← Chapters

အခန်း (၂၃၄)

Vol. 16 Ch. 234

အခန်း (၂၃၄)

Vol. 16 Ch. 234

မုန့်ချီက ပြန်မေးလိုက်သည်။

"ကျွန်တော်က ယပ်တောင်(၆)လက်ကျောင်းကို ပူးပေါင်းဖို့အတွက် ဘာတွေလိုအပ်တာလဲ.."

မည်သို့ဖြစ်စေကာမူ မုန့်ချီက ယပ်တောင်(၆)လက်ကျောင်းနှင့် ပူးပေါင်းလိုက်သည့်အတွက် ရရှိလာမည့် အကျိုးအမြတ်အားလုံးကို ကောင်းကောင်းကြီး သိနေခဲ့၏။ ပထမဦးဆုံး တရားဝင်တံဆိပ်တစ်ခု ရနိုင်သည်။ ထို့ပြင် သူက အထက်တန်းလွှာ မိသားစုများနှင့် ဂိုဏ်းများ၏အကျိုးစီးပွားတိုက်ပွဲတွင်လည်း အထိအခိုက် မရှိနိုင်ပေ။ သူက ထိုအရာများနှင့် ပတ်သက်ရလိမ့်မည် မဟုတ်ချေ။

သူ့ကို ဆင့်ခေါ်နိုင်သည့် အခွင့်အရေးတစ်ရပ်လည်း ပေးမည်ဖြစ်၏။ ဥပမာအနေနှင့် ပြောရလျှင် ယီမြို့ထဲ၌ ရှိနေသော ယဲ့မိသားစု ဒုက္ခရောက်နေလျှင် အစွမ်းထက်ဆုံး မဟုတ်သော လူဆိုးထိန်းခေါင်းဆောင် ဟွမ်ကျိချင်ကပင် တစ်ခြားသော မိသားစု(၃)ခုကို အမိန့်ပေးပြီး ဆင့်ခေါ်နိုင်သလို ကျိုးနိုင်ငံ ဝမ်မိသားစုနှင့် ဟွမ်ဟွာဓားဂိုဏ်းမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ခေါ်နိုင်‌သေးသည်။

ထို့ပြင် သူက ဂိုဏ်းငယ်လေးများ၊ မိသားစုများနှင့် သိုင်းလောကမှ တစ်ကိုယ်တော် ကျင့်ကြံသူများ၏သေရေးရှင်ရေးကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။ ဒုတိယတစ်ချက်ကတော့ သူ့ကို ယပ်တောင်(၆)လက်ကျောင်းက ကာကွယ်ပေးထားမည် ဖြစ်၏။ထိုအရာက တစ်ချို့သော အဖွဲ့ဝင်များအတွက်လည်း အကာအကွယ်များ ပေးနိုင်သည်။

အကယ်၍ သူတို့ကသာ ထိုက်တန်သည်ဟု သတ်မှတ်ထားမည်ဆိုလျှင် နတ်ဆိုးများ၊ လမ်းမှားဂိုဏ်းများနှင့် အထက်တန်းလွှာမိသားစုများ၏ဘေးအန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် သူတို့ကို လော့ရန်တွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်ဆီသို့ပင် ပို့ထားနိုင်သည်။

တတိယတစ်ချက်ကတော့ လုံလောက်သော အရင်းအမြစ်များ ရရှိနိုင်၏။ စွမ်းအားနှင့် အရည်အချင်းပေါ် မူတည်ပြီး လူတစ်ယောက်ချင်းဆီက သိုင်းကျမ်း၊ဆေးရည်၊ တွင်းထွက်ကျောက်များ၊ သန့်စင်လက်နက်များ၊ မြေယာ၊ငွေကြေးနှင့် ညွှန်ကြားချက်များအပါအဝင် မြောက်မြားလွန်းလှသော အရင်းအမြစ်များကို ရနိုင်သည်။ ထိုအရာများက ဂိုဏ်းကြီးများရှိ ဆက်ခံသူများနှင့် အထက်တန်းလွှာ မိသားစုများမှ သခင်လေးများထက် နည်းပါးနိုင်သော်လည်း လူတစ်ယောက် လေ့ကျင့်ရန် လုံလောက်သည်။

ယပ်တောင်(၆)လက်ကျောင်း၏ အခွင့်အာဏာက ကောင်းမွန်သော အရင်းအမြစ်များကို ခွဲခြားစစ်ဆေးရာတွင် အကောင်းဆုံးဖြစ်ပြီး သာမန်အရာများကို လုံးဝစိတ်မဝင်စားကြပေ။ သူတို့၏ မျက်လုံးထဲတွင်တော့ အကျင့်ပျက်ခြစားခြင်းနှင့် နှုတ်ယူခြင်း ဟူသည်မှာ ယပ်တောင်(၆)လက်ကျောင်း၏ စနစ်ကို အလွန်အမင်း ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သူတို့က ထိုကဲ့သို့သောအရာများကို ဖြေရှင်းရာတွင် အလေးအနက် ထားတတ်ကြသည်။

အကယ်၍ အကျင့်ပျက်ခြစားခြင်းနှင့် နှုတ်ယူခြင်းများကို ဖယ်ရှားရန် ခက်ခဲနေမည်ဆိုလျှင်ပင် သူတို့ကတော့ သင့်တော်သော အခြေအနေတစ်ရပ်တွင် ထိန်းသိမ်းထားသည်။ ထိုအရာက ကျင့်ကြံမှုကို သက်ရောက်စေနိုင်ခြင်း မရှိချေ။

မုန့်ချီကတော့ အရင်းအမြစ်များအားလုံးထဲတွင် သတင်းအချက်အလက်ကို စိတ်အဝင်စားဆုံး ဖြစ်သည်။ သူက သံသရာကမ္ဘာကြီးထဲတွင် အရင်းအမြစ်များ ရနိုင်၏။ အကယ်၍ သူသာ ပင်မကမ္ဘာကြီးထဲ၌ အချိန်ကို ကောင်းကောင်းအသုံးချပြီး သူ့ကိုယ်သူ မြှင့်တင်၍ ကံကြမ္မာအမှတ်များ လဲလှယ်လိုက်မည်ဆိုလျှင် နောက်တစ်ကြိမ် လုပ်ဆောင်ရမည့် သံသရာတာဝန်တွင် အသက်ရှင်နေနိုင်သည်။

သို့သော်သူကအရင်းအမြစ်များကိုရယူရန် အပြောင်းအလဲများရှိသည်။

ထို့ပြင် သူက အရင်းအမြစ်များကိုရယူရန် တခြားသော အခြေအနေများလည်း ရှိနေသေး၏။ ဥပမာအနေနှင့် ပြောရလျှင် သူခိုးဓားပြများကို သတ်ပစ်ခြင်းမျိုး ဖြစ်သည်။

နန်းတွင်းတွင် အခြေစိုက်ထားသည့်အတွက် ယပ်တောင်(၆)လက်ကျောင်းက လောကတစ်ခွင်လုံးတွင် မြို့စားအဆင့် လူဆိုးထိန်းခေါင်းဆောင်များ ရှိကြသည်။ သူတို့က အလွန်ချောင်ကျသော တိုင်းပြည်ငယ်လေးများပင်တွင် ရှိနေ၏။ ထိုအရာက သတင်းစုံစမ်းရန်အတွက် သာမန်သတင်းပေးများကို မွေးထုတ်ထားနိုင်သည်။

ထိုသတင်းပေးများက‌တော့ ဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစုများထက် အဆပေါင်းများစွာ ပိုသာပြီး သူတို့၏ ကိုယ်ပိုင်တိုင်းပြည်များတွင် လွှမ်းမိုးမှုများ ရှိကြသည်။

သူတို့က စည်ကားသော မြို့ကြီးများနှင့် ကုန်သွယ်ရေး လမ်းကြောင်းကြီးများတွင် စီးပွားရှာပြီး တစ်ခြားတိုင်းပြည်များ၏ အချက်အလက်များကို စုဆောင်းကြသည်။ အကယ်၍ လူတစ်ယောက်က စစ်ဆေးနိုင်မည်ဆိုလျှင်ပင် အရာအားလုံးကိုတော့ မသိနိုင်ပေ။

မုန့်ချီက ရှောင်လင်ကျောင်းတော်မှ ထုတ်ပယ်ခံလိုက်ရပြီးနောက် သံသရာကမ္ဘာကြီးထဲတွင် ပင်မကမ္ဘာကြီးထဲရှိ သတင်းအချက်အလက်များကို မသိနိုင်ပေ။ ထို့ကြောင့် သူ့ဆီတွင် တန်ဖိုးရှိသော အချက်အလက်များ မရခဲ့ပေ။

ထို့ကြောင့်လည်း သူက အကြိမ်ပေါင်းများစွာ အန္တရာယ်ကျနေခဲ့ခြင်း ဖြစ်သည်။ သိုင်းလောက အတွေ့အကြုံနည်းပါးမှုကြောင့် သူက တစ်ခြားသော တစ်ကိုယ်တော်ကျင့်ကြံသူများကဲ့သို့ အချက်အလက်များများ စုဆောင်းနိုင်ခြင်းလည်း မရှိချေ။ သူတို့ဆီတွင် ကိုယ်ပိုင်သတင်းအချက်အလက် ရယူနိုင်သော နည်းလမ်းများ ရှိနေသော်လည်း အရေးမပါသော သတင်းများသာဖြစ်သည်။

ယပ်‌တောင်(၆)လက်ကျောင်းကတော့ သတင်းလောကကြီးကို အုပ်စိုးထားခဲ့ပြီး အရေးကြီးသည့်အရာ အားလုံးနီးပါးကို သိနေကြ၏။ သိုင်းလောကက အလွန်အမင်း အန္တရာယ်များသည်။ ထို့ကြောင့် မုန့်ချီက သတင်းအစုံ သိချင်နေ၏။ထို့ကြောင့်လည်း ကုံယုက အလေးအနက် တောင်းဆိုလိုက်သည့်အချိန်တွင် မုန့်ချီက စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

ကုံယုက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"တကယ်လို့ သခင်လေးက သာမန်လူဆိုးထိန်းတစ်ယောက်ပဲ ဖြစ်ချင်တယ် ဆိုရင်တော့ မြို့စားအဆင့် လူဆိုးထိန်းခေါင်းဆောင်က ဆုံးဖြတ်ချက်ချပေးရတယ်။ သူက သခင်လေးကို သူ့ရဲ့လက်ထောက်လူဆိုးထိန်းအဖြစ် ခန့်အပ်ပေးလို့ရတယ်။ ဒါပေမဲ့ သူက သခင်လေးရဲ့နောက်ကြောင်းနဲ့ ဘဝအတွေ့အကြုံတွေကို စစ်ဆေးပြီး လမ်းညွှန်မှုတွေပေးလိမ့်မယ်။ မြို့စားအဆင့် လူဆိုးထိန်တစ်ယောက်ကပဲ သခင်လေးကို တရားဝင်လူဆိုးထိန်းတစ်ယောက်အဖြစ် ထောက်ခံပေးလို့ရတယ်…”

“ဒါပေမဲ့ ရုံးချုပ်တွေထဲမှာဆိုရင်တော့ သခင်လေးရဲ့နောက်ကြောင်းကို စစ်ဆေးပြီး သခင်လေးကို သေချာစမ်းသပ်ကြလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ ငွေတံဆိပ်လူဆိုးထိန်းနဲ့ ကျွန်တော်တို့လို အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းနှစ်ယောက်က သခင်လေးနဲ့ ပတ်သက်ပြီး တာဝန်ခံပေးဖို့လိုတယ်…"

တူညီသော အခြေအနေတစ်ရပ်တွင် လူဆိုးထိန်းများက သူတို့၏နာမည်အပြင် သူတို့၏ရာထူးကိုပါ တပ်ခေါ်တတ်သည်။ ဥပမာအနေနှင့်ပြောရလျှင် ငွေတံဆိပ်ကောင်းနှင့် အစိမ်းရောင်လက်ပတ်ကုံတို့လို ဖြစ်ကြသည်။

သူက ဆက်ပြောလိုက်၏။

"သခင်လေးက လက်ထောက်လူဆိုးထိန်းတစ်ယောက် ဒါမှမဟုတ် သာမန်လူဆိုးထိန်း တစ်ယောက်အဖြစ်ပဲ ဝင်ဖို့ အကြံပေးချင်တယ်။ ဒါဆိုရင် ပြည်နယ်ထဲမှာရှိတဲ့ ရွှေတံဆိပ် လူဆိုးထိန်းနဲ့ ခရမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းတွေက ဆုံးဖြတ်ချက်တွေကို တာဝန်ယူရပြီး သခင်လေးကို စုံစမ်းစစ်ဆေးဖို့ သင်ကြားပေးနိုင်တယ်…”

“တကယ်လို့ မြို့စားအဆင့် လူဆိုးထိန်းခေါင်းဆောင်နဲ့ လက်ရွေးစင် မြို့စောင့်လူဆိုးထိန်းအဆင့်ကို လိုချင်တယ်ဆိုရင်တော့ ပြည်နယ်လူဆိုးထိန်းက ထောက်ခံချက် ပေးရလိမ့်မယ်။ သခင်လေးက သူတို့ထဲက တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ မြို့တော်ကိုသွားမှပဲရမယ်။ ဆုံးဖြတ်ချက်ကိုလည်း ဌာနချုပ်မှာပဲ ဆုံးဖြတ်ကြတယ်။ အကုန်လုံးကို အတည်ပြုစစ်ဆေးပြီးသွားပြီဆိုရင်တော့ သခင်လေးက ဘုရင်ကြီးဆီကိုတောင် ပုံမှန်ဝင်ထွက်ခွင့်ရနိုင်ပြီး စုံစမ်းရေးမှူးချုပ်နဲ့ ထိပ်တန်းလူဆိုးထိန်းတွေက သခင်လေးကို ပညာသင်ပေးလိမ့်မယ်။ သိုင်းကျမ်းတွေလည်း ရလိမ့်မယ်…"

ယပ်တောင်(၆)လက်ကျောင်းက ဖမ်းဆီးခြင်း၊ စစ်ဆေး‌မေးမြန်းခြင်းနှင့် ရုံးတော်၏ လုပ်ထုံးလုပ်နည်း တာဝန်များအားလုံးကို လုပ်ဆောင်နိုင်သည့် အခွင့်အာဏာရှိသည်။ သူတို့က နန်းတွင်းတပ်ဖွဲ့၊ အထက်တန်းလွှာမိသားစုများ၊ ဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်၏။

ထို့ကြောင့် ရှင်ဘုရင်နှင့် ကျင်းအင်ပါယာထဲရှိ လွှတ်တော်ခန်းမထဲတွင်သာ သူတို့၏ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ကြသည်။ ထို့ပြင် ယပ်တောင်(၆)လက်ကျောင်း၏ စုံစမ်းရေးမှူးချုပ်ကလည်း တိုင်းပြည်ရေးရာနှင့် ပတ်သက်သော အခွင့်အာဏာများကိုပင် ပေးအပ်ခံထားရသည်။

"မြို့တော်ကိုသွားရမှာလား.."

မုန်းချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ကုံယုက အပြုံးနှင့် ထပ်ပြောလိုက်၏။

"တကယ်လို့ သခင်လေးက မြို့စားအဆင့် လူဆိုးထိန်းတစ်ယောက် ဖြစ်ချင်တယ် ဆိုရင်တော့ သေချာပေါက် သွားရလိမ့်မယ်။ အဲဒီလို အဆင့်မြင်တဲ့ ရာထူးမျိုးက နယ်ပယ်တစ်ခုမှာ သိုင်းလောကရေးရာတွေကို တာဝန်ယူထားရတယ်။ မကောင်းဆိုးဝါးဆန်တဲ့ မြို့စားအဆင့် လူဆိုးထိန်းတစ်ယောက်က အဲဒီနယ်မြေကို ထိခိုက်စေနိုင်တယ်လေ။ အဲဒါကြောင့် လူတစ်ယောက်က ကျွန်တော်တို့ဘက်ကို ဝင်လာတယ်ဆိုရင်တောင် သူ့ကို အကြွင်းမဲ့ယုံကြည်လို့မရဘူး။ အဲဒီလိုလူမျိုးကို ကျွန်တော်တို့က မြို့စားအဆင့် လူဆိုးထိန်းအဖြစ် ချက်ချင်း ဘယ်လိုယုံကြည်ပေးနိုင်မှာလဲ.."

"သူပြောနေတာလည်း အမှန်တရားတွေပဲ။ ယပ်တောင်(၆)လက်ကျောင်းက သူတို့အပေါ် သစ္စာမရှိနိုင်တဲ့လူကို သေချာပေါက်လက်ခံမှာ မဟုတ်ဘူး.. "

မုန့်ချီက ငြင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

သူကတော့ ယပ်တောင်(၆)လက်ကျောင်း၏ အခြေအနေကို လုံးဝနားလည်နေသည်။ သို့သော် သူကတော့ လော့ရန်ကို သွားရန် လုံးဝမစဉ်းစားထားခဲ့ပေ။ မုန့်ချီက လော့ရန်ရှိ အထက်တန်းလွှာမိသားစုထဲတွင် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ သူက ထိုနေရာကိုပြန်သွားပြီး မိသားစုပြဿနာများထဲတွင် ဝင်မပါချင်ခဲ့ပေ။ မဟုတ်လျှင် လော့ရန်က သူ့ကို ဒုက္ခရောက်စေနိုင်၏။

ကုံယုကတော့ သူ၏သဘောထားပြောင်းလဲမှုကို သတိထားမိခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။

"သခင်လေးက လူငယ်မှတ်တမ်းမှာ ပြိုင်ဖက်ကင်းပဲလေ။ သခင်လေးလို တံခါး(၆)ပေါက်အဆင့် ပညာရှင်တစ်ယောက်က အနည်းဆုံးတော့ လက်ရွေးစင် မြို့စောင့်လူဆိုးထိန်းအဆင့်တော့ ရနိုင်ပါတယ်။ သခင်လေးက မြို့စားအဆင့် လူဆိုးထိန်းခေါင်းဆောင် ဒါမှမဟုတ် အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းတစ်ယောက်တောင် ဖြစ်နိုင်တယ်…"

အကယ်၍ သူတို့ကသာ မုန့်ချီကို သူတို့ဖက်သို့ ဆွဲခေါ်နိုင်မည်ဆိုလျှင် ပြည်နယ်ရုံးနှင့် ဌာနချုပ်ကလည်း လုံးဝသဘောတူမည်ဖြစ်သည်။

မုန့်ချီက ပင့်သက်ရှိုက်ပြီး ပြောလိုက်၏။

"ဆရာကြီးရဲ့ဖိတ်ခေါ်မှုကို ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သိုင်းလောကမှာ ဘာမှမရှိသေးတဲ့ ပညာရှင်တစ်ယောက်ပါပဲ။ တကယ်လို့ ကျွန်တော်ကသာ နေရာငယ်လေးတစ်ခုမှာပဲ ပိတ်လှောင်နေပြီး စိန်ခေါ်မှုတွေ၊ သိုင်းလောကအတွေ့အကြုံတွေ မရှိတော့ဘူးဆိုရင် အဆင်ပြေနိုင်မှာ မဟုတ်ဘူး…"

ထိုအရာက သူ၏စိုးရိမ်မှုများထဲမှ တစ်ခုလည်း ဖြစ်သည်။

"ကျွန်တော်က သခင်လေးရဲ့ရည်ရွယ်ချက်ကို တကယ်ပဲ လေးစားပါတယ်.."

ကုံယုက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

မုန့်ချီကတော့ စိန်ခေါ်မှုများ၊ ခရီးသွားလာမှုများကို မက်မောနေ၏။ သူလိုချင်နေသောအရာက ဝေကျင်းအဆင့်ထက်ပင် ပို၍မြင့်မားနေသည်။

သူက ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။

"ယပ်တောင်(၆)လက်ကျောင်းမှာ စုံစမ်းရေးမှူးတွေနဲ့ လျှို့ဝှက်ချက်ရှာဖွေရတဲ့ သတင်းသမားတွေလည်း ရှိတယ်။ အဲဒီရာထူးနှစ်ခုလုံးမှာလည်း မြို့စားအဆင့်နဲ့ အစိမ်းရောင်လက်ပတ်ဝတ်လို အဆင့်တွေ ခွဲထားသေးတယ်။ သူတို့တွေကတော့ မတူညီတဲ့နေရာတွေကို လှည့်ပတ်သွားလာပြီး မတရားမှုတွေနဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းရှာဖွေရတယ်။ သူတို့က စိန်ခေါ်မှုတွေကိုလည်း အများကြီးကြုံတွေ့ရတယ်။ ပြီးတော့ သူတို့တွေက ယပ်တောင်(၆)လက်ကျောင်းရဲ့ နယ်မြေခံအင်အားစုတွေ ၊ အရင်းအမြစ်တွေကိုလည်း သုံးနိုင်ကြတယ်…"

မုန့်ချီကတော့ ထိုရာထူးကို စိတ်ဝင်စားသွားသည်။

"အဲဒီရာထူးတွေကကော လော့ရန်ကို သွားရမှာလား…"

"သွားရမှာပေါ့။ စုံစမ်းရေးမှူးရာထူးက အဆင့်မမြင့်ပေမယ့် တော်တော်လေး အစွမ်းထက်ကြတယ်။ လျှို့ဝှက်ချက် ရှာဖွေတဲ့ သတင်းသမားတွေကလည်း လျှို့ဝှက်ချက်တွေအများကြီးကို သိကြတယ်။ တကယ်လို့ သူတို့ကသာ လော့ရန်ကို မသွားဘူးဆိုရင် ထိပ်တန်းလူဆိုးထိန်းတွေနဲ့ စုံစမ်းရေးမှူးချုပ်က လက်ခံမှာ မဟုတ်ဘူး။ သူတို့တွေကို သေချာစစ်ဆေးဖို့ လိုအပ်တယ်လေ…"

ကုံယုက ပြန်ဖြေလိုက်၏။

သူက တွေဝေနေသည်ကို မြင်သည့်အခါ ကုံယုက အပြုံးနှင့် ပြောလိုက်သည်။

"သခင်လေးက ခုချက်ချင်း ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါက သခင်လေးရဲ့ အနာဂတ်နဲ့လည်း ပတ်သက်နေတယ်လေ။ နန်းတွင်းပညာရှင် ရွေးချယ်ပွဲမှာ သခင်လေးက ထူးချွန်တဲ့စာသင်သား တစ်ယောက် ဖြစ်လာမှာပါ။ အဲဒီအချိန်ကျမှ ယပ်တောင်(၆)လက်ကျောင်းကို ပူးပေါင်းလိုက်မယ်ဆိုရင် အနိမ့်ဆုံးတော့ မြို့စားအဆင့် လူဆိုးထိန်းအဖြစ် ခန့်အပ်ခံရနိုင်တယ်…"

ကျင်းအင်ပါယာထဲတွင် စီရင်စု တစ်နည်းအားဖြင့် ပြည်နယ်(၁၃)ခု ရှိနေပြီး ပြည်နယ်တစ်ခုလျှင် အများဆုံး နေရာ(၃၀) ရှိသည်။ လူတစ်ယောက်ကသာ သူ၏မွေးရပ်မြေတွင် ပါဝင်ယှဉ်ပြိုင်မည်ဆိုလျှင် ထူးချွန်စာသင်သားတစ်ယောက် ဖြစ်လာနိုင်သည်။ သို့သော် အနိုင်ရသူ၊ ဒုတိယနှင့် တတိယအဆင့်ပညာရှင်များကသာ လော့ရန်သို့သွားရန် အခွင့်အရေးရှိ၏။ သို့သော် နန်းတွင်းပညာရှင် ရွေးချယ်ပွဲတွင် အနိုင်ရသူများက အမတ်များ၊ လူဆိုးထိန်းများ တိုက်ရိုက်လုပ်ခွင့်ရှိသည်။

"နန်းတွင်းပညာရှင်ရွေးချယ်ပွဲလား.."

မုန့်ချီက အံ့သြသွားခဲ့၏။

ကုံယုက အပြုံးနှင့်ပြောလိုက်သည်။

"အဲဒါကိုတော့ ဝင်ပြိုင်မှဖြစ်မယ်..။ ကျွန်တော်က ရှောင်လင်ကျောင်းတော်ကို စာတစ်စောင်ပို့ပေးဖို့ ဌာနချုပ်ကို တောင်းဆိုလိုက်ပါမယ်။ သခင်လေးစုက ကျမ်းသစ္စာကျိန်ဆိုထားမှုကြောင့် ရှောင်လင်သိုင်းပညာတွေကို ဘယ်သူ့ဆီကိုမှ လက်ဆင့်ကမ်းပေးမှာ မဟုတ်ဘူး။ သူက သိုင်းပညာကိုသုံးပြီး မတရားတဲ့အရာတွေ လုပ်မယ့်အစား တရားမျှတမှုကိုပဲ အလေးထားတယ်။ ဒါကြောင့် ရှောင်လင်ကျောင်းတော်က သခင်လေးစုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ဆိုပြီး စာပို့လိုက်မယ်…"

"အရမ်းကောင်းသွားပြီ..."

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

ယဲ့တူတွင် သူနှင့်ယှဉ်ပြိုင်ရန် အစွမ်းထက်သော ပြိုင်ဘက်များစွာ ရှိနေသည်။ ထို့ကြောင့် သူက တံခါးပိတ်လေ့ကျင့်ရန်သာ လိုအပ်ပြီး စိန်ခေါ်မှုများ မလိုအပ်သေးပေ။

ခဏရပ်လိုက်ပြီးနောက် သူက စိုးရိမ်တကြီး ပြောလိုက်သည်။

"ပြီးတော့ လော်နတ်ဘုရားမက ဘယ်အချိန်ပြန်လာမလဲဆိုတာ ကျွန်တော်မသိဘူး.."

သံသရာအရှင်သခင်၏ စည်းမျဉ်းများအရ ကိစ္စရပ်များသာ ချောချောမွေ့မွေ့ ပြီးဆုံးသွားမည်ဆိုလျှင် ကူရှောင်စန်းက ပြန်သွားလောက်ပါပြီ။ ကောင်းကင်(၉)သွယ် အပျက်အစီးက အလွန်ထူးခြားလှသည့်အတွက် အရာအားလုံးက သာမန်မဟုတ်ချေ။ သို့သော် သူက သူမကို ယခုတစ်ကြိမ် အရူးလုပ်နိုင်သော်လည်း သူမက သူ့ကို လုပ်ကြံသတ်ဖြတ်နိုင်သည်။ ထို့ကြောင့် သူက ထွက်ပြေးသည်မှာ အကောင်းဆုံးဖြစ်၏။

"အဲဒါက အဆင်ပြေပါတယ်။ သခင်လေးက ဌာနချုပ်နားမှာ နေလို့ရတယ်။ ကောင်းကင်ခုံရုံးရဲ့ တံခါးကြောင့် အခြေအနေက တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားနိုင်တယ်။ သူက လူတိုင်းရဲ့ပစ်မှတ်လည်း ဖြစ်နေတယ်လေ။ ဒီတော့ အတင့်ရဲပြီး သခင်လေးဆီကို လိုက်မလာလောက်ဘူး… "

ကုံယုက အေးအေးဆေးဆေး ပြောလိုက်သော်လည်း မုန့်ချီကို ကျိုးနိုင်ငံ၏ ယပ်တောင်(၆)လက် ကျောင်းနားတွင် နေထိုင်ရန် သတိပေးနေသေးသည်။

ထိုအရာက ဟွမ်စီရင်စုထဲတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်းနှင့် ဝမ်မိသားစု၏ ပိုင်နက်လည်း ဖြစ်သည်။ အကယ်၍ ကူရှောင်စန်းကသာ သူ့ကို လုပ်ကြံသတ်ဖြတ်ရန် လှုပ်ရှားလာမည်ဆိုလျှင် ဝေကျင်းအဆင့် ပညာရှင်များက သူမကို တားဆီးကြပါလိမ့်မည်။

ထိုအရာကို ပြောလိုက်ပြီးနောက် သူက သက်ပြင်းချလိုက်၏။

"ရှန်ရှို့မေက ဆန်းကြယ်နတ်သမီးဆက်ခံသူရဲ့ ခန္ဓာကိုယ်ဖြစ်နေတာ တော်တော်လေး ရယ်စရာကောင်းတယ်…”

“သူက ဗုဒ္ဓလမ်းစဉ်မှာရှိတဲ့ နီမဏကာရတစ်ယောက်ပါပဲ.."

မုန့်ချီက ပြန်ဖြေလိုက်သည်။

"နီမဏကာရ.."

ကုံယုက အသံတိုးတိုးနှင့် ရေရွတ်လိုက်၏။

"ဒီလိုသာဆိုရင် ကူရှောင်စန်းက အင်မော်တယ်အငွေ့အသက်ကို ဖမ်းယူဖို့ ကြိုးစားခဲ့တဲ့အချိန်မှာ နီမဏကာရက ပေါက်ကွဲသွားပြီး အလင်းတန်းတွေ ဖြစ်လာတယ်။ တကယ်လို့ အဲဒီလိုသာ ဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ ယပ်တောင်(၆)လက်ကျောင်းက သေချာပေါက် သတင်းအချက်အလက်တွေရမှာပဲ။ သေသွားတဲ့ နီမဏကာရတစ်ယောက်က ပြဿနာကြီးကြီးမားမား ဖန်တီးပေးနိုင်တယ်…"

"ကျွန်တော်က နီမဏကာရနဲ့ပတ်သတ်ပြီး သေချာသိမထားဘူး။က ူရှောင်စန်းက အမှန်အတိုင်းမပြောမှတော့ ဘာမှလည်း မသေချာဘူးလေ။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ သေသွားတဲ့အချိန်မှာ သူတို့တွေက အလင်းတန်းတွေ ဖြစ်သွားတာပဲ…"

မုန့်ချီက အနည်းငယ် ရှက်ရွံ့နေခဲ့သည်။

အစပိုင်းတွင်တော့ သူတို့က အလင်းတန်းများကို မြင်ရမည်မဟုတ်ဟု တွေးခဲ့၏။ လူအနည်းစုကသာ သူတို့ကို တွေ့ရမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် အစစ်အမှန်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူလည်း ကုံယုကဲ့သို့ အတွေးမျိုး ပေါ်လာခဲ့သည်။

ကုံယုက ခဏကြာ စဉ်းစားပြီး ဆက်ပြောလိုက်၏။

"အသက်ပြောင်းလဲခြင်းဂိုဏ်းက သတ်လိုက်တဲ့ လူတွေက မကောင်းဆိုးဝါးတစ္ဆေတွေရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်နိုင်တယ်လို့ ကောလာဟလတွေ ကြားခဲ့ဖူးတယ်။ အခု အဲဒီကောလာဟလက ဆန်းကြယ်နတ်သမီးရဲ့ နီမဏကာရနဲ့ ရော‌နေပြီ…"

ကြားဖူးနားဝစကားများအရ အသက်ပြောင်းလဲခြင်းဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ပညာရှင်တစ်ချို့၏အလောင်းများကို မြေမြှုပ်လိုက်ပြီးနောက် မည်သည့်အရာမျှမရှိတော့ပေ။ တစ်ချို့သူများကတော့ ဖုတ်ကောင်များ ဖြစ်သွားသည်ဟု ဆိုကြ၏။

မည်သို့ဖြစ်စေကာမူ မကြာခင်အတောအတွင်း ဖြစ်ခဲ့သည့်အရာများအရ သူတို့အားလုံးက ဆန်းကြယ်နတ်သမီး၏ နီမဏကာရများ ဖြစ်ပုံရသည်။

မုန့်ချီက အခွင့်အရေးကို အရယူပြီး အရာအားလုံးကို မေးမြန်းနိုင်ခဲ့သည်။ ထို့နောက် ခြံဝန်းကို ပြန်သွားခဲ့၏။

"ငါ့ရဲ့ မကောင်းဆိုးဝါးစမ်းသပ်ရေးဓား..."

သူက တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ သူ့ဆီတွင် တီးတိုးဓားသာ ရှိနေခဲ့၏။ တီးတိုးဓားက အစွမ်းထက်သော်လည်း မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကိုသာ ပို၍သဘောကျသည်။ သူက ထိုအရာနှင့် အချိန်တော်တော်ကြာ မလေ့ကျင့်ရသေးသည့်အတွက် ယခင်တုန်းကကဲ့သို့ အသုံးဝင်နိုင်မည်မဟုတ်ချေ။ သို့သော် အတော်လေးထူးဆန်းသလို ခံစားနေရသည်။

နောက်တစ်နေ့တွင်တော့ ဝမ်ကိုက်က မုန့်ချီ၏စိန်ခေါ်စာကို လက်ခံရရှိခဲ့သည်။ သူက ချီစွမ်းအင်များကို လှည့်ပတ်နေရင်း စာကို ဖတ်ကြည့်လိုက်၏။

"မင်းက ငါနဲ့တိုက်ခိုက်ဖို့ ဆန္ဒရှိလား။ ငါက (၃)ရက်နေရင် ပြည်နယ်ရုံးချုပ်မှာရှိတဲ့ လေ့ကျင့်‌ရေးကွင်းထဲမှာ မင်းကိုစောင့်နေမယ်.. လေးစားစွာဖြင့် အရူးဓားသမား စုမုန့် "

ဝမ်ကိုက်က အပြုံးနှင့် ပြန်ရေးလိုက်သည်။

"ကောင်းပြီ။ ငါလာခဲ့မယ်.."

လူငယ်မှတ်တမ်းမှ သခင်လေးများ၏ ရှားရှားပါးပါးတိုက်ပွဲက ကျရောက်လာတော့မည်ဖြစ်သည်။ ယဲ့တူမြို့ထဲတွင်တော့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၏။

Translated by Hein Htet

All Chapters