ ဝိုင်အိုးကိုယူပြီး ဆက်သောက်တော့မယ့်အချိန်မှာ ယွီရွမ်က ရုတ်တရက် မျက်လုံးပြူးပြီး သူ့ကို စိုက်ကြည့်နေလေသည်။

သူ့မျက်စိရှေ့မှာတော့ ယွီရွှမ်က သူ့ရင်ဘတ်ထဲက ပန်းထိုးထား သောအိတ်ကို ထုတ်လိုက်သည်။ သူမက ထိုထဲမှ တောက်ပသော သလင်းကျောက်အချို့ကို အဝေးသို့ ပစ်ချလိုက်သည်။

ထိုသလင်းကျောက်က လွင့်ပျံစဉ်တွင် ပုံဆောင်ခဲအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် အနက်ရောင်အရိပ်တစ်ခုက တုန်လှုပ်ချောက်ချားသည့်အသံဖြင့် သလင်းကျောက်ကို အငမ်းမရ လှမ်းဖမ်းလိုက်သည်။ ထိုဖမ်းယူလိုက်သူက ထိပ်ပြောင်ကြိုးကြာငှက်ပင်ဖြစ်သည်။

ကြိုးကြာငှက်က ၎င်း၏ခြေသည်းများအတွင်းမှ သလင်းကျောက်ကို နှုတ်သီးဖြင့် ကိုက်လိုက်သည်။ ကြိုးကြာငှက်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။

ယွီရွှမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် သလင်းကျောက်အနည်းငယ်ကို ပစ်လွှတ်လိုက်ပြီး ထိပ်ပြောင်ကြိုးကြာငှက်ကို နေရာအနှံ့ ပျံသန်းသွားစေသည်။

အဆုံးတွင် ယွီရွှမ်က အိတ်ကို မြေပြင်ပေါ်သို့ မှောက်ချလိုက်ရာ သလင်းကျောက်များက မြေကြီးပေါ်သို့ ပြန့်ကျဲသွားသွားသည်။ သလင်းကျောက်များဆီမှ ဖြာထွက်လာသော အလင်းရောင်က ကြိုးကြာငှက်ကို စိတ်လှုပ်ရှားပြီး တုန်လှုပ်သွားစေသည်။

“အသွင်ပြောင်းလိုက်..နင်လုပ်ပြီးရင် ဒါတွေအားလုံး နင့်ကို ပေးမယ်”

ယွီရွှမ်က ပြုံးရင်း ပြောလိုက်သည်။

ထိုအချိန်တွင် စည်းမျဉ်းများ‌အကြောင်း ဆွေးနွေးမှုအားလုံးက ထိပ်ပြောင်ကြိုးကြာငှက်၏မျက်လုံးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ မြေပြင်ပေါ်ရှိ သလင်းကျောက်ပုံက ၎င်း၏အမြင်တွင် လောကကြီးထဲတွင် အမြင့်ဆုံးစည်းမျဉ်းဖြစ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ကို တစ်ချက်မျှ မဆိုင်းမတွဘဲ လျင်မြန်စွာ ရွေ့လျားလိုက်သည်။ ထို့နောက် ၎င်းက အရှက်ကင်းမဲ့သော အမူအရာဖြင့် လူအုပ်စုရှေ့တွင် ပေါ်လာသည်။

“အစ်ကိုဟူကျီ.. မြန်မြန်ထပြီး အဲဒီဘုရားရဲ့အစွမ်းကို သုံးလိုက်..”

ယွီရွှမ်က အမှန်တကယ်ပင် မယုံနိုင်လောက်အောင် သိချင်နေပြီး ပိုင်စုပြောတာကိုပင် နားမထောင်ပေ။ ထိပ်ပြောင်ကြိုးကြာငှက်က အသွင်ပြောင်းနေပြီဖြစ်သည်ကို သူမမြင်သောအခါ ဟူကျီကို စွမ်းရည်ထုတ်သုံးရန် တိုက်တွန်းခဲ့သည်။

စုမင်လည်း တချက်ကြည့်လိုက်သည်။

ဒုတိယအစ်ကိုက မျက်လုံးမှိတ်ပြီး ရှက်ကိုးရှက်ကန်းပြုံးကာ သက်ပြင်းချလိုက်သည်။

ဟူကျီလည်း အံ့သြသွားသည်။ သူက စုမင်ကို အရင်ဆုံးကိုကြည့်လိုက်သည်၊ ထို့နောက် ယွီရွှမ် နှင့် ပိုင်စုတို့ကိုကြည့်ကာ ပါးပြင်များနီမြန်းနေပြီး အမူအရာက ထူးဆန်းသွားသည် ။ နောက်ဆုံးတော့ မျက်လုံးမှိတ်ထားသော ဒုတိယအစ်ကိုကြီးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဟူကျီက သူ့ခေါင်းကို အပြင်းအထန် ကုတ်လိုက်ပြီး မျက်ရည်ကျလုဆဲဆဲ ဖြစ်နေပုံရသည်။

“အငယ်ဆုံး... အငယ်ဆုံးညီလေး... မင်း...တကယ်ကြည့်ချင်တာလား”

All Chapters