← Chapters

အခန်း (၂၄၂)

Vol. 17 Ch. 242

အခန်း (၂၄၂)

Vol. 17 Ch. 242

ခြ‌င်္သေ့ဝိညာဉ်၏ ရင်ဘတ်နှင့် ဗိုက်က ကွဲထွက်သွားသည့်အချိန်တွင် သွေးရောင် ကြေးနီလူသားတစ်ယောက် ခုန်ထွက်လာခဲ့သည်။ သူ၏အဝတ်အစား အများစု‌တွင် သွေးများ လွှမ်းခြုံနေ၏။ သူက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်တို့ကို အားကိုးပြီး တိုက်စားမှုများကို ခုခံနေရသည်။

သူ၏အတွင်းအပြင် နှစ်ခုစလုံးတွင် ဒဏ်ရာရနေသော်လည်း ခြင်္သေ့ဝိညာဉ်က အသက်ရှင်နေသေး၏။ သူက အလွန်နာကျင်နေသည့်အတွက် ကျယ်လောင်စွာ အော်ဟစ်နေသည်။

နတ်ဆိုးထုတ်ဖော်ကြေးမုံ၏ လက်မှ လွတ်မြောက်သွားပြီးနောက် လက်ထဲတွင် တုတ်ရှည်ကို ကိုင်ပြီး မုန့်ချီကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းတွင် သူက လေထဲသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့၏။

သူတို့၏ ခေါင်းဝါခြင်္သေ့ဘုရင်က ဆိုးဆိုးရွားရွား ထိခိုက်သွားသည်ကို မြင်လိုက်ရသည့်အခါ မြေပြင်ပေါ်တွင် ရှိနေသော နတ်ဆိုးငယ်လေးများကလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က ကျဆင်းလာသော ဒီရေလှိုင်းများကဲ့သို့ နောက်ကို ပြန်ဆုတ်သွားကြ၏။

သို့သော် သူတို့ကတော့ သစ္စာစောင့်သိကြသည့်အတွက် မြေခွေးဘုရင်၏ အလောင်းကို ယူဆောင်သွားရန် မမေ့ကြပေ။ သူ၏မကောင်းဆိုးဝါး သလင်းကျောက်က အနန္တဓားသိုင်းကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ကလည်း ခရမ်းရောင်မိုးကြိုးများကြောင့် မည်းတူးနေခဲ့သည်။

သူ့ဆီတွင် အလွန်ကြီးမားသော ရွှေရောင်တူကြီးနှစ်လက်သာ ကျန်နေတော့သည်။ သို့သော် ထိုအရာများကလည်း အလွန်လေးလံလွန်းလှသည့်အတွက် မကောင်းဆိုးဝါးငယ်လေးများက ချန်ထားခဲ့ကြသည်။

"သူက အခုအထိ မသေသေးဘူးလား။ ဒီကြောက်စရာမကောင်းဆိုးဝါးတွေက တော်တော်လေးကို ကြံ့ခိုင်တာပဲ… "

ကျန်းကျိဝေက ဖျက်ဆီးခြင်းပင်လယ်သိုင်းကွက်ကို သုံးပြီး ခြ‌င်္သေ့ဝိညာဉ်၏ နောက်သို့ လိုက်သွားချင်ခဲ့သည်။ သို့သော် သူကတော့ သင်ခန်းစာရသွားသည့်အတွက် လေထဲတွင်သာ လွင့်မျောနေပြီး သူ့ကို တိုက်ခိုက်ရန် ခက်ခဲနေ၏။

ထိုအချိန်တွင် သူက တုတ်ရှည်နှင့် မုန့်ချီကို လှမ်း၍ ရိုက်နေသည့်အတွက် မုန့်ချီက လှိမ့်ရှောင်နေရသည်။

"ငါက သူ့ကို ပြန်ပြီး ကုသဖို့ အချိန်မပေးနိုင်ဘူး… "

ဖူကျန်းကျန်းက သူမ၏ နတ်ဆိုးထုတ်ဖော်ကြေးမုံကို သုံးလိုက်ပြီးနောက် ကျန်းကျိဝေက ကီဟွေအန်ကို လှည့်ကြည့်လိုက်သည်။

ယခုအချိန်ထိ မလှုပ်ရှားရသေးသော ကီဟွေအန်က အစိမ်းရင့်ရောင်သစ်သားထဲတွင် ထည့်ထားသော အနက်ရောင်မျက်လုံးကို ထုတ်ဖော်ပြသလိုက်၏။ ထိုအချိန်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကြီးနှင့် ခြင်္သေ့ဝိညာဉ်၏ ပတ်ပတ်လည်ကို လွှမ်းခြုံသွားခဲ့၏။

ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော ခြင်္သေ့ဝိညာဉ်က နောက်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးနှင့် နှာခေါင်းမှနေ၍ သွေးများ စီးကျလာနေပြီး လေပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်လာ၏။

ထိုအခွင့်အရေးကို အရယူပြီး ကျန်းယွင်ရှန်က တောင်ပံမြွေဓားကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်သည်။ သူ၏ဓားအလင်းရောင်က အောက်မှ အထက်သို့ တက်သွားခြင်း ဖြစ်၏။

ခြင်္သေ့ဝိညာဉ်၏ ပတ်ပတ်လည်တွင် ဝေဝါးသွားပြီး သူက ကမ္ဘာကြီးနှင့် သီးခြား ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ သူက ဓားကို ရုတ်သိမ်းလိုက်သည့်အချိန်တွင် ခြင်္သေ့ဝိညာဉ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ခြံဝန်းအပြင်ဘက်သို့ ပျံသန်းသွားခဲ့သည်။

သူက ခန္ဓာကိုယ်အောက်ပိုင်းသာ လှုပ်ရှားနိုင်ခဲ့သည်မှာ ကံဆိုးသွား၏။ ခေါင်းအပါအဝင် ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ လေထဲတွင်သာ ကျန်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူလည်း မြေပေါ်သို့ ပြုတ်ကျသွားရာ ကြမ်းခင်းများက အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့၏။ အနီရောင်အလင်းတန်းတစ်ခုလည်း တောက်ပလာပြီး ပတ်ပတ်လည် မြေပြင်ကြီးပေါ်တွင် နီရဲသွားခဲ့သည်။

“ဗုန်း….”

ထိုအချိန်တွင် အပြင်ဘက်မှ‌နေ၍ အလွန်လေးလံသော အရာတစ်ခု ကျဆင်းလာသည့်အလား ကျယ်လောင်သောအသံကြီးကို ကြားလိုက်ရသည်။

"ဘုရင်ကြီး … "

နတ်ဆိုးငယ်လေးများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး ပို၍ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။

"ကျန်းဝူကောင်းကင် နှောင့်ယှက်ခြင်း… "

နောက်တစ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားနေသော ကျန်းကျိဝေက ကျန်းယွင်ရှန်၏ သိုင်းကွက်ကို ချက်ချင်း မှတ်မိသွားသည်။ မုန့်ချီကလည်း ထိုသိုင်းကွက်ကို ကြားခဲ့ဖူး၏။

‘ကိုယ့်ကိုယ်ကိုယ်သာ ပဓာန’ဟူသော သိုင်းကွက်က ကျန်းဝူလက်ဝါး (၇)ချက်ထဲတွင် ဓမ္မကာရအဆင့် အသေခံသိုင်းကွက်မျိုး ဖြစ်သည်။ ကျန်းဝူကောင်းကင်နှောင့်ယှက်ခြင်း ဟူသည်မှာ ထိုသိုင်းကွက်မှ ဆင်းသက်လာသော ဝေ့ကျင်းအဆင့် သိုင်းကွက် တစ်ခုဖြစ်သည်။ သူကတော့ ထိုမျှ စဉ်းစားနေနိုင်ခြင်း မရှိ‌ချေ။

ခေါင်းဝါခြင်္သေ့က တပည့်များ၏ အမှားကို ဖုံးကွယ်ပေးတတ်သော ဝိညာဉ် (၉)သွယ် သူတော်စင်၏ မျိုးဆက်တစ်ယောက်ဖြစ်ကြောင်း တွေးမိနေသည့်အတွက် မုန့်ချီက အလွန်ရှုပ်ထွေးနေခဲ့သည်။ သူကတော့ ထိုသူတော်စင်၏ အာရုံစိုက်မှုကို မခံချင်ပေ။ သို့သော် သူကတော့ ထိုအရာကြောင့် ရပ်တန့်နေရန် မဖြစ်နိုင်ပေ။

‌ခြင်္သေ့ဝါက သူ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ‌ခြင်္သေ့ဝါကို သတ်လိုက်မှသာ သူလည်း အသက်ရှင်နိုင်ပါလိမ့်မည်။ ဝိညာဉ်(၉)သွယ် သူတော်စင်၏ လက်တုန့်ပြန်မှုနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့အသက်က ပို၍ ‌အရေးပါ၏။

ထိုအချက်ကို စဉ်းစားနေသည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေသလို ခံစားနေရ၏။ သူ၏အဝတ်အစားများကလည်း စုတ်ပြဲနေပြီး တစ်ကိုယ်လုံးတွင်လည်း အသွေးအသားများ ၊ ဒဏ်ရာများ ပြည့်နှက်နေသည့်အတွက် အတော်လေးကို ဆိုးရွားနေသည်။

မုန့်ချီက သူ၏ပိုင်ဆိုင်မှုများကိုသာ အလွန်တန်ဖိုးထားပြီး အဝတ်အစားကိုတော့ အလေးမထားခဲ့ပေ။ ထို့ကြောင့် သူက သူ၏လက်နက်များကို စစ်ဆေးကြည့်လိုက်၏။ ခရမ်းသေမင်းဓားက အကောင်းအတိုင်း ရှိနေသေးသည်။ ချီစွမ်းအင်များ လွှမ်းခြုံနေပြီး လက်ထဲတွင် ကိုင်ထားသော တီးတိုးဓားက အနည်းငယ် တိုက်စားခံလိုက်ရ၏။ သွေးကြောဓား၏ ဓားအိမ်က ပျက်စီးသွားသော်လည်း ဓားကတော့ ထိခိုက်သွားခြင်းမရှိပေ။

သူ၏ ရင်ဘတ်ထဲတွင် သိမ်းထားသော စွမ်းအင်ပြန်ဖြည့်ဆေးကလည်း ပျက်စီးမှု မရှိချေ။ သူ့နောက်ကျောတွင် ချိတ်ထားသော ပစ္စည်းများကတော့ အကုန်လုံး အရည်ပျော်သွားခဲ့သည်။ အဝတ်အစားများ ပျက်စီးသွားပြီး ပစ္စည်းများက အလွယ်တကူ ပျော်ကျသွားသည့်အတွက် အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုနိုင်သည်။

အရည်ပျော်ကျသွားသော ပစ္စည်းများက အနည်းဆုံး ကံကြမ္မာအမှတ် (၂၀၀) တန်ကြေးရှိ၏။ သူက ထိုကဲ့သို့ ရလဒ်မျိုးကို တွေးမိသည့်အခါ ထိုပစ္စည်းများကို သံသရာမြေကွက်လပ်ထဲ၌ ထားခဲ့လျှင် ပိုကောင်းမည်ဟု တွေးခဲ့မိသည်။ သို့သော် ထိုအတွက်ကြောင့် ဝမ်းနည်းနေရန်လည်း မဖြစ်နိုင်တော့ပေ။

သူ၏ မကောင်းဆိုးဝါးသားရေ၊ ကောင်းကင်ဥက္ကာသလင်းကျောက်နှင့် ကျန်းဝူအင်ပါယာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရမည့် အနက်ရောင် သားရေပြားတို့ကိုတော့ သံသရာမြေကွက်လပ်ထဲရှိ အခန်းထဲတွင် ချန်ထားခဲ့သည်မှာ ကံကောင်းသွားသည်။

ချီကျန်းရန်က အဝတ်အပိုတစ်စုံကို ထုတ်လိုက်ပြီး မုန့်ချီဆီကို ပစ်ပေးလိုက်သည်။ ဖူကျန်းကျန်းကလည်း ကုသဆေးများကို ထုတ်လိုက်ပြီး မုန့်ချီကို ပေးလိုက်၏။ သူမက သွေးများ စီးကျနေသော ဒဏ်ရာများကိုလည်း ကုသပေးလိုက်သည်။ ထို့နောက် သူ့ကို ဆေးလုံးသောက်ခိုင်းလိုက်၏။

ဒဏ်ရာများဆီမှ အေးစက်သော ခံစားမှုတစ်ခု ပေါ်လာသည့်အတွက် မုန့်ချီက ပို၍ သက်သောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် တခြားအရာများကို သတိထားမိခဲ့၏။

"ခေါင်းဝါခြင်္သေ့ဝိညာဉ်ရဲ့ ကောင်းကင်သိစိတ်က တခြားသူတွေထက် ပိုပြီး အစွမ်းထက်တယ်ဆိုတာ ငါ သတိထားမိခဲ့တယ်။ ပြီးတော့ နတ်ဆိုးထုတ်ဖော် ကြေးမုံထဲမှာတောင် သူ့ရဲ့ မူလပုံစံ ပေါ်မလာခဲ့ဘူး။ ကြည့်ရတာ သူက သာမန် မကောင်းဆိုးဝါးတစ်ကောင်တော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ငါတို့က သူ့ရဲ့မျိုးနွယ်အကြီးအကဲတွေကို သတိထားဖို့လိုတယ်။ သူတို့တွေက ဓမ္မကာရအဆင့် မကောင်းဆိုးဝါးတွေ ဖြစ်နိုင်တယ်… "

သူကတော့ အနောက်သို့ ခရီးသွားခြင်းတွင် ပါဝင်ခဲ့သော မကောင်းဆိုးဝါးများ၏ အစွမ်းကို သေချာမသိချေ။ ထိုမကောင်းဆိုးဝါးများကို မြင်သည့်အချိန်တွင် သူတို့ကမ္ဘာကြီးထဲရှိ သိုင်းပညာအဆင့်အတန်းနှင့် သတ်မှတ်ရခြင်းဖြစ်၏။ ထိုအရာက သူတို့လေ့ကျင့်နေသော အဆင့်များသာ ဖြစ်သည်။

ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော မကောင်းဆိုးဝါးများက ပထမဆုံး နတ်ဆိုးအဖြစ် ပြောင်းလဲလာသည်။ အသိဉာဏ်ပွင့်သည့်အဆင့်ကို ရောက်လာပြီးနောက် လိင်ကွဲပြားမှု ပေါ်လာခဲ့၏။ ထိုဖြစ်စဉ်များ ပြီးဆုံးသွားသည့်အချိန်တွင် သူတို့၏ အစွမ်းက ချီစုဆောင်းရေးအဆင့်ကို ရောက်လာကြသည်။

ထို့နောက် သူတို့က ပုံသဏ္ဍာန်ပြောင်းလဲသည့်အဆင့်ကို ရောက်ရှိရန် သူတို့၏ သွေးကြောမှတ်များကို စတင်လေ့ကျင့်ရသည်။ ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များနှင့် တူညီ၏။ သူတို့ဆီတွင် ဝေ့ကျင်းတစ်ဝက်အဆင့်ရှိသော ကောင်းကင်သိစိတ်ကဲ့သို့ ထူးခြားသည့်စွမ်းရည်များ ရှိလာသည့်အချိန်တွင် မကောင်းဆိုးဝါးသလင်းကျောက်က ပျစ်ခဲလာနိုင်ပြီး သူတို့၏အစွမ်းက ပို၍ အစွမ်းထက်လာနိုင်သည်။

သူတို့၏ ကောင်းကင်သိစိတ်ကလည်း ပို၍ကျယ်ပြန့်လာနိုင်၏။ သူတို့ဆီတွင် လေထဲသို့ ပျံသန်းနိုင်သည့် စွမ်းရည်လည်း ရှိလာကြသည်။ နောက်ဆုံးတွင်တော့ သူတို့က ကမ္ဘာမြေကြီး၏ အဆီအနှစ်များကို စုပ်ယူပြီး မကောင်းဆိုးဝါး သလင်းကျောက်ကို အားဖြည့်နိုင်ကြသည်။ ထို့နောက် သွေးအဆီအနှစ်များ ပွင့်လာခဲ့၏။ ထိုအချိန်တွင် သူတို့က သူတို့၏ မွေးရာပါစွမ်းအားများကို စုစည်းနိုင်ကြသည်။

ထိုအဆင့်တွင်တော့ သူတို့၏အဆင့်က ဝေ့ကျင်းအဆင့်နှင့် တူညီနေပြီး မကောင်းဆိုးဝါးသခင်ဟု အသိအမှတ်ပြုကြသည်။ နောက်ဆုံးတွင်တော့ မတူညီသော သွေးအဆီအနှစ်များ ၊ မတူညီသော နည်းလမ်းများကို အခြေခံပြီး သိုင်းပညာများကို လေ့ကျင့်ကြသည်။

သူတို့က မတူညီသော မကောင်းဆိုးဝါး ပုံသဏ္ဍာန်မျိုးစုံကိုလည်း ရနိုင်ပြီး နယ်ပယ်ပေါင်းစုံတွင် ပညာရှင်များ ဖြစ်ကြ၏။ ထိုအချိန်ကတည်းကစပြီး သူတို့က မကောင်းဆိုးဝါးကြီး သို့မဟုတ် မကောင်းဆိုးဝါးဘုရင်ဟူသော ဂုဏ်ပုဒ်ကို ရရှိကြသည်။

ဥပမာအနေဖြင့် ပြောရလျှင် ဒေါင်းတစ်ကောင် ဓာတ်ကြီး (၅)ပါး သွေးအဆီအနှစ် စုစည်းခြင်းကို အောင်မြင်သွားသည့်အတွက် ဓာတ်ကြီး(၅)ပါး ခန္ဓာရှိလာခဲ့သည်။ သူ့ဆီတွင် အစွမ်းထက်သော ကောင်းကင်သိစိတ်နှင့် လှည့်ကွက်များ ရှိနေသည့်အတွက် သူက တခြားသော မကောင်းဆိုးဝါးကြီးများကို စုစည်းပြီး လူသားပညာရှင်များကို တန်ပြန်တိုက်ခိုက်နိုင်သည်။

သူတို့ကို နှလုံးသားဓား ဆရာကြီးလုတနှင့် သန့်စင်နေမင်းဂိုဏ်းမှ ထိပ်တန်းပညာရှင်တို့က တိမ်ကောင်းကင် တောင်တန်းပေါ်၌ တားဆီးခဲ့သည်မှာ ကံဆိုးသွား၏။

ကောင်းကင်မှတ်တမ်းတွင် ရှိနေသော ပညာရှင်အနည်းငယ်ကလည်း ထိုနေရာသို့ ရောက်လာသည့်အချိန်တွင် မကောင်းဆိုးဝါး ဒေါင်းဘုရင်က ခက်ခက်ခဲခဲ နောက်ပြန်ဆုတ်သွားခဲ့ရပြီး ပုန်းအောင်း၍ နေခဲ့ရသည်။

မကောင်းဆိုးဝါး နတ်ဘုရားနှင့် မကောင်းဆိုးဝါးသူတော်စဉ်များကတော့ ရှေးအချိန်တုန်းကသာ ပေါ်လာခဲ့ဖူး၏။ မုန့်ချီ၏မျက်လုံးထဲတွင်တော့ လော်ဟန့် ၊ ဗောဓိတဗ္ပနှင့် ဗုဒ္ဓတို့က မတူညီသောအဆင့် ရှိနေသည့် ဓမ္မကာရများဖြစ်သည်။

ကျန်းကျိဝေနှင့် တခြားအဖော်များကလည်း ထိုမြင်ကွင်းကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီး မုန့်ချီ၏ အတွေးကို ထောက်ခံလိုက်ကြ၏။ သို့သော် သူတို့က အခြေအနေကို ကြည့်ပြီး နောက်ထပ်လှုပ်ရှားရဦးမည်ဖြစ်၏။ အကယ်၍ သူတို့က မကောင်းဆိုးဝါးကြီးတစ်ကောင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် အကောင်းဆုံး ကြိုးစားကြရပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သူတို့က ကောင်းကင် (၉)သွယ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရရန် မဖြစ်နိုင်ပေ။

ဖူကျန်းကျန်းက မုန့်ချီ၏ ဒဏ်ရာများကို ကုသပေးနေသည့်အချိန်တွင် ကျန်းယွင်ရှန်နှင့် တခြားလူများက ပစ္စည်းများကို ရှာဖွေနေကြသည်။ နတ်ဆိုးငယ်များ၏ လက်နက်များက သာမန်သာဖြစ်၏။ ထိုအရာများက အဖိုးမတန်ကြပေ။

သူတို့က အဖိုးတန်သည့်အရာကို ရှာဖွေနေသည့်အချိန်တွင် မြေခွေးနတ်ဆိုး၏ ရွှေတူကြီး နှစ်လက် ၊ ခြင်္သေ့ဝိညာဉ်၏ အနက်ရောင်သံတုတ်ရှည်နှင့် တဝက်ပျက်စီးနေသော မကောင်းဆိုးဝါးသလင်းကျောက်ကိုသာ တွေ့လိုက်ရသည်။

"ဒါတွေက အဖိုးတန်လက်နက် မဟုတ်ပေမဲ့ ပုံသဏ္ဍာန်အရ သန့်စင်လက်နက်တွေထက် ပိုပြီးတော့ ကောင်းတယ်…"

ကျန်းယွင်ရှန်က ရွှေရောင်တူကြီးတစ်လက်ကို မ ကြည့်ရန် ကြိုးစားလိုက်၏။

မုန့်ချီက ကျန်းယွင်ရှန်ထက် ပို၍ အလွယ်တကူ မ နိုင်သော်လည်း ထိုကဲ့သို့ လေးလံသော တူတစ်လက်ကို နောက်ကျောတွင် သယ်ထားရမည်မှာ သူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် သူ၏ လှုပ်ရှားမှုကိုပါ သက်ရောက်စေနိုင်၏။

ခြင်္သေ့ဝိညာဉ်၏ တုတ်ရှည်ကလည်း အလွန်လေးလံလှသည်။ မကောင်းဆိုးဝါးများကသာ လေးလံသော လက်နက်များကို ကိုင်နိုင်ကြ၏။

ကျန်းကျိဝေက ခွန်အားအရာတွင် အစွမ်းထက်ခြင်း မဟုတ်ပေ။ သူမက ချီစွမ်းအင်များကို သုံးပြီး တုတ်ရှည်ကို မ ကြည့်လိုက်သည့်အချိန်တွင် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ဒါတွေကို သယ်ဖို့ တော်တော်လေး ပြဿနာများတယ်… "

"ဒါဆို ဒါတွေကို သယ်ဖို့ ဒီလက်စွပ်ထဲမှာ ထည့်လို့ရတယ်… "

ရွမ်ယုရှုက ရုတ်တရက် ပြောလိုက်သည်။ ထို့နောက် သူမ၏ ညာလက်ကို မြှောက်လိုက်ရာ သူမ၏ လက်ခလယ်တွင် ကျောက်စိမ်းလက်စွပ်လေးတစ်ကွင်း ရှိနေ၏။

"ဒါက လေဟာနယ်လက်စွပ်လား… "

ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်သည်။

ကျိကျန်းဓားစံအိမ်က ထိပ်တန်းဂိုဏ်းကြီး တစ်ခုဖြစ်သော်လည်း သူတို့က ထိုအရာကို နံ့သာနီ တောင်တန်းလက်စွပ်ဟု ခေါ်ကြသည်။

ရွမ်ယုရှုက ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ငါ့မိသားစုက ငါ့ကို အရမ်းဂရုစိုက်တယ်လေ… "

ထိုသိုလှောင်လက်စွပ်ထဲတွင် အဖိုးတန်လက်နက်များကို ထည့်ထားနိုင်သည်။ ဂိုဏ်းကြီးများနှင့် နာမည်ကျော်ကြားသော မိသားစုများကပင် ထိုကဲ့သို့ အရာများများ မရှိပေ။ ထိုကဲ့သို့ လက်စွပ်တစ်ခုကို ဖန်တီးရန် အချိန်တော်တော်ကြာသည့်အတွက် သူတို့ အလွန်သဘောကျသော တပည့်များကိုသာ တစ်ခုဆီ ပေးထားတတ်၏။

ပုံမှန်အားဖြင့်ပြောရလျှင် ဉာဏ်အလင်းပွင့်မှုအဆင့် တပည့်များကတော့ ထိုကဲ့သို့ အရာမျိုး မရ‌ကြပေ။ သို့သော် အလွန်နာမည်ကျော်ကြားသော အထက်တန်းလွှာ မိသားစုထဲတွင်တော့ ဆရာတပည့် ဆက်ဆံမှုထက် မျိုးရိုးဆက်ခံမှုများ ရှိသည်။ ထို့ကြောင့် သူတို့၏ ကလေးငယ်များကို အဆင့်မြင့် လက်နက်များ ပေးထားကြသည်။

"ကောင်းတယ်… ဒါဆိုရင်တော့ အရမ်းကောင်းသွားပြီ…"

ကျန်းယွင်ရှန်က အပြုံးနှင့် ပြောလိုက်၏။

သူကလည်း နာမည်ကျော်မိသားစုမှ တရားဝင်သားတစ်ယောက်ဖြစ်သော်လည်း ယွမ်မိသားစုထဲတွင် နာမည်အကြီးဆုံး သခင်မလေးကိုတော့ မယှဉ်နိုင်သေးပေ။ သူတို့၏ အကြီးအကဲများက ဗျတ်စောင်းစွမ်းရည်နှင့်အတူ မွေးဖွားလာသော ရွမ်ယုရှုကို အလွန်သဘောကျသည်ဟု ကြားဖူးသည်။

သိပ်မကြာခင် ရွှေရောင်တူကြီးနှစ်လက်၊ အနက်ရောင်တုတ်ရှည်နှင့် ပျက်စီးနေသော မကောင်းဆိုးဝါး သလင်းကျောက်များက လက်စွပ်ထဲသို့ စုပ်ယူခံလိုက်ရသည်။ ထိုပစ္စည်းများကို သူတို့ပြန်ရောက်လျှင် ကံကြမ္မာအမှတ်များနှင့် လဲ၍ ရ၏။

(၇)ရက်သာ ကျန်တော့သည့်အတွက် ဖူကျန်းကျန်းက မကောင်းဆိုးဝါး သလင်းကျောက်နှင့် ဆေးဖော်ရန် လုံးဝမဖြစ်နိုင်ထေိုအချိန်တွင် အသက်ရှင်နေသော မကောင်းဆိုးဝါးများကို သွားရောက်စစ်ဆေးနေသော လော်ရှန်းကျိက အသံတိုးတိုးနှင့်ပြောလိုက်၏။

"စောနတုန်းက သူတို့ရဲ့ပန်းတိုင်က ဒီကျောင်းဆောင်လို့ မကောင်းဆိုးဝါးတွေက ပြောခဲ့တယ်။ နောက်ပိုင်းရက်တွေ ကျရင်လည်း တခြားမကောင်းဆိုးဝါးတွေက ဒီနေရာကို ရောက်လာနိုင်တယ်။ ငါတို့က ဒီနေရာကနေ မြန်မြန်ထွက်သွားတာ ပိုကောင်းမယ်…"

ပထမရက်၏ နေ့ဝက်ခန့်တွင် ပြင်ဆင်ထားသောအရာကို နှစ်ကြိမ်သုံးလိုက်ရသည်။ သူတို့က နောက်ထပ် (၆)ကြိမ်သာ အသုံးပြုနိုင်တော့၏။

"ဒီကျောင်းဆောင်ထဲမှာ အထူးဆန်းဆုံးအရာကတော့ လဲ့ယင်ကျောင်းဆောင်ကြီးဆိုတဲ့ ဆိုင်းဘုတ်ပဲ။ သူတို့ရဲ့ပစ်မှတ်က အဲဒါများ ဖြစ်နိုင်မလား။ ငါတို့က တကယ်ထူးဆန်းတဲ့ အရာကို လျစ်လျူရှုမိတာလည်း ဖြစ်နိုင်တယ်… "

ကျန်းယွင်ရှန်က ခန့်မှန်းကြည့်လိုက်သည်။

မုန့်ချီက အလျင်အမြန် ပြောလိုက်၏။

"ကျွန်တော်တို့က အသက်ရှင်တဲ့သူကို ရှာပြီး သူ့ကို နှိပ်စက်ရမယ်။ ဒါမှ ကျွန်တော်တို့ကို ဘာလို့ ပစ်မှတ်ထားလဲဆိုတာ သိမှာ… ။ မဟုတ်ရင် သံသရာအရှင်သခင်က ကျွန်တော်တို့ကို အဲလိုအရာမျိုး လုပ်စေချင်တာလည်း ဖြစ်နိုင်တယ်…”

“ဒါက အဆင်ပြေတယ် … "

ကျန်းယွင်ရှန် ၊ လော်ရှန်းကျိနှင့် တခြားလူများကလည်း နတ်ဆိုးငယ်လေးများ၏ အလောင်းများထဲတွင် အသက်ရှင်ကျန်သူများကို စတင်ရှာဖွေနေကြသည်။

သိပ်မကြာခင် ဆိုး‌ဆိုးရွားရွား ဒဏ်ရာရနေသည့်အတွက် ထွက်မပြေးနိုင်သော နတ်ဆိုး (၃)ကောင်ကို တွေ့လိုက်ရသည်။

"မင်းတို့က ဒီနေရာကို ဘာလာလုပ်တာလဲ… "

မုန့်ချီက မေးလိုက်သည်။ စွမ်းအားအနည်းငယ် ပြန်ရလာပြီးနောက် သူ၏ မျက်လုံးများက ပုလဲလုံးများကဲ့သို့ တောက်ပနေခဲ့၏။

ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပြီးနောက် နတ်ဆိုးငယ်လေးများက နောက်ထပ် ခုခံနိုင်ခြင်း မရှိတော့ချေ။ သူတို့က ကြောက်ရွံ့စွာ ပြောလိုက်၏။

"စောနတုန်းက ကောင်းကင်ပေါ်ကို အလင်းတန်းကြီးတစ်ခု တက်လာခဲ့တယ်။ အဲဒါကို အဝေးကြီးကနေတောင် မြင်ရတယ်။ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ရောက်လာပြီလို့ ဘုရင်ကြီးနှစ်ပါးက ပြောပြီး ဒီကျောင်းဆောင်ကို ရှာဖို့ရောက်လာခဲ့တာ…"

"ဘာအခွင့်အရေးလဲ…။အဲဒါက ဒီကျောင်းဆောင်ဆိုတာ မင်းတို့က ဘယ်လိုသိတာလဲ"

မုန့်ချီက ပို၍ပင် ဝေဇဝါဖြစ်သွား၏။

ထိုအလင်းတန်းကို သံသရာအရှင်သခင်က ထုတ်လွှတတ်လိုက်ခြင်းပေလော… သို့မဟုတ် လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်ဆီမှ ထွက်ပေါ်လာခြင်းပေလော။

နတ်ဆိုးက ရုတ်တရက် စိတ်လှုပ်ရှားလာသည်။

"အဲဒါက တန်ခိုးရှင်တွေရဲ့ တည်နေရာကို ရှာဖွေနိုင်မဲ့ အခွင့်အရေးလေ… "

"တန်ခိုးရှင်…။ သူတို့ရဲ့တည်နေရာ ဟုတ်လား… "

မုန့်ချီက ပို၍ပင် ထူးဆန်းသွားခဲ့သည်။

"ကျေးဇူးပြုပြီး ငါသိတဲ့ တန်ခိုးရှင်တွေ မဖြစ်ပါစေနဲ့… "

သူက စိတ်ထဲတွင် တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။

ထိုနတ်ဆိုးငယ်လေးက မြေခွေးခေါင်းနှင့် နတ်ဆိုးငယ် ဖြစ်သည်။

"အနောက်ပိုင်း ဗုဒ္ဓ သေသွားတဲ့အချိန်မှာ မကောင်းဆိုးဝါးသူတော်စင်က မဟာတန်ခိုးရှင်တွေ အားလုံးကို ဦးဆောင်ပြီး အထွဋ်အမြတ် တောင်ထိပ်ကို တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်မဟာတန်ခိုးရှင်(စွန်းဝူခုံး) ပြန်လာတဲ့အတွက် သူတို့တွေက အထွဋ်အမြတ် တောင်ထိပ်ကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အထွဋ်အမြတ်မေကောင်းဆိုးဝါး သူတော်စင်တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူတို့ရဲ့သက်ဆိုင်တဲ့ ကံကြမ္မာတွေ ကျရောက်လာတဲ့အချိန်မှသာ မဟာတန်ခိုးရှင်တွေက အဲဒီနေရာကနေ ထွက်လာနိုင်လိမ့်မယ်။ သိပ်မကြာခင် မကောင်းဆိုးဝါး သူတော်စင်ကလည်း သေသွားခဲ့တယ်။ သူက သူ့ရဲ့ကိုယ်ပိုင်မီးတောက်နဲ့ခန္ဓာကိုယ်သွေးသားတွေကို သုံးပြီး အနက်ရွှေရောင်ဇာမဏီလှံတစ်လက်ကို ဖန်တီးထားခဲ့တယ်…"

ထိုအကြောင်းအရာ၏ ပထမတစ်ဝက်က အလွန်ထူးဆန်းနေသည့်အတွက် မုန့်ချီက အလွန်အံ့ဩမှင်တက်နေခဲ့သည်။ ဒုတိယတစ်ပိုင်းကို ရောက်လာသည့်အချိန်တွင် ကျန်းကျိဝေနှင့် တခြားလူများက အံ့ဩသွားကြ၏။

"ဘာလို့ ဒီဒဏ္ဍာရီကို ရင်းနှီးနေရတာလဲ..။ မကောင်းဆိုးဝါးသူတော်စင်ဆိုတာ ကမ္ဘာကြီးကို ဖန်တီးခဲ့တဲ့ ပထမဆုံး ဇာမဏီ မကောင်းဆိုးဝါးဘုရင်မလား… "

ကျန်းယွင်ရှန်က တည်ငြိမ်စွာ မေးလိုက်၏။

"ဟုတ်တယ်… အသေအချာပဲ.… "

နတ်ဆိုးငယ်လေးက ပြန်ဖြေလိုက်သည်။ ထိုစကားကြောင့် လူတိုင်းက အလွန်ထိတ်လန့်သွားပြီး သံသယဝင်သွားကြ၏။

မုန့်ချီက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

"မင်းက အနတ္တကို ကြားခဲ့ဖူးလား… "

"အနတ္တလား…။ မကောင်းဆိုးဝါးသူတော်စင်ရဲ့ စိတ်ဆန္ဒက အနတ္တကျိန်စာဖျက်ဓားပညာ သင်ယူထားတဲ့ နတ်ဆိုးတိုင်းကို သတ်ပစ်ရမယ်လို့ အမိန့်ပေးထားတယ်…"

ခွေးနတ်ဆိုးက ခေါင်းကို အလင်းတန်းအလွှာတစ်ခုနှင့် ဖုံးအုပ်ပြီး ပြောလိုက်သည်။

"ဘယ်လို… ဒါက ဘာတွေလဲ…။ ဘာလို့ ငါတို့ ကမ္ဘာကြီးထဲမှာရှိတဲ့ ဒဏ္ဍာရီတွေနဲ့ တူနေရတာလဲ။ ပြီးတော့ ဒါက အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းတွေနဲ့ ဘာမှမဆိုင်ဘူး … "

မုန့်ချီကတော့ လုံးဝကို ရှုပ်ထွေးနေပြီး အနတ္တကို ကျိန်ဆဲနေမိသည်။

"ဒါဆိုရင် ကောင်းကင်ခုံရုံးက ဒီကိစ္စကို မဖြေရှင်းပေးဘူးလား…"

သူက နောက်ထပ် မေးလိုက်ပြန်သည်။

နတ်ဆိုးငယ်လေးက မျက်နှာ ပျက်သွား၏။

"ငရဲကြီး(၉)ထပ်နဲ့ နတ်ဆိုးကမ္ဘာကြီးထဲမှာရှိတဲ့ မကောင်းဆိုးဝါးသခင်က အဲဒီအရာအတွက်နဲ့ ကောင်းကင်ခုံရုံးကို တိုက်ခိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ခေါင်းဝါခြင်္သေ့ဘုရင်ရဲ့ ဘိုးဘေးက ကောင်းကင် (၉)သွယ်ကို လူလွှတ်ပြီး သွားကြည့်ခဲ့တယ်။ အခုတော့ ကောင်းကင်ခုံရုံးက မရှိတော့တာ ကြာပြီ။ သူကတော့ အခုထိ ရှိနေတုန်းပဲ… "

ခေါင်းဝါခြင်္သေ့ဘုရင်က သူ့ကို ထိုအကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူက အသေးစိတ် သိနေခဲ့သး၏။

"မကောင်းဆိုးဝါးသခင်… "

မုန့်ချီနှင့် တခြားလူများ အားလုံးက တိတ်ဆိတ်သွားကြသည်။

အချိန်ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက လေးလေးနက်နက် ပြောလိုက်၏။

"အဲဒီအရာတွေ ဖြစ်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ… "

"လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀၀) လောက်က မဟုတ်ဘူး။ နှစ်ပေါင်း (၅၀၀)၊ (၆၀၀)လောက်က ဖြစ်နိုင်တယ်…"

နတ်ဆိုးငယ်လေးက ကြားဖူးသည့် စကားများကို ပြန်ပြောနေရသည့်အလား တိတိကျကျ မဖြေနိုင်ခဲ့ပေ။

Translated by Hein Htet

All Chapters