← Chapters

အခန်း (၂၄၈)

Vol. 17 Ch. 248

အခန်း (၂၄၈)

Vol. 17 Ch. 248

ကျန်းကျိဝေ ၊ လော်ရှန်းကျိ ၊ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့က စက္ကန့်ပိုင်းလေးအတွင်း သူတို့၏အစွမ်းများ ပြန်ရရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်နိုင်စွမ်းလည်း မရှိကြပေ။

မုန့်ချီတစ်ယောက်တည်းသာ တိုက်ခိုက်နိုင်စွမ်း ရှိ၏။ သို့သော် မုန့်ချီ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသော မီးတောက်များက တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ မီးတောက်များ မှေးမှိန်နေသည့်အချိန်တွင်ပင် မကောင်းဆိုးဝါးက သူ့ကို စောင့်ကြည့်နေပြီး ကျန်းယွင်ရှန်ဆီသို့ ပျံသန်းသွားခဲ့သည်။

"ဒီအခွင့်အရေးက အထွဋ်အမြတ်တောင်ထိပ်ကိုဝင်ဖို့ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ …"

ကျန်းယွင်ရှန်က သူသိထားသော အချက်အလက်များကို အခြေခံပြီး ပြောလိုက်သည်။ ကြည့်ရသည်မှာ သံသရာအရှင်သခင် လမ်းညွှန်ပေးထားသော အရာများက သေချာပေါက် အသုံးဝင်နေ၏။

"ကောင်းပြီလေ... ။ ငါတို့ပူးပေါင်းလို့ရတယ်... "

မကောင်းဆိုးဝါးက ခေါင်းညိတ်ပြလိုက်၏။

ကျန်းယွင်ရှန်က တွေဝေနေသေးသည်။ သူက မကောင်းဆိုးဝါး၏ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ရလျှင် ကောင်းမည်လော။ မကောင်းဆိုးဝါးက သူ့ကို ယုံကြည်နေသည်ဟု မြင်လိုက်ရသည့်အချိန်တွင် သူက သူတို့နှင့် ပူးပေါင်းရန် ပို၍အလေးသာနေခဲ့၏။

"ဒါပေမဲ့ မင်းကတော့ သေရမယ်... "

ရုတ်တရက်ဆိုသလို မကောင်းဆိုးဝါးက အော်ဟစ်လိုက်သည်။ သူက မီးတောက်များ တောက်လောင်နေသော လှံရှည်နှင့် ကျန်းယွင်ရှန်ကို လျင်မြန်စွာ ထိုးစိုက်လိုက်၏။ ဘယ်လက်တွင် ရှိနေသော နာကျင်မှုက သူ့ကို လက်တုံ့ပြန်ရန် သတိပေးနေသည်။ သာမန်မကောင်းဆိုးဝါးများအတွက်တော့ အစီအစဉ်တိုင်းက အလုပ်မဖြစ်ပေ။ သူတို့က ထိုအရာကို စားလည်း မစားနိုင်ကြပေ။

နတ်ဆိုးက ရုတ်တရက် ကတိဖျက်ပြီး သူ့ကို လှံနှင့် ထိုးလိုက်မည်ဟု ကျန်းယွင်ရှန်က မထင်ထားခဲ့ပေ။ ထိုအချိန်တွင် လူတစ်ယောက် ခုန်ဝင်လာပြီး ကျန်းယွင်ရှန်ကို အဝေးသို့ တွန်းပို့လိုက်၏။ ထိုလူရိပ်ကတော့ လှံနှင့် အထိုးခံလိုက်ရပြီး မီးတောက်များ လောင်ကျွမ်းသွားခဲ့သည်။

"ကျန်းကျန်း... "

ကျန်းယွင်ရှန်က မှင်တက်သွားခဲ့၏။ သူက ကျန်းကျန်း၏မျက်လုံးထဲတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု နှစ်မျိုးလုံးကို တွေ့နေရသည်။

"မင်းမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်..။ ဒါပေမဲ့ မင်းရဲ့ကိုယ်ပိုင်အတွေးတွေ ၊ စိုးရိမ်မှုတွေက မင်းကို နှောင့်ယှက်နေတယ်... ။ မင်းဆီမှာ စွန့်စားဖို့ လိုအပ်တဲ့ သတ္တိမရှိဘူး... "

သူ့ခေါင်းထဲတွင် ဘိုးဘေး၏စကားလုံးများကို ပြန်လည်ကြားယောင်နေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာခဲ့သည်ကိုပင် သူက ထိုစကားများကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။

ပထမဦးဆုံး သံသရာကမ္ဘာကြီးထဲမှ သူတို့ ထွက်လာခဲ့သည့်အချိန်တွင် ချီရှက အရင်ဆုံး တွေဝေနေခဲ့သည်။ သို့သော် သူမက သူ၏မျက်စိရှေ့တွင် သံသရာကမ္ဘာကြီး၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် ဆုံးဖြတ်ချက် ပြတ်သားခဲ့၏။

"ငါ့မှာ စွန့်စားမှုတွေလုပ်ရဲတဲ့ သတ္တိမရှိခဲ့ဘူး..။ ဒါပေမယ့် ဒီနေ့တော့ ငါက အဲဒီအစိတ်အပိုင်းကို ဖယ်ရှားရတော့မယ်...”

ကျန်းကျန်း၏ မျက်လုံးထဲတွင် ကျန်းယွင်ရှန်အပေါ် ချစ်မြတ်နိုးမှုများ ပြည့်နှက်နေသည်။ ကျန်းယွင်ရှန်၏ ရင်ထဲတွင်လည်း သတ္တိများ ပြည့်နှက်လာပြီး သူ၏ချစ်ခြင်းမေတ္တာတရားက မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ဓားဆန္ဒများကို လွှမ်းခြုံသွားခဲ့သည်။ သွေးများကလည်း ဆူပွက်လာ၏။

ကျန်းယွင်ရှန်၏ သွေးအဆီအနှစ်နှင့် ပင်မဝိညာဉ်က လောင်ကျွမ်းနေပုံရသည်။ ထိုအချိန်တွင် ဓားအလင်းတန်းက မှေးမှိန်နေသော ကောင်းကင်ကြီးကို ထိုးဖောက်သွားခဲ့၏။

ကောင်းကင်ပေါ်၌ ရှိနေသော ငှက်မကောင်းဆိုးဝါးကလည်း ထိုအရာကို ရင်ဆိုင်လိုက်ရသည်။ သူ၏အရေပြားပေါ်တွင် ဒဏ်ရာများပေါ်လာပြီး သွေးများ တစ်စပြီးတစ်စ ပြုတ်ကျလာခဲ့၏။ ထိုဓားက သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိုးစိုက်သွားပြီး သူတို့၏အသွေးအသား ၊ အရိုးများကို ဖျက်ပစ်လိုက်သည်။

"ဘုန်း ဘုန်း ဘုန်း... "

လေထဲ၌ ပျံသန်းနေသော ငှက်မကောင်းဆိုးဝါးက မျက်လုံးပြူးပြီး မြေပေါ်သို့ ပြုတ်ကျလာခဲ့၏။

တောင်တန်းပေါ်တွင် လေပြေလှိုင်းများ တိုက်ခတ်လာခဲ့သည်။ ပတ်ပတ်လည်တွင် မကောင်းဆိုးဝါးတစ်ကောင်မျှ မရှိတော့သည့်အတွက် တည်ငြိမ်အေးချမ်းနေခဲ့၏။

"အစ်ကိုကြီးကျန်း... "

ချီကျန်းရန်က ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။

လှံနှင့် အထိုးခံလိုက်ရပြီးနောက် ကျန်းယွင်ရှန်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အတော်လေး ထိတ်လန့်နေခဲ့သည်။ သူက ဖူကျန်းကျန်းဆီသို့ ဒယိမ်းဒယိုင် လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် သူမ၏ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။

ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါး၏လှံက ဖူကျန်းကျန်း၏ နှလုံးသားကို ထိုးဖောက်သွားသည့်အတွက် သူမက သေဆုံးသွားခဲ့ပါပြီ။ သူမ၏မျက်လုံးထဲတွင်တော့ နူးညံ့ပျော့ပျောင်းမှုများ ပြည့်နှက်နေပြီး မျက်လုံးက ပွင့်နေခဲ့၏။

တစ်ကိုယ်လုံး တုန်ယင်နေသော ကျန်းယွင်ရှန်က ဘယ်လက်နှင့် ဖူကျန်းကျန်း၏ မျက်နှာလေးကို ကြင်နာယုယစွာ ကိုင်ကြည့်နေသည်။ သူ့ပုံစံက အလွန်သိမ်မွေ့နေခဲ့၏။

ထိုအချိန်တွင် မုန့်ချီ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ ရှိနေသော မီးတောက်များနှင့် စွန့်လွှတ်ခြင်းကျင့်စဉ်၏ အကျိုးသက်ရောက်မှုများ (၂) ခုလုံး ပျောက်ကွယ်သွား၏။ သူက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကိုယူ၍ ကျန်းယွင်ရှန်ဆီကို လှမ်းပေးလိုက်သည်။

"အစ်ကိုကြီးကျန်း... "

သူက ဘာပြောရမှန်း မသိတော့ပေ။ သူတို့ မိတ်ဆွေဖြစ်လာသည့်အချိန်တွင် ကျန်းယွင်ရှန်က သူ့အတွက် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ဖြစ်သည်။ သူက တည်ငြိမ်အေးချမ်းပြီး လူတိုင်းကို ဂရုစိုက်တတ်၏။

ကျန်းယွင်ရှန်က အပြုံးနှင့် ပြောလိုက်သည်။

"ဖြစ်ပြီးမှတော့ ဘာမှမတတ်နိုင်တော့ဘူး... ။ တကယ်လို့ ငါသာ နောက်ဆုံးတိုက်ခိုက်မှုကို မလုပ်ခဲ့ဘူးဆိုရင် တစ်သက်လုံး ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး... ။ ဒါပေမယ့် နောက်ဆုံးတော့ ငါကိုယ်တိုင် လွတ်မြောက်ခဲ့ပြီ.."

ထိုအရာက သူ့ဘဝတွင် နောက်ဆုံးအခိုက်အတန့် ဖြစ်သည်။ ခဏရပ်လိုက်ပြီးနောက် ကျန်းယွင်ရှန်က သူ၏ကိုယ်ပိုင် စွမ်းအင်ပြန်ဖြည့်ဆေးနှင့် ဖူကျန်းကျန်း၏ ကုသရေးဆေးလုံးများကို ထုတ်ယူပြီး မုန့်ချီကို ပေးလိုက်သည်။

"ငါက ဒါတွေကို မလိုအပ်တော့ဘူး... "

"အစ်ကိုကြီးကျန်း... "

မုန့်ချီ၏မျက်လုံးထဲတွင် မျက်ရည်စများ ပြည့်နေ၏။ သူက အလွန်ဝမ်းနည်းနေသည့်အတွက် မည်သည့်အရာမျှ မပြောနိုင်ခဲ့ပေ။

ကျန်းယွင်ရှန်က မျက်လုံးမှိတ်ပြီး တိုးတိုးလေးပြောလိုက်၏။

"ငါတို့အတွက် ဆက်ပြီး အသက်ရှင်နေပါ... ။ သံသရာထဲကနေ ရုန်းထွက်ပါ... "

"အစ်ကိုကြီးကျန်း …

တကယ်လို့သာ အခွင့်အရေးရမယ်ဆိုရင် ကျွန်တော်တို့က အစ်ကိုကြီးတို့ (၂)ယောက်ကို ပြန်ရှင်လာအောင် လုပ်ပေးဖို့ ကြိုးစားပေးပါ့မယ်... "

မုန့်ချီက ဝမ်းနည်းစွာ ပြောလိုက်သည်။

ကျန်းကျိဝေကလည်း သူတို့၏အနားသို့ လျှောက်လာပြီး သူ့ကို ကတိပေးလိုက်၏။

"အခွင့်အရေးရမယ်ဆိုရင် ငါတို့က နင်တို့ ပြန်ရှင်လာအောင် ကြိုးစားပါ့မယ်... "

"ဘာမှခေါင်းထဲထည့်မထားပါနဲ့...။ တကယ်လို့ မင်းတို့ဆီမှာ တကယ်ဆန္ဒရှိတယ်ဆိုရင် ဒီသံသရာကမ္ဘာကြီးထဲကနေ ရုန်းထွက်ပြီး မင်းတို့ရဲ့ကိုယ်ပိုင်အစွမ်းနဲ့ ငါတို့ကို ပြန်ရှင်လာအောင်လုပ်ပေးနိုင်တဲ့ ပညာရှင်မျိုးဖြစ်အောင် ကြိုးစားပါ... "

ကျန်းယွင်ရှန်က မုန့်ချီတို့အပေါ် ဖိအားများ မပေးချင်ပေ။

"တကယ့်ကို ဝမ်းနည်းစရာပဲ…"

သူ့ခေါင်းထဲတွင် စိုးရိမ်မှုများစွာ ရှိနေသေးသည်။ သို့သော် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

မုန့်ချီ၏မျက်လုံးများက မျက်ရည်များနှင့် ဝေဝါးနေခဲ့၏။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူက အလေးအနက် ပြောလိုက်၏။

"အစ်ကိုကြီးကျန်း …

တကယ်လို့ အစ်ကိုကြီးကျန်းရဲ့မိသားစုက ပြဿနာတစ်ခုခု ကြုံရမယ်ဆိုရင် ကျွန်တော့်အသက်ကိုတောင် စွန့်ပြီး ကူညီပေးပါ့မယ်... "

ယောကျ်ားတစ်ယောက်က ကတိတည်ရမည် ဖြစ်သည်။ ကျန်းယွင်ရှန်က အပြုံးနှင့် မျက်လုံးမှိတ်လိုက်၏။ ဖူကျန်းကျန်းကို ဖက်ထားရင်း သူက တင်ပျဉ်ခွေ ထိုင်နေသေးသည်။

မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ၏ဝမ်းနည်းမှုကို ဖော်ပြနေခဲ့၏။

"ငါတို့က သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဖြေရှင်းပြီး ထွက်သွားရမယ်... "

ဤနေရာတွင် နောက်ထပ် မကောင်းဆိုးဝါးများ ရှိမရှိ သူတို့လည်း မသိကြပေ။ ကျန်းကျိဝေက ဖူကျန်းကျန်းဆီမှ အဆိပ်ထုပ်တစ်ထုပ်ကို တွေ့လိုက်ရ၏။ သူမက ထိုအဆိပ်ထုပ်ကို သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ဖြန်းလိုက်ပြီး အသံတိုးတိုးနှင့် ဝမ်းနည်းစွာ ပြောလိုက်၏။

"သူတို့ရဲ့ ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးတွေ ဖျက်ဆီးပစ်တာမျိုး လက်မခံချင်ဘူး..။ မင်းတို့(၂)ယောက်က ထာဝရ ပေါင်းဖက်နိုင်ဖို့ မျှော်လင့်ပါတယ်..."

"ဖြောက် … ဖြောက် … ဖြောက်... "

ဖူကျန်းကျန်းနှင့် ကျန်းယွင်ရှန်တို့၏ ခန္ဓာကိုယ်က သွေးစက်များအဖြစ် လျင်မြန်စွာ ပျော်ကျသွားခဲ့သည်။ သူတို့၏ ဓားမောင်နှံနှင့် တောင်ပံမြွေဓားတို့ကို ကန့်လန့်ဖြတ်ခံပြီး ထိုနေရာတွင် ချန်ထားခဲ့သည်။

သူတို့ဆီတွင် ကံကြမ္မာအမှတ်များ လိုအပ်နေသော်လည်း မုန့်ချီ ၊ ကျန်းကျိဝေနှင့် တခြားလူများဆီတွင် ဂုဏ်သိက္ခာရှိနေသေး၏။ သူတို့က တွင်းတူးပြီး သွေးများနှင့် သူတို့၏ဓား (၂) လက်ကို အတူတကွ မြှုပ်နှံပေးလိုက်ကြသည်။

သူတို့က စွမ်းအင်ပြန်ဖြည့်ဆေးနှင့် ဖူကျန်းကျန်း၏ ကုသရေးဆေးလုံးများကို ရွမ်ယုရှုဆီသို့ ပေးလိုက်သည်။ သူတို့က ရှေ့တွင် တိုက်ခိုက်နေကြသည့်အတွက် သူမဆီ၌ ရှိနေလျှင် မတော်တဆ ဖြစ်ရပ်များကို ဖျက်ဆီးနိုင်ပါလိမ့်မည်။ မကောင်းဆိုးဝါး၏ လှံကျိုး (၂) ခုကိုလည်း လေဟာနယ်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူတို့က အချင်းချင်း ဖေးမပြီး ရှေ့ဆက်ထွက်ခွာလာခဲ့ကြသည်။ လမ်းလျှောက်နေရင်း ကောင်းကင်ကြီးပေါ်တွင် လိမ္မော်ရောင်တိမ်တိုက်များ ပေါ်လာသည့်အတွက် အာရုံတက်ချိန်ကို ရောက်လာခဲ့ပြီဖြစ်၏။

သူတို့၏ရှေ့တွင် အလင်းရောင်များ တောက်ပလာသည့်အတွက် ပင်ပန်းနေသော တိုက်ပွဲများနှင့် အပေါင်းအဖော်များ သေဆုံးသွားမှုကြောင့် ဝမ်းနည်းမှုများကို နှစ်သိမ့်ပေးနေသလို ထင်မှတ်ရသည်။ အလင်းတန်းက တဖြည်းဖြည်း ပို၍တောက်ပလာ၏။

မုန့်ချီက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ မျက်ရည်များ စီးကျလာနေခဲ့သည်။ အဝေးတောင်ထိပ်ပေါ်တွင်တော့ ကျောင်းဆောင်ငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာကတော့ သူတို့ထွက်လာခဲ့သော ကျောင်းဆောင်နှင့် တစ်ထပ်တည်း ဖြစ်သည်။ နေထွက်ချိန်တွင် အလွန်တည်ငြိမ်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေသည်မှာ အလွန်အေးချမ်းလှ၏။

"နောက်တစ်ကြိမ် ပြန်ရောက်လာတာလား... "

သံသရာအရှင်သခင်က သူတို့ကို ပိတ်ဆို့ထားခြင်းပေလော။ သို့မဟုတ် သဘာဝပြောင်းလဲမှုများ ရှိလာခြင်းပေလော။

"ဒါကြောင့်လည်း ဘယ်နေရာဖြစ်ဖြစ် အရမ်းအန္တရာယ်များတယ်လို့ ကီဟွေအန်က ကြိုတင်ပြောပြခဲ့တာပဲ ။ ငါတို့က ဘယ်နေရာကိုပဲသွားသွား ဒီကိုပဲ ပြန်ရောက်လာတယ်... "

မုန့်ချီကတော့ ကီဟွေအန်၏ ကြိုတင်တွက်ချက်မှု အစစ်အမှန်ကို နားလည်သွားခဲ့သည်။

"ဒါပေမဲ့ ဘာလို့ ငါတို့က အနောက်ဘက်ကို နောက်တစ်ကြိမ် ပြန်သွားနေရတာလဲ... ။ အခုချိန်မှာ မကောင်းဆိုးဝါးတွေအားလုံးက ငါတို့နောက်ကို လိုက်နေတာ..။ ငါတို့က ကျောင်းဆောင်ဆီကို ပြန်သွားတာ အကောင်းဆုံးဖြစ်မယ်... ။ ငါတို့က တစ်ရက်လောက်တော့ လုံလုံခြုံခြုံ နေနိုင်ပါလိမ့်မယ်... "

စွမ်းအားပြန်ဖြည့်ဆေး အသက်ဝင်လာသည့်အချိန်တွင် ကျန်းကျိဝေနှင့် မုန့်ချီတို့အားလုံးက ပြန်ကောင်းလာပြီး တိုက်ခိုက်စွမ်းရည်များ ပြန်ရလာကြသည်။

မုန့်ချီကတော့ စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ် ။ အခုချိန်မှာ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲ…"

သူကတော့ ကံကြမ္မာအပေါ် လုံးဝအားကိုးရန် ယုံကြည်ချက် ရှိသယောင် ဟန်ဆောင်နေခဲ့၏။

"ကျောင်းဆောင်ထဲမှာ စောင့်ကြပ်နေတဲ့ မကောင်းဆိုးဝါးတွေ ရှိနေနိုင်တယ်..။ အဲဒီနေရာကို အစစ်အမှန် မကောင်းဆိုးဝါးဘုရင်လည်း ရောက်လာနိုင်တယ်... "

သူတို့က မကောင်းဆိုးဝါးများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း မရှိသည့်အတွက် ရှောင်သွားရန် ကြိုးစားရမည် ဖြစ်သည်။ နောက်ဆုံးနေ့အထိ အသက်ရှင်ခွင့်ရရန်အတွက် သူတို့က ကျောင်းဆောင်အစား လျှို့ဝှက်နယ်မြေတစ်ခုတွင် ပုန်းအောင်းနေရမည် ဖြစ်သည်။

အချိန်တော်တော်ကြာပြီးနောက် လော်ရှန်းကျိက လျှို့ဝှက်အုတ်ဂူကြီးတစ်ခုကို ရှာတွေ့ခဲ့ပြီး မုန့်ချီတို့ကို အထဲတွင် ပုန်းနေရန် စီစဉ်ပေးခဲ့သည်။ အုတ်ဂူ၏ အတွင်းထဲတွင်တော့ ထူးဆန်းသောကျောက်တုံးများကို နေရာအနှံ့ တွေ့နေရ၏။ သူတို့က အမှောင်ထဲတွင် နတ်ဆိုးများကဲ့သို့ ထင်မှတ်ရသည်။ သူတို့၏နားထဲတွင် ရေစီးသံတစ်ခုကိုလည်း ကြားနေရ၏။

"မကောင်းဆိုးဝါးတွေက ဒီနေရာကို ရှာမတွေ့ဖို့ မျှော်လင့်မိတယ်... "

လော်ရှန်းကျိက မျှော်လင့်တကြီး ပြောလိုက်သည်။

သူက ပထမဆုံး သေမင်းတမန် တာဝန်ကို လုပ်ဆောင်ခဲ့သည့်အချိန်တွင် အားနည်းမှုကြောင့် အရာအားလုံးကို သတိထားနေရ၏။ ထိုအချိန်တွင်လည်း ပုန်းနေရန် လိုဏ်ဂူတစ်ခု တွေ့ခဲ့ပြီး နောက်ဆုံးအချိန်ထိ အသက်ရှင်နေနိုင်ခဲ့သည်။ ထိုကြောင့် သူ့ဆီတွင် မျှော်လင့်ချက် ရှိနေသေး၏။

မုန့်ချီ ၊ ကျန်းကျိဝေ ၊ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကတော့ ဆုတောင်းတတ်သည့် အလေ့အထမျိုး မရှိကြပေ။ ထိုအုတ်ဂူက မည်သည့်နေရာကို ဦးတည်နေကြောင်း သူတို့က စစ်ဆေးနေကြပြီး ထိုနေရာတွင် မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်နိုင်ခြင်းရှိမရှိ ကြည့်နေကြသည်။

ထိုမကောင်းဆိုးဝါးများက အပြင်ဘက်တွင် ပျံသန်းနိုင်သော်လည်း ဤနေရာသို့ ရောက်လာမည်ဆိုလျှင် ပျံသန်းနိုင်ကြမည် မဟုတ်ချေ။ သို့သော် စိမ်းပြာရေလှိုင်ဘုရင်ကြီး အမှောင်ဘုရင်ကြီးကတော့ ဤနေရာသို့ မလာသင့်ပေ။ မဟုတ်လျှင် ဝေ့ကျင်းအဆင့် အစွမ်းများအရ လက်နက်မရှိလျှင်ပင် သူတို့အားလုံးကို သတ်ပစ်နိုင်စွမ်းရှိသည်။

ရုတ်တရက်ဆိုသလို မုန့်ချီက အနက်ရောင် လူရိပ်တစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရ၏။ သူ၏လှုပ်ရှားမှုက လျင်မြန်ခြင်း မရှိချေ။

"ဘယ်သူလဲ... "

မုန့်ချီက ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်ကို သုံးလိုက်ပြီး ထိုအရိပ်ဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့၏။ သူက ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်ကို ဖမ်းမိခဲ့သည်။

"မကောင်းဆိုးဝါး...။ မင်းတို့တွေက မကောင်းဆိုးဝါးတွေ မဟုတ်ဘူးလား... "

နှစ်ပေါင်းများစွာအတွင်း အဘိုးအိုက ပိန်လှီနေခဲ့သည်။ သူက အလွန်ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားခဲ့၏။ ကျန်းကျိဝေနှင့် တခြားလူများကလည်း မုန့်ချီနှင့် အဘိုးအိုဆီသို့ လျှောက်လာခဲ့ကြသည်။

မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်၏။

"အဘိုး …

ကျွန်တော်တို့တွေကလည်း မကောင်းဆိုးဝါးတွေလိုက်ပြီး တိုက်ခိုက်တာခံနေရတဲ့ လူသားတွေပါပဲ ။ ကျွန်တော်က ဒီမှာအသက်ရှင်ဖို့အတွက် ပုန်းနေကြတာ... ။ အဘိုးကရော... "

အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။

"ငါလည်း လူသားတစ်ယောက်ပါပဲ ။ ငါ့ရဲ့မျိုးနွယ်စုမှာရှိတဲ့ စားစရာတွေက ကန့်သတ်ချက် ရှိနေပြီလေ..။ ငါလည်း အသက်ကြီးနေပြီဆိုတော့ အပြင်ထွက်လာပြီး သေမှာကို စောင့်နေတာ... ။ လူငယ်တွေကိုပဲ အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးလိုက်တာပေါ့... "

ကမ္ဘာကြီးကို မကောင်းဆိုးဝါးများ ဖျက်ဆီးခဲ့သည့်အချိန်တွင် တူညီသော မှတ်တမ်းများစွာ ရှိခဲ့သည်။ မျိုးနွယ်စုတိုင်းတွင် ရှိနေသော အဘိုးအိုများက စားစရာများ ပိုလျှံလာစေရန်အတွက် လုံခြုံသောနေရာများမှ ထွက်ခွာပြီး သေဆုံးမည့် အချိန်ကို သူတို့ကိုယ်တိုင် စောင့်နေတတ်ကြသည်။ သူတို့၏ စွန့်လွှတ်မှုများကြောင့် လူသားများက မျိုးရိုးစဉ်ဆက် အသက်ရှင်နိုင်ခဲ့ပြီး ကမ္ဘာကြီး၏အုပ်စိုးသူ ဖြစ်လာခဲ့၏။

"အဘိုးရဲ့မျိုးနွယ်စုက ဘယ်မှာလဲ... "

မုန့်ချီက အဘိုးအိုကို စားစရာနှင့် သောက်စရာရေ ပေးပြီး မေးလိုက်သည်။

အဘိုးအိုက သူ့ကို စိုက်ကြည့်နေခဲ့၏။

"မင်းတို့က ဘာလုပ်မလို့လဲ..။ ငါ့မျိုးနွယ်စု ပုန်းနေတဲ့နေရာက ဒီနေရာနဲ့ အရမ်းဝေးတယ်... "

"ဘာမှမစိုးရိမ်ပါနဲ့ ။ ကျွန်တော်တို့က အဘိုးမျိုးနွယ်စုကို မနှောင့်ယှက်ပါဘူး... "

မုန့်ချီကတော့ အဘိုးအို၏ စိုးရိမ်မှုကို နားလည်နေသည့်အတွက် ပြန်ပြောလိုက်သည်။

အဘိုးအိုက သက်ပြင်းချလိုက်၏။

"မင်းတို့က လူကောင်းလေးတွေပါ..။ ဒါပေမယ့် အဲဒီမှာမကောင်းဆိုးဝါးတွေ အများကြီး ရှိနေတယ်..။ ငါတို့မျိုးနွယ်စုထဲမှာ သူတို့ကို သစ္စာခံနေသူတွေလည်း ရှိတယ်... ။ အင်မော်တယ်တွေ ၊ ဗုဒ္ဓတွေ ၊ ဗောဓိတဗ္ပတွေ ရှိခဲ့တဲ့အချိန်က ပိုပြီးတော့ ကောင်းတယ်။ မကောင်းဆိုးဝါးတွေက လူသားတွေကို စားသောက်တတ်ပေမယ့် သူတို့က ဒီနေ့မကောင်းဆိုးဝါးတွေလို မဟုတ်ကြဘူး... ။ ငါတို့လူသားမျိုးနွယ်စုက နိုင်ငံတွေ တည်ထောင်နိုင်ပြီး စားစရာအတွက်လည်း စိုးရိမ်စရာ မလိုခဲ့ဘူး... "

သူကတော့ ထိုကဲ့သို့ ဘဝမျိုးကို မျှော်လင့်တောင့်တနေပုံရသည်။ သူပြောနေသည့် အချိန်တွင် သူ၏မျက်နှာပေါ်၌ မျှော်လင့်ချက်များ ပြည့်နေခဲ့၏။

"ရှေးတုန်းက ဒီနေရာမှာ ဘယ်သူတွေနေခဲ့တာလဲ... "

မုန့်ချီက အံ့သြသွားခဲ့သည်။ ရှေးအချိန်တုန်းက ဤနေရာ၏နာမည်ကို သိမည်ဆိုလျှင် သူတို့၏တည်နေရာကို သိကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် အသက်ရှင်ရန် နည်းလမ်းတစ်ခု ရှာဖွေနိုင်၏။

အဘိုးအိုက မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။

"ရှေးအချိန်တုန်းကတော့ ဒီနယ်မြေကို အထွဋ်အမြတ်တောင်တန်းနယ်မြေလို့ ခေါ်ကြတာပဲ …"

"အထွဋ်အမြတ်တောင်တန်းနယ်မြေလား... "

မုန့်ချီက အလွန်အံ့သြသွားခဲ့သည်။

"ဒါက အထွဋ်အမြတ်တောင်တန်းနယ်မြေလား..။ ဒါပေမဲ့ သူတို့တွေက အထွဋ်အမြတ်တောင်တန်းနယ်မြေကို ဘယ်လိုများ ရှာဖွေနိုင်ကြတာလဲ..."

အဘိုးအိုက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီက အံ့ဩနေသည့်အတွက် ဇဝေဇဝါဖြစ်နေသည်။

"ဒီနေရာက အထွဋ်အမြတ်တောင်တန်းနယ်မြေ ဖြစ်နေတယ်... ။ ပြီးတော့ လဲ့ယင်ကျောင်းဆောင်ကြီးဆိုတဲ့ ဆိုင်းဘုတ် ၊ ကီဟွေအန်ရဲ့ ဟောပြောချက်တွေ အားလုံးကလည်း အနောက်ဘက်ကို ညွှန်ပြနေတယ်..”

“ဝိညာဉ်တောင်တန်းကို ဘယ်နေရာမှာရှာရမှာလဲ... "

"ကျောက်စိမ်းပြားလေး... ။ အဲဒါက သော့တစ်ချောင်း ဒါမှမဟုတ် တံဆိပ်တစ်ခုလိုပဲ.."

မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံဝင်လာပြီး တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။

"ကီဟွေအန် တွက်ချက်ခဲ့တဲ့ အနောက်ဘက်ဆိုတာ အရပ်မျက်နှာသင်္ကေတကို ပြောချင်တာပဲ ။ အဲဒါက အနောက်သို့ ခရီးသွားခြင်းထဲက အနောက်ဘက်ကို ပြောချင်တာ...။ အနောက်သို့ ခရီးသွားခြင်းရဲ့ ဦးတည်ချက်က အထွဋ်အမြတ်တောင်တန်းပဲ ။ အထွဋ်အမြတ်တောင်တန်းမှာ အဓိကရှိနေတဲ့နယ်မြေက လဲ့ယင်ကျောင်းဆောင်ကြီးပဲ ။ ဟောပြောမှုတွေအရ လဲ့ယင်ကျောင်းဆောင်ကြီး ဆိုင်းဘုတ်ရဲ့ ဦးတည်ချက်ကို ပြောချင်တာပဲ ။ ကျောက်စိမ်းပြားလေးကတော့ အဲဒါကိုဖွင့်ဖို့ သော့တစ်ချောင်းပဲ…"

သူတို့က အကြိမ်ပေါင်းများစွာ လှည့်ပတ်လာခဲ့ပြီးနောက် စမှတ်ကို ပြန်ရောက်လာခဲ့ကြလေသည်။

Translated by Hein Htet

All Chapters